April 28, 2013

0 Comments

ချင်းပြည်နယ်မြန်မာ အိန္ဒိယနယ်စပ်တွင်နယ်စပ်ရောင်းဝယ်ရေးစခန်းတစ်ခုဖွင့်လှစ်

    ချင်းတောင် ထန်တလန်မြို့ နယ် ထာအုံးရွာတွင် မြန်မာ၊ အိနိ္ဒယနယ်စပ်ရောင်းဝယ်ရေး ဂိတ်စခန်းတစ်ခုကို ယခု ဧပြီလ ဆန်းပိုင်းမှ စတင်ဖွင့်လှစ်နေပြီ ဖြစ်ပြီး ထိုနယ်စပ်ဒေသတွင် သက်ဆိုင်ရာရုံးဌာနများဖွင့်လှစ် နိုင်ရန် မြေနေရာရှာဖွေသတ်မှတ် မှုများ စတင်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော်ရုံးမှ တာဝန်ရှိတစ်ဦးကပြောသည်။ ““နယ်စပ်ရောင်းဝယ်ရေးပွင့် လာတဲ့အခါ ဒေသတွင်းစိုက်ပျိုး ထားတဲ့ သီးနှံတွေလမ်းကြောင်း သစ်တစ်ခုမှာ ရောင်းရတယ်။ နောက်တစ်ခုက နယ်စပ်ရောင်း ၀ယ်ရေးဖြစ်လာတဲ့အတွက် လမ်း ပန်းဆက်သွယ်ရေးတွေ ဖွံ့ဖြိုး လာမယ်။ ဒေသတွင်းအလုပ်လုပ် လိုသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပွင့်လာမယ်”” ဟု ယင်းတာဝန်ရှိမှပင်ပြောသည်။ ယခုဖွင့်လှစ်သည့် ဟားခါး မြို့၊ ထန်တလန်နယ်၊ မြန်မာ- အိနိ္ဒယနယ်စပ်ရောင်းဝယ်ရေး သည် ချင်းပြည်နယ်၏ ဒုတိယ မြောက်နယ်စပ်ကုန်သွယ်ရေးစိတ် ဖြစ်ကြောင်း သိရသည်။ မြန်မာ [...]

Continue reading...

April 28, 2013

0 Comments

ချင်းတွင်းမြစ်ရေကျဆင်းနေသည့်အတွက်ဒေသထွက်ကျောက်မီးသွေးတင်ပို့ရေးအဆင်မပြေ

    ပြီးခဲ့သည့်နှစ်အောက်တိုဘာ  လမှစတင်၍ချင်းတွင်းမြစ်ရေဆက် တိုက်ကျဆင်းလျက်ရှိရာယခုသင်္ကြန်  ပြီးကာလရောက်သော်လည်းချင်း တွင်းမြစ်ရေတိုးတက်မှုမရှိသည့် အတွက် ကလေးဝဒေသထွက် ကျောက်မီးသွေးများသယ်ယူတင်ပို့ ရေးမှာ အဆင်မပြေဖြစ်နေကြောင်း သိရသည်။ “ကလေးဝကျောက်မီးသွေး လို့ပြေပေမယ့် အခုတော့တမူးခမ်း ပတ်နားမှာလည်း ကျောက်မီးသွေး ထွက်နေတယ်။ ချင်းတွင်းမြစ် အထက်ဖက်အရပ်အခေါ် (ပလူ စာဝ) ချောင်းဖျားမှာလည်း ကျောက်မီးသွေးထွက်တယ်။ တမူး  မင်းသမီးတောင်မှာလည်း ကျောက်မီးသွေးထွက်တယ်။ ဒေသထွက်ကျောက်မီးသွေးတွေ အားလုံးချင်းတွင်းရေကြောင်းက နေလိုအပ်တဲ့စက်ရုံအလုပ်ရုံတွေကို   တင်ပို့တယ်။ အများဆုံးတင်ပို့ရ တာကတော့ မုံရွာမန္တလေးအထိ ပါ။ ပြီးမှလိုရာကိုကားရထားနှင့် သယ်ပို့ကြတယ်”ဟု ကလေးဝဆိပ် ကမ်းမှ ကျောက်မီးသွေးသယ်ပို့ ရေးရေယာဉ်မှတာဝန်ရှိတစ်ဦးက ပြောသည်။ ယခုအခါကလေးဝကျောက် မီးသွေးကို အားမာန်သစ်၊ မက်စ် မြန်မာ၊ ထူးကုမ္ပဏီတို့မှ တူးဖော် လျက်ရှိပြီးနေ့စဉ်ချင်းတွင်ရေ ကြောင်းမှ သယ်ယူပို့ဆောင်လျက်  ရှိသည်။ ကျောက်မီးသွေးသယ်ယူ [...]

