““အရေးပေါ်အခြေအနေကြေညာတာ ဒီလိုဥပဒေကဲ့သို့ အာဏာအမိန့်ထုတ်ပြန်ပုံက လွယ်ကူလွန်းတယ်””ဟု ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ အခု ကြေညာထားတဲ့ အရေးပေါ် အခြေအနေဟာ လိုအပ်သလား မလို အပ်ဘူးလားဆိုတာ ကျွန်မတို့ ပြန်စဉ်းစား ရပါမယ်။ ဒါ့အပြင် အရေးပေါ်အခြေ အနေကို ပြဋ္ဌာန်းပိုင်ခွင့်သတ်မှတ်ထားတာ သတ်မှတ်ပုံစံတွေဟာ လိုအပ်သလား၊ မလိုအပ်ဘူးလား၊ သင့်တော်သလား မသင့်တော်ဘူးဆိုတာ ကျွန်မတို့ သုံးသပ် ရမှာ ဖြစ်ပါတယ်။ မိတ်္ထီလာမှာဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအရ တည်ဆဲဥပဒေများအရ လုပ်သင့်လုပ် ထိုက်တဲ့ ကိစ္စတွေအပေါ် အပြည့်အ၀ လုပ်ခဲ့ရဲ့လားဆိုတာ ကျွန်မတို့ စဉ်းစားရ မှာပါ။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေဟာ မိမိတို့ရှိတဲ့ လုပ်ပိုင်ခွင့်များနဲ့ တည်ဆဲ ဥပဒေများအရ အခြေအနေတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားပြီး မဖြစ်နိုင်မှသာလျှင် အရေးပေါ် [...]
May 21, 2013
မြောက်ပိုင်း ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အသတ်ခံရမှု မိခင်မှအမှုဖွင့်တိုင်ကြား
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကိုလွန်ခဲ့သော အနှစ် ၂၀ ကျော်က စစ်ထောက် လှန်းရေးစွပ်စွဲသတ်ဖြတ်ခဲ့သည့် အမူကို ကိုထွန်းအောင်ကျော်၏ မိခင်ဖြစ်သူဒေါ်တင်မမကမန္တလေး တိုင်းချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမူဖွင့်လိုက် ကြောင်း သိရသည်။ အမှတ် ၈ ရဲစခန်းမှ အမူကိုလက်ခံခဲ့ပြီး နောက်လိုအပ်သော စုံစမ်းစစ်ဆေး မှုများစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဖမ်းခံခဲ့ရာမှ လွတ်မြောက်လာ သူကိုညီညီကျော်ကိုသက်သေအဖြစ် ချမ်းအေးသာဇံ အမှတ် (၈) ရဲစခန်းမှ ဆင့်ခေါ်ထားကြောင်း သိရသည်။ ကိုထွန်းအောင်ကျော်အပါ အ၀င် ၁၅ ဦးကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ၁၉၉၁ [...]
May 21, 2013
(၅) လ၀န်းကျင်လမ်းစပျောက်နေခဲ့သောတောအုပ်သတ်သည့်တရားခံတယ်လီဖုန်းဆက်သွယ်မှုမှဖမ်းဆီးရမိ
(၂၀၁၃) ခုနှစ် ဇန်န၀ါရီလ တွင် တောခေါင်းဇော်မင်းထွန်းခေါ် ဖိုးဇော်သည်နေအိမ်မှ ပျောက်ဆုံး သွားခဲ့ရာမှကလေး-သဖန်းအိုင်ရွာ သွားကားလမ်းဘေးတောထဲတွင် ဖိုးဇော်၏အလောင်းကိုပြန်လည် တွေ့ရှိခဲ့သောအမှုတွင် တရားခံ ဖော်ထုတ်နိုင်ရေးကိုအပူတပြင်း ကြိုးစားဆောင်ရွက်ဖော်ထုတ်ခဲ့ပါ သော်လည်း ယခုဧပြီလ ကုန်ရောက် သည့်တိုင်တရားခံမပေါ်ခဲ့ပဲ ဆက်စက်သဲလွန်စများပါပျောက် ဆုံးနေခဲ့ရာမှ ယခုအခါတယ်လီဖုန်း ဆက်သွယ်မှုမှတဆင့်တရားခံကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ “အမှုစစ်ဆေးတဲ့ရဲအုပ်တွေ တောင်အပြောင်းအလဲတွေဖြစ်ကုန် ပြီ အမှုကမပေါ်ဖြစ်နေတာသေဆုံး သူဖိုးဇော်မှာတယ်လီဖုန်းဆိုင်ကယ် ပါသွားတယ်။ ပစ္စည်းတွေအားလုံး ပါပျောက်နေတာ သေဆုံးသူရဲ့ အိမ်ကလည်းဆက်သွယ်ရေးဌာနက နေဖုန်းအဆက်အသွယ်တွေကိုစုံစမ်း တာ ဖုန်းဆက်သွယ်မှုဖြတ်တောက် ထားတာတွေဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့မေလဆန်းတုန်းကတော့ သေဆုံးသူရဲ့ညီမကတယ်လီဖုန်း နံပါတ်ပြန်လျှောက်ပြီး တယ်လီဖုန်း ကို ပြန်အသုံးပြုခဲ့တယ်။ အဲဒီမှာ သေဆုံးသူရဲ့ဖုန်းနံပါတ်နှင့်သာစည် ရွာဦးအောင်ဝင်းကကိုးမိုင်ရွာဦးအေး လွင်ကိုအဆက်အသွယ်လုပ်ရာမှ သေဆုံးသူရဲ့ ညီမ၊ မသိတာဝင်း ဆီကိုဖုန်းဝင်လာတာဖြစ်ပါတယ်။ အမှန်ကသေဆုံးသူရဲ့ဖုန်းကိုလူ [...]
May 21, 2013
Flemex ချောင်းဆိုး၊ချွဲသလိပ်အမြန်ပျောက်ဆေးပြန်လည်မိတ်ဆက်
မြန်မာနိုင်ငံဆေးနှင့် ဆေး ပစ္စည်းဈေးကွက်သို့လွန်ခဲ့သော (၁၄) နှစ်ကတည်းက၀င်ရောက်လာ ခဲ့သောFlemex ချောင်းဆိုးချွဲသလိပ် အမြန်ပျောက်ဆေးပြန်လည်မိတ် ဆက်ခြင်းနှင့်TV ကြော်ငြာအသစ် များစတင် မိတ်ဆက်ခြင်းအခမ်း အနားကို မေလ (၂၀) ရက် ညနေ (၆) နာရီတွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၊ ဘောလ်ရွမ်းတွင် ကျင်းပခဲ့ရာဆေးကုမ္ပဏီမှ တာဝန် ရှိပုဂ်္ဂိုလ်များ၊ ဆေးဆိုင်နှင့် ဆေး အရောင်းကိုယ်စားလှယ်များ၊ အနုပညာရှင်များ၊ စာနယ်ဇင်းမှ ပုဂ်္ဂိုလ်များတက်ရောက်ကြသည်။ ရှေးဦးစွာ Product Manager မမေသင်းနုကFlemex Prouductsများအကြောင်းရှင်းလင်း ပြောကြားပြီးTV ကြော်ငြာအသစ် ဖြင့် မိတ်ဆက်ပေးခြင်း၊ မော်ဒယ် နှင့် အနုပညာရှင်များ၊ ဆရာခိုင်မြဲ သာနှင့် အိမ်မက်ဆုံရာအဖွဲ့သား များက သီဆိုင်ဖျော်ဖြေခြင်းFlemex TV ကြော်ငြာသစ်သရုပ် ဆောင်များက ကံစမ်းမဲဖြင့် ကံထူး [...]
May 21, 2013
အာဖရိကနှင့်မြန်မာနိုင်ငံနှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို
မြန်မာနိုင်ငံသည်နိုင်ငံတကာ မှ စီးပွားရေးပိတ်ဆိုမှုများ ဖယ်ရှား ပြီးသည်နောက်နိုင်ငံတကာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ရှိလာရာ အာဖရိကနိုင်ငံများက မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း မေလ ၂၀ ရက်နေ့က ချက်ထရီယမ်ဟိုတယ်တွင် ပြုလုပ် ခဲ့သော စာနယ်ဇင်ရှင်းလင်းပွဲတွင် အာဖရိကနိုင်ငံမြန်မာနိုင်ငံသံအမတ်Ms Robina P.marksကပြော ကြားသည်။ “မြန်မာနိုင်ငံအနေနဲ့ အာဖရိ က နိုင်ငံတွေနဲ့ စီးပွားရေးအကျိုး တူပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်မအနေနဲ့ ကြိုဆိုပါတယ်။ ရှေ့လျှောက်ပြီးတော့လည်း မြန်မာနိုင်ငံကို တက်သစ်စကောင်း မွန်တဲ့ အကူအညီတွေပေးသွားဖို့ ရှိပါတယ်။ စီးပွားရေးအရပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ရှေ့က နေပါဝင်ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကျင်းပခဲ့ သော ကမ္ဘာစီးပွားရေးဖိုရပ်အရ အာဖရိကနိုင်ငံများသည်စီးပွားရေး လူမှုရေးတိုးတက်ခဲ့ကြောင်း အထက်ပါသံအမတ်ပြောကြား ချက်အရ သိရသည်။ [...]
