ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်း ကန်အပိုင်(၁) (၂) နှင့် (၃) ရပ် ကွက်များကို ယခင်အစိုးရ လက် ထက်တွင် သိမ်းဆည်းသည် ဟု သိရသည်။ ၎င်းမြေများကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်တိုင်း၊ စစ်ဌာန ချုပ်၊ စခန်းရုံး (သက်သာလုပ်ငန်း) မှ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ် ငန်းများကို အငှားချခဲ့ကြောင်း သိရသည်။ အငှားချထားသော မြေများကို ဇွန်(၁၃) ရက်နံနက် (၆း၀၀) နာရီတွင် တပ်စည်ပင် အဖွဲ့များက ၀င်ရောက်ဖယ်ရှား ကြောင်း သိရသည်။ ဖယ်ရှားခံ မြေတွင် အိမ်ထောင်စု (၁၀၈) ရှိပြီး မိသားစု (၆၉၃) ဦးနှင့် ကျောင်းနေကလေးများ (၁၀၆) ဦး ထိရှိသည်။ [...]
June 15, 2013
သမ္မတကြီးထံ တိုက်ရိုက်ဖုန်းဆက်ခဲ့ရတဲ့ မိကျောင်းကန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊မိကျောင်း ကန်အပိုင်(၁)၊(၂)နှင့်(၃)ရပ်ကွက် များကို တပ်စည်ပင်ကဇွန်(၁၃) ရက်နံနက်(၆း၀၀)တွင် ၀င်ရောက် ဖယ်ရှားခဲ့သည်။ ထို့သို့ဖယ်ရှားနေမှုအပေါ် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွှန့်(ပြည်သူလွှတ် တော်ကိုယ်စားလှယ်)နှင့်ဦးကျော် (တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်)တို့က ဖယ်ရှားဖျက်ဆီး ခြင်း မလုပ်ဖို့မေတ္တာရပ်ခံသည်။ ကိုယ်စားလှယ်များက လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွက်ထံသို့ ဆက်သွယ် အကြောင်းကြားသည်။ ဖယ်ရှားဖျက်ဆီးခံနေရာသို့ ဥက္ကဋ္ဌဦးတင်ထွက်ကွင်းဆင်းပြီး ဖယ်ရှားခံပြည်သူများနှင့်တွေ့ဆုံခဲ့ သည်။ ဖယ်ရှားခံတစ်ဦးကတင်ပြရာ တွင်““အဘရယ် သမီးတို့က ဖယ် မပေးဘူးလို့မပြောပါဘူး။ဒီတစ်ရာသီလေးပဲ ဖြစ်ဖြစ်ခဏ နေချင်တာပါ၊ဒီကနေပြောင်းပြီး ဘယ်မှာ သွားလုပ်ရမှာလဲ၊ လုပ်စရာလည်းမရှိသလို၊သမီးတို့ ကအညာဒေသကနေ ဒီမှာ အလုပ်လာလုပ်ကြတော့ နေစရာ လည်းမရှိတော့ဘူး၊ကယ်ပေးပါ။ သမီးတို့ဒီလုပ်ငန်းကို သိန်းပေါင်း များစွာ အကုန်ကျခံရင်ထားရတာ ပါ။သမီးတို့ကို နေရာတစ်နေရာ သတ်မှတ်ပေးပါ။ဝယ်ဆိုလည်း ၀ယ်မယ်၊ငှားဆိုလည်းငှားမည်”” ဟု [...]