Continue reading...

April 28, 2013

0 Comments

ကလေးမြို့တွင်လေယာဉ်ကွင်းအသစ်တည်ဆောက်ပေးရန်တင်ပြမည်

    စစ်ကိုင်းတိုင်းဒေသကြီး၊ကလေး မြို့လေယာဉ်ကွင်းသည်မြို့အလယ် တွင်တည်ရှိနေပြီး လေကြောင်း ခရီးစဉ်များလာသည်နှင့် အမျှမြို့ တွင်းနေပြည်သူလူထုတို့အတွက် မလိုလားအပ်သောဘေးအန်္တရာယ် များဖြစ်ပေါ်လာနိုင်သည့်အတွက် ကလေးမြို့လေယာဉ်ကွင်းကိုအခြား သင့်တော်ရာမြေနေရာတွင် ရွှေပြောင်းပေးရန်ပြည်ထောင်စု လွှတ်တော်အဆင့်အထိတင်ပြ တောင်ဆိုသွားရန် အစီအစဉ်ရှိနေ  ကြောင်း ကလေးဒေသပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းမှပြောသည်။ “ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က စလို့လေယာဉ်ကွင်းမြေနေရာကို လေ့လာကြည့်ပါတယ်။ ကလေး မြို့တောင်ဖက်မှာလည်းဟိုအရင် ဒုတိယကမ္ဘာစစ်အတွင်းကအသုံး ပြုတဲ့ လေယာဉ်ကွင်းရှိတယ်။ ကလေးမြို့မြောက်ဖက်ရာဇဂြိုဟ် ရွာမှာ လေယာဉ်ကွင်းဟောင်းရှိ တယ်။ ပြုပြင်တည်ဆောက်သွား ရင်ဖြစ်နိုင်တယ်”ဟု လွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်သန်းမှ ပင်ပြောသည်။ ကလေးမြို့လေယာဉ်ကွင်း၏ အရှေ့ဖက်တွင် အောင်မင်္ဂလာ ရပ်ကွက်ရှိပြီး လေယာဉ်ကွင်း အနောက်ဖက်တွင် ပင်လုံရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်သာရပ်ကွက်တို့တည်ရှိသည်။ ထိုလေယာဉ်ကွင်းနှင့် ယှဉ်လျက် မြောက်ဖက်တွင် ဗိုလ်ချုပ်လမ်း၊ ပင်လုံလမ်းမတော်လမ်းအိမ်တန်း ကြီးများတည်ရှိပြီး၊ တောင်ဖက် [...]

Continue reading...

