၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် သာယာဝတီအကျဉ်း ထောင်အတွင်းတွင် နိုင်ငံရေး အကျဉ်းသား ၉၅ ဦးက Anti Labour အလုပ်ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသည်။ ၂၄-၁၂-၂၀၁၂ တွင် မရမ်းကုန်းမြို့နယ် သမိုင်းမြို့မကျောင်းတွင် ၂၃ နှစ် မြောက်တွေ့ဆုံပွဲကိုလည်း ကျင်းပ ခဲ့သည်။ ၁-၂-၂၀၁၃ တွင် တော် ၀င်နှင်းဆီခန်းမ၌ Anti Labour ရဲဘော်များ၏ သမိုင်းဖြစ်ရပ်မှန် ဖော်ထုတ်ရေးအခန်းအနားကို ပြုလုပ်ခဲ့သည်။ အထက်ပါအခန်း အနား ၂၃ တွင် တက်ရောက်ခဲ့ ကြသူ သာယာဝတီအကျဉ်း ထောင်ထွက် နိုင်ငံရေးအကျဉ်း သားများ၏ သဘောထားနှင့် ဆုံး ဖြတ်ချက်များအရ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် သာယာဝတီအကျဉ်းထောင်ထဲတွင် ဖြစ်ပွားခဲ့သော Anti Labour [...]
May 21, 2013
KIA နှင့်အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲပြည်တွင်း၌ ဆွေးနွေးရခြင်းမှာညီအကိုခြင်း ပြဿနာအားညီအကိုချင်းသားဖြေရှင်းခြင်းဟုဆို
သင်္ကြန်ရက်များကြောင့် ရက်ရွှေ့ခဲ့သောKIA နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲအားလာ မည့်မေလ ၂၈ ရက်တွင်မြစ်ကြီး နားမြို့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအားမြန်မာနိုင်ငံအတွင်း ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံ အတွင်းဖြစ်သော ပဋိပက္ခအား မြန်မာနိုင်ငံအတွင်း ဖြေရှင်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့မှ ဦး အောင်မင်းက ပြောကြားသည်။ ““ပြည်တွင်းက ညီအစ်ကို ခြင်းဖြစ်တဲ့ပြဿနာကို ပြည်တွင်း မှာပဲ ညီအစ်ကိုချင်းရှင်းချင်တယ်။ ဒီတစ်ခေါက်ဆွေးနွေးပွဲကို မြစ် ကြီးနားမှာလုပ်မယ်။ သူတို့ဘက် က သဘောတူညီမှုလည်းရထား တယ်””ဟု ပြောကြားခဲ့သည်။Myanmar Place Centre မှ ဦးလှမောင်ရွှေက ပြောကြားရာ တွင်KIA နဲ့ အစိုးရနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို မေလ ၂၈ [...]
May 21, 2013
ပထမအကြိမ်ပြည်သူ့လွှတ်တော်၌ မေးခဲ့ဖူးသော Super Custom ကားများ ပြဿနာ တရားရုံးရောက်ပြီ
ပထမအကြိမ်ပြည်သူ့ လွှတ်တော်စတုတ္ထပုံမှန်အစည်း အဝေး၌ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးခဲ့သော “ယခင်အစိုးရ လက်ထက်ပြည်ပကတရားမ၀င် တင်သွင်းလာပြီး စက်မှုဇုန်ထုတ် Super Custom (MPV) ကားများ ဟုဆိုတာရောင်းချခဲ့သည့်ပြဿနာ အတွက် မန္တလေးမြို့ခရိုင်တရားရုံး တွင် စတင်စစ်ဆေးနေပြီး သက်သေ ခံထွက်ဆိုနေရပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် ကပြောပါသည်။ ပြည်ပမှ တရားမ၀င်တင်သွင်း ပြီး ပြည်တွင်းစက်မှုဇုန်ကားထုတ် လုပ်ရေးကုမ္ပဏီများက စက်မှုဇုန် ထုတ် Super Custom ကားများ ဟု လိမ်လည်ရောင်းချခဲ့သော ကားများကို စက်မှုဝန်ကြီးဌာနက ဒဏ်ရိုက်ခဲ့ရာဒဏ်ကြေးပေးဆောင် မှုနှင့် ပတ်သက်ပြီး ကားဝယ်သူနှင့် ကားရောင်းသူများအကြားတရား စွဲဆိုမှုများ နိုင်ငံတစ်ဝန်းလုံးဖြစ် ပွားခဲ့ပါသည်။ အဆိုပါပြဿနာအတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ှSuper Custom ကားများနဲ့ ပတ်သက် ၍ ကြယ်ပွင့်ပြမေးခွန်းမေးခဲ့ဖူး သော [...]
