ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး၊အောင်သီရိ မင်္ဂလာသုခကျောင်းတိုက်အသင်း ရုံးတွင် မတ်လ(၁၄)ရက် နံနက် (၉)နာရီအချိန် တွင် ပါရမီလူမှုကူညီရေးအသင်း ရုံးခန်းဖွင့်လှစ်ကျင်းပရာ အောင် သီရိမင်္ဂလာသုခကျောင်းဆရာတော် ဦးကေသရ၊မူဆယ်ခရိုင် အုပ်ချုပ် ရေးမှူး ဦးမိုးဟိန်းနှင့်ဌာနဆိုင်ရာ များ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဒေါက်တာဦးကျော်သူနှင့်အဖွဲ့ ၀င်များ မြို့နယ်အုပ်ချုပ်ရေးမှူး မိုင်းယုကျေးရွာအုပ်ချုပ်ရေးမှူး ပါရမီလူမှုကူညီရေးအသင်းဥက္ကဋ္ဌ နှင့်အမှုဆောင်များ လူမှုရေးအသင်း အဖွဲ့များ နှင့် စည်ကားစွားကျင်းပခဲ့ ကြပါသည်။ ““ရုံးမဖွင့်မီညကလည်း နာ ရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်တွေက သူ တို့အတွေ့အကြုံတွေနဲ့သိသင့်သိထိုက်တာတွေကို အကျယ်တ၀င့်ရှင်းလင်းပြောပြပေးကြတာကိုစိတ်ဝင်တစားလာရောက်နားထောင်သူတွေ အများကြီးပါဘဲ ကျွန်တော်တို့အ နေနဲ့လည်း တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတ၊စိတ်ဓာတ်တွေတိုးခဲ့ရ ပါတယ်””ဟု (၁၀၅)မိုင် မိုင်းယု ပါရမီလူမှုကူညီရေးအသင်းမှအဖွဲ့ ၀င် ကိုကျော်ဇင်ကလည်း ပြောပြ ခဲ့သည်။ [...]
March 18, 2013
သတင်းစာသည် နိုင်ငံတော်၏ခံတပ်
ကြေးမုံသတင်းစာ၊စာတည်း မှူးချုပ် ဦးခင်မောင်ကျော်ဒင်နှင့် အထက်မြန်မာပြည်နိုင်ငံပိုင်သတင်း စာများမှ သတင်းထောက်များ တွေ့ဆုံပွဲကို မတ်(၁၀)ရက် မွန်း တည့်(၁၂)နာရီတွင် မန္တလေးမြို့ ကိုယ်ပွားသတင်းစာတိုက်၌ ကျင်း ပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာစာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ သတင်းမီဒီယာသတင်းစာထုတ် ဝေမှုအပိုင်းတွင်ဧပြီလဆန်းမှစ၍ ပုဂ်္ဂလိကသတင်းစာများနှင့်ဈေး ကွက်တွင်ယှဉ်ပြိုင်ရတော့မည်ဖြစ် ကြောင်း ထို့ကြောင့် မိမိတို့၏ သတင်းစာများအနေဖြင့် အသွင် သဏ္ဍန်နှင့်အနှစ်သာရပိုင်းများ လည်း ပြုပြင်ရတော့မည်ဖြစ် ကြောင်း အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ်ပြောင်းလဲ ထုတ်ဝေသွားမည်ဖြစ်ပြီး သတင်း စာတန်ဖိုးကို ယခုလက်ရှိဈေးနှုန်း အတိုင်းတစ်စောင် ၅၀ကျပ်ထက် ပိုရောင်းမည်မဟုတ်ကြောင်း သတင်း စာသည် နိုင်ငံတော်၏ခံတပ်ဖြစ် ကြောင်း နိုင်ငံတော်နှင့်ပြည်သူကို အကာအကွယ်ပေးရန်ဖြစ်ကြောင်း ထို့ကြောင့် သတင်းစာသမားများ သည် ““မြင်ရမည်””၊““မှန်ရမည်၊““မျှ တရ””မည်ဖြစ်ကြောင်း၊သတင်းစာ ကို အဆုံးအဖြတ်ပေးတာ [...]
