Hot News Journal (Vol.3-No. 123,Jan 2013) Hello Hot News ကဏ္ဍတွင် တစ်ချိန် (Vol.3-No. 129.14,FEB,2013) တစ်ချိန် သတင်းရေးသားသူ ဆရာစိုးဝင်းနိုင် Hot News Journal တွင် လမ်းမီးများလင်းစေခြင်း အကြောင်းအရာကဏ္ဍပါရှိလာ ပြီး၊ မကြာမီ ရန်ကုန်တိုင်းဒေသ ကြီး EPC မှ အရာရှိကြီးများ၊ ရပ် ကွက်အတွင်းလမ်းမီးတိုင်များ မီး လင်းခြင်းရှိ/မရှိ ရပ်ကွက်နေပြည် သူများအား စုံစမ်းမေးမြန်းပြီး နောက်ပိုင်း (၂-၃-၂၀၁၃) (တောင် သူလယ်သမားနေ့)တွင် ရန်ကုန် တိုင်းဒေသကြီး EPC မှ အရာရှိ ကြီးများ ကြည့်မြင်တိုင်မြို့နယ်၊ EPC မှ အရာရှိများ EPC ၀န်ထမ်း များ၏ ကြိုးစားအားထုတ်မှုကြောင့် တစ်နေ့တည်းတွင် လမ်းမီးတိုင် [...]
May 7, 2013
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖို့ တိုင်းရင်းသားများအား မတိုက်တွန်းခဲ့ပါကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်မှဆို
ရှမ်းပြည်နယ်မြောက်ပိုင်းနမ့် ခမ်းမြို့နယ်ပန်ဆေးဒေသတွင်းရှိ ခိုလုံလီရှော့၊ ရှမ်း၊ ပလောင်အစရှိ သည့်တိုင်းရင်းသားများစုပေါင်းကာ ရှင်သာမဏေ၀တ်ခြင်း၊ ဗုဒ္ဓဘာသာ ခံယူခြင်းကို မေလ (၄) ရက်နေ့ မှ (၅) ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ တဲ့ပွဲသည်တိုက်တွန်းခြင်းကြောင် ဖြစ်လာသည့်ပွဲမဟုတ်ပါကြောင်း သာသနာရေးဝန်ကြီးမှဆိုပါသည်။ တိုင်းရင်းသားယဉ်ကျေးမှု ဥက္ကဋ္ဌဦးကျော်မြင့်မှ ဦးသောင်း ကျင်ပကာ တောင်ပေါ်ပန်းဆေး ဒေသရှိတိုင်းရင်းသား (၃) သောင်း ကျော်ဗုဒ္ဓဘာသာဝင်ဖြစ်လာရခြင်း အပေါ်မိမိအနေဖြင့် တိုက်တွန်း ပြောဆိုခြင်း တစ်စုံတစ်ရာမရှိခဲ့ပါ ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြိးဦးဆန်းဆင့်မှ ဆိုပါသည်။ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကြလို့ “ကြိုဆိုပါတယ်” ဘာသာရေးအရပြောရရင်သာဓုခေး ပါပေတယ်။ သို့သော် ဒီပွဲကြီးဖြစ် လာရခြင်းနှင့် ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်သူကိုမှ မင်းတို့ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကြ ပါလို့လုပ်ခိုင်းပြီး ဖြစ်လာတဲ့ပွဲ မဟုတ်ဘူး။ ဒီနယ်အကြောင်းကို အနည်းအကျဉ်းပြောပြမယ်။ ဗုဒ္ဓဘာသာမဟာယာနဆရာတော် [...]
