ငှက်အများစုရှိသည့်အနက် မြန်မာလူမျိုးလူအများစုက အမင်္ဂလာဟု သတ်မှတ်ထားခဲ့ သော လင်းတငှက်များသည် ဗုဒ္ဓ ဘာသာဝင်တို့ အထွတ်အမြတ်ထား ရာ လေးဆူဓာတ်ပုံမြတ်ရွှေတိဂုံ ၌ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၃ရက်နေ့ ညနေ ၅း၃၀ခန့်မှ စတင်ကာ ခိုနားခဲ့ကြောင်း သိရသည်။ အဆိုပါကဲ့သို့ ခိုနားရာတွင် လည်း ရွှေတိဂုံစေတီတော်ကြီး၏ အနောက်မြောက်အရပ် ရာဟုထောင့် စေတီတော်ကြီး၏ အနုလက်ရာ ပညာရင်စည်းတွင်လည်းကောင်း၊ ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့ တောင်အရပ် အင်္ဂါနံထောင့်စေတီ တော်ကြီး၏ အနုလက်ရာပညာ ကြာနုတွင်လည်းကောင်း စုစုပေါင်း (၆)ကောင်းဦးခိုက်ခိုနားခဲ့ကြောင်း သိရသည်။ နွေ၊မိုး၊ဆောင်း သုံးရာသီရှိ သည့်အနက် ဆောင်းရာသီသည် ငှက်များ၏ သားဖောက်ရာ အသိုက်ရွှေ့ပြောင်းရာ လတစ်လ ဖြစ်ပြီး ထိုကဲ့သို့လများတွင် မြန်မာ နိုင်ငံအတွင်းသို့ ဆောင်းခိုငှက်များ ၀င်ရောက်လာတတ်ကြပြီး [...]
December 25, 2012
ဟဲဟိုးလေဆိပ်တွင် အဲပုဂံလေယာဉ်ပြေးလမ်းဘေးသို့မှားယွင်းဆင်းသက်ခဲ့
ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် မန္တလေးမှ ဟဲဟိုးသို့ ပျံသန်းလာသော အဲပုဂံလေကြောင်းခရီးစဉ်အမှတ် w9-011 လေယာဉ် အမှတ် XY-AGC လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ချိန်၌ မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းအတွင်းသို့ မှားယွင်းဆင်းသက်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါလေယာဉ်တွင် လေယာဉ်မှူးမောင်မောင်ထွေး ၊ လေယာဉ်အမှုထမ်း(၆)ဦး ၊ လေယာဉ်လုံခြုံရေး(၂)ဦးအပြင် ၊ ခရီးသည်(၆၄)ဦး စုစုပေါင်း(၇၁)ဦးတင်ဆောင်၍ နံနက်(၈း၅၅)နာရီ အချိန်၌ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်း၍ မသဲကွဲပဲ လေယာဉ်ပြေးလမ်းဘေးလယ်ကွင်းအတွင်းသို့ မှားယွင်းဆင်းသက်ခဲ့သဖြင့် လေယာဉ်အမြီးပိုင်းကျိုး၍ မီးလောင်သည့်ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်း ၊ ထိုနေရာသို့ တာဝန်ရှိသူများ နှင့် ဟဲဟိုးလေဆိပ်မှ မီးသတ်ယာဉ်များ (၉)နာရီအချိန်၌ ရောက်ရှိငြိမ်းသက်နိုင်ခဲ့ကြောင်း ၊ ထိုလေယာဉ်ပေါ်ရှိခရီးသည်များ အနက် နိုင်ငံခြားသား(၄)ဦး နှင့် ခရီးသည် (၉)ဦးအပါအ၀င် လေယာဉ်မှူး [...]