March 18, 2013
သဘာဝဘေးအန္တရာယ်လျော့ပေါ့ရေး…သရုပ်ပြလေ့ကျင့်…
(၈.၃.၂၀၁၃)ရက် နံနက် (၈)နာရီအချိန်တွင် ပဲခူးမြို့နယ် ပြည်တော်သာကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး သရုပ်ပြလေ့ကျင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေဝင်း၊ ကြက်ခြေနီတပ်ဖွဲ့ဒုတပ်ရင်းမှူး ဦးခင်မောင်ချို၊မီးသတ်တပ်ဖွဲ့၊မိခင် နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နှင့်အမျိုးသမီးရေးအဖွဲ့တို့စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကျေးရွာ အတွင်း သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည့် မြေငလျင်လှုပ်ခဲ့ လျှင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက် ကော်မတီများဖွဲ့စည်းခဲ့ ကြောင်းသိရသည်။ ပြန်ကြားဆက်သွယ်ရေး ကော်မတီ၊ရှာဖွေကယ်ဆယ်ရေး ကော်မတီ၊ဘေးလွတ်ရာရွှေ့ပြောင်း ရေးကော်မတီ ရှေးဦးပြုစုခြင်း ကော်မတီနှင့်ပြန်လည်နေရာချ ထားရေးကော်မတီတို့အား ဖွဲ့စည်း ခဲ့ပြီး မိမိတို့ကော်မတီအလိုက်လုပ် ဆောင်ရမည့်တာဝန်များအား လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြ ရာ နံနက်(၉း၃၀)အချိန်တွင် အခမ်း အနားပြီးဆုံးသွားခဲ့သည်ဆို၏။ ထို့နောက် ကော်မတီအသီး သီးမှခေါင်းဆောင်များနှင့်မြို့နယ် မှတာဝန်ရှိပုဂ်္ဂိုလ်များ ပဲခူးမြို့ရွှေ ၀ါထွန်းဟိုတယ်၌တွေ့ဆုံ၍အား သာချက်/အားနည်းချက်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုသိ ရှိရပါသည်။ [...]
March 18, 2013
တံတားနီနေ့အောက်မေ့ဖွယ်ငွေရတုအခမ်းအနား အင်းလျားကန်ဘောင်မှာကျင်းပ
“စစ်သားတစ်ယောက်စစ်မြေ ပြင်မှာကျဆုံးတာမဆန်းပေမဲ့ ကျောင်းသားတစ်ယောက်စစ်သားကပစ်လို့ကျဆုံးတာကတော့ မတရားကြောင်း ကိုကိုကြီးပြောကြား” (၁၆.၃.၂၀၁၃)နေ့ ညနေ (၄)နာရီခန့်က တံတားဖြူမှတ်တိုင် အနီးရှိ အင်းလျားကန်ဘောင် မြက်ခင်းပြင်တွင် လွန်ခဲ့သော ၂၅နှစ်က ကျောင်းသားလူငယ်များ ကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်အတွက်အောက် မေ့ဖွယ်အခမ်းအနားတစ်ရပ်အား ဗကသများအဖွဲ့ချုပ်နှင့်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့မှပူး ပေါင်းကျင်းပခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ပထမဆုံအစီအစဉ်အဖြစ် ကျောင်းသားခွပ်ဒေါင်းအလံတော် ကို လွှင့်တင်ပြီး ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်အသက်ပေးတိုက်ပွဲ ၀င်သွားခဲ့ကြသည့် ကျောင်းသား လူငယ်များအား ဂုဏ်ပြုသော အားဖြင့် ပန်းစည်းများချခြင်း၊ တက်ရောက်လာသူအားလုံး တစ် မိနစ်ငြိမ်သက်ခြင်းတို့ဆောင်ရွက် ပြီးကမ္ဘာမကြေဘူးသီချင်းကို သံပြိုင်ဆိုခဲ့ကြပါသည်။ ဆက်လက်ပြီးအခမ်းအနား ကိုတက်ရောက်လာကြသော ကျောင်းသားခေါင်းဆောင်များက အမှတ်တရစကားပြောကြားကြ ရာ မျိုးဆက်သစ်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစည် သူမောင်က “ကျွန်တော်တို့တံတား နီနေ့အဖြစ်အပျက်ကို [...]