April 28, 2013

0 Comments

ကေဆောင်စက်မုဇုန်အရေးဆွေးနွေးကြမယ်

      တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်ပန်မွန်ဂျုံအပစ် အခတ်ရပ်စဲရေးဇုံမှ ၆ မိုင်ခန့် အကွာ မြောက်ကိုရီးယားနိုင်ငံ အတွင်းရှိ နှစ်နိုင်ငံအကျိုးတူပူး ပေါင်းဆောင်ရွက်ရေးကေဆောင် စက်မှုဇုန်(Kaesong)ကို မြောက် ကိုရီးယားနိုင်ငံက ဧပြီလ ၆ ရက် မှာ တစ်ဖက်သပ်ပိတ်ပစ်ခဲ့ပါ တယ်။ ဒီစက်မှုဇုန်မှာ တောင်ကို ရီးယားအလုပ်သမား ၅၃၀၀၀ ခန့်အလုပ်လုပ်နေကြပြီး၊ မြောက် ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို အဓိကအထောက်အကူပြုနေတဲ့ စီးပွားရေးဇုန်တစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ (၂ဘီလီယံ)နီးပါး ၀င်ငွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီစက်မှုဇုန်ကို အခုလိုပိတ် ထားလိုက်တဲ့အတွက် မြောက်ကို ရီးယားတို့အဖို့ အကျိုးမရှိသလို အဲဒီစက်မှုဇုန်မှာ အလုပ်လုပ်နေ ကြတဲ့ တောင်ကိုရီးယားအလုပ် သမား ၅၃၀၀၀ ကိုလည်း မြောက် ကိုရီးယားက [...]

Continue reading...

April 28, 2013

0 Comments

ကလေးဒေသတွင်တပ်ပိုင်မြေအဖြစ်သိမ်းယူခဲ့သောမြေယာအချို့မူလမြေပိုင်ရှင်များမှပြန်လည်ရရှိ

    ကလေးဒေသတွင် တပ်သစ် များစတင်အခြေစိုက်လာသည့် (၂၀၀၀) ခုနှစ်ဝန်းကျင်မှအစပြု၍ ဒေသခံတို့လုပ်ကိုင်စားသောက်နေ သောလယ်ယာမြေနေရာများကို တပ်ပိုင်မြေနေရာအဖြစ်သိမ်းယူမှု များရှိခဲ့ရာ ပြီးခဲ့သည့်လများမှအစ ပြု၍မြေယာအချို့ကိုမူလပိုင်ရှင် များထံပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့လက်ရှိလုပ်ကိုင် နေတဲ့မြေနုကျွန်းဧက (၉၀)ရှိတယ်။ ကျွန်တော်တို့ရာသီအလိုက်သီးနှံ စိုက်ပျိုးတဲ့မြေနေရာပါ။ ကျွန်တော် တို့စိုက်ပျိုးထားတဲ့အသီးအနှံတွေ  ကို ရိတ်သိမ်းချိန်အထိမစောင့် တော့ဘဲထွန်စက်ကြီးတွေနဲ့ ထယ်ထိုးခံခဲ့ရတယ်။ ကျွန်တော် တို့မှာသီးနှံလျှော်ကြေးလည်းမရ၊ မြေလျှော်ကြေးလည်းမရဖြစ်ခဲ့ရ တယ်။ နောက်ပြီးသူတို့ကနေကြာ  တစ်ဧကကို (၅) တင်းနှုန်းနှင့် (၂၀၁၃) ခုနှစ်အထိ အငှားပြန်ချ ထားခဲ့တယ်”ဟု မြေယာအသိမ်းခံ ရသောမြို့ကြီးကုန်းရွာသားဦးသိန်း အောင်မှပြောသည်။ ယခုအခါကလေးဒေသကွပ် ကဲမှုဌာနချုပ်မှ (၂၀၀၁) ခုနှစ်တွင် သိမ်းယူစာအမှတ် ၃၀၀/၂၉/ ထောက်၁/ ဒေသကွက်ကဲမှုဌာန ချုပ်၊ ဌာနချုပ်၊ ဌာနချုပ်တပ်ခွဲ စာအမှတ်ဖြင့် သိမ်းယူခဲ့သော လယ်ယာမြေဧက [...]

Continue reading...