December 25, 2012
ရာဇဂြိုလ်ဆည်စီမံကိန်း ၂၀၁၅ တွင် အပြီးတည်ဆောက်မည်
ကလေးမြို့နယ်ရာဇဂြိုဟ်ရွာ အနီးတွင်နေရဉ္စရာမြစ်ကိုပိတ်၍ တည်ဆောက်နေသောရာဇဂြိုဟ် ဆည်စီမံကိန်းကိုသက်ဆိုင်ရာမှလာ မည့် (၂၀၁၅) ခုနှစ်တွင် အပြီးတည် ဆောက်မည်ဖြစ်ပြီးထိုရာဇဂြိုဟ် ဆည်ကြီးပြီးစီးပါကကလေးတစ်နယ် လုံးလျှပ်စစ်မီးပြည့်ပြည့်စုံစုံရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။ ယခု အခါကလေးမြို့ပေါ်နှင့် အချို့ ကျေးရွာတို့တွင် ကလေးမြို့ အနောက်ဘက်တွင်တည်ရှိသော ဇီးချောင်းရေအားလျှပ်စစ်မှလျှပ်စစ် မီးကိုခွဲတမ်းဖြင့်အသုံးပြုနေရ ကြောင်း သိရသည်။ “ရာဇဂြိုဟ်ဆည်စီမံကိန်းပြီး ရင်လျှပ်စစ်ဓာတ်အားတွေသုံးမကုန် အောင်ပိုနေဦးမှာပါ။ အခုရည်ရွယ် ထားတဲ့ ရေအားလျှပ်စစ်ဓာတ်အား က (၄)မဂ္ဂါဝပ်ဖြစ်ပါတယ်။ နှစ်စဉ် လျှပ်စစ်စွမ်းအား (၂၁) ကီလိုဝပ် နာရီသန်းပေါင်းထုတ်လုပ်နိုင်မှာဖြစ် ပါတယ်။ ကလေးနယ်တစ်နယ်လုံး လျှပ်စစ်မီးပေးထားနိုင်မှာဖြစ်ပါ တယ်”ဟု စီမံကိန်းတာဝန်ရှိသူတစ် ဦးကပြောသည်။ ယခုတည်ဆောက်နေသော ရာဇဂြိုဟ်ဆည်စီမံကိန်းကို (၂၀၀၃) ခုနှစ်တွင်စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ကျပ်သန်းပေါင်း (၅၆၆၀၀)၊ (အမေရိကန်ဒေါ်လာ ၆ဒဿမ ၈ သန်း)ကုန်ကျမည်ခန့်မှန်းကြောင်း [...]
December 25, 2012
ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီးဦးဂိုအင်ကာ မြန်မာ့ခရီး ၊ ဓမ္မခရီး
မြန်မာနိုင်ငံမန္တလေးဇာတိ အိန်္ဒိယအမျိုးသားကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီးဦးဂိုအင်ကာ (၈၉) နှစ်သည်၊ ဒီဇင်ဘာ ၂၁ ရက် နေ့တွင် မြန်မာ့လေကြောင်းစင်းလုံး ငှားလေယာဉ် (Charter) ဖြင့် မင်္ဂလာဒုံလေဆိပ်သို့ ၁၆၃၀ ချိန် ရောက်ရှိသည်။ ဆရာကြီးနှင့်အတူ အိန္ဒိယနိုင်ငံမှ တပည့်ယောဂီ ၁၅၀ တို့လည်း တစ်ပါတည်းလိုက်ပါလာ ခဲ့ကြသည်။ ထို့အပြင်ဆရာကြီး၏ မြန်မာပြည်ခရီးစဉ်တွင် လိုက်ပါ နိုင်ရန်အတွက် ပြည်ပနိုင်ငံအသီး သီးမှတပည့်ယောဂီ ၅၀၀ ခန့်တို့ သည်လည်း ၎င်းတို့၏ လေကြောင်း လိုင်းအသီးသီးဖြင့် မြန်မာနိုင်ငံသို့ ကြိုတင်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါနိုင်ငံခြားသားတပည့် ယောဂီများစိတ်အေးချမ်းသာစွာ တည်းခိုနေနိုင်ရန်အတွက် ရန်ကုန် မြို့ရှိဆရာကြီးဂိုအင်ကာ၏သားဖြစ် သူ ဗန္ဓုလဦးရွှေနှင့် မိသားစုများ ကမကထပြု၍လည်းကောင်း ရန်ကုန်မြို့ဗဟန်းမြို့နယ်ငါးထပ်ကြီး ဘုရားလမ်းအပြည်ပြည်ဆိုင်ရာ ဓမ္မဂီရီဝိပဿနာအဖွဲ့ဓမ္မဇောတိရိပ် သာနှင့် မြန်မာနိုင်ငံရှိဆရာကြီး [...]