March 17, 2013
အများပိုင်ကုမ္ပဏီနှင့်…ရှယ်ယာဝင်ကြား…သတိထား…
အများပိုင်ကုမ္ပဏီများကအကျိုးအ မြတ်များခံစားနိုင်ရန် ရှယ်ယာများထည့် ၀င်ကြရန် ဖိတ်ခေါ်နေမှုများနေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြလာသည့် အတွက် ရှယ်ယာဝင်ပြည်သူများ နစ်နာ မှုမရှိစေရန်နှင့်တာဝန်ရှိသူများကလည်း လုပ်သားပြည်သူများအား နစ်နာဆုံးရှုံး မှုမရှိစေရန် သတိထားမိရန် စိတ်ရင်းစေတနာမှန်စွာဖြင့် ရည်ရွယ်တင်ပြအပ်ပါ သည်။ ၂၀၀၂ခုနှစ်၊ဒီဇင်ဘာလခန့်က အတိုး ငွေများ မက်လောက်အောင်ပေး၍ စုငွေ များလက်ခံသော ကုမ္ပဏီများစွာပေါ် ပေါက်ကာ လုပ်ငန်းများအား နာမည်ကြီး သရုပ်ဆောင်များစွာဖြင့် ကြော်ငြာသည့် အပြင်နိုင်ငံတော်အကြီးအကဲများကို ဖိတ်ခေါ်၍စက်ရုံအလုပ်ရုံဖွင့်ပွဲများပြုလုပ်ကာ၊ အပြိုင်အဆိုင်ကြော်ငြာကာ ငွေ တစ်ရာလျှင်လေးကျပ်မှရှစ်ကျပ်အထိ အတိုးငွေများအား မက်လောက်အောင် ပေး၍ဆွဲဆောင်ခဲ့ပါသည်။အာမခံချက်မရှိခြင်း၊စနစ်မကျခြင်းကြောင့် အကျိုး ဆောင်လုပ်ငန်းများ၊တစ်စတစ်စပြိုလဲလာ ခဲ့သည်။ ဧရာမြေ၊လင်းသစ္စာ၊ Arrow၊သစ္စာပန်းခင်း၊သဘာဝ၊မဟာဓနံ၊ခိုင်မာလာ၊ ငွေဇုန်၊ဓနသီရိ၊ကောင်းစေရာ၊ပင်လုံထိပ် ထား၊မုဒိတာ၊လမင်းသဉ္ဇာအစရှိသော အကျိုးဆောင်ကုမ္ပဏီ(၂၀)ကျော်ခန့် လုပ်သားပြည်သူများ၊အငြိမ်းစားဝန်ထမ်း များ၊သက်ကြီးရွယ်အိုများ၊အလုပ်အကိုင်မလုပ်တတ်သူများ၏ စုဆောင်းငွေများ အား ပြန်လည်မထုတ်ပေးတော့သဖြင့် အတိုးလည်းမရ အရင်းလည်းဆုံးရှုံးသည့် [...]
March 17, 2013
စေတနာ့ မဏ္ဍိုင်များသာဖြစ်စေလို…
နိုင်ငံတော်မှအရေးကြီးတဲ့ မဏ္ဍိုင်တွေ ရဲ့ စတုထ္တနေရာကိုရယူထားကြတဲ့ မီဒီယာ မဏ္ဍိုင်တွေအတွက် ရည်ရွယ်ချင်ပါတယ်။ အရင်ဆုံးပြောလိုသည်မှာ ကျွန်တော်ဝန်ထမ်း မဟုတ်ပါ။ ဂျာနယ်လစ်လဲ မဟုတ်ပါ။ ပြည်သူတစ်ဦးသာဖြစ်ပါသည်ဟု ၀န်ခံ လိုပါတယ်။ ကျွန်တော့်တစ်သက်လုံးဈေး ရောင်းပါတယ်။ ကျွန်တော့်၏ နား၊ မျက်စိများအားလုံးကိုစွင့်၊ ဖွင့်စေရန် ကျွန်တော်ဂျာနယ်တော်တော်များများကို အပတ်စဉ်မလွတ်တမ်းဖတ်ပါတယ်။ ကျွန်တော်အဓိကပြောလိုသည်မှာ ဂျာနယ်များတွင် ဖော်ပြရေးသားသူစာရေး ဆရာတို့အား ကျွန်တော့်မေတ္တာဖြင့် အကြံပြုတောင်းပန်လိုခြင်းဖြစ်ပါတယ်။ ကျွန်တော်စာမရေးတတ်ပါ။ စာရေးဆရာ တစ်ယောက်လဲမဟုတ်ပါချေ။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့မြန်မာနိုင်ငံတော် ကြီးအတွက် တစ်ထောင့်တစ်နေရာမှ ကျွန်တော်အင်အားဖြည့်လိုပါတယ်။ စကားကြီး စကားကျယ်ပြောသည်ဟု မထင်စေလိုပါ။ နိုင်ငံတော်အတွင်းမှီတင်း နေထိုင်ကြသူအားလုံးတို့သည် ပြည်ထောင်စုသားနိုင်ငံသားများပင်ဖြစ်ပါတယ်။ ၀န်ထမ်းနှင့် ပြည်သူအကြားတွင် ခလောက်ဆန်ပမာသွေးခွဲနေမှုအား ကျွန်တော်မလိုလားပါ။ ဥပမာပြောရင် မောင်ညိုဆိုတဲ့ ကလေး တစ်ယောက်အကြောင်းပါ။ [...]
