R.F.A မေး- လက်ပံတောင်းတောင်စုံ စမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အပြီး သတ်အစီရင်ခံစာအရ လက်ပံတောင်း တောင်မှာ လယ်တီဆရာတော်ဘုရားကြီး သတင်းသုံးခဲ့တဲ့ အထောက်အထားတွေ ခိုင်လုံမှုမရှိဘူးလို့ဆိုပါတယ်ဘုရား။ အရှင် ဘုရားအနေနဲ့ရော ဘယ်လိုများလေ့လာ မိပါသလဲဘုရား။ သီတဂူဆရာတော်- လယ်တီဆရာတော် ဘုရားကြီးသတင်းသုံးခဲ့တာတော့ မှန်တယ် လေကွာ။ သတင်းသုံးခဲ့ကြောင်းကို အဲဒီ ဘယ်နေရာမှာ ဘယ်လိုနေသွားတယ်ဆို တဲ့ ကျောင်းတို့ စေတီပုထိုးတို့ဆိုတာ ရှာမရတာတစ်ခုပါပဲ။ R.F.A မေး- တစ်ဝါလောက်ပဲဝါဆိုခဲ့တဲ့ သဘောမျိုးတွေ့ရတယ်လို့ ရေးထားပါ တယ်ဘုရား။ သီတဂူဆရာတော်- မှန်တယ်။ တစ်ဝါ လောက်ပဲဝါဆိုခဲ့တယ်။ သမိုင်းတစ်လျှောက် လုံးမှာ လယ်တီဆရာတော်လက်ပံတောင်း မှာနေခဲ့တယ်။ R.F.A မေး- လက်ပံတောင်းတောင် ကြားတောရစင်္ကြံကျောင်းမှာပေါ့ဘုရား။ စေတီ၊ သိမ်ကျောင်းတွေအပါအ၀င်ဗုဒ္ဓ သာသနိက အဆောက်အအုံတွေအောက် မှာ ကြေးနီသတ္ထုသိုက်ကြီးရှိတဲ့အတွက် အဲဒီသာသနိကအဆောက်အအုံတွေကို ပုံစံမပျက်ပေါ့ဘုရား။ [...]
March 19, 2013
ဗန်းမော် ၊ လွယ်ကျယ်ကားလမ်းရှိ စီအင်(၅)မိုင် စစ်ဆေးရေးဂိတ်အနီး တရားမ၀င်သစ်များတင်ဆောင်လာသည့် ကားတိမ်းမှောက်
မတ်လ ၁၅ ရက် နံနက် (၅း၂၀)နာရီခန့်တွင် လွယ်ဂျယ်သို့ ကျွန်း နှင့် တမလန်းသစ်များ အပြည့်တင်ဆောင်ထွက်ခွာသွားသော ဂျစ်ဘီလူးကားတစ်စီးသည် စီအင်(၅)မိုင် (တပ်+ရဲ) ဂိတ်အနီး ပေ ၂၀၀ ခန့်အကွာတွင် လက်ဝဲဘက်သို့ စောင်းပြီး လဲကျသွားကြောင်း သတင်းရရှိသည်။ ဗန်းမော်မီဒီယာအဖွဲ့များ ၆ နာရီအချိန်ခန့် ရောက်သွားချိန်တွင် ကားကိုဂိတ်ဘေး ခြံစည်းရိုးကပ်လျက်လမ်းကြား (ကွင်းလမ်း) အတွင်းထဲတွင် ဂိတ်တာဝန်ကျ များ၏ အကူအညီဖြင့် ဖွက်ထားကြကြောင်းသိရသည်။ သစ်များကို ဗန်းမော်သစ်တောရုံးမှ လာရောက် လက်ခံသိမ်းယူသွားပြီး လိုင်စင်မဲ့ဂျစ်ဘီးလူးကားပြား ၅ဂ/၅၅၇၂ ကို ဗန်းမော်၇ဲစခန်း၌ သိမ်းဆည်းထားကြောင်းသိရသည်။ ယာဉ်မောင်း ထွန်းဇော်(ခ)ထွန်းနိုင်(ညောင်ပင်ရပ်ကွက် ၊ ဗန်းမော်)ဟုသိရပြီး ၊ ယခုလိုကားမျိုး နှင့် ဒီလောက်အပြည့်အမောက်တင်လာပါက အနည်းဆုံး ၁၅ တန် ရှိနိုင်ကြောင်း [...]