December 25, 2012
ရထားသံလမ်းတစ်လျှောက် သန့်ရှင်းသာယာစေချင် (ပေးစာ)
ရန်ကုန်မြို့တော်သန့်ရှင်သာ ယာလှပရေးအတွက် အမြင်မတော် တာလေးတစ်ခုကိုစေတနာဖြင့် သက်ဆိုင်ရာဌာနတွေနဲ့ အုပ်ချုပ် ရေးအပိုင်းများပြုပြင်ဆောင်ရွက် ပေးနိုင်ရေးအတွက် အသိပေးပါ ရစေ။ ယခုအခါပွင့်လင်းမြင်သာ သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် လျှောက်လှမ်းနေသော အချိန်ဖြစ် ပါသည်။ ယခင်နှစ်များထက် ကမ္ဘာလှည့်ခရီးသွား (နိုင်ငံခြား သား) များ လာရောက်လေ့လာ လည်ပတ်မှုနှုန်းကို ပိုမိုများပြားလိမ့် မည်ဟု ထင်မြင်မိပါသည်။ မြန်မာ နိုင်ငံ၏ အဓိကမြို့တော်တစ်မြို့ ဖြစ်သော ရန်ကုန်မြို့သန့်ရှင်းသာ ယာလှပရေးအတွက် အစိတ်တစ် နေရာတွင် ပါဝင်သောရထားလမ်း ဘေးဝဲယာတွင် (အထူးသဖြင့်) သမိုင်းမြို့သစ်နှင့် ကြို့ကုန်းဘူတာ ကြားတွင် ကိုယ်ကျိုးစီးပွားတစ်ခု တည်းအတွက်သာ ကြည့်သော စီးပွားရှာသူအချို့၏ သံလမ်းနှစ်ခု ကြား သံလမ်းဘေးဝဲယာတွင် ညစ်ညမ်းပေရေနေသော ပလတ် စတစ်မျိုးစုံအဟောင်းများ လှန်းနေ ခြင်း၊ ရွေးနေခြင်း၊ [...]
December 24, 2012
တရားလိုတော့မဟုတ်ပါ..ဦးပိုင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဥပဒေအတိုင်းရှိရမည်
၂၀၁၁ခုနှစ် စတင်ဖွဲ့စည်းခဲ့ သောHygienic Legal Clinic အမည်ဖြင့် အခမဲ့ရှေ့နေဆောင် ရွက်ပေးနေသော စိတ်တူကိုယ်တူ အခမဲ့ရှေ့နေများအဖွဲ့မှ ရောဘတ် စန်းအောင်နှင့်တွေ့ဆုံကာ မီဒီယာ များတွင် ထွက်ပေါ်နေသော ရှေ့ နေများအဖွဲ့မှစစ်ကိုင်းတိုင်းဒေသ ကြီးမုံရွာခရိုင်ဆားလင်းကြီးကျေး ရွာ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းတွင် နစ်နာသူတွေနှင့်ထိ ခိုက်ဒဏ်ရာရသူ သံဃာအပေါင်း တို့ကိုယ်စား တရားစွဲဆိုမည်ဆို ခြင်းအပေါ် မေးမြန်းခဲ့ရာ နစ်နာ သူ ထိခိုက်သူများဘက်က တရား စွဲဆိုမည်ဆိုပါက မိမိတို့ စိတ်တူ ကိုယ်တူအဖွဲ့ကနေ အခမဲ့လိုက်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စိတ်တူကိုယ်တူ ရှေ့နေများအဖွဲ့မှ တာဝန်ခံ ဦးရောဘတ်စန်းအောင် နှင့်တွေ့ဆုံကာ မေးမြန်းခဲ့ပါသည်။ မေး- ဆရာသတင်းများအရက တော့ ရှေ့နေများအဖွဲ့က တရား စွဲမယ်လို့ [...]
December 24, 2012
“၂၀၁၂ နွေရာသီကဲ့သို့ ချင်းတွင်းမြစ်ကြောင်း မင်းကင်းမြို့ ဆိပ်ကမ်းဘက်မှ ရေကြောင်း ပိတ်ဆို့မှုဖြစ်မည်ကို မင်းကင်းဒေသခံများ အထူးစိုးရိမ်နေ”