May 7, 2013
တာမွေရာပြည့်ဈေးအသစ်ပြန်ဆောက်မည့်ကိစ္စ စည်ပင်မှ ပွင့်လင်းစွာဖြင့် တိကျသော ကတိက၀တ်ပေးရန် ဈေးသူ/ဈေးသားများတောင်းဆို
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ပုဂ္ဂလိ ကဆောက်လုပ်ရေးကုမ္ပဏီတစ် ခုဖြစ်သော မောင်ကောင်းကျော် ကုမ္ပဏီအကျိုးတူပူးပေါင်းတည် ဆောက်မည်ဖြစ်သော တာမွေရာ ပြည့်ဈေးသစ်ကြီးအတွက် မူလ ဈေးသူ/သားများအား တာမွေ အခွန်လွတ်ဈေးအနီး ယာယီဈေး အဖြစ် သတ်မှတ်ကာ နေရာချ ထားမှုပြုလုပ်ခဲ့ပါသော်လည်း ဈေးသစ်ကြီးတည်ဆောက်ပြီး ဆိုင်ခန်းသစ်များအား ဈေးသူ/ ဈေးသားများအတွက် နေရာပြန် ချပေးနိုင်ရန် စည်ပင်မှ ခိုင်မာ သော ကတိက၀တ်တစ်စုံတစ်ရာ မပေးသည့်အတွက် ယင်းအား တောင်းဆိုပါကြောင်း တာမွေ ရာပြည့်ဈေးသူ၊ ဈေးသားများက တောင်းဆိုသည်။ ““ ကျွန်မတို့ ဈေးသူ၊ ဈေးသား တွေအနေနဲ့ တာမွေမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကို တင်ပြထား တယ်။ ဘာလို့လည်းဆိုတော့ စည်ပင်နဲ့ ကုမ္ပဏီနဲ့ပေါင်းပြီးလုပ် လို့ မူလဈေးသူ၊ ဈေးသားတွေ [...]
May 7, 2013
မင်းကွန်းအခြေစိုက်နိုင်ငံကျော်ရေဆေးပန်းချီဆရာဇော်မောင်(စစ်ကိုင်း) ကွယ်လွန်သွားရှာပြီ
စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အခြေစိုက်နိုင်ငံကျော် ရေဆေး ပန်းချီဆရာ ဆရာဇော်မောင် (စစ်ကိုင်း)ZAW MOUNG Water Color Magic သည် မေလ (၄)ရက် ညနေ ၄ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သွားခဲ့ ကြောင်း သိရသည်။ ဆရာဇော် မောင်သည် ရေဆေးပန်းချီကား များကို တစိုက်မတ်မတ် ရေးဆွဲ ခဲ့သူဖြစ်ပြီး သူ၏ ရေဆေးလက် ရာပန်းချီကားများသည် ဟောင် ကောင်ဈေးကွက်၊ ထိုင်းနိုင်ငံဈေး ကွက်တို့တွင် လူကြိုက်များခဲ့သူ ဖြစ်သည်။ တစ်ကိုယ်တော်ပန်းချီ ပြပွဲ (Solo Show)အဖြစ် ထိုင်း နိုင်ငံတွင် ၂ကြိမ်၊Group Show ၆ ကြိမ်၊ ဟောင်ကောင်တွင်Solo Show (2008) [...]
May 7, 2013
၆ဘီး ယာဉ်များ ကုန်တင်ခွင့် အညီအမျှရလို
ယာဉ်ကုန်ချိန် သတ်မှတ် တင်ခွင့်ပြုရာတွင် နီစန်း ၊ ပီအီး စစ် ၊ ၂၃၅ – ၁၉၅ ယာဉ်အမျိုး အစား ၆ဘီးယာဉ် ဘော်ဒီ အ ရှည်၂၄ပေရှိ ယာဉ်အလေးချိန် ကတော့ ၈.၅တန်ခန့်လေးပြီး ကုန်နှင့် ယာဉ်တန်ချိန်ခွင့်ပြုတာ ကတော့ ၁၆တန်သာ ပေးထား သည့်အတွက် ကုန်တင် နိုင်ခွင့်ရ ရှိသည့်အလေးချိန်မှာ ၇.၅ တန် သာ တင်ခွင့်ရပြီး အခြားသော ၆ဘီးယာဉ်များဖြစ်တဲ့ ဂျီအမ်စီ ယာဉ်နှင့် ကပရယာဉ်များမှာ ၁၆ ပေအရှည်ရှိပြီး ယာဉ်အလေး ချိန်က ၆.၅တန်သာရှိ သော် လည်း ကုန်တင်ခွင့် ၁၆တန် ရရှိသဖြင့် ၉.၅တန် ကုန်တင်နိုင် သည်။ ၆ဘီးယာဉ်အမျိုးအစား ခြင်း [...]