May 21, 2013
သတင်းမီဒီယာလွတ်လပ်ခွင့် အစိုးရတာဝန်သာမဟုတ်မီဒီယာပါတာဝန်ရှိ
မြန်မာမီဒီယာလောကဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ပြည်တွင်းပြည်ပမီဒီယာများ ပူး ပေါင်း၍ သတင်းမီဒီယာညီလာခံ လာ မေလ ၂၀ ရက်မှ ၂၁ ရက် အထိပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်မှ တည် ဆဲပုံနှိပ်ဥပဒေများအား ရုပ်သိမ်း နိုင်မည့် ဥပဒေအား မကြာမီ လွှတ်တော်ထဲတွင် ဆွေးနွေးရန်ရှိ ကြောင်း ပြောကြားသည်။ ““လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ပေါ်ထွက် လာမှုနဲ့အတူ တည်ဆဲတင်းကျပ် တဲ့ပုံနှိပ်ဥပဒေများ ရုပ်သိမ်းရေး ဟာ မီဒီယာပြုပြင်ပြောင်းလဲရေး ရဲ့ ဒုတိယအဆင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တည်ဆဲပုံနှိပ် ဥပဒေများ ရုပ်သိမ်းရေးနဲ့ပတ် သက်ပြီး စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းသဘောတူညီချက်အချို့ ရရှိခဲ့ပြီးပါပြီ။ ဒါ့အပြင် ဒီဥပဒေ များကို [...]
May 21, 2013
ကိုယ့်နိုင်ငံကိုကာကွယ်ဖို့အတွက်ကူညီနိုင်မယ့်နိုင်ငံအားရှာရသည်ဟုဆို
ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံအား နိုင်ငံတကာမှ စီးပွားရေးအရေးယူပိတ်ဆို့မှုများ ပြုလုပ်စဉ်က ကိုယ့်နိုင်ငံအား ကာကွယ်ဖို့အတွက် ကိုယ့်နိုင်ငံ ကို ကူညီနိုင်မယ့် နိုင်ငံများအား ရှာခဲ့ရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၂၀ ရက်က VOA မှ စီစဉ်သည့် အမေရိကန် ရောက် မြန်မာများနှင့် တွေ့ဆုံပွဲ တွင် ပြောကြားသည်။ ““မြောက်ကိုရီးယားနဲ့ မြန်မာ နိုင်ငံဆက်ဆံရေးဟာ ဟိုတုန်းက စီးပွားရေးအကုန်ပိတ်ဆို့ထားတဲ့ အခါမှာ ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက် ရှာခဲ့ရတာပါ။ ကျွန်တော်တို့ ဟာ သံတမန်ဆက်သွယ်မှုပဲရှိပါတယ်”” ဟု ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့် မြန်မာသည် စစ်ရေးအရ ဆက် နွယ်မှုမရှိကြောင်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၎င်းပွဲတွင် ဆက်လက်ပြောကြားသည်။ ““ကျွန်တော်တို့ ဒီဘက် အစိုးရတက်လာပြီး [...]
