အမေရိကန်ပြည်ထောင်စု၊ ဆီယဲတဲလ်မြို့မှ အသက် ၄၂ နှစ် အရွယ်ရှိ ရစ်ချတ်စွမ်ဆန်သည် ၎င်း၏မြို့မှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံအထိ ခရီးကီလိုမီ တာ ၁၆၀၀၀ ကို ဘောလုံးအား လက်ဖြင့်ပုတ်၍သယ်ဆောင်သွားရန် ကြံစည်ခဲ့သည်။ သို့ရာတွင်၎င်းသည်ခရီးစတင် ထွက်ခွာ၍ ရက်သတ္တပတ်နှစ် ပတ်မပြည့်မီတွင်ပင်အော်ရီဂွန် ပြည်နယ်ကမ်းခြေ၌ကားတိုက်ခံ ရ ၍သေဆုံးသွားခဲ့ပြီး ၎င်း၏ အပြာရောင်ဘောလုံးမှအနီးအနား တွင်တွေ့ရှိရကြောင်း ရဲဘက်မှ ပြောကြားလိုက်သည်။ စွမ်ဆန်သည် ၂၀၁၄ ခုနှစ် ဇွန်လတွင်ကျင်းပမည့်ကမ္ဘာ့ဘောလုံး ပွဲအမီ ဘရာဇီးလ်နိုင်ငံ၏မြို့တော် ရီယိုဒီဂျနေးရိုးမြို့သို့ရောက်ရှိရန် စီစဉ်ထားခဲ့သည်။ ၎င်းသည် ဘရာဇီးလ်နိုင်ငံသို့ရောက်ရှိရန် အတွက်မက္ကဆီကို နီကရာဂွါနှင့် ကိုလံဘီယာနိုင်ငံများအားဖြတ် ကျော်သွားရမည်ဖြစ်သည်။ ဆွမ်ဆန်သည်သူ၏ခရီးစဉ် အား မေလ ၁ ရက်နေ့တွင်စတင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီးအော်ရီဂွန် ပြည်နယ်၏ [...]
May 20, 2013
ယာဉ်တိုက်/တိမ်းမှောက်/ပျက်စီးထားသောကားများ တင်သွင်းလာပါက အရေးယူမည်
စီးနင်းမောင်းနှင်ရန်ပြန်လည် ပြုပြင်ပြီး အသင့်အသုံးပြုနိုင်မည့် မော်တော်ယာဉ်များကို တင်သွင်း ခွင့်ပြုထားသော်လည်း ယခုအခါ ထိခိုက်ပျက်စီးထားပြီးနောက် သက်ဆိုင်ရာနိုင်ငံတွင် ပြန်လည် ပြုပြင်မှုများ လုံလောက်စွာပြုလုပ် မလာဘဲ တင်သွင်းလာမှုများ တွေ့ရှိနေရသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က ၁၆-၅-၂၀၁၃ ရက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင် ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ပြီး ဆက်လက်တင် သွင်းနေမှုများလည်း အရေးယူ တော့မည်ဟုပြောကြားခဲ့ပါသည်။ မလျော်မကန်လုပ်ဆောင်နေတဲ့ သူတွေ ကုမ္ပဏီတွေကို တင်သွင်း ခွင့် ၁ နှစ်ပိတ်ပင်သွားမည်ဟု သိရသည်။ သက်ဆိုင်ရာဌာနများ ကိုလည်း ဥပဒေအတိုင်း အရေး ယူဆောင်ရွက်ရန်ကော်မတီမှ မေလဆန်းပိုင်းကတည်းက အကြောင်းကြားပြီးဖြစ်ကြောင်းကို လည်း တာဝန်ရှိသူတစ်ဦးကပြော ပြခဲ့သည်။ ယခုတင်သွင်းလာတဲ့ မလျော်မကန်မော်တော်ကားတွေ ကို ဥပဒေနှင့်အညီ နိုင်ငံတော် [...]