May 7, 2013
ရန်ကုန်မြို့ စုပေါင်းရုံကြီးကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ်ပြောင်းလဲမည်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ကမ်းနား လမ်းနှင့် ဆူးလေဘုရားလမ်းထောင့် ရိုစုပေါင်းရုံကြီးအားရှေးမူမပျက် ကြယ်ငါးပွင့်ဟိုတယ်အဖြစ်တည် ဆောက်သွားမည်ဖြစ်ကြောင်း ဧပြီ (၃၀) ရက် Park Royal Hotle တွင် ကျင်းပသောသတင်း စာရင်းလင်းပွဲတင် Flying Tigex Engineerring Co.Ltd မှ မန်နေဂျင်း ဒါရိုက်တာဦးသောင်းထိုက်မင်းမှ ပြောသည်။ “(၂၀၁၁) ခုနစ် ဒီဇင်ဘာ (၁၆၁၁၇) ရက်မှာကြေးမုံ၊ မြန်မာ့ အလင်းသတင်းစာတို့မှာ ရန်ကုန် မြို့မှာရှိတဲ့စုပေါင်းရုံးအဆောက်အဦး အပါအ၀င်နေရာ (၄) နေရာတို့ ကို ဟိုတယ်လုပ်ငန်းရင်းနှီးမြှုပ်နှံ ဖို့အတွက် တင်ဒါခေါ်တဲ့အချိန်မှာ ကျွန်တော်တို့က ဒီအဆောက်အအုံ ကို ငှားရမ်းလုပ်ကိုင်ဖို့လျှောက် ထားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို (၁၉၉၅) ခုနစ်မှာ ဒါရိုက်တာအဖွဲ့ဝင် (၅) ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီအဆောက်အအုံကို ရှေးမူမပျက်ဆောက်လုပ်ရန်အတွက် [...]
May 7, 2013
အပူချိန်မြင့်မားမှုကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အရှုံး နှင့် ရင်ဆိုင်နေရဟုသိရ
အပူချိန်မြင့်မားမှုကြောင့် ရန်ကုန်မြို့က မွေးမြူရေးခြံများတွင် တိရစ္ဆာန်များ အသေအပျောက် ဆုံးရှုံးမှုများဖြစ်နေသည့်အတွက် မွေးမြူရေးလုပ်ကိုင်သူများ အရှုံး နှင့် ကြုံတွေ့နေရသည်ဟုသိရ သည်။ အများစုသေဆုံသည့် တိရစ္ဆာန် များမှာ ကြက်၊ ဘဲနှင့် ငါးတွေများ နေပြီး ပြင်းထန်သည့်အပူချိန်ကို မခံနိုင်ဘဲ မွေးမြူရေးခြံများတွင် ၆၀ ရာခိုင်းနှုန်းခန့်အသေအပပျောက် ဖြစ်နေကြောင်း ငါးမွေးကန်များတွင် လည်း ငါးများသေဆုံးမှာ ယခင် နှစ်များထက် ပိုများလာပြီး မွေးမြူ ရေးသမားများက ကြိုတင်ပြင်ဆင် မှုများ လုပ်ထားသော်လည်း အသေ အပျောက်များနေဟု သိရသည်။ မိုးဇလဗေဒပညာရှင်ဒေါက် တာထွန်းလွင်ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရဲ့ အပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိသည် ကို သိရပြီး လက်ရှိမိုးကြိုကာလ ဖြစ်၍ လူတွေခံစားရတာ ၅၂ ဒီဂရီစင်တီဂရိတ်ထိဖြစ်သောကြောင့် [...]