March 17, 2013
ချင်းတောင်တွင်တောမီးလောင်ကျွမ်းမှုများလာသောကြောင့် လွှတ်ကျောင်းတိရိစ္ဆာန်များအတွက်အခက်ကြုံ
ချင်းတောင်ပေါ်တွင် တောင် ယာလယ်ပြီးစီးချိန် ဇန်န၀ါရီလ ကုန်ပိုင်းမှစတင်၍ တောမီး၊ တောင်ယာမီးများ လောင်ကျွမ်းမှု များရှိနေရာ ယခုအခါ ချင်းတောင် ပေါ် နေရာအနှံ့မီးလောင်ကျွမ်းမှု များ မြင်တွေ့နေရပြီး ကောင်း ကင်တွေ မီးခိုးများဖြင့် အုံ့ဆိုင်း နေသည်ကို တွေ့ရသည်။ ““ချင်းတောင်ပေါ် တောမီး လောင်တာကတော့ အများအား ဖြင့် ရှို့မီးကများတယ်။ တချို့က တောလိုက်မုဆိုးတွေက တော ကောင်သားကောင်တောထဲက ထွက်လာအောင် တောမီးရှို့ အမဲလိုက်ကြတယ်။ တချို့က လည်း တမင်သက်သက် တောမီး ရှို့တာလည်းရှိတယ်၊ တချို့က တော့ ရွှေ့ပြောင်းတောင်ယာ မီးရှို့ရာကနေ တောမီးဆက် လောင်တာမျိုးလည်းရှိတယ်။အခု နှစ်ပိုင်းမှာ တောတွေကလည်း အကြောင်းအမျိုးမျိုးနှင့် မီးလောင် ပျောက်ကွယ်လာတဲ့အတွက် အိမ်မွေးနွားတွေ၊ နွားနောက်တွေ [...]
March 17, 2013
ဧပြီလ(၁)ရက်နေ့မှစတင်၍ အမြန်လမ်းရဲတပ်ဖွဲ့မှ အရှိန်ထိန်းတိုင်းကိရိယာအသုံးပြု၍ စစ်ဆေးအရေးယူတော့မည်
အမြန်လမ်းရဲတပ်ဖွဲ့မှ Redflex Traffic Systems (Myanmar Mobile Traffic Radar System) အရှိန်ထိန်းတိုင်း ကိရိယာအသုံးပြု၍ သတ်မှတ် အမြန်နှုန်းထက်ကျော်လွန်မောင်း နှင်သောမော်တော်ယာဉ်များအား စစ်ဆေးအရေးယူတော့မည်ဖြစ် ကြောင်း သိရသည်။ အမြန်လမ်းမကြီးနဲ့ တပ်ဖွဲ့ ကွပ်ကဲမှုရိုးတွင် မတ် ၁၂ ရက် နေ့က စာနယ်ဇင်းရှင်းပွဲကျင်းပခဲ့ ရာအရှိန်ထိန်းကိရိယာအသုံးပြု၍ သတ်မှတ်အမြန်နှုန်းထက်ကျော် လွန်မောင်းနှင်သောမော်တော် ယာဉ်များအား စစ်ဆေးအရေး ယူတော့မည့်ကို ပြောကြားခဲ့ခြင်း ဖြစ်ကာအမြန်လမ်းရဲတပ်ဖွဲ့မှူးရဲမှူး ကြီးနေ၀င်းနှင့် အင်ဂျင်နီယာမှူး ကြီးဦးမျိုးမြင့်က အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိဆောင်ရွက်ချက်များ ကို အကျယ်တ၀င့်ရှင်းလင်းပြော ကြားခဲ့ပါသည်။ ၎င်းင်းနောက်အရှိန်ထိန်းတိုင်း ကိရိယာ Redflex Traffic Systems (Myanmar Mobile Traffic Radar System) အသုံးပြု၍ လက်တွေ့သရုပ်ပြရှင်းလင်းခြင်း [...]