May 21, 2013
ပုလ္လင်ပေါ်သို့ပင့်ဆောင်ပူဇော်ရန် မေတ္တာရပ်ခံ တားမြစ်ခဲ့သော ပြည့်စုံချမ်းသာဗုဒ္ဓရုပ်ပွားတော် ပုလ္လင်ထက်သို့ ပင့်ဆောင်ပူဇော်နိုင်ပြီ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်၊ မင်းရန်အောင်(၂)လမ်း နှင့် (၃)လမ်းကြား မြေကွက်လပ် ၌ ရပ်ကွက်နေထိုင်သူ (၇)ရက် သားသမီးများလှူဒါန်းမှုဖြင့် တည် ထားကိုးကွယ်သော ဉာဏ်တော် ခုနှစ်ပေလေးလက်မ၊ ဒူးနှစ်ဖက် တော်ခြောက်ပေသုံးလက်မရှိ စကျင်ကျောက်ဖြင့် ထုလုပ်ထား သော ပြည့်စုံချမ်းသာဗုဒ္ဓရုပ်ပွား ဆင်းထုတော်ကြီးမှာ မူလက ၂၃-၂-၂၀၁၃ တွင် ပုလ္လင်ထက်သို့ ပင့်ဆောင်ပူဇော်ရန် အကျိုးတော် ဆောင်အဖွဲ့က စီစဉ်ခဲ့ရာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီမှ မြေအသုံးပြုခွင့် တရားဝင် ခွင့်ပြုချက်တင်ပြတောင်းခံပြီးမှ ပင့်ဆောင်ပူဇော်ရန် မေတ္တာရပ် ခံတားမြစ်ခဲ့သဖြင့် ပုလ္လင်အနီး၌ သုံးလနီးပါး ယာယီသီတင်းသုံးခဲ့ ပြီးနောက် မေ ၁၈ ရက်တွင် ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ကြီးအား ပုလ္လင်ပေါ်သို့ ပင့်ဆောင်ပူဇော် ပွဲကို စည်ကားသိုက်မြိုက်စွာ [...]
May 21, 2013
နာမည်ကျော်မြေသြဇာအရောင်းကိုယ်စားလှယ်(၂) ဦး လယ်သမား(၃) ဦးက၀န်ကြီးချုပ်ထံတိုင်ကြား
နာမည်ကျော်မြေသြဇာဖြန့် ဖြူးရောင်းချရေးကုမ္ပဏီတစ်ခု၏ ဘိုကလေးမြို့နယ်အရောင်းကိုယ် စားလှယ်နှင့် ကျေးရွာကိုယ်စားလှယ် တို့ (၂) ဦးနှင့် ဒေသခံလယ်သမား တချို့တို့ ပြဿနာဖြစ်ပွားနေ ကြောင်း လယ်သမားကြီးဦးမောင် စိုးမှပြောပြ၍ သိရှိရသည်။ မြေသြဇာရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှ တိုင်းဒေသကြီး တာဝန်ခံသည် ဘိုကလေးမြို့နယ် ကွင်းဘုံးကြီးရွာသို့ရောက်ရှိလာပြီး ယခင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦးအား လယ်သမားများနှင့် တွေ့ဆုံလိုကြောင်း ပြောကြား သဖြင့်လယ်သမားများအား ဖိတ်ကြားပြီး တွေ့ဆုံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ ၎င်းတို့ ၏ မြေသြဇာသည် စပါးအထွက် အလွန်ကောင်းမွန်ကြောင်း တစ်ဧကလျှင် စပါးတင်း (၁၂၀) ထွက်နိုင်ပြီး အကယ်၍စပါး အထွက်မကောင်းပါက မြေသြဇာ ဖိုးပေးရန်မလိုကြောင်း အာမခံ ဂတိစကားလယ်သမားအများရှေ့ တွင် ပြောကြားသည့်အပြင် ယခု ရောင်းချပေးမည်မြေသြဇာဖိုးကို လည်း [...]