March 19, 2013
FCCT နှင့် SEAPA အဖွဲ့များက မြန်မာမီဒီယာများ နှင့် ဆွေးနွေးပွဲကျင်းပမည်
ထိုင်းနိုင်ငံဘန်ကောက်မြို့ အခြေစိုက်နိုင်ငံခြားသတင်း ထောက်များက လပ်(Foreign Correspondent Club of Thai and FCCT ) နှင့်အရှေ့တောင် အာရှ စာနယ်ဇင်းများအဖွဲ့ (Sou theast Asia Press Alliamce SEAPA) တို့မှ ဂျာနယ်လစ်များ ပါဝင်သောအဖွဲ့သည် မြန်မာ မီ ဒီယာများနှင့် ရန်ကုန်မြို့ ယုဇန ဂါးဒင်းဟိုတယ်၌ မတ်လ(၂၁) ရက်တွင်တွေ့ဆုံပြီး ပြောင်းလဲလျက် ရှိသော မြန်မာ့မီဒီယာအခြေအနေ နှင့်ပတ်သက်ပြီးဆွေးနွေးပွဲတစ်ခု ကိုကျင်းပရန်ရှိသည်။ဒေသအတွင်း တွင် အတက်ကြွဆုံးစာနယ်ဇင်း ကလပ်တစ်ခုအနေဖြင့်ရပ်တည် လျက်ရှိသော FCCT ၏ အာဆီ ယံနိုင်ငံများအတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက်ကာကွယ် လှုံဆော်မှုများနှင့်ပုံမှန်လှုပ်ရှားမှု များကို FCCT အဖွဲ့ဝင်ဂျာနယ် လစ်များမှ မျှဝေဆွေးနွေးမည် ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း [...]
March 19, 2013
သစ်ခွလိုချင်သစ်ပင်လှဲသောကြောင့် သစ်ခွမျိုးရှားပါးလာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသို၊ ပင်လည်ဘူးနယ်မှ ထွက်ရှိ သော သစ်ခွပန်းရိုးတံများအား တရုတ်ပြည်ဘက်မှ ၀ယ်ယူမှုများ ပြားသဖြင့် ရောင်းချသူများ ဈေး ကောင်းရရှိသော်လည်း သစ်ခွလို ချင်သူများမှ သစ်ခွပင်ပေါက်ရောက် သော သစ်ပင်ကြီးများအား ချိန်း ဆောများဖြင့်ခုတ်လှဲယူသဖြင့် သစ်ခွများ ယခင်နှစ်များကဲ့သို့ အများအပြားဝယ်ယူနိုင်ခြင်းမရှိဘဲ ရှားပါးလာသည်ဟု သစ်ခွပန်းရိုး ၀ယ်ယူသူများထံမှ သိရသည်။ သစ်ခွပန်းများသည် သစ်တော များထဲတွင် အလေ့ကျပေါက်ရောက် လျက်ရှိပြီး ယခလနှင့် ဧပြီလ ရောက်လျှင် အများအပြားထွက်ရှိ လာပြီး သစ်ခွပန်းများအနက် ကြောင်မျက်လုံး၊ ကျားမျက်လုံး၊ သစ်ခွများကို အပွင့်မပွင့်မည်အရင်း တံ (၁) လက်မ၊ (၂) လက်မအကွာ ဖြတ်တောက်ပြီး ရေနှင့် သန့်စင် အောင်ဆေးကြောကာ အစိုအတိုင်း အရောင်းချမည်ဆိုပါက (၁) [...]
March 19, 2013
ကရင်လူမျိုးတွေရှိနေသရွေ့ KNU ဆိုတာရှိနေမှာပဲ ငြိမ်းချမ်းရေးဟာအခုထက်ထိတော့ရှိနေတုန်းပဲ ဒါဟာနည်းစနစ်တစ်ခုအနေနဲ့လား ပရိယာယ်အနေနဲ့လားတော့မသိဘူးဟုဆိုသည့်စောကလူးထူး
ကရင်ပြည်နယ် သံတောင် မြို့နယ် ဆာမူထော် (Hsa Mu Htaw)လူမှုအထောက်အကူပြု အဖွဲ့က သံထောင်ဒေသ သံထောင် တုန်အတွင်းတိုင်းရင်းသားများ အတွက် ဒေသတွင်းကွန်ရက်ချိတ် ဆက်၍ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရန်အတွက် အစည်းအဝေးကို(၁၈.၃.၂၀၁၂) ရက်မှစတင်ကာ(၇)ရက်ကြာကျင်း ပမည်ဖြစ်ကြောင်းသိရှိရပါသည်။ သံတောင်မြို့နယ်ဒေသတွင်း ဆာမူထော် အသင်း၏ဒုဥက္ကဋ္ဌ ဖြစ်သူစောကလူထူးကို နှစ်ပေါင်း (၆၀)ကျော်ကြာ စစ်ဘေးစစ် ဒဏ်ခံခဲ့ရတဲ့ဒေသအတွင်း ပြည် သူလူထုရဲ့အခြေအနေငြိမ်းချမ်း ရေးဖွဲ့စည်းတိုးတက်ရေးအခြေ အနေများနှင့်ပတ်သက်၍ မေး မြန်းရာတွင်- ““ငြိမ်းချမ်းရေးကို အဆင့်၎ ဆင့်ခွဲထားပြီးတော့လုပ်ဆောင်ပါ တယ်။ ပထမအဆင့်က လူမှု အထောက်အကူပြု Capacity အပိုင်းကိုမြှင့်တင်ပေးတယ်။ဒုတိယ က ဒေသတစ်ခုကို ၁၀ယောက်စီ ရွေးပြီးဒေသသုံးခုအတွက် အယောက် ၃၀ကို လူထုကိုယ်စား လှယ်တွေက KNU တပ်မဟာမှူး တွေနဲ့ထပ်တွေ့မယ်။အခုအဆင့် သုံးထိရောက်လာပါပြီ။အဆင့်(၄) [...]



Vol-3,No-145
Vol-3,No-144
Download
March 21, 2013
0 Comments