ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်၊ မင်းရန်အောင်(၂)လမ်း နှင့် (၃)လမ်းကြား မြေကွက်လပ် ၌ ရပ်ကွက်နေထိုင်သူ (၇)ရက် သားသမီးများလှူဒါန်းမှုဖြင့် တည် ထားကိုးကွယ်သော ဉာဏ်တော် ခုနှစ်ပေလေးလက်မ၊ ဒူးနှစ်ဖက် တော်ခြောက်ပေသုံးလက်မရှိ စကျင်ကျောက်ဖြင့် ထုလုပ်ထား သော ပြည့်စုံချမ်းသာဗုဒ္ဓရုပ်ပွား ဆင်းထုတော်ကြီးမှာ မူလက ၂၃-၂-၂၀၁၃ တွင် ပုလ္လင်ထက်သို့ ပင့်ဆောင်ပူဇော်ရန် အကျိုးတော် ဆောင်အဖွဲ့က စီစဉ်ခဲ့ရာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီမှ မြေအသုံးပြုခွင့် တရားဝင် ခွင့်ပြုချက်တင်ပြတောင်းခံပြီးမှ ပင့်ဆောင်ပူဇော်ရန် မေတ္တာရပ် ခံတားမြစ်ခဲ့သဖြင့် ပုလ္လင်အနီး၌ သုံးလနီးပါး ယာယီသီတင်းသုံးခဲ့ ပြီးနောက် မေ ၁၈ ရက်တွင် ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ကြီးအား ပုလ္လင်ပေါ်သို့ ပင့်ဆောင်ပူဇော် ပွဲကို စည်ကားသိုက်မြိုက်စွာ [...]
May 21, 2013
နာမည်ကျော်မြေသြဇာအရောင်းကိုယ်စားလှယ်(၂) ဦး လယ်သမား(၃) ဦးက၀န်ကြီးချုပ်ထံတိုင်ကြား
နာမည်ကျော်မြေသြဇာဖြန့် ဖြူးရောင်းချရေးကုမ္ပဏီတစ်ခု၏ ဘိုကလေးမြို့နယ်အရောင်းကိုယ် စားလှယ်နှင့် ကျေးရွာကိုယ်စားလှယ် တို့ (၂) ဦးနှင့် ဒေသခံလယ်သမား တချို့တို့ ပြဿနာဖြစ်ပွားနေ ကြောင်း လယ်သမားကြီးဦးမောင် စိုးမှပြောပြ၍ သိရှိရသည်။ မြေသြဇာရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှ တိုင်းဒေသကြီး တာဝန်ခံသည် ဘိုကလေးမြို့နယ် ကွင်းဘုံးကြီးရွာသို့ရောက်ရှိလာပြီး ယခင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦးအား လယ်သမားများနှင့် တွေ့ဆုံလိုကြောင်း ပြောကြား သဖြင့်လယ်သမားများအား ဖိတ်ကြားပြီး တွေ့ဆုံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးတာဝန်ခံမှ ၎င်းတို့ ၏ မြေသြဇာသည် စပါးအထွက် အလွန်ကောင်းမွန်ကြောင်း တစ်ဧကလျှင် စပါးတင်း (၁၂၀) ထွက်နိုင်ပြီး အကယ်၍စပါး အထွက်မကောင်းပါက မြေသြဇာ ဖိုးပေးရန်မလိုကြောင်း အာမခံ ဂတိစကားလယ်သမားအများရှေ့ တွင် ပြောကြားသည့်အပြင် ယခု ရောင်းချပေးမည်မြေသြဇာဖိုးကို လည်း [...]