March 17, 2013
ဒိုးတူဒိုးစနစ်..အညာကျေးလက်အထိရောက်နေ
နွားထိုးကြီးမတ်(၁၀)။ကုမ္ပဏီအုပ်စုဝင်ကုမ္ပဏီအရောင်းမြှင့် တင်ရေးကားများကဒိုးတူဒိုးစနစ် ဖြင့်ရွာအရောက်၊မြို့အရောက်၊ဆိုင် အရောက်၊အိမ်အရောက်၊ကျေးရွာ ရပ်ကွက်မြို့ပေါ်တွင်ပစ္စည်းများကို အရောက်ပေးပို့နေသောရောင်းဝယ် ဖြန့်ချိရေးအောင်မြင်နေသည်။ ယခင်ကနွားထိုးကြီးတွင်မန္တလေး၊မြင်းခြံ၊မိတီ်္ထလာ၊ကျောက်ဆည် ဈေးကွက်သို့ဈေးလိုက်၍ကုန်သယ် ယူစရိတ်တက်ကာကုန်ပစ္စည်းမှာ ဈေးလိုက်ဝယ်ယူရသောစနစ်မှ ကုမ္ပဏီကားများဖြင့်ဆိုင်အရောက် ပေးပို့မှုအောင်မြင်လာသည်။ဝယ် ယူလိုသောပစ္စည်းဖုန်းဆက်မှာယုံ ဖြင့်ပေးပို့သောအကြွေးရောင်းစနစ် လည်းပါသည်။ဟွန်တီငွေလွဲစနစ် လည်းသွက်လက် ၍ဘဏ်လုပ် ငန်းရှင်သန်လာနေသည်။ ဆိုင်အရောက်ပို့၍ပစ္စည်းစ ရိတ်ထပ်မတင်ပါ။ကုမ္ပဏီဈေးနှုန်း စက်ရုံဈေးနှုန်းအတိုင်းရောင်းပါသည် ဟုကုမ္ပဏီအရောင်းကားများကဆို သည်။အချို့မှာဒေသခံအရောင်း ဆိုင်များ၏အခြေနေကြည့်၍လဆိုင်း ပေး၊ကုန်ကြွေးပေး၍လည်းအရောင်း မြှင့်တင်နေသည်။ အညာတွင်တစ်ပါတ်တခါ၊နှစ် ပါတ်တခါဈေးလိုက်ရသောဈေးကွက် နည်းပြီးဒိုးတူဒိုးဆိုင်အရောက်စနစ်ရှင် သန်လာနေသည်။လှည်းနေလှေ အောင်းမြင်းဇောင်းပါမကျန်ကျေး ရွာအရောက်ကုန်ပစ္စည်းရောက်နေသည်။ ဌေးကိုမောင်
March 17, 2013
မြန်မာ့မြေအတွင်းတရုတ်အတွက် လုပ်ကွက်နည်းသွားခြင်းက သတင်းဆိုးတစ်ခုမဟုတ်ကြောင်း ကွန်မြူနစ်ပါတီပိုင်သတင်းစာမှဆို
မြန်မာနိုင်ငံအတွင်းယခင်က ထက်စာလျှင် တရုတ်နိုင်ငံအတွက် နေရာမှာ နည်းသည်ထက်နည်း သွားခြင်းက တရုတ်နိုင်ငံအတွက် သတင်းဆိုးတစ်ခုမဟုတ်ကြောင်း တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီပိုင် People’s Daily သတင်းစာက တာဝန်ရှိသူတစ်ဦးဖြစ်သူညွှန်ကြား ရေးမှူးချုပ် Mr Cao Huan Rong မှ ပြောကြားသွားသည်။ “ကျွန်တော်တို့သတင်းစာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြောင်းလို ရေးရင်အပြုသဘောဆောင်ပြီး အကောင်းမြင်တဲ့ဘက်ကပဲရေးပါ တယ်။ ဖွံ့ဖြိုးဆဲဆိုတာနဲ့ သူနိုင်ငံ ရဲ့ စစ်ပွဲတွေ၊ အခက်အခဲ၊ ဒုက္ခ တွေကို အမြန်ဆုံးပြေငြိမ်းဖို့ကို ရည်ရွယ်ပြီးတော့ကို ရေးသားပါ တယ်။ မြန်မာသမ္မတကြီးဦးသိန်းစိန် ပြောခဲ့တဲ့ နိုင်ငံတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆို တာနဲ့ ခြစားမှုတွေကို တိုက်ဖျက် မယ်ဆိုတာတွေကိုလည်း တရုတ် နိုင်ငံအနေနဲ့ ကြိုဆိုပါတယ်။ ဦးသိန်းစိန်ဦးဆောင်ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ဒီလိုနိုင်ငံကြီးမှာ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေလုပ်နေတဲ့အတွက် [...]



Vol-3,No-140
Vol-3,No-139
Download
March 18, 2013
0 Comments