လူမှုကွန်ရက်တွင်တင်မိသည့်ကိစ္စ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအားNLD ပါတီ မကွေးတိုင်း အလုပ်အမှုဆောင် တောင်းပန်

“မကွေးတိုင်းလွှတ်တော်ထဲမှာ ဖုန်း ပြောခွင့်ရှိ”ဆိုသော Status ကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ပုံနှင့်တွဲ၍လူမှု ကွန်ရက်စာမျက်နှာပေါ်တင်ခဲ့သော NLD ပါတီ၊ တိုင်းဒေသကြီးအလုပ် အမှုဆောင်တစ်ဦးက၎င်းင်း၏လုပ်ဆောင် ချက်မှားယွင်းခဲ့ပါသည်ဟုဆိုကာတိုင်းဒေ သကြီးလွှတ်တော်ဥက်္ကဋ္ဌရုံးခန်းသို့ဒီဇင် ဘာလ ၂၇ ရက် ညနေပိုင်းတွင်လာ ရောက်ပြီးတောင်းပန်ခဲ့ကြောင်း သိရ သည်။

ဒုတိယအကြိမ်မကွေးတိုင်းဒေသ ကြီးလွှတ်တော်အထူးအစည်းအဝေး(၂/ ၂၀၁၆)ကျင်းပစဉ်တောင်တွင်းမြို့နယ် မဲဆန်္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ဦး ဇော်မင်းထွန်း၏ဓာတ်ပုံကိုအသုံးပြုပြီး လွှတ်တော်ကျင်းပချိန်လက်ကိုင်ဖုန်းပြော ခွင့်ရှိကြောင်း ဒီဇင်ဘာလ ၂၁ရက်တွင် လူမှုကွန်ရက်တွင်တင်ခဲ့ခြင်းမှာ ထင် ယောင်ထင်မှားဖြစ်၍ Post တင်ခဲ့မိခြင်း ဖြစ်သည်ဟုဆိုကာကတိဝန်ခံချက်လက်မှတ် ရေးထိုး၍တောင်းပန်ခဲ့ခြင်းဖြစ်သည်။

“သူတင်တဲ့ပုံကလွှတ်တော်မှာသတင်း လာယူတဲ့ သတင်းထောက်ရဲ့ Facebook ကယူထားတာလို့ပြောတယ်။ ပုံမှာက နားရွက်နားလက်ရောက်နေတယ်။ ဆံပင် ကနည်းနည်းရှည်တော့ဆံပင်ရဲ့ အရိပ် ကမည်းနေတာကိုတယ်လီဖုန်းပြောနေ တယ်ထင်ပြီးတင်တာ။ အခြားလွှတ်တော် ကိုယ်စားလှယ်တွေလည်း စိတ်အနှောင့် အယှက်ဖြစ်ရတယ်။ လွှတ်တော်ရဲ့ပုံရိပ် ကိုလည်း လာထိတယ်။ အစကတော့ ဥပဒေအတိုင်းဆောင်ရွက်ဖို့ဖြစ်ပေမဲ့ ပို့စ်တင်တဲ့ ဦးကျော်ကျော်နိုင်ကမှားယွင်း တဲ့အကြောင်းလာတောင်းပန်တယ်။ အဲဒါကြောင့် ခံဝန်ကတိထိုးစေပြီးတော့ ကျေအေးလိုက်ပါတယ်” ဟု မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက်္ကဋ္ဌဦးတာက ပြောသည်။

 

ပို့စ်တင်ခဲ့သူ NLD ပါတီ၊ မကွေး တိုင်းဒေသကြီးအလုပ်အမှုဆောင်ဦးကျော် ကျော်နိုင် ၊ ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက်္ကဋ္ဌဦးသန်းနိုင်၊ တိုင်းအလုပ် အမှုဆောင်ဦးကျော်ဆန်းထူးတို့ ၃ဦး သည်တိုင်းဒေသကြီးလွှတ်တော်ဥက်္ကဋ္ဌဦး တာ၊ ဒုဥက်္ကဌဦးဇော်မျိုးဝင်းနှင့် ပို့စ်တင်ခံ ရသူလွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်း ထွန်းတို့ ၃ဦးနှင့် တွေ့ဆုံခဲ့ပြီး ၀န်ခံကတိ ပြု၊ တောင်းပန်ကျေးအေးခြင်းဆောင် ရွက်ခဲ့ကြသည်။

“ကျွန်တော်ကကိုယ့်ရဲဘော်ရဲဘက် တွေလွှတ်တော်မှာ အဲလိုမဖြစ်စေချင်ဘူး။ တခြားအကောင့်တစ်ခုနဲ့ တင်လို့ရပါ တယ်။ NLD အစိုးရဖြစ်တဲ့အချိန်မှာ လွှတ်တော်ထဲမှာဖုန်းပြောတာတို့၊စာဖတ် တာတို့မဖြစ်စေချင်ဘူးဗျ”ဟု ပို့စ်တင်ခဲ့သူ ဦးကျော်ကျော်နိုင်ကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များဝတ်စား ဆင်ယင်၊နေထိုင်ကျင့်ကြံမှုများနှင့် ပတ် သက်၍စည်းကမ်းများသတ်မှတ်ထား ပြီးဖြစ်၍ ၎င်းင်းတို့၏လုပ်ရပ်များနှင့် ပတ်သက်၍ဝေဖန်အကြံပြုလိုပါကစာဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေတိုင်းဒေသ ကြီးလွှတ်တော်ရုံးသို့လာရောက်နိုင်ပြီး ပြုပြင်ရန်အဆင်သင့်ဖြစ်ပါကြောင်း၊ လာ မည့်တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေးတွင်လွှတ်တော်တွင်းဖုန်းယူဆောင် လာမှုအားကန့်သတ်သွားရန်ရှိကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက်္ကဋ္ဌ ထံမှသိရသည်။       

 ဇေယျတု(မကွေး)

Date: 
Tuesday, January 3, 2017