May 21, 2013
လင်းနို့လိုလို ကြွက်စုတ်လိုလိုလုပ်နေတဲ့ ဆေးခန်းတွေကို ဘယ်လိုရှင်းကြမှာလဲ
ဂျာနယ်တွေမှာ ကြော်ငြာနေတဲ့ ဆေးခန်းတွေနဲ့ ပတ်သက်ပြီး Hot News ဂျာနယ်မှာရေးခဲ့ပြီးပေမဲ့ မေ (၁၇) ရက် ထုတ်ဂျာနယ်တစ်စောင်မှာ အဲဒီဆေးခန်း တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆေး ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အငြိမ်းစား ပါမောက္ခချုပ်ဆရာဝန်ကြီးရဲ့ အင်တာဗျူး ကိုဖတ်ရလို့ဘ၀င်မကျတာနဲ့ ရေးလိုက် တာပါ။ ဆရာဝန်ကြီးကအဲဒီဆေးခန်းတွေ မှာ ဘာစက်တွေအသုံးပြုပြီးဘယ်လိုနည်း လမ်းတွေနဲ့ ကုသလဲဆိုတာမသိကြောင်း သူတို့ရဲ့ကုသတဲ့နည်းလမ်းကောင်းရင်လူနာ တွေကို လွှဲပေးချင်တာကြောင့် ဆေးခန်း တစ်ခုကိုသွားကြောင်း သူဟဆရာဝန်ဖြစ် ကြောင်း၊ ကုသတာကောင်းရင်လူနာတွေ ကို လွှဲပို့ချင်တာကြောင့် ဆေးကုသတာ နဲ့ စက်တွေကို ကြည့်ချင်ကြောင်းပြော တော့ ကြည့်ခွင့်မပေးကြောင်း ဒါနဲ့ အဲဒီ ဆေးခန်းမှာလာကုတဲ့လူနာတစ်ယောက် ကို မေးကြည့်တော့စအိုဝကိုထုံဆေးလို ဟာမျိုးထိုးတယ်။ ပုလင်းကြီးထဲပိုးသတ် ဆေးထည့်ပြီး ချိတ်ပေးတယလို့ပြော ကြောင်း၊ [...]
May 21, 2013
နားတစ်ရာ
တစ်ယူနစ်တစ်ထောင်ကျော် လျှော့ပေးပါ “ကျွန်တော်ဖားကန့်မြို့နယ်၊ ဟောင် ပါးအုပ်စု၊ ဆယ်ဇင်းကျေးရွာက ဦးကျော်သိန်းခေါ်ဦးကံချွန်ပါခင်ဗျာ” “ဟုတ်ကဲ့။ ဘာများပြောချင်ပါလဲ” “ဒီလိုပါခင်ဗျာ။ ကျွန်တော်တို့ဆီမှာ စိုင်းမိုင်ကုမ္ပဏီကနေ ၂၀၀၄ ခုနှစ်မှာစပြီး လျှပ်စစ်မီးပေးပါတယ်။ တစ်ယူနစ်ကို ၄၅၀ ကျပ်ပါ။ ၂၀၀၉ နောက်ပိုင်းမှာ တစ်ယူနစ်ကျပ် ၁၀၀၀ ဖြစ်သွားပြီး အခု ၂၀၁၂-၂၀၁၃ မှာ တစ်ယူနစ်ကို ကျပ် ၁၁၀၀ ထိဖြစ်လာပါပြီခင်ဗျာ။ ကျွန်တော် တို့ လူနေမှုအဆင့်အတန်းမြင့်မားဖို့ လျှပ်စစ်မီးက အရေးပါသလိုတစ်ယူနစ် တစ်ထောင်ကျော်နှုန်းကြီးကလည်း တော်တော်အရေးပါပြီခင်ဗျာ။ ဈေးလျှော့ ပေးဖို့ လူကြီးမင်းတို့ဂျာနယ်ကတစ်ဆင့် တင်ပြပေးပါခင်ဗျာ” တာမွေပလာဇာက ညဘက်အုပ်စုဖွဲ့ကားသမားများ “ကျွန်တော်တာမွေပလာဇာရှေ့ သမိန်မရမ်းလမ်းမကြီးမှာနေပါတယ်။ တာမွေပလာဇာက နိုက်ကလပ်တွေ ၊ KTV တွေ၊ စားသောက်ဆိုင်တွေကြောင့် ရပ်ကွက်နေလူထုအန္တရာယ်မကင်းတာ တွေ [...]
