သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့်ဒေသခံ များအတွက် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဟုအမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဆက်အောင်က အောက်တိုဘာ လ ၂၈ နေ့ နိုင်ငံတကာစီးပွားရေး စင်တာ IBC ၌ တွေ့ဆုံစဉ်ပြော ကြားသည်။ “လက်ရှိထက်မနိမ့်တဲ့အခြေ နေထိရောက်အောင်လုပ်ပေးမယ်။ ကတိပေးရုံတင်မကဘူး။ ဥပဒေပါ ရှိလာပြီ။ အရင်ကဥပဒေတိတိကျ ပြဒါန်းထားတာမရှိတော့ပြဿနာ အရှုပ်အတွေးနည်းနည်းရှိခဲ့တာပေါ့။ အခုတော့ ဒေသခံတွေလက်ရှိထက် မနိမ့်ကျတဲ့အခြေနေထိရောက် အောင်တာဝန်ယူရမှာပေါ့။ ဥပဒေ ထဲမှာလည်း ဒီအတိုင်းပဲပါတာပါ။ အရင်နဲ့ မတူတာကတော့ အခုက ပွင့်လင်းမြင်သာမှုလည်းရှိလာတာ ပါပဲ။ ဒီတော့ဒါကိုလုပ်ကိုလုပ်ရ တော့မှာပါ။ ဥပဒေရှုထောင်က မဟုတ်တဲ့လူမှုရေးအဖွဲ့စည်းတွေ နဲ့ ပေါင်းလုပ်ဖို့ထိရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြား သည်။ အဆိုပါစီမံကိန်းကြောင့် ယင်း ဒေသတွင် [...]
November 5, 2012
မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲခကောက်ခံမှုပုံစံပြောင်းမည်
မြန်မာနိုင်ငံတွင် ယခုကျင့် သုံးလျက်ရှိသော မိုဘိုင်းဖုန်းဖြင့် သုံးစွဲသော အင်တာနက်လိုင်းများ အတွက် သုံးစွဲခကောက်ခံမှုများ ကို ပုံစံပြောင်းလဲကောက်ခံတော့ မည်ဟု သတင်းများထွက်ပေါ် လျက်ရှိသည်။ လက်ရှိကောက်ခံ သော စနစ်ပုံစံမှာ GSM ဖုန်းများ အတွက် အင်တာနက်သုံးစွဲခ တစ်မိနစ် (၂)ကျပ်ကောက်ခံပါ သည်။ WCDMA နှင့် CDMA 800ဖုန်း များအတွက် အင် တာနက်သုံးစွဲခတစ်မိနစ် (၄)ကျပ် ကောက်ခံပါသည်။ ဖုန်းအတွင်း ကြိုတင်ထည့်သွင်းထားသော ငွေ ကတ်မှ ဖြတ်တောက်ခြင်းဖြစ် သည်။ ယခုပြောင်းလဲကောက်ခံ မည့်ပုံစံမှာ အင်တာနက်သုံးစွဲချိန် (ကြာချိန်)ကိုသတ်မှတ် ကောက်ခံ ခြင်းမပြုတော့ဘဲ အင်တာနက်မှ အပိုအယူ Upload Downloadများတွင် သုံးစွဲသော ဒေ တာပမာဏMB အပေါ် ပြောင်း [...]
November 5, 2012
လိုင်းကားများ သတ်မှတ်ပြေးဆွဲပေးရန် သက်ဆိုင်ရာသို့တင်ပြ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၁၃၃) ရပ်ကွက်၊ (၁၂၅) ရပ်ကွက်နှင့် စိတ်ကျန်းမာရေးဆေးရုံ (ရွာသာ ကြီး) ဘက်သို့သွားသောဘတ်စ် ကားလိုင်းများမရှိတော့သည်မှာ (၃) လခန့်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ “ကျွန်တော်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၁၃၃ ရပ်ကွက်မှာ နေထိုင်တဲ့ကုမ္ပဏီဝန်ထမ်းတစ်ဦး ပါ။ နေ့စဉ် တနလာင်္ မှ စနေနေ့ အထိကုမ္ပဏီရှိရာလမ်းမတော်မြို့ နယ် ဗဟိုစည်အိမ်ရာကိုလာရပါ တယ်။ ယခင်က ၁၃၃ ရပ်ကွက်က ၃၆ အဖြူဗိုက်ပူဘတ်စ်ကားကြီး တွေ ၃၆ အနီဒိုင်နာ၊ ၃၆ အစိမ်းဒိုင် နာကားတွေနဲ့ ဘုန်းကြီးကျောင်း ကွေ့မှတ်တိုင်ကိုတဆင့်စီးရပါတယ်။ အဲဒီကနေ ဒဂုံတက္ကသိုလ်ကထွက် တဲ့ ၂၁၃ (အထူး) အဓိပတိအ၀ါ၊ ၂၀၅ ကားတွေနဲ့ ရုံးကိုလာရာမှာ [...]
