ဆင်းရဲနွမ်းပါးဒုက္ခသည်တွေကို ထောက်ပံ့သွားမဲ့ သူရိယနေ၀န်းဂျာနယ်

သူရိယအလင်းဂျာနယ်မှ သူရိယနေ၀န်းဂျာနယ် ပြောင်းလဲ ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကိုနိုဝင်ဘာ (၂)ရက်၊ညနေ(၄း၀၀)နာရီတွင် သုဝဏ္ဏအားကစားကွင်းဘေးရှိ  (၁၀၁) စားသောက်ဆိုင်တွင်ကျင်း ပခဲ့သည်။
သတင်းစာရှင်းလင်းပွဲ၌ CEO ဦးမိုးဟိန်းက ““ကျွန်တော်တို့ ဒီဂျာနယ်ကိုထုတ်ခဲ့ရတာကမြန်မာ နိုင်ငံမှာရှိနေတဲ့ခရိုနီပပျောက်ရေး၊ လက်ရှိတစ်ဖက်သတ်ရေးဆွဲထား တဲ့ဖွဲ့စည်းပုံကိုမီးမောင်းထိုးပြရေး နှင့်(၂၅)နှစ်လုံးလုံးနိမ့်ကျသွားတဲ့ ဖြစ်ရပ်တွေကိုထောက်ပြဖို့အတွက် ထုတ်ဝေခဲ့ရခြင်းဖြစ်တယ်။ခရိုနီ တွေကိုလူပုဂ်္ဂိုလ်တစ်ဦးတစ် ယောက်ကိုဦးတည်ပြီးမုန်းတီးမှုနဲ့ ပြောနေတာမဟုတ်ဘူး။ခရိုနီတွေ ရဲ့လုပ်ရပ်တွေကိုပြောနေတာဖြစ် တယ်။ သူရိယနေ၀န်းကို ကျွန်တော်တစ်ယောက်ထဲပိုင်တာ မဟုတ်တော့ဘူး။နင်းပြားကုန်း ကောက်စရာမရှိတဲ့လူတွေကိုလွှဲ ပေးသွားမှာဖြစ်ပါတယ်။ဒီဂျာနယ် ကနေရရှိလာတဲ့အမြတ်စွန်းတွေ ကိုနိုင်ငံရေးအမှုတွေနဲ့ထောင်ကျ တန်းကျစွန့်လွှတ်အနစ်နာခံပြီး၊ ယနေ့အချိန်မှာစားစရာမရှိဆေး ၀ါးကုသဖို့စရိတ်မရှိတဲ့လူတွေကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်။လက်ရှိမြန်မာနိုင်ငံမှာစားရမဲ့ သောက်ရမဲ့ဖြစ်နေပြီး၊ဒုက္ခရောက် နေတဲ့ပြည်သူတွေသူရိယနေ၀န်း သတင်းစာတိုက်ကိုလာခဲ့ပါ။ကူညီ ပေးသွားမယ်ဆိုတာကိုယနေ့အတိ လင်းပြောကြားလိုပါတယ်””ဟု ထည့်သွင်းပြောကြားသွားသည်။
အဆိုပါစာနယ်ဇင်းရှင်းလင်း ပွဲတွင် ၈၈ ပွင့်လင်းမှဦးဋ္ဌေးကြွယ် က ““မြန်မာနိုင်ငံမှာသတင်းစာ လွတ်လပ်ခွင့်စတင်နေတဲ့အချိန် မှာပြည်သူတွေရဲ့သိပိုင်ခွင့်စပြီး ဖော်ဆောင်နေရတဲ့အချိန်ဒီလို အချိန်မှာလူထုရှေ့မှာမားမားမတ် မတ်ရပ်ပြီးတော့ပြည်သူတွေသိခွင့် ကိုဖြည့်ဆည်းပေးနေတာကိုပြည် သူကလည်းသိတယ်၊ဒါကြောင့်ပြည် သူတွေရဲ့ထောက်ခံမှုတွေရခဲ့တယ်။ ပြည်သူ့ဘက်ကမားမားမတ်မတ်ရပ် တည်နေတဲ့ဂျာနယ်တစ်ခုကို၊ဒီလို ရုပ်ပျက်ဆင်းပျက်တရားဥပဒေ ဘောင်အတွင်းကမဟုတ်ဘဲနဲ့ ပိတ်သိမ်းလိုက်ရတာကိုလုံးဝကန့် ကွက်ရှုံးချကန့်ကွက်ပါတယ်။ အခု လိုအသွင်ကူးပြောင်းရေးမှာပထမ ဦးဆုံးဖြစ်ခဲ့တယ်။ နောက်နောင် ဒီလိုဖြစ်ရပ်တွေဖြစ်ပေါ်လာနိုင် တယ်ဆိုတာရှိလာနိုင်တယ်။ဒီလို ခြိမ်းခြောက်မှုတွေကိုဒီနေ့စာနယ် ဇင်း၊မီဒီယာတွေမှာရှိနေတဲ့လူတွေ ကမားမားမတ်မတ်ဝိုင်ရပ်ကြဖို့လို့ ပါတယ်ဟု””ထည့်သွင်းပြောကြား ခဲ့သည်။
သူရိယနေ၀န်းဂျာနယ်သည် သူရိယအလင်းဂျာနယ်ထုတ်ဝေ ခွင့်ရရှိပြီးအချိန်၌သူရိယနေ၀န်း ဂျာနယ်ထုတ်ဝေခွင့်ဆက်လက်တင် ခဲ့ကြောင်းသိရပြီး သူရိယနေ၀န်း ဂျာနယ်ကိုအစုရှယ်ယာတစ်စောင် လျှင်တစ်သောင်းနှုန်းဖြင့်ရောင်းချ ရန်အတွက်ဥပဒေပညာရှင်များနေ များနှင့်တိုင်ပင်ဆွေးနွေးနေကြောင်း သိရသည်။   

              မျိုးကျော်

 

Tags