May 20, 2013
စွယ်တော်မြတ်စေတီတော်(မန္တလေး)စိန်ဖူးတော်၊ငှက်မြတ်နားတော်အသစ်တင်လှူ
ရတနာပုဏ္ဏ၀ရဌာနဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(မန္တလေး)စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲအချိန်က အဆိုပါစေတီတော်တွင်ကျင်းပခဲ့ကြောင်းသိရသည်။ အသစ်တင်လှူသောစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကိုအများပြည်သူတို့၏ ကုသိုလ်ကောင်းမှုဖြင့် တင်လှူခြင်းဖြစ်ကာစိန်ဖူးတော်တွင် ရွှေ ၁၂၆ ကျပ်သား၊ ရတနာမျိုးစုံ (၆၅)ခုနှင့် ငှက်မြတ်နားတော်တွင်ရွှေ ၁၅၂ကျပ်သား၊ ရတနာမျိုးစုံ ၆၈၃ ခု တို့ကုသိုလ်ပြုလှူဒါန်းထားခြင်းဖြစ်ပြီးအဆိုပါအခမ်းအနားတွင် ငွေသား၁၇၁ သိန်းတို့ကိုလည်း အများပြည်သူတို့ဝင်ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘုရား ဒါယကာ သံဃာတော်အရှင်သူမြတ်တို့ က ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြကြောင်းသိရသည်။ထို့နောက် အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မိုးထိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥာဏအရှင်သူမြတ်ထံ မှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကားများက ပရိတ်ပန်း ၊ ပရိတ်ရေ၊ ပရိသဲနှင့် ပရိတ်ချည်များကိုသံဃာတော်များထံ ဆပ်ကပ်၍ ပရိတ်တော်များနာယူပြီး ပရိတ်ပန်း၊ [...]
May 20, 2013
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)၏သတင်းထုတ်ပြန်ချက်
အေအေပီပီ (မြန်မာ) သည် မေလ ၁၇ ရက်နေ့က သတင်းတစ်ရပ်ထုတ်ပြန် ထားသည်မှာမြန်မာနိုင်ငံအစိုးရအားနိုင်ငံ ရေးအကျဉ်းသားများအားလုံးကိုလွှတ်ပေး ရန် တိုက်တွန်းထားသည်။ အေအေပီပီသည် မေလ ၁၇ ရက်နေ့ က အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား ၂၃ ယောက်ကို လွှတ်ပေးခြင်းမှာ ကြေနပ် စရာမရှိကြောင်း နိုင်ငံရေးအကျဉ်းသား အားလုံးကိုလွှတ်ပေးစေလိုကြောင်း ယခု လွှတ်ပေးသူများအနက် ၁၉ ဦးသာနိုင်ငံ ရေးအကျဉ်းသားများအဖြစ်အတည်ပြုနိုင် ကြောင်း သို့သော်အေအေပီပီအနေဖြင့် မည်သည့်အကျဉ်းသားကိုလွှတ်ပေးသည် ဖြစ်စေ၊ ကြိုဆိုမည်သာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေး ရာတွင် မည်သည့်ကန့်သတ်ချက်မျှမထား ပဲ။ ဥပဒေအရနောက်ကြောင်းပြန်အကျိုး သက်ရောက်မှုမရှိစေလိုကြောင်း။ မေလ ၁၇ ရက်နေ့က လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများတွင် ဆင်းရဲနွမ်း ပါးသူများအရေးကူညီဆောင်ရွက်ပေးနေသူ စစ်ဗိုလ်ဟောင်းနေမျိုးဇင်လည်းပါဝင် ကြောင်း ၎င်းသည်ယခင်ပြစ်ဒဏ်လက် ကျန် [...]
May 20, 2013
ပါရမီဖြည့်ဖက် ဇနီးမယား ဒေါက်တာစိန်စိန်သိန်း
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် မှာ တစ်ထောင့်တစ်နေရာမှပါဝင် ကပြခဲ့ရသည့်နရသိန်ပြန်ခင်ပွန်း သည်အတွက် လင်ဆိုးမယားမဟုတ် သော်လည်း တဖားဖားဖြစ်ခဲ့ရသည်။ ကလောင်ရှင်၏စုတ်ချက်များသည် အပြစ်တင်ခြင်းကင်းသည်မမာန် တင်းရသည့်အကြိမ်ကြိမ်အခါခါမှာ လဲပြိုရာမှပြန်ထရသည့်အချိန်များ သည်မြန်မာအမျိုးသမီးထုအတွက် တော်မ၀င်ပေမယ့်စံတင်ထားလောက် ရသည့်ဟန်ကိုတွေ့ရသည်။ ပါရမီ ဖြည့်ဖက်သည်သုတဆရာမကြီး တစ်ဦး၏ရသကောင်းစာအုပ်တစ် အုပ်ဖြစ်ကြောင်းပါ။ အာရှအလင်း စာပေးမှထုတ်ဝေဖြန့်ချိပြီး ရောင်း ဈေးမှာ ၂၀၀၀ ကျပ်ဖြစ်သည်။ H.N



Vol-3,No-141
Vol-3,No-140
Download
May 21, 2013
0 Comments