ဘိုးဘွားပိုင်နေရာမှာ အိမ်ရှင်တွေက ဧည့်သည်ကိုကြောက်နေရတဲ့ အဖြစ်မျိုးတွေ ကြုံနေရတယ်

Author: 
မျိုးကျော်အောင်

မောင်းတောဒေသတွင်ဘင်္ဂါလီ  ၉၈ ရာခိုင်နှုန်းနှင့် ရခိုင်လူမျိုး  ၂ ရာခိုင် နှုန်းရှိနေသောကြောင့် ရခိုင်လူမျိုးများ မနေနိုင်ဘဲထွက်ပြေးနေရသည့်အချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဘင်္ဂါ လီ ၅၀၀၀၀ အား လက်ခံမည့်အစီအစဉ်ကိုလက်မခံ နိုင်ကြောင်း ရသေ့တောင်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင် စောဝေကပြောသည်။

မြန်မာနိုင်ငံမှထွက်ပြေးလာသည်ဆို သော ဘင်္ဂါလီဒုက်္ခသည်များကိုပြန်လည် လက်သင့်ခံရန်အတွက် မြန်မာအစိုးရထံ သို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ကမေတ်္တာ ရပ်ခံထားကြောင်း သိရသည်။

“ကျွန်မတို့ဘိုးဘွားပိုင်နေရာမှာတောင် အိမ်ရှင်တွေက ဧည့်သည်တွေကိုကြောက် နေရတဲ့ အဖြစ်မျိုးတွေဖြစ်နေတယ်။ ဖား ရှာ၊ ငါးရှာသွားနေတဲ့ ရခိုင်ပြည်သူတွေဟာ ဘင်္ဂါလီတွေရဲ့ သတ်ဖြတ်ခြင်းကိုခံနေရတဲ့ အတွက် ရခိုင်တိုင်းရင်းသားတွေ ဒုက်္ခ ရောက်နေကြတယ်။ နေဖို့အတွက်ကို တော်တော်စဉ်းစားနေရတယ်”ဟု ရသေ့ တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခင်စောဝေကပြောသည်။

အချို့ရွာများမှာ ရွာလုံးကျွတ်ရွှေ့ ပြောင်းနေရခြင်းများရှိသောကြောင့် ယခု ပြန်လက်ခံရန် မေတ်္တာရပ်ခံထားသော ဘင်္ဂါလီကိစ္စကို နိုင်ငံတော်အနေဖြင့် ပွင့် လင်းမြင်သာစွာချပြဖို့လိုအပ်ကြောင်း ဒေါ်ခင်စောဝေကသုံးသပ်ပြောကြား သည်။

“ကျွန်မတို့နိုင်ငံကထွက်သွားတဲ့သူတွေ လားဆိုတာကို အတိအကျပြောဖို့လိုပါ တယ်လို့မြင်တယ်။ ၁၉၈၂ ဥပဒေနဲ့ စိစစ် မယ်ဆိုရင်တောင် မောင်တော၊ ဘူးသီး တောင်မှာရှိတဲ့ သူတွေတောင်စိစစ်တာ ကို လက်မခံဘူး။ သူတို့ကို စိစစ်ရမှာဖြစ် တယ်။ အခုအဲဒီကလာတဲ့ သူတွေကို ဘာအထောက်အထားနဲ့ ပြည်လာခွင့်ပြု တယ်ဆိုတာကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုတယ်”ဟု ဒေါ်ခင်စောဝေက၎င်းင်း၏ အမြင်ကိုပြောသည်။

ယခုကဲ့သို့ပြန်လက်ခံမည့်အစီအစဉ် ကိုရခိုင်တိုင်းရင်းသားများနှင့် ရခိုင်တိုင်း ရင်းသားလူမှုအဖွဲ့အစည်းများကြား၌ဝေ ဖန်သုံးသပ်မှုများရှိနေကြောင်း သိရသည်။