November 5, 2012
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာသန်း ၈၀ ထုတ်ချေးမည်
မြန်မာနိုင်ငံ၏ ကျေးလက် ဒေသများဖွံ့ဖြိုးရေးနှင့် လမ်းတံတား တည်ဆောက်ပြုပြင်လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးကိစ္စများ အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ သို့ဒေါ်လာသန်း ၈၀ ထုတ်ချေး သွားမည်ဟုသိရသည်။ ယခင်လအတွင်းက အမေရိ ကန်ပြည်ထောင်စုကမြန်မာနိုင်ငံ အပေါ်စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ မှုအချို့ကို ဖြေလျှော့ပေးခဲ့ပြီး၊ မြန်မာအစိုးရအနေဖြင့်လည်း စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုကို သိသိသာသာပြုလုပ်လာ ခြင်းကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးမှု လုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘာ့ဘဏ်ကယင်းသို့ထုတ်ချေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြင့်ကြောင်း ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌဂျင်ယောင်ကင် (Jin yong Kin) က နိုဝင်ဘာ ၁ ရက် တွင် ပြောကြားခဲ့ကြောင်း သိရ သည်။ ကျော်စိန် Ref; Rertar
November 3, 2012
မှော်ဘီမြေစာရင်းဝန်ထမ်းအချို့ လုပ်ပိုင်ခွင့်မလျော် အသုံးပြုနေကြောင်းသိရ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ကံကလေး(အမ်)ကုန်းကလေး ကျေးရွာတွင် မြေကွက်အငြင်းပွား မှုနှင့်ပတ်သက်၍ မြေစာရင်း ၀န် ထမ်းအချို့လုပ်ပိုင်ခွင့် မလျော် အသုံးပြုနေကြောင်း စိစစ်တွေ့ရှိ ရသည်ဟု သိရသည်။ ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ကံကလေး(အမ်)ကုန်းကလေး ကျေးရွာရှိ ကွင်းအမှတ် (၆၃၅)၊ ဦးပိုင်အမှတ် (လ/၁၆)ဧရိယာ (၀.၇၅)၏ မူလပိုင်ရှင်များဖြစ် သည့် ဦးထွန်းရင်ပုနှင့် ဒေါ်က လေးမမိသားစုတို့က အဆက် ဆက်နေထိုင်ခဲ့ပြီးနောက် ၎င်းင်းတို့ မိသားစုတို့က ဆွေမျိုးတော်စပ် သူ ဦးထွန်းကြည်အား ၁၉၅၉ ခုနှစ်ကတည်းကပင် ပေးအပ်ခဲ့ ကြောင်း၊ ဦးထွန်းကြည်အနေဖြင့် လည်း အဆိုပါ မြေ၀ိုင်းကို ၁၉၅၉ ခုနှစ်မှစ၍ နေထိုင်စောင့်ရှောက် ခဲ့သည်မှာ မြေပိုင်ဆိုင်မှု အငြင်း ပွားမှုမဖြစ်သည့် ၂၀၀၉ ခုနှစ် [...]