April 28, 2013

0 Comments

ဆီးရီးယားသူပုန်တွေကို ဥရောပနိုင်ငံအချို့စစ်ကူပေးနေ

    ၂၀၁၁ မတ်လမှာ စတင်ခဲ့ တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ စစ်ရှိန်မလျော့သေးဘဲ အစိုးရနဲ့ လက်နက်ကိုင်သူပုန်များအကြား တိုက်ပွဲများ ပြင်းထန်နေဆဲပါ။ ဧပြီလ ၂၆ ရက် ကမ္ဘာ့သတင်း တစ်ရပ်မှာတော့ ဆိးရီးယားအစိုး ရတပ်တွေဟာ လက်နက်ကိုင်သူ ပုန်များကို ဓာတုဗေဒလက်နက် များ (Chemical Weapons)နဲ့ တိုက်ခိုက်လျက်ရှိကြောင်း အနောက် နိုင်ငံသတင်းများမှာ ဖတ်ရမှတ်ရ ပါတယ်။ ကနေ့ ဆီးရီးယားရဲ့ အခြေ အနေကိုတင်ပြရန် ဆီးရီးယား သမ္မတဘာရှာအာဆက်ပြုတ်ကျ ရေးအတွက် အစဉ်တစိုက် တိုက် ပွဲဝင်ခဲ့ကြတဲ့ အတိုက်အခံသူပုန် အုပ်စုကို အနောက်ဥရောပနိုင်ငံ အချို့(ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်)ရဲ့ တပ်ဖွဲ့ဝင်အချို့ စစ် ကူပေးတိုက်ခိုက်နေကြောင်း ဧပြီလ ၂၄ ရက်က အီးယူအကြမ်း ဖက်တိုက်ဖျက်ရေးအကြီးအကဲ ဂေးလ်လာဒီဂါချော့က [...]

Continue reading...

April 28, 2013

0 Comments

ဆိုင်ကယ်နှင့်သယ်ဆောင်သော မူးယစ်ဆေးဝါးဆေးပြားတစ်သိန်းကျော်ဖမ်းမိ

    ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မူဆယ် မူးယစ်(အထူး)အဖွဲ့မှ (၁၇-၃-၂၀၁၃)ရက် နံနက်ပိုင်းက မြို့ အ၀င်မုဒ်ဦး အေးရှားဝေါလ်ဂိတ် အနီး တာဝန်ထမ်းဆောင်နေစဉ် တရုတ်နိုင်ငံလုပ်LIFAN-125 အမျိုးအစား အစိမ်းပုတ်ရောင် ဆိုင်ကယ်တစ်စီးအား သက်သေ များနှင့်အတူ ရပ်တန့်စစ်ဆေးရှာ ဖွေရာ၊ ဆိုင်ကယ်ထိုင်ခုံနောက် တွင် တင်ဆောင်လာသည့် ဂျပ် စက္ကူဖာနှင့်ထည့်ထားသောAi Tang တံဆိပ်ပါ ဆောင်းဘောက် (၂)လုံးအတွင်း သိုဝှက်သယ် ဆောင်လာသည့် စက္ကူ၊ ပလပ် စတစ်တိပ်တို့ဖြင့် ထုတ်ပိုးထား သော WY့ စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈) ပြားပါ (၇၅၀)ထုတ် ဆေးပြား စုစုပေါင်း(၁၄၈၅၀၀)ပြား၊ စုစု ပေါင်းအလေးချိန်(၁၃.၃၆၅) ကီလိုတန်ဖိုးအားဖြင့် ခန့်မှန်း ကျပ် (၂၉၇၀)သိန်းဖိုးခန့် ရှာဖွေတွေ့ရှိ ခဲ့သည်။ ဆေးပြားများ [...]

Continue reading...