May 7, 2013
အီရန်ကို အင်းအားပြခြိမ်းခြောက်လိုက်တဲ့အမေရိကန်နဲ့ ပေါင်းအပါတို့စစ်ရေးလေးကျင့်မှု
အီရန်နိုင်ငံရဲ့ သမ္မတရွေး ကောက်ပွဲကို ဇွန်လ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ အီရန် သမ္မတရွေးကောက်ပွဲပြုလုပ်ခါနီး အချိန်မှာပဲ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများ၊ ဘာရိန်း၊ ကာတာ၊ ဆောဒီအာရေဗျနဲ့ အာရပ်စော်ဘွားပြည်ထောင်စု စတဲ့ အာရပ်နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၃၀ ပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပါရှန်ပင်လယ်ကွေ့မှာ ဒီနေ့ မေလ ၆ ရက်ကစတင်ပြီး မေလ ကုန်ထိ ပြုလုပ်သွားမှာဖြစ်ပါ တယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တော့The International Mine Countrmeasures Exercises 2013 (IMCMEX-13)လို့ နာမည်ပေးထားပါတယ်။ ဒီစစ် ရေးလေ့ကျင့်မှုကို ကြိုတင်ပြင် ဆင်တဲ့အနေနဲ့ အမေရိကန်ဟာ လွန်ခဲ့တဲ့ ဧပြီလဆန်းကတည်းက စပြီး သူ့ရဲ့စစ်သည်တွေကို ဘာ ရိန်းနိုင်ငံကို စေလွှတ်ခဲ့ပြီးဖြစ် [...]
May 7, 2013
သတင်းယူရန်သွားသော Hot News သတင်းထောက်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပိတ်ပင်တားဆီးခဲ့
ကရင်ပြည်နယ်၊ဘားအံမြို့ အမှတ်(၆)ရပ်ကွက်ယခင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းလက်ထက် ကရပ်ကွက်ပိုင်ငါးမွေးမြူရေးကန် ကိုအများပြည်သူအားအသိမပေး ဘဲရောင်းချထားမှုနှင့်ပတ်သက်ပြီး လက်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အများပြည်သူပါဝင်သောစည်းဝေး ပွဲတစ်ရပ်ခေါ်ယူခဲ့သည်ဆို၏ဖိတ် ကြားမှုအရအဆိုပါစည်းဝေးပွဲသို့ သတင်းယူသောံသအ နြတျ သတင်းထောက်အား အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထွန်းဝင်း မှာကြမ်းတမ်းစွာပြောဆိုပြီးသတင်း ရယူခွင့်တားဆီးပိတ်ပင်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အမှတ်(၆) ရပ်ကွက်နေပြည်သူများကယခင် တစ်ခြံ၊တစ်ကန်စီမံကိန်းအရအများ သူငါကိုယ်တိုင်ပါဝင်တူးဖော်ထား သည့်ငါးမွေးမြူရေးကန်ကိုအများ ပြည်သူအားအသိပေးတိုင်ပင်ခြင်း မပြုဘဲယခင်အုပ်ချုပ်ရေးမှူးဟောင်း မှရောင်းချခဲ့သည်ဆို၏။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်နေပြည်သူများမှယခုအခါ အဆိုပါအများပိုင်ငါးမွေးမြူရေး ကန်ကိုပြန်လည်ရယူလိုပါကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထံစုပေါင်းလက်မှတ်ရေးထိုးပြီးတိုင် ကြားထားသည့်အပေါ်လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှရပ်ကွက် နေပြည်သူများကိုအစည်းအဝေး ပြုလုပ်ရန်ဟုဆိုကာဆင့်ခေါ်ခဲ့ ကြောင်းရပ်ကွက်နေပြည်သူများ မှလည်းမျက်နှာစုံညီပွင့်လင်းမြင် သာ သာမန်စည်းဝေးပွဲဟုယုံ ကြံ ဆဲပြီးပွင့်ပွင့်လင်းလင်းသတင်းတင် ပြနိုင်ရန်သတင်းမီဒီယာကိုရိုးသား စွာဖိတ်ခေါ်ခဲ့ကြသည်ဟုဆို၏။ စည်းဝေးပွဲကျင်းပမည့် ၄.၅.၂၀၁၃ရက်နေ့လည် ၁၁နာရီအချိန်တွင်အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့လာ ရောက်သတင်းရယူပါရန်ရပ်ကွက် နေပြည်သူများမှ Hot News သတင်းထောက်အားအကြိမ်ကြိမ် [...]