November 3, 2012
လွှတ်တော်ဥက္ကဋ္ဌကိုထောက်ခံပြီး၊ အစိုးရအဖွဲ့ကိုရှုံ့ချသည့် ချောင်းသာကျေးရွာသားတို့၏ ပထမဦးဆုံးမြေယာဆန္ဒဖော်ထုတ်ပွဲ
ချောင်းသာကျေးရွာတွင် နိုဝင်ဘာ ၂ရက်၊ နေ့လယ် ၁၂း၄၅ အချိန်က အဓမ္မမြေယာသိမ်းယူခဲ့အပေါ် တွင် ရွာသားများမြေယာဆုံးရှုံးကာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး၊ ဆင်းရဲဒုက္ခများရောက်နေရခြင်းကြောင့် ဆန္ဒ ထုတ်ဖော်ခဲ့ရခြင်းဖြစ်သည်ဟု ပါဝင်သူ ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရှိရသည်။ မြို့မြေကွက်ဖော်ထုတ်ရေး စီမံချက်ခေါင်းစဉ်တပ်ကာ မြို့နယ်၊ ခရိုင်၊ တိုင်း တာဝန်ရှိ ဥက္ကဋ္ဌတွေနှင့် စစ်ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေက ချောင်းသာကမ်းခြေတစ်ရွာလုံးနီးပါးကို အဆင့်ဆင့် သိမ်းဆည်းခွဲဝေယူခဲ့ကြပါ သည်။ လုပ်ငန်းရှင် ခရိုနီလက်သစ်တွေကို သိန်းပေါင်းရာထောင်ချီပြီး ပြန်လည်ရောင်းစားခဲ့လို့ အဲဒီပုဂ်္ဂိုလ် တွေနဲ့ လုပ်ငန်းရှင်တွေသာ စီးပွားရေးဖွံ့ဖြိုးလာတယ်။ ဒေသခံရွာသားတွေကတော့ အလုပ်လက်မဲ့ဖြစ်ပြီး ဆင်းရဲတွင်းထဲက မတက်နိုင်သေးပါဘူး။ ““မြို့မြေကွက်ဖော်ထုတ်ရေးခေါင်းစဉ်ကြီးက နှစ်ပေါင်း (၂၀)ကျော် ကြာခဲ့ပေမယ့် ယနေ့အထိ ချောင်းသာဟာ မြန်မာသိ၊ ကမ္ဘာသိ ကျေးရွာအဆင့်ပဲ ရှိပါသေးတယ်””ဟု ဆန္ဒ ဖော်ထုတ်သည့် [...]
November 3, 2012
ချောင်းသာလယ်သိမ်းခံတောင်သူများ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်
အဓမ္မမြေယာသိမ်းယူမှုများ ရပ်တန့်ရန်နှင့် သိမ်းဆည်းပြီးလယ်ယာမြေများ ပြန်လည်ရရှိရန်အတွက် ချောင်းသာကျေးရွာဒေသခံတောင်သူ (၂၀၀)ခန့်သည် ယမန်နေ့က ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းအတွင်း သိမ်းဆည်းလယ်ယာမြေများကို မူလပိုင်ရှင်များ အား (၂)လအတွင်း ပြန်လည်ရရှိအောင် တိုင်းအစိုးရမှ စီမံချက်ဖြင့် ဆောင်ရွက်ပေးရန် ဆုံးဖြတ်ပြီး (၁)ပတ် အကြာတွင် ဖြစ်ပွားသော ပထမဆုံးဆန္ဒဖော်ထုတ်ပွဲကို ချောင်းသာဒေသခံများက ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ““အဘတို့က လယ်မြေတွေကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး၊ သားကောင်တွေရှိနေတဲ့တောတွေ ကို (၅)နှစ်လောက် ခုတ်ထွင်ရှင်းလင်းပြီးမှ အစိုးရကို မြေခွန်ဆောင်ပြီး စိုက်ပျိုးစားသောက်ခဲ့ရတာ၊ အဲဒါကို အာဏာရှင်တွေနဲ့ ခရိုနီတွေက ဒေသဖွံ့ဖြိုးဖို့ဆိုပြီး အဓမ္မသိမ်းပြီး (၁၇)နှစ်လောက်ကြာတဲ့အထိ ဘာမှမလုပ် ဘဲ မြေကွက်အလွတ်ကြီးဖြစ်နေတာ ပြန်ရအောင် ဆန္ဒဖော်ထုတ်တာပါ”” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ အသက် (၈၈)နှစ်အရွယ်ရှိ ချောင်းသာကျေးရွာမှ [...]