May 20, 2013
ရေပေးရေးလုပ်ငန်းသောက်ရေသုံးရေလုံလောက်စွာမရရှိသောကြောင့် ဒေသခံများလက်ယက်တွင်းတူးဖော်သုံးစွဲနေရသည့် အခက်အခဲဖြစ်ပေါ်လျက်ရှိ
စစ်ကိုင်းမြို့နယ်၊စည်ပင်သာ ယာရေးအဖွဲ့မှ ရေရှား ပါးခက်ခဲ သောပဒူတိုက်နယ်၊တောင်ရင်း ကျေးရွာအုပ်စုသို့ကျေးလတ်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနလှူဒါန်းငွေ နှင့် အဖွဲ့ရန်ပုံငွေစုစုပေါင်း(၆၁၆) သိန်းဖြင့်တောင်ရင်းကျေးရွာမှ (၇)မိုင်ခန့်ဝေးသည့်တပ်ရွာမြေရေ တင်စီမံကိန်းစက်ရုံမှ(၄) လက်မ ကွန်ကျူးပိုက်များဖြင့် သောက်သုံးရေအခက်အခဲမဖြစ် ပေါ်စေရေးအတွက် ရေပေးနေ လျှက်ရှိသည်ဟုတောင်ရင်းကျေး ရွာရေရရှိရေးကော်မီဥက္ကဌ ဦးခင်မောင်ထူးထံမှသိရသည်။ ယင်းကဲ့သို့ရေပေးရာတွင် တောင်ရင်းမြောက်ရွာရှိ ကျောင် သစ်ဘုန်းတော်ကြီးကျောင်းဝင်း တွင်စက်ရေတွင်းရေလှောင်ကန် နှင့်တောင်ရင်းတောင်ရွာအတွက် ကန်သာဘုန်းတော်ကြီးကျောင်း ရှိအုတ်ရေကန်သို့ ရေပေးလျက် ရှိပြီး အဆိုပါသောက်သုံးရေများ ကို ရရှိသည့်ရေနှင့်သုံးစွဲသည့်လူ အင်အားမမျှသဖြင့် သောက်သုံး ရေလုံလောက်စွာ မရရှိသော ကြောင့် ရွာအနီးရှိ ပုဏ္ဍာချောင်း ၌ လက်ယက်တွင်းများ တူးဖော် ကာဝေငှသုံးစွဲနေရသည့် အခက်အခဲများကြုံတွေ့ နေရသည်ဟု အထက်ပါပုဂ်္ဂိုလ်မှ ပြောပြသည်။ ““စည်ပင်သာယာရေးအဖွဲ့ ကတော့ရေအခက်အခဲမရှိအောင် လာရောက်ကြီးကြပ်လုပ်ကိုင်ပေး ပါတယ် မှတ်မှတ်ရရ [...]
May 20, 2013
ဒေါ်လာခြောက်သိန်းကျော်တန်ရွှေများမီယာမီလေဆိပ်တွင်ပျောက်ဆုံး
ဒေါ်လာခြောက်သိန်း နှစ်သောင်းငါးထောင်ဟုတန်ဖိုး ကြေငြာထားသည့်ပို့ဆောင်ပေးရန် ရွှေများသည်မီယာမီအပြည်ပြည် ဆိုင်ရာလေဆိပ်တွင်ပျောက်ဆုံးသွား ခဲ့ပြီး ခိုးယူခံခဲ့ရဟန်တူကြောင်း အာဏာပိုင်များက မေလ ၁၆ ရက်နေ့တွင် ထုတ်ဖော်ပြောကြား လိုက်သည်။ သေတ္တာတစ်လုံးအတွင်းထည့် သွင်းထားသောရွှေများသည် မီယာမီလေဆိပ်သို့ မေလ ၁၄ ရက်နေ့နံနက်စောစောပိုင်းက အီကွေဒေါနိုင်ငံဂူအာယာကွီးလ် မြို့မှ အမေရိကန်လေကြောင်း လိုင်းတစ်ခုဖြင့် ရောက်ရှိလာခဲ့ ကြောင်း မီယာမီ-ဒါဒီရဲဌာနက