May 21, 2013
ဗုံးဟောင်းတွေနွားထိုးကြီးမြို့နယ်မှာတွေ့နေ
နွားထိုးကြီးမြို့နယ်ဝက်လူး အရှေ့ရွာရှိ ဘုန်းတော်ကြီးကျောင်း ကုဋီတူးဖော်ရာမှ စစ်တွင်းဗုံး ဟောင်းတစ်လုံးတူးဖော်ရရှိ၍ သက်ဆိုင်ရာက စစ်ဆေးနေသည်။ စစ်အတွင်းက လေယာဉ်ပျက် ကျခဲ့သောနေရာအနီး ယင်းဗုံး ဟောင်းကို တူးဖော်ရရှိခြင်းဖြစ်ပြီး ဗုံးမှာ ၂ ပေ ၉ လက်မရှည် သံခြေးတက်နေသည်ဆို၏။ နွားထိုးကြီးနယ်တွင် ဒုတိယမြောက် ဗုံးဟောင်းတွေ့ခြင်းဖြစ်ပြီး ကြာပွား ရွာမှတွေ့ရသော လေယာဉ်ပျံသုံး ဗုံးဟောင်းမှာ ၃ ပေ ၂ လက်မ ရှည်ပြီး ယခုအခါသက်ဆိုင်ရာက သိမ်းဆည်းလိုက်ပြီဆို၏။ နန်းခင်ဇာ(ဥပဒေ)
May 21, 2013
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်၏အစီရင်ခံစာအပိုင်း ၁ မှကောက်နုတ်ချက်များ
ပထမအကြိမ် ပြည်ထောင် စုလွှတ်တော် စတုတ္တအကြိမ် ပုံမှန် အစည်းအဝေး ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈)ရက်ပါ အမိန့် ကြော်ငြာစာအမှတ် ၅၂/၂၀၁၂ ဖြင့် ““လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများ ကြောင့် ပြည်သူများနစ်နာမှုမရှိ စေရေးအတွက် စုံစမ်းရေးကော် မရှင်””ကို ဥက္ကဋ္ဌ ဦးတင်ထွတ် (ဇလွန်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)အတွင်းရေးမှူး ဦးသိန်းထွန်း(ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အပါအ၀င် (၆၀)ဦး၊ အဖွဲ့ခွဲ (၉) ဖွဲ့နှင့် ဥပဒေအကြံပေးနှင့် အတိုင် ပင်ခံအဖွဲ့ခေါင်းဆောင် ဦးထင် ဇော်(ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များလေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်)ပါ (၁၀) ဦးတို့ဖြင့် စတင်ဖွဲ့စည်းတာဝန်ပေး ခဲ့ပြီး စုံစမ်းစစ်ဆေးသူများကို ကွင်းဆင်းဆောင်ရွက်စေခဲ့ရာ အဖွဲ့ဝင်အင်အားအနေဖြင့် မလုံ လောက်မှုကြောင့် ပြည်ထောင်စု လွှတ်တော်နာယကထံသို့ တင်ပြ [...]
May 21, 2013
ဗေဒါရဲ့ကယားပြည်နယ်ဒုတိယခြေလှမ်း
“ဗေဒါ” နိုင်ငံတော်တည်ဆောက် ရေးသင်တန်းကျောင်းမှ ကယား ပြည်နယ်၊ လွိုင်ကော်မြို့နယ်မြို့ လယ်ဓမ်္မာရုံတွင် ကျင်းပသော ပြည်ထောင်စုရေးရာ၊ တိုင်ရင်းသား ရေးရာသင်တန်းနှင့် အလုပ်ရုံဆွေး နွေးပွဲကို ၁၆.၅.၂၀၁၃ နေ့တွင် ကျင်းပခဲ့သည်။ သင်တန်းသို့ကယား ပြည်နယ်ဥက္ကဋ္ဌ မ ဒေါ်ခင်စည် သူ၊ ပြည်နယ်ဥက္ကဋ္ဌဦးခင်မောင်ချို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ကယားပြည်နယ်အဖွဲ့ဝင် များ ကယားပြည်နယ်လူမျိုးပေါင်း စုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ တာဝန်ရှိသူများ၊ အခြားအရပ်ဖက်လူမှုအဖွဲ့အစည်း များမှ လေ့လာသူများတက်ရောက် ခဲ့ကြပါသည်။ သင်တန်းကို ၁၆.၅.၂၀၁၃ မှ ၁၈.၅.၂၀၁၃ အထိ ပြုလုပ်ခဲ့ပြီးအလုပ်ရုံဆွေးနွေး ပွဲကို ၁၉.၅.၂၀၁၃ မှ ၂၀.၅. ၂၀၁၃ အထိ ၂ ရက်ကြာကျင်းပ ခဲ့သည်အလုပ်ရုံဆွေးနွေးပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ ပြည်နယ်လွှတ်တော်ကိုယ်စာ လှယ်များ [...]



Vol-3,No-141
Vol-3,No-140
Download
May 21, 2013
0 Comments