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်ကင်းမြို့ တွင်(၂၀၁၂)ခုနှစ်နွေရာသီကဲ့သို့ ချင်းတွင်းမြစ် ကြောင်းသည် မင်းကင်းမြို့ဆိပ်ကမ်းဘက်မှမပေါက်ဘဲ ကျွန်းတော်ရွာအရှေ့ဘက်ရေလက်ကြာင်းမှရေကြောင်းပေါက်သွားပြီး မင်းကင်းမြို့ဆိပ်ကမ်းဘက်မှစီးဆင်းနေသောရေကြောင်းပိတ်ဆို့သွား မည်ကို မင်းကင်းဒေသခံများကအထူးစိုးရိမ်မှုများဖြစ်နေကြကြောင်း မင်းကင်းမြို့ခံတစ်ဦးထံမှသိ ရပါသည်။“ပြီးခဲ့တဲ့(၂၀၁၂)နွေရာသီမှာတုန်းကဆိုရင် မုံရွာ မှ မင်းကင်းသို့ထွက်ခွာသော အမြန်ယာဉ်တွေဆိုရင် မင်းကင်းမြို့ဆိပ်ကမ်းအထိဝင်ရောက်လို့မရဘူး။မင်းကင်းအောက်ဘက်(၂)မိုင်ကျော်ဝေးတဲ့ နေရာမှာ တင်ဆိုက်ကပ်ရတယ်။မင်းကင်းကိုဆင်းမဲ့ခရီးသည်တွေဆိုရင်(၂)မိုင်ကျော်ဝေးတဲ့ခရီးကို ခြေလျှင် လျှောက်တဲ့သူလျှောက်မလျှောက်ချင်တဲ့သူတွေကတော့ စက်လှေအသေးနဲ့ (၁၀၀၀)လောက်ထပ်ပေး ပြီးသွားရတယ်။ဒါတောင်မှ မင်းကင်းမြို့မှာဆင်းလို့ မင်းကင်းအထက်နားကကံရွာ၊ကျေးတောင်ဦးရွာ တို့ကိုသွားမယ်ဆိုရင်သုံးဘီးဆိုက်တွဲခထပ်ပြီးပေးရတယ်။နွေရာသီဆိုတော့ နေကလည်းအရမ်းပူ တော့မင်ကင်းမြို့ကို ခရီးသွား ခရီးလာတွေရဲ့ဒုက္ခကမသေးလှပါဘူး။ကျွန်မတို့ဆိုရင် မြန်မာ့နှစ်သစ် ကူးရုံးပိတ်ရက်လေးမို့ကိုယ့်မြို့ကိုယ့်ရွာကို ခဏပြန်ရတာ တော်တော်လေးစိတ်ပျက်မိပါတယ်”ဟုနေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတစ်ဦးကဆိုပါတယ်။“အခုဆိုရင် ရေကြောင်းက ကြပ်စပြုနေပြီ မနှစ်က ဧပြီလထဲမှမင်ကင်းကိုဝင်လို့မရတာ ဒီနှစ်တော့ မတ်လလောက်ကတည်းကစပြီးမင်းကင်းကိုဝင်လို့ရမယ်မထင်တော့ဘူး။ မင်းကင်းကိုရေကြောင်းမပေါက်တော့လို့ရှိရင် အမြန်ယာဉ်ကိုအားထားပြီး နေရတဲ့ကုန်းတွင်းပိတ်မြို့လေးတစ်မြို့ရဲ့ ဒုက္ခက ဘယ်လောက်ထိခက်ခဲမလဲဆိုတာတွေးကြည့်ပါ။ ခရီးသွားပြည်သူလူထုနဲ့ ရေကြောင်းမှလာတဲ့အမြန်ယာဉ် ကုန်တင်ယာဉ် သင်္ဘောအစရှိတဲ့ ရေယာဉ်တွေကိုအားကိုးပြီးခေါင်းရွက်ဗျတ်ထိုး ထမင်း [...]
December 24, 2012
သာယာဝတီအကျဉ်းထောင်တွင်း Anit Labour တိုက်ပွဲဝင် ရဲဘော်များ(၁၉၈၉)တွေ့ဆုံပွဲ
သာယာဝတီထောင်တွင် ၁၉၈၉ခုနှစ်က Anti Labour တိုက်ပွဲဝင်ခဲ့သော နိုင်ငံရေးအကျဉ်း သား (၉၅)ဦး၏ ၂၃နှစ်မြောက် ပထမဆုံးတွေ့ဆုံပွဲအခမ်းအနား ကို ဒီဇင်ဘာလ(၂၃)ရက် နံနက် (၁၀)နာရီက သမိုင်းမြို့မကျောင်း တွင် ကျင်းပခဲ့ရာ ထိုစဉ်က တိုက် ပွဲဝင်ခဲ့ကြသော နေရာဒေသအနှံ့ အပြားတွင်ရောက်ရှိနေထိုင်ကြ သည့် နိုင်ငံရေးအကျဉ်းသား ဟောင်း (၄၇)ဦးခန့်နှင့်ရဟန်းတော် နှစ်ပါးတက်ရောက်ကြသည်။ ကွယ်လွန်သွားသူများနှင့်ပြည်ပသို့ ရောက်ရှိနေကြသူများမှာ (၂၀)ဦး ခန့်ရှိကြောင်း သိရသည်။ထို့နောက် တက်ရောက်လာကြသော သူများ က သာယာဝတီထောင်တွင် ၁၉၈၉ခုနှစ် Anti Labour တိုက် ပွဲ သမိုင်းမှန်ဖော်ထုတ်ရေးနှင့် မှတ်တမ်းတင်ရေးတို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး မ ကြာမီ ယခုထက် လူပိုမိုစုံလင် သော တွေ့ဆုံပွဲတစ်ရပ်ခေါ်ယူ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အစည်းအဝေးသို့တက် ရောက်လာသူများတွင် ထူးခြား [...]