November 3, 2012
ဧရာဝတီခွပ်ဒေါင်းအမှန်တောင်း
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ရုံး တွင် ပါတီအလံနှင့် ဆိုင်းဘုတ်ချခြင်း၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခြင်းအခမ်း အနားကို မြို့နယ်ပါတီရုံးတည်ရှိရာ အမှတ် ၅၇၂၊ စကားပါဝါလမ်း၊ (၃) ရပ်ကွက်ပုသိမ် မြို့တွင် အောက်တိုဘာလ ၂၇ ရက် နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ပါတီအလံနှင့် ဆိုင်းဘုတ် ချခြင်း၊ ပါတီဝင်အဖြစ်မှနုတ်ထွက်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှ ပါတီဝင်ဧည့်သည်များ၊ မြောင်းမြ၊ လပွတ္တာ မယ်ဇလီနှင့် ရပ်ကွက် အချို့မှ NLD ပါတီဝင်အင်အား ၆၀၀ ခန့်နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်လာကြသည် ကိုတွေ့မြင်ရပါသည်။ အမြို့မြို့အနယ်နယ်မှ တက်ရောက် လာကြသော NLD ပါတီဝင်များက ယခု လိုပါတီညီအစ်ကိုများ နှုတ်ထွက်သွားရ ခြင်းအား [...]
November 3, 2012
KIO ဘက်မှ ငြိမ်းချမ်းရေး ထက် နိုင်ငံရေးသာ ဆွေးနွေးမည်ဟုပြောကြားခဲ့
လက်ရှိကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများ အေးချမ်းရန်အတွက် ပြည်ထောင်စြုငိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဖက်မှ ဥက္ကဌ ဦးအောင်မင်းသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့တွင် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နှစ်ဖက်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလို့မရပဲ KIO ဘက်မှ နိုင်ငံရေးများသာ ဆွေးနွေးသွားမည်ဟုပြောကြားခဲ့ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ဆီတိုးနားဟိုတယ်တွင် တွေ့ဆုံစဉ်ခဏတွင် ပြောကြားသည်။“ငြိမ်းချမ်းရေးကအခြားတိုင်းရင်းသားတွေ နဲ့မတူဘူးလေ သူတို့က အပစ်အခတ်ရပ်စဲရေးကို အရင်မလုပ်ဘူး။ နိုင်ငံရေးကို အရင်လုပ်မယ်ဆိုတော့လည်း ကျွန်တော်တို့က အေးချမ်းသာယာရေးထာဝရငြိမ်းချမ်းရေးကိုလိုချင်တဲ့သူပဲ။ သူတို့ဘာလိုချင်လည်းဘာကိုစလုပ်လည်း အဲဒါကို ကျွန်တော်တို့စလုပ် ပေးတာပေါ့ နိုင်ငံရေးစလုပ်မယ် ကဲလုပ်ပါဗျာ.။ မနက်ဖြန်စလုပ်မလား ဒီနေ့ စလုပ်မလားရတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ချင်တယ် ဒီနေ့လုပ်ချင်လားရတယ်။ ဘာကန့်သတ်ချက်မှမရှိဘူး။ နိုင်ငံရေးဆိုတာက သူတို့ရဲ့ နစ်နာချက်တွေကို တောင်းဆိုမှာပေါ့ သူတို့ ခံစားနေရတာကို [...]
November 3, 2012
ရေလုပ်သားများအား ပတ်တာမံကို ပြန်ချပေးရန် စီစဉ်
Hot News Journal Vol-3,No-113 စာမျက်နှာ် (၂ရ)ပါ “နိုင်ငံတော်၏ လေလံစနစ်တွင် လုပ်ကွက်လျှော့ပေးရန်´´သတင်းပါ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်အတွင်းရှိ ဧက ၁ ထောင်ရှိသော ပဉ္ဇမပိုင်းအင်း နှင့် ရေလုပ်သားများ များပြားလာသောကြောင့် ဘေလေးခ(ငပိချောင်းအင်း)များ တောင်းဆိုမှုတွေအတွက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ၁.၁၁.၂၀၁၂ ရက်နေ့တွင် ကျိုက်စကောကျေးရွာ တာဆုံကျေးရွာ အစရှိသော ကျေးရွာများမှ ရေလုပ်သားများအား ခေါ်ယူညှိနှိုင်းတွေ့ဆုံခဲ့ကြောင်းသိရှိရသည်။ ယင်းခေါ်ယူညှိနှိုင်းဆွေးနွေးပွဲတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သော်လည်း ဘေလေးအင်း ကိစ္စ နှင့် ပတ်သက်၍ မိမိတို့မှာ လုပ်ပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာမှ ခွင့်ပြုမည် ဆိုပါက မိမိတို့အနေဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး ဦးဆန်းဝင်းမှ ဆိုပါသည်။ ရေပေါ်ရေလျှံလုပ်သားများအား ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားတဲ့ လေလံအင်းများက [...]



Vol-3,No-141
Vol-3,No-140
Download
November 5, 2012
0 Comments