May 21, 2013
လင်းနို့လိုလို ကြွက်စုတ်လိုလိုလုပ်နေတဲ့ ဆေးခန်းတွေကို ဘယ်လိုရှင်းကြမှာလဲ
ဂျာနယ်တွေမှာ ကြော်ငြာနေတဲ့ ဆေးခန်းတွေနဲ့ ပတ်သက်ပြီး Hot News ဂျာနယ်မှာရေးခဲ့ပြီးပေမဲ့ မေ (၁၇) ရက် ထုတ်ဂျာနယ်တစ်စောင်မှာ အဲဒီဆေးခန်း တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆေး ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အငြိမ်းစား ပါမောက္ခချုပ်ဆရာဝန်ကြီးရဲ့ အင်တာဗျူး ကိုဖတ်ရလို့ဘ၀င်မကျတာနဲ့ ရေးလိုက် တာပါ။ ဆရာဝန်ကြီးကအဲဒီဆေးခန်းတွေ မှာ ဘာစက်တွေအသုံးပြုပြီးဘယ်လိုနည်း လမ်းတွေနဲ့ ကုသလဲဆိုတာမသိကြောင်း သူတို့ရဲ့ကုသတဲ့နည်းလမ်းကောင်းရင်လူနာ တွေကို လွှဲပေးချင်တာကြောင့် ဆေးခန်း တစ်ခုကိုသွားကြောင်း သူဟဆရာဝန်ဖြစ် ကြောင်း၊ ကုသတာကောင်းရင်လူနာတွေ ကို လွှဲပို့ချင်တာကြောင့် ဆေးကုသတာ နဲ့ စက်တွေကို ကြည့်ချင်ကြောင်းပြော တော့ ကြည့်ခွင့်မပေးကြောင်း ဒါနဲ့ အဲဒီ ဆေးခန်းမှာလာကုတဲ့လူနာတစ်ယောက် ကို မေးကြည့်တော့စအိုဝကိုထုံဆေးလို ဟာမျိုးထိုးတယ်။ ပုလင်းကြီးထဲပိုးသတ် ဆေးထည့်ပြီး ချိတ်ပေးတယလို့ပြော ကြောင်း၊ [...]
May 21, 2013
နားတစ်ရာ
တစ်ယူနစ်တစ်ထောင်ကျော် လျှော့ပေးပါ “ကျွန်တော်ဖားကန့်မြို့နယ်၊ ဟောင် ပါးအုပ်စု၊ ဆယ်ဇင်းကျေးရွာက ဦးကျော်သိန်းခေါ်ဦးကံချွန်ပါခင်ဗျာ” “ဟုတ်ကဲ့။ ဘာများပြောချင်ပါလဲ” “ဒီလိုပါခင်ဗျာ။ ကျွန်တော်တို့ဆီမှာ စိုင်းမိုင်ကုမ္ပဏီကနေ ၂၀၀၄ ခုနှစ်မှာစပြီး လျှပ်စစ်မီးပေးပါတယ်။ တစ်ယူနစ်ကို ၄၅၀ ကျပ်ပါ။ ၂၀၀၉ နောက်ပိုင်းမှာ တစ်ယူနစ်ကျပ် ၁၀၀၀ ဖြစ်သွားပြီး အခု ၂၀၁၂-၂၀၁၃ မှာ တစ်ယူနစ်ကို ကျပ် ၁၁၀၀ ထိဖြစ်လာပါပြီခင်ဗျာ။ ကျွန်တော် တို့ လူနေမှုအဆင့်အတန်းမြင့်မားဖို့ လျှပ်စစ်မီးက အရေးပါသလိုတစ်ယူနစ် တစ်ထောင်ကျော်နှုန်းကြီးကလည်း တော်တော်အရေးပါပြီခင်ဗျာ။ ဈေးလျှော့ ပေးဖို့ လူကြီးမင်းတို့ဂျာနယ်ကတစ်ဆင့် တင်ပြပေးပါခင်ဗျာ” တာမွေပလာဇာက ညဘက်အုပ်စုဖွဲ့ကားသမားများ “ကျွန်တော်တာမွေပလာဇာရှေ့ သမိန်မရမ်းလမ်းမကြီးမှာနေပါတယ်။ တာမွေပလာဇာက နိုက်ကလပ်တွေ ၊ KTV တွေ၊ စားသောက်ဆိုင်တွေကြောင့် ရပ်ကွက်နေလူထုအန္တရာယ်မကင်းတာ တွေ [...]
May 20, 2013
စွယ်တော်မြတ်စေတီတော်(မန္တလေး)စိန်ဖူးတော်၊ငှက်မြတ်နားတော်အသစ်တင်လှူ
ရတနာပုဏ္ဏ၀ရဌာနဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(မန္တလေး)စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲအချိန်က အဆိုပါစေတီတော်တွင်ကျင်းပခဲ့ကြောင်းသိရသည်။ အသစ်တင်လှူသောစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကိုအများပြည်သူတို့၏ ကုသိုလ်ကောင်းမှုဖြင့် တင်လှူခြင်းဖြစ်ကာစိန်ဖူးတော်တွင် ရွှေ ၁၂၆ ကျပ်သား၊ ရတနာမျိုးစုံ (၆၅)ခုနှင့် ငှက်မြတ်နားတော်တွင်ရွှေ ၁၅၂ကျပ်သား၊ ရတနာမျိုးစုံ ၆၈၃ ခု တို့ကုသိုလ်ပြုလှူဒါန်းထားခြင်းဖြစ်ပြီးအဆိုပါအခမ်းအနားတွင် ငွေသား၁၇၁ သိန်းတို့ကိုလည်း အများပြည်သူတို့ဝင်ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘုရား ဒါယကာ သံဃာတော်အရှင်သူမြတ်တို့ က ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြကြောင်းသိရသည်။ထို့နောက် အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မိုးထိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥာဏအရှင်သူမြတ်ထံ မှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကားများက ပရိတ်ပန်း ၊ ပရိတ်ရေ၊ ပရိသဲနှင့် ပရိတ်ချည်များကိုသံဃာတော်များထံ ဆပ်ကပ်၍ ပရိတ်တော်များနာယူပြီး ပရိတ်ပန်း၊ [...]