April 28, 2013

0 Comments

မူဆယ်မြို့တွင်းလမ်းလယ်ခုံများအမြန်ပြန်လည်တည်ဆောက်ပေးပါ

    မူဆယ်မြို့အတွင်း လမ်းလယ် ခုံများ ပြုပြင်လျက်ရှိရာ၊ သင်္ကြန် မတိုင်မီ ပန်းလယ်ခုံများ ဖျက်ဆီး ပြီး၊ ခေတ်မီတိုးတက်သော မြို့ပြ တည်ဆောက်မှုနှင့်အတူ အသစ် ပြုပြင်ဖန်တီးရန် စီစဉ်ထားသော် လည်း ၂၄-၄-၂၀၁၃ အထိ အသစ်ဖော်ဆောင်မှုမရှိသေးသဖြင့် လမ်းလယ်ခုံဖျက်သည့်နေရာများ မှာ မိုးရွာလျှင် ရွှံ့များဖြစ်ပေါ်ပြီး၊ နေပူလျှင် ဖုံထနေသည့်အပြင်၊ စည်းမဲ့ကမ်းမဲ့လမ်းဖြတ်ကျော် သည့် ယာဉ်မျိုးစုံကြောင့်၊ အမြန် ပြန်လည်အစားထိုးဆောင်ရွက် သင့်ကြောင်း မြို့ခံစာပေအသိုင်း အ၀ိုင်းမှ ပြောဆိုနေကြသည်။     သိန်းဇော်(ရွှေလီဦး)

Continue reading...

April 27, 2013

0 Comments

ဒါကာမှာတိုက်ပြိုပြီးလူ ၂၇၅ ယောက်သေပြီ

    ဧပြီလ ၂၄ ရက်က ဘင်္ဂ လားဒက်ရှ်နိုင်ငံ ဒါကာမြို့မှာ ရှစ် ထပ်တိုက်တစ်လုံးပြိုကျသွားခဲ့ ရာ၊ သေဆုံးသူ ၁၅၀ ခန့် အလောင်းကို တွေ့ရှိခဲ့ရာမှ ဒီနေ့ ဧပြီလ ၂၆ ရက်မှာ သေဆုံးသူ အလောင်း ၂၅၀ ကျော်ကို ဖော် ထုတ်ရရှိကြောင်း ဘီဘီစီရုပ်သံ သတင်းတစ်ရပ်မှာ တင်ပြသွားပါ တယ်။ ကယ်ဆယ်ရေးအလုပ်သမား များ၊ လူမှုဝန်ထမ်းအဖွဲ့အစည်း တွေက စက်ယန္တရားကြီးတွေ အသုံးပြုပြီး၊ ကယ်ဆယ်ရေးလုပ် ငန်းတွေ အပူတပြင်းလုပ်ဆောင် နေကြတာ၊ သေဆုံးသူမိသားစု ၀င်တွေက သေဆုံးကြသူများ အတွက် ၀မ်းနည်းပူဆွေး၊ ဆု တောင်းပတ္တနာပြုနေကြတဲ့မြင် ကွင်းဟာဖြင့် တကယ့်ကို စိတ် မချမ်းမြေ့ဖွယ်ပါပဲ။ ဧပြီလ ၂၂ ရက်မှာတော့ ဘင်္ဂလားဒက်ရှ်မှာ [...]

Continue reading...

April 27, 2013

0 Comments

နိုင်ငံတော်သမ္မတနှင့်ထိုင်းဝန်ကြီးချုပ်တို့ထားဝယ်စီမံကိန်းကိုထပ်မံဆွေးနွေးမည်ဟုသိရ

    မြန်မာနှင့် ထိုင်းနှစ်နိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော် နေသည့် ထားဝယ်ရေနက်ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကိစ္စကို ထိုင်း နိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှီနာ ၀ပ်ထရာ(Yingluck Shinawatra)က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရ သည်။ ဘရူးနိုင်းနိုင်ငံတွင်ကျင်းပ သော အာဆီယံခေါင်းဆောင် များထိပ်သီးအစည်းအဝေးတက် ရောက်စဉ် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင် လတ်တို့ သီးသန့်တွေ့ဆုံ၍ စီမံ ကိန်းအကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု များကို ဆွေးနွေးကြမည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင် များကိုယ်တိုင် ၂၀၁၂ ခုနှစ် ဒီဇင် ဘာလလယ်က ကိုယ်တိုင်အတူ သွားရောက်လေ့လာခဲ့သည့် ထား ၀ယ်ရေနက်စီမံကိန်းမှာ ဒေါ်လာ ၉ ဘီလီယံတန်ဖိုးရှိပြီး ထိုင်းက (၃၅)ရာခိုင်နှုန်း ထည့် [...]

Continue reading...