May 7, 2013
တစ်နိုင်ငံလုံးရှိတိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးမှုများအား အစိုးရကလှစ်လျူရှုထားပါက ထာဝရငြိမ်းချမ်းရေးမရနိုင်ကြောင်း ကရင်ခေါင်းဆောင်တစ်ဦးပြော
အစိုးရအနေဖြင့်ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်အပစ်အခတ်ရပ်စဲ ရေးအားဆောင်ရွက်လျှက်ရှိနေ ပါသော်လည်းတစ်နိုင်လုံးအတိုင်း အတာဖြင့်တိုင်းရင်းသားများ၏ အခွင့်အရေး၊ရပိုင်ခွင့်နစ်နာဆုံးရှုံး ရမှုများဖြစ်သည့်ယဉ်ကျေးမှုဓလေ့ များအားလွတ်လပ်စွာပြဌာန်းခွင့် အားနည်းနေခြင်း၊မြေယာများမတရား သိမ်းဆည်းခံရခြင်းစသည်များအား အစိုးရမှလှစ်လျူရှုထားပါကထာဝရ ငြိမ်းချမ်းရေးဆိုသည်မှာဖြစ်လာနိုင် စရာအကြောင်းမရှိကြောင်းကရင် အမျိုးသားခေါင်းဆောင်တစ်ဦးနှင့် ဖလုံစဝေါ်ကရင်ပြည်သူ့ပါတီဥက္ကဌ ကြီးဦးစောသိန်းအောင်က Hot News သတင်းထောက်နှင့်ကရင် ပြည်နယ်၌တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။ ““လက်ရှိအခြေအနေအရ တိုင်းရင်းသားတွေရဲ့အခွင့်အရေး အပြည့်အ၀မရသေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တိုင်းရင်းသားအခွင့်အရေးဆိုတာ ကလည်းအနည်းငယ်ပဲရှိပါသေးတယ် ကျွန်တော်တို့တိုင်းရင်းသားတွေ တောင်းဆိုတာတွေကလည်း ကျွန်တော်တို့တိုင်းရင်းသားစာပေ ယဉ်ကျေးမှုတွေလိုလွတ်လပ်စာ သင်ချင်တယ်ခုသင်ကြားခွင့်မရှိ သေးဘူးတိုင်းရင်းသားလက်နက် ကိုင်တွေလက်နက်ဆက်လက်ဆွဲ ကိုင်စေတာ၊အစိုးရအပေါ်မှာသံသယ ဆိုတာကြီးရှိနေတာတွေကလည်း သူတို့တောင်းဆိုတဲ့ရသင့်ရထိုက် တဲ့အခွင့်အရေးတွေလိုမလိုက်လျော လို့တကယ်တမ်းပြောရရင်အစိုးရ အနေနဲ့အပစ်အခတ်ရပ်စဲရေးလုပ် တာတော့ဟုတ်ပါပြီ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ် နေတဲ့တိုင်းရင်းသားတွေလုပ်ကိုင် စားသောက်နေတဲ့မြေယာတွေ အဓမ္မသိမ်းခံရတာအခြားသော ရပိုင်ခွင့်တွေဆုံးရှုံးနေတာတွေလို အစိုးရကလှစ်လျူရှုထားမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးဆိုတာဘယ် တော့မှရှိမလာနိုင်ပါဘူး””ဟုကရင် တိုင်းရင်းသားခေါင်းဆောင်တစ်ဦး နှင့်ဖလုံစဝေါ်ကရင်ပြည်သူ့ပါတီ [...]



Vol-3,No-141
Vol-3,No-140
Download
May 7, 2013
0 Comments