May 20, 2013
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)၏သတင်းထုတ်ပြန်ချက်
အေအေပီပီ (မြန်မာ) သည် မေလ ၁၇ ရက်နေ့က သတင်းတစ်ရပ်ထုတ်ပြန် ထားသည်မှာမြန်မာနိုင်ငံအစိုးရအားနိုင်ငံ ရေးအကျဉ်းသားများအားလုံးကိုလွှတ်ပေး ရန် တိုက်တွန်းထားသည်။ အေအေပီပီသည် မေလ ၁၇ ရက်နေ့ က အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား ၂၃ ယောက်ကို လွှတ်ပေးခြင်းမှာ ကြေနပ် စရာမရှိကြောင်း နိုင်ငံရေးအကျဉ်းသား အားလုံးကိုလွှတ်ပေးစေလိုကြောင်း ယခု လွှတ်ပေးသူများအနက် ၁၉ ဦးသာနိုင်ငံ ရေးအကျဉ်းသားများအဖြစ်အတည်ပြုနိုင် ကြောင်း သို့သော်အေအေပီပီအနေဖြင့် မည်သည့်အကျဉ်းသားကိုလွှတ်ပေးသည် ဖြစ်စေ၊ ကြိုဆိုမည်သာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေး ရာတွင် မည်သည့်ကန့်သတ်ချက်မျှမထား ပဲ။ ဥပဒေအရနောက်ကြောင်းပြန်အကျိုး သက်ရောက်မှုမရှိစေလိုကြောင်း။ မေလ ၁၇ ရက်နေ့က လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများတွင် ဆင်းရဲနွမ်း ပါးသူများအရေးကူညီဆောင်ရွက်ပေးနေသူ စစ်ဗိုလ်ဟောင်းနေမျိုးဇင်လည်းပါဝင် ကြောင်း ၎င်းသည်ယခင်ပြစ်ဒဏ်လက် ကျန် [...]
May 20, 2013
ပါရမီဖြည့်ဖက် ဇနီးမယား ဒေါက်တာစိန်စိန်သိန်း
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် မှာ တစ်ထောင့်တစ်နေရာမှပါဝင် ကပြခဲ့ရသည့်နရသိန်ပြန်ခင်ပွန်း သည်အတွက် လင်ဆိုးမယားမဟုတ် သော်လည်း တဖားဖားဖြစ်ခဲ့ရသည်။ ကလောင်ရှင်၏စုတ်ချက်များသည် အပြစ်တင်ခြင်းကင်းသည်မမာန် တင်းရသည့်အကြိမ်ကြိမ်အခါခါမှာ လဲပြိုရာမှပြန်ထရသည့်အချိန်များ သည်မြန်မာအမျိုးသမီးထုအတွက် တော်မ၀င်ပေမယ့်စံတင်ထားလောက် ရသည့်ဟန်ကိုတွေ့ရသည်။ ပါရမီ ဖြည့်ဖက်သည်သုတဆရာမကြီး တစ်ဦး၏ရသကောင်းစာအုပ်တစ် အုပ်ဖြစ်ကြောင်းပါ။ အာရှအလင်း စာပေးမှထုတ်ဝေဖြန့်ချိပြီး ရောင်း ဈေးမှာ ၂၀၀၀ ကျပ်ဖြစ်သည်။ H.N
May 20, 2013
ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးတွင် ပထမဆုံးအကြိမ်စာသင်ကျောင်းဆောင်သစ်လှူဒါန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်အတွင်းရှိလက်ရှိ ရွာမူလတန်းလွန်ကျောင်းရှိစာသင် ကျောင်းဆောင်သစ်ကို ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းအလှူငွေဖြင့် ပထမဆုံးလှူဒါန်းခဲ့သည်ဟုသိရ သည်။ ထိုကျောင်းဆောင်သစ်အပြင် ကျောင်းရှိအိမ်သာများ ရေစက် များနှင့် စက်ရေတွင်းများပါဆောက် လုပ်တူးဖော်ပေးပြီး ကုန်ကျငွေ သိန်း ၄၀၀ ၀န်းကျင်ခန့်ရှိကြောင်း မူလတန်းလွန်ကျောင်း၏အဆောက် အဦမှာ ကျောင်းသားအင်အား နှင့် လောက်ငှမှုမရှိသောကြောင့် ၂၀၀၉ ခုနှစ်မှစပြီး ကိုင်ထူကိုယ်ထ ယာယီကျောင်းဆောက်ပြီး စာသင်ခဲ့ရကြောင်း ယခုလာမည့် စာသင်နှစ်တွင် အဆိုပါကျောင်း ဆောင်တွင် ကလေးများအား စာသင်ကြားနိုင်မည်ဖြစ်သော်လည်း စာသင်ခုံများလိုအပ်နေကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က မေ ၁၆ ရက်ကော့မှူးခရီးစဉ်တွင် အဆိုပါစာသင်ဆောင်သစ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ကော့မှူး မြို့နယ်အတွက် ရွေ့လျားစာကြည့် တိုက်ကို ထားရှိပေးရန်လည်း မြို့နယ်ပြန်/ဆက်နှင့်လည်းဆွေး နွေးခဲ့ကြောင်း သိရသည်။ [...]