“၁၉၈၂ ဥပဒေအရ စိစစ်လို့ရှိရင် နိုင်ငံသားမဖြစ်ရင်တောင်၊ ဧည့်နိုင်ငံသား ကတ်ရလာမယ်။ ဒီနိုင်ငံသားကတ်တွေရ လာမယ်ဆိုရင် ဒီနိုင်ငံကနေထွက်သွားတဲ့ သူတွေဆီမှာရှိနေမှသာ နိုင်ငံသားအဖြစ် လက်ခံရမှာဖြစ်တယ်။ အခုဟာက သူတို့ က တစ်ခါမှ အစစ်မခံခဲ့တဲ့အတွက်ကြောင့် ဘယ်လိုအထောက်အထားနဲ့ ပြန်ခေါ်မှာ လဲ အဲဒါကြောင့် ကျွန်မတို့ အမြဲပြော နေတာက ၁၉၈၂ ဥပဒေအရ ဧည့်နိုင်ငံ သားဖြစ်တဲ့ သူတွေကိုဧည့်နိုင်ငံသားအဖြစ်  ပေး၊ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ သူတွေကို ဥပဒေအရပေးလိုက်လို့ရှိရင် ဒီပြဿနာ တွေဖြစ်လာစရာအကြောင်းမရှိဘူးလို့ ကျွန်မမြင်တယ်။ ဒါကြောင့် ဒီငါးသောင်း ကိုလက်မခံဘူးလို့ပြောချင်သလို လက်မ ခံသင့်ဘူးလို့ပြောချင်ပါတယ်”ဟု ဒေါ်ခင် စောဝေကထည့်သွင်းပြောကြားသည်။

ဘူးသီးတောင်မောင်တောဒေသ တွင် ဘင်္ဂါလီအချင်းချင်းသတ်ဖြတ်မှုများ လည်း မကြာခဏဖြစ်ပွားနေကြောင်း သိ ရသည်။

“ဘင်္ဂါလီတွေက ရခိုင်တိုင်းရင်းသား တွေရော၊ ဘင်္ဂါလီအချင်းချင်းသတ်ဖြတ် မှုတွေရော လူမဆန်စွာသတ်ဖြတ်နေတာ ကို အင်မတန်မှ စိုးရိမ်းပါတယ်။ ဖြစ်စဉ် တွေကိုစဉ်းစားလိုက်ရင် ဘင်္ဂါလီအချင်း ချင်းသတ်တယ်ဆိုတာက ဒီဒေသမှာ နေထိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေကို မနေနိုင်အောင်သူတို့မျိုးနွယ်စုအချင်းချင်း  သတ်ဖြတ်နေတယ်လို့ ကျွန်မသုံးသပ်မိ တယ်။ အဲဒါကြောင့် ရခိုင်တိုင်းရင်းသား တွေမပျောက်ရအောင်ကိုယ်ရဲ့မွေးရပ်၊ ဇာတိဖြစ်တဲ့ ဘူးသီးတောင်၊ရသေ့တောင် မပျောက်ရအောင်ကာကွယ်ရမှာက အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရကနေ လုံခြုံရေးကောင်းအောင်ဆောင်ရွက်ပေး စေချင်ပါတယ်”ဟု ဒေါ်ခင်စောဝေက ပြောသည်။

မကြာသေးမီကာလအတွင်းမေယု တောင်ကြောပေါ်၌ စစ်ရေးလေ့ကျင့်ခန်း စခန်းဟောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကတွေ့ရှိခဲ့ပြီ ဇူလိုင် ၉ ရက်တွင် တပ် မတော်၊ နယ်ခြားစောင့်ရဲပူးပေါင်းအဖွဲ့ နှင့် လက်နက်ကိုင်အကြမ်းဖက်သမား များဘူးသီးတောင်တွင်တိုက်ပွဲဖြစ်ပွားခဲ့ ကာအကြမ်းဖက်သမားနှစ်ဦးသေဆုံးပြီး သုံးဦးအရှင်ဖမ်းမိထားသည်။          

မျိုးကျော်အောင်

Date: 
Tuesday, July 11, 2017