ထုတ်ဖော်ပြောကြားလိုက်သည်။ မီယာမီအပြည်ပြည်ဆိုင်ရာ လေဆိပ်သည်တောင်အမေရိက တိုက်မှထွက်ရှိသောရွှေအမြောက် အများကို သန့်စင်ရန်အတွက် အဓိကအားဖြင့်ဆွစ်ဇာလန်နိုင်ငံ သို့တဆင့်ပို့ဆောင်ပေးရာလေဆိပ် ဖြစ်သည်။ ကုန်တင်လေယာဉ်မှပစ္စည်း များအားချခဲ့ပြီးဖြစ်သော်လည်း ရွှေများထည့်ထားသည့်သေတ္တာ မှာပျောက်ဆုံးနေခဲ့ပြီးပစ္စည်း သယ်ယာဉ်ပေါ်သို့တင်စဉ်တွင် ပျောက်ဆုံးခြင်းဖြစ်နိုင်သည် ဟုအစီရင်ခံစာတွင်ဖော်ပြထား သည်။ ပစ္စည်းတင်ယာဉ်အားပစ္စည်း များချသည့်တာမီနယ်၏ ဂိတ် တံခါးဝတွင် တွေ့ရှိရပြီးတစ်နာရီ ခန့်အကြာတွင် အလုပ်သမား များက ပစ္စည်းတင်ယာဉ်ပေါ်မှ [...]
May 20, 2013
ခွပ်ဒေါင်းစိတ်ဓာတ်အပြည့်ရှိတဲ့ ကျောင်းသားသမဂ္ဂဆိုတာ ဘယ်အဖွဲ့အစည်းရဲ့လက်အောက်ခံမဟုတ်ပါကြောင်း ၁၉၇၄ ကျောင်းသားသမဂ္ဂခေါင်းဆောင်ကိုထွန်းအောင်ကျော်ကဆို
ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ၌ မြန်မာနိုင်ငံခိုင်မာ သော ကျောင်းသားသမဂ္ဂဖြစ်ပေါ်လာရေး အတွက် ကျောင်းသားသမဂ္ဂဆိုတာ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမဟုတ် ပါကြောင်း ကျောင်းသားသမဂ္ဂဖြစ်ပေါ် လာရေးအတွက် ဦးဆောင်နာယကဖြစ်သူ ကိုထွန်းအောင်ကျော်ကဆိုပါသည်။ (၁၈.၅.၂၀၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော တောင့်တင်းသော ကျောင်းသားသမဂ္ဂအစည်းအဝေးတွင် သမဂ္ဂနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်အား မေးမြန်းခွင့်ရခဲ့သည်။ မေး- အခုလုပ်တဲ့ ပွဲရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သိပါရစေ။ ဖြေ- တောင်းတင်းသောကျောင်းသား သမဂ္ဂဖြစ်ပေါ်လာရေးနဲ့ ပတ်သက်၍ ကျောင်းသားသမဂ္ဂဦးစီးနာယကကိုထွန်း အောင်ကျော်အား မေးမြန်းရာ “ကျောင်း သားသမဂ္ဂတွေပေါ်လာခဲ့တယ်။ အားပေး မူသိပ်မရှိသေးလို့ ကျောင်းသားသမဂ္ဂ အဆောက်အဦးဆိုတာမရှိခဲ့ဘူး။ အခုဆို ရင်ကျောင်းသားတွေဟာ ဂုဏ်သရေရှိရှိ ဒီအဆောက်အဦးထဲမှာ ဆွေးနွေးတိုင်ပင် ဖို့ အခွင့်အရေးမရ ဒီအခွင့်အရေးမရှိတော့ ကျောင်းသားတွေမှာ ဘာဖွံ့ဖြိုးတိုးတက် မှုရှိလဲ။ [...]