May 20, 2013
အာရှကမ္ဘာမြေသတ္တုတူးဖော်ရေးကုမ္ပဏီမှ ရွှေသတ္တုတွင်းပြိုကျမှုဖြစ်စဉ်
အာရှကမ္ဘာမြေသတ္ထုတူးဖော် ရေးကုမ္ပဏီမှတရားဝင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေပုန်းမင်းဒေသရွှေသတ္ထုတွင်းပြို ကျမှုဖြစ်စဉ်အား စာနယ်ဇင်းရှင်း လင်းပွဲကို (၁၇) ရက်မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့၊ ကျောက်တံ တားမြို့နယ်ရှိ Sakurna Tower ၌ ကျင်းပခဲ့သည်။ မေလ (၂) ရက် ညသန်းခေါင် ယံအချိန်တွင် အထက်ပါရွှေသတ္တု တူးဖော်ရာဒေသတစ်ဝိုက်တွင်း ရုတ်တစ်ရက်လေဆင်နှာမောင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေများ ကြောင့် ရွှေတွင်းမြေပျိုကျမှုနှင့် သစ်ပင်ကြီးများလဲကျမှုကြောင့် လူ (၁၇) ဦးသေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ပုံ၊ လေပြင်မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုများ နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်ခဲ့ပုံများကို သတ္တုတူး ဖော်ရေးကုမ်္ပဏီဥက္ကဋ္ဌဦးမြင့်ဦးက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ သည်။ အာရှကမ္ဘာမြေစက်မှုနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီသည် [...]
May 20, 2013
၁၅၀၀ ဖုန်းအင်တာနက် လျှောက်ထားသူနည်းပါး
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ မှတဆင့် ရောင်းချပေးခဲ့သော ၁၅၀၀ ဖုန်းများ အင်တာနက် လျှောက်ထားအသုံးပြုသူများနည်း ပါးနေကြောင်း သိရသည်။ အဆိုပါကဲ့သို့ နည်းပါးရခြင်း အကြောင်းကိုLu Lay ဖုန်းဆိုင် မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ““အခုလောလောဆယ်မှာ တော့ ၁၅၀၀ ဖုန်းတွေကို အင် တာနက်လာလျှောက်တဲ့သူတွေ နည်းသေးတယ်။ နောက်ပြီးတော့ ၁၅၀၀ ဖုန်းကိုင်တဲ့သူအများစုက တန်ဖိုးနည်းဟန်းဆက်တွေကိုသာ ၀ယ်ကိုင်ကြတယ်။ အစ်ကိုတို့ ဆိုင်မှာလည်း တန်ဖိုးနည်းဟန်း ဆက်တွေပဲရောင်းရတယ်””ဟု ပြောကြားခဲ့သည်။ မြန်မာဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ၁၅၀၀ ဖုန်း များအင်တာနက်လျှောက်ထား ခြင်းနှင့်ပတ်သက်၍ ပြောကြား ရာတွင်- ““၁၅၀၀ တန်CDMA 800 MHzဖုန်းတွေက အင်တာနက် လျှောက်ထားလို့ရပါတယ်။ ဒီဖုန်း တွေကို စရောင်းလိုက်ထဲက အင်တာနက်လျှော်ကထားခွင့်ကို [...]



Vol-3,No-141
Vol-3,No-140
Download
May 21, 2013
0 Comments