June 15, 2013
GEဖောင်ဒေးရှင်းနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း ဆောင်ရွက်ရန်သဘောတူလက်မှတ်ရေးထိုး
GEဖောင်ဒေးရှင်း၏Developing Health Globally Asia က မြန်မာနိုင်ငံ၊ကျန်းမာရေးဝန် ကြီးဌာနနှင့်ပူးပေါင်း၍နိုင်ငံအတွင်း ရှိ ပြည်သူအများစုတို့၏ကျန်းမာ ရေးစောင့်ရှောက်မှုများကို ပိုမို လက်လှမ်းမှီစေရန်အတွက် စီမံ ကိန်းများချမှတ်အကောင်ထည် ဖော်ဆောင်ရွက်နိုင်ရန် သဘော တူစာချုပ်လက်မှတ်ရေးထိုးခြင်း ကိုနေပြည်တော်၊မြတ်မင်္ဂလာဟို တယ် ဇွန်လ၇ရက်ကပြုလုပ်ခဲ့ သည်။အဆိုပါသဘောတူညီချက် စီမံကိန်းတွင်း ပြည်သူ့ဆေးရုံများ နှင့်ပုဂ္ဂလိကဆေးရုံများရှိ အခြေခံ အဆောက်အအုံလိုအပ်ချက်များ ကို နည်းပညာပိုင်းအရ ဖြည့် ဆည်းပေးခြင်းနှင့်ဝန်ထမ်းများ အား သင်တန်းများပေးသွားရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အတွက်လိုအပ်သည့်အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ထမ်းများ စဉ်ဆက်မပြတ် ထွက်ပေါ်လာရေး စသဖြင့် အချက်များ ပါဝင်ပြီး မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားဒေါက်တာမင်းသန်း ညွန့်၊ညွှန်ကြားရေးမှူးချုပ်၊မြန်မာ နိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့်GE ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌဖြစ် Bob Corcoran တို့မှလက်မှတ် ရေးထိုးခဲ့ကြကြောင်းသတင်းရရှိ သည်။ [...]
June 14, 2013
ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ(၃)ဦး ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ချောင်းနားရဲ စခန်းမှ စခန်းမှူး ဒုရဲအုပ်သောင်း မြင့် ဦးစီး၍ ရဲတပ်ကြပ်ကြီး ရာ ကီး၊ ရဲတပ်ကြပ်ကြီး သိန်းထွန်း၊ ရဲဒုတပ်ကြပ် ကျော်စိုးဝင်း၊ ရဲတပ် သား နေ၀င်း၊ အိုင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်း၊ မကျဉ်းပင်စု ရွာခွဲခေါင်းဆောင် ဦးမြင့်ဇော်တို့နှင့်အတူ မူးယစ် ဆေးဝါးသတင်းအရ မေ (၁၁) ရက် ညနေ (၄း၃၅) အချိန်တွင် အိုင်ကြီးအုပ်စု၊ မကျဉ်းပင်စုရွာ မြောက်ဘက်ကပ်လျှက် ဖျောက် ဆိပ်ပင်အောက်တွင် မူးယစ်ဆေး ၀ါးရောင်းချသုံးစွဲသူတို့ကို ၀ိုင်းဝန်း ပိတ်ဆို့ ၀င်ရောက်ရှာဖွေရာ မောင်ဇော်၊ နေ၀င်းစိန်၊ အောင် ၀င်းနိုင်တို့ကို ဘိန်းဖြူဟုယူဆရ သော အဖြူမှုန့် အလေးချိန် (၀.၂) ဂရမ်ခန့်ပါ ပင်နယ်စလင် [...]
June 14, 2013
ကမ္ဘာတစ်လွှား စစ်တပ်တွင်းက အလှတရားများ
ကမ္ဘာတစ်လွှားစစ်တပ်များ တွင် တိုင်းပြည်တာဝန်ကိုထမ်း ဆောင်နေကြသော စစ်သမီးများ သည် ချောမောပြေပြစ်သော ရုပ်ရည်နှင့် အသွင်အပြင်ပိုင်ဆိုင် ရုံသာမက အံ့မခန်းသော သတိ္တ နှင့် ထက်မြက်မှုများလည်းရှိကြ သည်။ သူတို့ကိုယ်သူတို့အလှအပ ပြင်ဆင်မည့်အစားစစ်ဘက်ဆိုင်ရာ သင်ကြားရေးနှင့် လေ့ကျင့်ရေး အလုပ်များတွင် အချိန်မြှုပ်နှံထား ကြသည်။ သို့သော် သူတို့၏ တစ်ရောင်တည်းသော စစ်ဝတ်စုံ နှင့် နှစ်လိုဖွယ်အပြုံးများသည် ပုရိသအများစုကို စွဲမက်စေလျက် ရှိဆဲပင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးစစ်သား (စစ်သမီး) များကို လူအများစုကတော့ “စစ် တပ်တွင်းက အလှတရားများ”ဟု ခေါ်ကြပြီး ပုရိသဆန်လွန်းသော တပ်တွင်း ကမ္ဘာ၏တောက်ပနှစ်လို ဖွယ် အကောင်းဆုံးမြင်ကွင်းဟု လည်းဆိုနိုင်ပါသည်။ HN-NI



Vol-3,No-145
Vol-3,No-144
Download
June 15, 2013
0 Comments