မိုးညှင်းမြို့၌ ဆေးရုံအချုပ်ခန်း တည်ဆောက်ပေးရန်လိုအပ်လျက်ရှိ

Author: 
သစ္စာ(မိုးညှင်း)

ကချင်ပြည်နယ် မိုးညှင်းမြို့သည် ခရိုင်မြို့ဖြစ်သော်လည်း ရုံးဌာနဖွဲ့စည်းပုံ မပြည့်ဝသည့်အထဲတွင် ဆေးရုံအချုပ် ခန်းတစ်ခုတည်ဆောက်ပေးရန်လည်း လိုအပ်နေကြောင်း သိရသည်။

မိုးညှင်းမြို့မရဲစခန်း၌ အချုပ်သား ၃၀၀ ၀န်းကျင်ရှိနေရာ ကျန်းမာရေး ချို့တဲ့သောအချုပ်သားများ ဆေးရုံတက် ရာတွင်  ဆေးရုံအချုပ်ခန်းမရှိသဖြင့် အခက်အခဲများစွာဖြစ်ရကြောင်း မိုးညှင်း မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကဟြေကြား သည်။

““မိုးညှင်းမြို့ဟာ ခရိုင်မြို့ဖြစ်ပေမဲ့ ဆေးရုံအချုပ်ခန်းမရှိတဲ့အတွက် အချုပ် ကျတရားခံတွေ ဆေးရုံတက်ရောက်ရာ မှာ အခက်အခဲရှိပါတယ်။ တရားခံကို သံကြိုးနဲ့ခုတင် တွဲပြီးခတ်ထားရတဲ့အတွက် အမြင်မသင့်တော်တဲ့အပြင် အချုပ်သား အခွင့်အရေးတွေဆုံးရှုံးရပါတယ်။အဆိုး ဆုံးကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားတဲ့အခါ သံကြိုးတန်းလန်းနဲ့ဆို တော့မွေးလူနာအတွက်လည်း အခက်အ ခဲဖြစ်သလို ဆရာဝန်တွေအတွက်လည်း အနှောင့်အယှက်ဖြစ်ပါတယ်””ဟု မိုးညှင်း မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ဟြေ သည်။

တပ်ကြပ်ကြီးတစ်ဦးကလည်း ““ဆေး ရုံ အချုပ်ခန်းမရှိတော့ ဆေးရုံတက် ဆေးကုသခံရမယ့်အချုပ်သားအခွင့်အရေး ဆုံးရှုံးရပါတယ်။ ဆေးရုံအချုပ်ခန်းရှိရင် ဆေးဝါးကုသခံနေတဲ့တရားခံတွေ လက် ထိပ်ခတ်မခံရဘဲ အညောင်းပြေလမ်း လျှောက်နိုင်ပါတယ်။ လွတ်လွတ်လပ် လပ် နေနိုင်ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ လည်း အင်အားလျော့သုံးလို့ရတဲ့အတွက် အဆင်ပြေပါတယ်။ အခုတော့ တရားခံ တစ်ဦးဆေးရုံတက်ရင် ရဲတပ်ဖွဲ့ဝင်တစ်ဦး အင်အားသုံးနေရတဲ့အတွက် အခြား တစ်ဖက်မှာ အင်အားလျော့နည်းသွားရ တဲ့အတွက် ဆေးရုံအချုပ်ခန်း လိုအပ်ပါ တယ်””ဟုဟြေကြားသည်။

ယခင်ကလည်း ဆေးရုံတက်နေ သည့်တရားခံများ ထွက်ပြေးလွတ်မြောက် သွားခဲ့သည့်အတွက်တာဝန်ကျ ရဲတပ်ဖွဲ့ ၀င်များ အလုပ်ပြုတ်ထောင်ကျခဲ့ရသည့် သာဓကများရှိခဲ့ဖူးသဖြင့် မိုးညှင်းမြို့၌ ဆေးရုံအချုပ်ခန်းလိုအပ်နေကြောင်း သိရ သည်။

သစ္စာ(မိုးညှင်း)

Date: 
Tuesday, July 11, 2017