နိုင်ငံခြားသားခရီးသွားများ မင်းလှခံတပ်အတွင်း အခမဲ့ဝင်ရောက်ခွင့်ပြုထား

မကွေးတိုင်းဒေသကြီး၊ အထက်မင်း လှမြို့ရှိ မင်းလှခံတပ်ကြီးသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆၊ ဒီဇင်ဘာ  ၃၁ အထိ ၃၇၇၈ ဦးရှိပြီး ၂၀၁၅ ခုနှစ်က ၃၂၂၉ ဦးရှိကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) မင်းလှဌာနစိတ်မှ ဒုတိယ ဦးစီးမှူး ဒေါ်လှဝင်းရီထံမှ သိရသည်။

““သင်္ဘောအစုန်-အဆန်၊ ရေလမ်း က အ၀င်များတယ်။ အများဆုံးက ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ ဂျာမနီနိုင်ငံသား များ ဖြစ်ပါတယ်။ ဒီမှာ ညအိပ်တာမရှိပါ ဘူး။ ကမ်းနားမှာ သင်္ဘောရပ်ပြီး ခံတပ် ထဲ ၀င်ကြည့်ကြတယ်။ ခံတပ်ပေါ်တက် ကြတယ်။ ဧရာဝတီမြစ်တစ်ဖက်ကမ်း မျက်စောင်းထိုးမှာရှိတဲ့ ကွေ့ချောင်းခံတပ် ကို မှန်ပြောင်းနဲ့ကြည့်တယ်။ ခံတပ် သမိုင်းကြောင်းကို အင်္ဂလိပ်-မြန်မာ ဘာ သာနှစ်မျိုးနဲ့ရေးထားတဲ့ ကမ်္ပည်းကျောက် စာတိုင်ကို ဓာတ်ပုံရိုက်ကြတယ်။ နာရီ ၀က်လောက်ကြာအောင် လေ့လာကြ တယ်။ ပြီးတော့ မင်းလှဈေးထဲ ၀င်ကြည့် ကြတယ်။ ခံတပ်ဝင်ကြေးအဖြစ် ကောက် ခံတာ မရှိသေးပါဘူး။ ကွေ့ချောင်းခံတပ် မှာလည်း အစောင့်တစ်ဦးရှိတယ်။ ခံတပ် ၀င်ကြေး မတောင်းပါဘူး။ အခမဲ့ဝင် ကြည့်နိုင်ပါတယ်။ ဌာနကလည်း ငွေ ကြေးကောက်ခံဖို့ မပြောသေးဘူး။ ခံတပ် အနီး အမှတ်(၁)ရပ်ကွက်ထဲမှာ ရတနာပုံ ခေတ်ကြေးနန်းရုံးလေးရှိတယ်။ ဂျောင် (ချောင်)ကျတော့ သိပ်သွားတာ မတွေ့ရ ဘူး။ သိတဲ့ဂိုက်တွေပါရင်တော့ လိုက်ပြ တာရှိတယ်””ဟု ၎င်းက ရှင်းပြသည်။

ယခုအခါ မင်းလှခံတပ်ကြီး၏ရှေ့ ပိုင်းမှ ပြိုကျပျက်စီးသော အပိုင်းအစများ နှင့်ပတ်သက်၍ ၎င်းင်းက ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲမှာ အင်္ဂလိပ် ရေတပ်မှပစ်သော အမြောက်ဆန်များ ကြောင့်ဖြစ်ကြောင်း၊ ရေတိုက်စား၍ ပြိုကျ ခြင်းမဟုတ်ကြောင်း၊ ရှေးလူကြီးသူမများ ၏ ပြောကြားချက်အရ သိရကြောင်း ၎င်းကပြောသည်။           နေလင်းသူရိန်

Date: 
Tuesday, January 3, 2017