December 24, 2012
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း(လုံးဝ)ဖျက်သိမ်းရေး အထွေထွေသပိတ်ကော်မတီက သဘောထားထုတ်ပြန်ကြေငြာ
လက်ပံတောင်းတောင် ပြည် သူ့အကျိုးစီးပွား ကာကွယ်စောင့် ရှောက်ရေး ကော်မတီသည် လက် ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် (၁၇.၁၁. ၂၀၁၂)တွင် သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာဖြင့် ဆန်္ဒဖော်ထုတ် တောင်းဆိုခဲ့သလို (၁၈.၁၁. ၂၀၁၂)တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြုလုပ်နေသော မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့်မြန်မာဝမ်ပေါင် မိုင်းနင်းကော် ပါးကုမ်္ပဏီထံမှ ဒေသခံ ရဟန်း သံဃာတော်များနှင့်တောင်သူများ က တောင်သိမ်း သပိတ်စခန်းများ ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ သည်။ (၂၉.၁၁.၂၀၁၂)တွင် သပိတ်စခန်းများ အကြမ်းဖက် နှိမ်နင်းခံခဲ့ရသော်လည်း စီမံကိန်း ဖျက်သိမ်းရေးအတွက်(၄)ကြိမ် တိုင်တိုင် လမ်းလျှောက်ချီတက် ခြင်းများကို ပြုလုပ်ခဲ့ပြီး (၁၂. ၁၂.၂၀၁၂) ညနေ(၅း၃၀)တွင် လက်ပံတောင်းတောင် ကြေးနီစီ မံကိန်း(လုံးဝ)ဖျက်သိမ်းရေးသပိတ် စခန်းကို [...]
December 24, 2012
ဘိလပ်မြေစက်ရုံစီမံကိန်းနှင့်မြွေတောင်ဖားတောင်စီမံကိန်း လျှို့ဝှက်တိုင်းတာဆောင်ရွက်နေမှုအပေါ် ဒေသခံတို့စိုးရိမ်
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနှင့် ဒေသခံတောင်သူလယ် သမားလက်လုပ်လက်စားတို့အကြား ပြဿနာဖြစ်နေမှုကိုအခြေခံ၍ ကလေး ဒေသအင်ဒိုင်းကြီးရွာအနီးဘိလပ် မြေစက်ရုံတည်ဆောက်ရန်ထွန်းသွင် ကုမ္ပဏီမှကြိုးပန်းနေမှုနှင့် ကလေး မြို့မြောက်ဖက်မြွေတောင်ဖားတောင် ဓာတ်သတ္တုတူးဖော်ရေးလျှို့ဝှက် စမ်းသပ်နေရာမှုတို့ထင်သာမြင်သာ မရှိသည့်အတွက်ကလေးဒေသခံ တောင်သူလယ်သမားနှင့် ပြည်သူ တို့စိုးရိမ်လျက်ရှိကြောင်း သိရ သည်။ “ကလေးဒေသဆိုတာချင်း တောင်၊ ယောဒေသ၊ ချင်းတောင်၊ ချင်းတွင်းအထက်ပိုင်းဒေသရဲ့ ဆန် အိုးဆီအိုးကြီးဖြစ်ပါတယ်။ ကလေး ဒေသဟာမြေအပြန့်ကောင်းတယ်၊ ရေကောင်းတယ်၊ အခုချိန်ထိလေ ထုကလည်းကောင်းသေးတယ်၊ သစ်တောတွေကတော့ပြီး ခဲ့တဲ့အနှစ် (၂၀) ၀န်းကျင်ကစတင်ပြီးသစ်၊ ၀ါး ထုတ်လုပ်မှုများတဲ့အတွက်ကုန်ပါ ပြီ။ နောက်တစ်ခုကနှစ်စဉ်အုတ် ဖုတ်တဲ့သူတွေကလည်း အုတ်တစ် ဖိုကိုထင်းတန်သုံးလေးဆယ်ထုတ် တယ်၊ အုတ်ဖိုပေါင်းသုံးလေးဆယ် ရှိတယ်။ အဖိုးတန်သစ်ပင်၊ ၀ါးပင် နှင့် ထင်းအဖြစ်ထုတ်တဲ့သစ်ပင် တွေကုန်နေပါပြီ။ အခုစက်ရုံတွေ လာဆောက်ဦးမယ်ဆိုတော့ [...]



Vol-3,No-144
Vol-3,No-143
Download
December 25, 2012
0 Comments