May 20, 2013
အရက်မူးသမားကဆင်ရိုင်းထံသို့တဟုန်ထိုးပြေးသွား
တောင်အာဖရိက၏နာမည် ကျော်ကရူဂါအမျိုးသားဥယျာဉ် တွင် အရက်မူးသမားတစ်ဦးက တောဆင်ရိုင်းတစ်ကောင်ထံသို့ တစ်ဟုန်ထိုးပြေးလွှားသွားခဲ့သည့် ဗွီဒီယိုပုံအား အင်တာနက်တွင် လွှင့်တင်ပေးခဲ့သဖြင့် အုတ်အော် သောင်းနင်းဖြစ်ခဲ့ရသည်။ ကနဦးတွင်ထိုသူအား ကမ္ဘာလှည့်ခရီးသည်တစ်ဦးဟု ထင်မှတ်ခဲ့သော်လည်းထိုသူသည် နားရက်ရရှိထားသည့် လမ်းပြ ၀န်ထမ်းတစ်ဦးသာဖြစ်ကြောင်း၊ ၎င်း၏လုပ်ရပ်ကြောင့်ထိုသူအား သဘာဝဘေးမဲ့ဥယျာဉ်တွင်အလုပ် ဆက်လက်ခန့်ထားခြင်းမပြုတော့ ဘဲအလုပ်မှထုတ်ပယ်ခဲ့ကြောင်း အခြားပါဝင်ပတ်သက်နေသူများ အားလည်း စည်းကမ်းပိုင်းဆိုင် ရာများအတိုင်းဆက်လက်ဆောင် ရွက်လျှက်ရှိကြောင်း အမျိုးသား ဥယျာဉ်မှပြောကြားလိုက်သည်။ လွှင့်တင်ထားသောဗွီဒီယိုပိုင်း တွင် သိသိသာသာအရက်မူးနေ သူကကားတွင်းမှထွက်၍တောဆင် ရိုင်းထံသို့တစ်ဟုန်ထိုးပြေးလွှား သွားသည်ကိုအပေါင်းအသင်းများ က အားပေးနေကြပြီး၊ထိုသူသည် ပြေးလွှားရင်းလဲကျသွားသော်လည်း ပြန်ထ၍ဆင်ရှိရာသို့ထပ်မံပြေး သွားသည်ကိုတွေ့ရှိရသည်။ “ဆင်ဆီကိုတည့်တည့်ပြေး” ဟုအော်ဟစ်လိုက်သောအသံတစ် သံကိုလည်းကြားရပြီး ထိုသူမှာ ဗီဒီယိုရိုက်ကူးနေသူဖြစ်ဟန်တူ သည်။ ဆင်ရိုင်းသည် ပထမတွင် နှာမောင်းအားရှေ့သို့ရမ်းလိုက် သော်လည်းချက်ချင်းပင်လွှတ်ရာသို့ ရှောင်တိမ်းသွားခဲ့သည်။ ထိုအချိန် ကျမှအရက်မူးသမားသည်သူ့အား အားပေးနေသည့်အပေါင်းအသင်း [...]
May 20, 2013
အမှိုက်မပြစ်ရဆိုပေမဲ့ အမှိုက်တွေနဲ့
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ငမိုးရိပ်ရထား ဘူတာရုံအနီးရှိလူသွားလမ်းတစ် ခုတွင် အမှိုက်မပစ်ရဟုရေးသား ကာဆိုင်းဘုတ်စိုက်ထူထားသော် လည်းစည်းကမ်းမဲ့ အမှိုက်စွန့်ပြစ် ခြင်းများကြောင့် လမ်းသွားလမ်း လာများအဖို့အနှောက်အယှက် ဖြစ်နေကြောင်း သတင်းရရှိသည်။ “ဘူတာရုံကိုသွားတဲ့လမ်းက နှစ်လမ်းရှိပေမဲ့ ဒီလမ်းကဖြတ်လမ်း ပုံစံဖြစ်ပြီးပိုနီးတဲ့အတွက် ဒီလမ်း ကိုပဲအသုံးများကြတယ်။ ဒီအတိုင်း ပဲကျောင်းသွားကျောင်းပြန်ကလေး တွေလည်း ဒီလမ်းကိုပဲအသုံးများ တယ်။ ဒါပေမဲ့အဲဒီလမ်းမှာ အမှိုက် ပုံကြီးဖြစ်နေတာကြာပါပြီ။ တစ်ရက်တစ်ခြားအဲဒီအမှိုက်ပုံက ပိုပိုကြီးလာပါတယ်။ အဲဒီမှာ အမှိုက်မပြစ်ရဆိုတဲ့ဆိုင်းဘုတ်လည်း ထောင်ထားပါတယ်။ တစ်ခါတစ် လေကျရင်အမှိုက်တင်မကဘူး အညစ်အကြေးတွေပါစွန့်ပစ်ထား ကြပါတယ်။ ဒါတွေဟာ လမ်းသွား လမ်းလာတွေအဖို့အနံ့ဆိုးတွေနဲ့ အနှောက်အယှက်ဖြစ်စေပါတယ်။ အဲဒီလမ်းကိုပိုနီးလို့သုံးရပေမဲ့လမ်း ဖြတ်တဲ့အခါနှာခေါင်းပိတ်ပြီးဖြတ် ရပါတယ်”ဟု လမ်းသွားလမ်းလာ တစ်ဦးမှ မိမိကြုံတွေ့ခဲ့ရပုံကိုပြော ပြခဲ့သည်။ ၎င်းကဲ့သို့အမှိုက်မပြစ်ရဆိုင်း ဘုတ်ဆိုက်ထူထားသော်လည်း အမှိုက်များတောင်လိုပုံနေခြင်းအား သက်ဆိုင်ရာ၌ ထိထိရောက်အရေး ယူဆောင်ရွက်ပေးရန်လိုကြောင်း [...]
May 20, 2013
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းရိုင်းရိုင်းကြီးကြုံခဲ့စဉ်က
၁၆.၅.၂၀၁၃ ကြာသာပေတေးနေ့ အိုဘယ့်မဟာစင်ယဉ်ယဉ်ကျေးကျေးတို့ များနှင့် ဝေးဝေးရှောင်ပေးသွားသတဲ့ ကျေးဇူးကြီးတင်ခဲ့ရပါ၏။ ကျေးဇူးပါ၊ မဟာစင်အရှင်သခင်ယခုလိုသတင်းကောင်း တွေ ဝေေ၀ဆာဆာဝမ်းသာကြည်နူးတိုင်း ပြည်နှင့် အ၀ှမ်းအူမြူးနေချိန်တွင် တက္ကသိုလ်စိန်တင်သည် ယခင်ငါးနှစ်ကာ လ ၂၀၀၈ ခုနှစ်က ကျန်ခဲ့ကြုံခဲ့ရသော နာဂစ်မုန်တိုင်းရိုင်းရိုင်းကြီးကို ငိုချင်ရယ် ချင်ပြန်ပြောချင်ပါသေးသည်။ ပြန်မပြောချင်ဘူး ပြန်ပြောရင်မျက် ရည်လည်တော့မယ်ဆိုသော သီချင်းတစ် ပိုင်းတစ်ကြားဖူး၏။ ယခု ၂၀၀၈ ခုနှစ်က ကြုံခဲ့ရသော နာဂစ်သမိုင်းကားပြန်ပြော ရလျှင် မျက်ရည်လည်ရုံမျှမဟုတ်ငုပ်တုပ် ကြီးငိုပွဲဆင်ဖို့ပင်ကောင်းလှတော့သည်။ ထိုနေ့မှာ ၂၀၀၈ ခုနှစ် မေလ (၃) ရက် စနေနေ့ ၂၀၀၈ ခုနှစ် မေလ (၂) ရက် သောကြာနေ့ နံနက်တွင် တက္ကသိုလ် စိန်တင်သည်ရန်ကုန်မြို့ အင်းယားလမ်း အငြိမ်းစားရဲမင်းကြီးဦးဘအေးအိမ်သို့ ရောက်နေသည်။ [...]





Vol-3,No-141
Vol-3,No-140
Download
May 20, 2013
0 Comments