ဖိနှိပ်ချုပ်ချယ်မှုများမှ လွန်မြောက်လာပြီဖြစ်သော်လည်း စာပေလွတ်လပ်ခွင့်မှာ အပြည့်အ၀မရရှိသေးဟုဆို

Author: 
ကျော်ကိုကို

ဖိနှိပ်ချုပ်ချယ်မှုများမှ လွန်မြောက် လာပြီဖြစ်သော်လည်း စာပေလွတ်လပ် ခွင့်မှာ အပြည့်အ၀မရရှိသေးခြင်းကြောင့် လာမည့် ၂၀၁၇ တွင်ကျင်းပမည့် စာပေ ညီလာခံတွင် ထည့်သွင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း စာရေးဆရာအောင်စိုးဦး ကပြောသည်။

၂၀၁၇ စာပေညီလာခံအကြိုစာနယ် ဇင်းရှင်းလင်းပွဲကို ဇူလိုင် ၆ ရက် ရန်ကုန်မြို့ စာပေဗိမာန်၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ၎င်းင်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။

““ဖိနှိပ်ချုပ်ချယ်မှုတွေကတော့ လွန် မြောက်လာပြီ။ ဒါပေမဲ့တ စာပေလွတ် လပ်ခွင့်ကတော့ အပြည့်အ၀မရသေးဘူး ပေါ့။ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ သတင်းသမားတွေ အရေးယူခံရတယ်။ ဒါမျိုးတွေရှိနေဆဲပဲ။ ရှိနေတဲ့အတွက် အဲဒါတွေပပျောက်ဖို့ကို ဆွေးနွေးတဲ့အထဲ မှာ ထည့်ပြီးပြောသွားမှာပါ။ နိုင်ငံတကာ ပညာရှင်တွေပါခေါ်ပြီးတော့ ကျွန်တော် တို့ လွတ်လွတ်လပ်လပ် ဆွေးနွေးကြမှာ ပါ””ဟု ၎င်းကပြောသည်။

၆၂ ခုနှစ် ကမ်္ဘာအေး၌ ကျင်းပခဲ့ သည့်ညီလာခံမှာ ယခုမျက်မှောက်ခေတ် တွင်ကျင်းပမည့် ညီလာခံနှင့် လုံးဝမတူ ခဲ့ကြောင်း၊ ယခင်က တစ်ပါတီအာဏာ ရှင်စနစ်အောက်တွင်  ကျင်းပခဲ့ရသည့် အတွက် စာပေလောကအား အကျိုးပြု သည့် ညီလာခံမဖြစ်ခဲ့ကြောင်း၊ ယခုအခါ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ၂၀၁၇ စာပေညီလာခံကျင်းပရန် အကြံ ပြု၊ တိုက်တွန်းအားပေးခဲ့ကြောင်း၊ ယခု ကျင်းပမည့်ညီလာခံသည် စာပေလောက မှ စာရေးဆရာ၊  ကဗျာဆရာများနှင့် စာအုပ်ထုတ်ဝေသူများ၏ ဘုံအကျိုးစီး ပွားအတွက် များစွာအကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ကဗျာဆရာမောင် သွေးသစ်က ပြောသည်။

““ညီလာခံလုပ်တယ်ဆိုတာဟာ လက်ရှိအစိုးရ(သို့)၀န်ကြီးဌာနကို အကျပ် ကိုင်တယ်၊ တောင်းဆိုတယ်လို့ ယူဆတာ မဟုတ်ပါဘူး။ လက်ရှိတည်ဆဲအစိုးရကို ရော၊ ၀န်ကြီးဌာနကိုရော သိသာအောင် စာပေလောကသားတွေအားလုံးရဲ့ ဘုံ ပြဿနာကို တင်ပြပေးတာဖြစ်တယ်။ သူတို့လိုက်လျောနိုင်မယ့် အတိုင်းအတာ  ရှိရင်လည်း လိုက်လျောမယ်၊ မလိုက် လျောနိုင်ဘူးဆိုရင်လည်း မလိုက်လျော နိုင်တဲ့အကြောင်းကို ပြန်ကြားမယ်။ ထို နည်းလည်းကောင်းပဲ စာပေလောကမှာ ရော၊မြန်မာ့သမိုင်းမှာရော ၂၀၁၇ခုနှစ်မှာ လုပ်သွားတဲ့ညီလာခံဟာ စာပေလောက သားတွေအားလုံးအတွက် အကျိုးစီးပွား ကို တင်ပြခဲ့တဲ့ ညီလာခံကြီးဖြစ်တယ်ဆို တာကိုတော့ သမိုင်းမှာမှတ်ကျောက်တင် ခံရမှာတော့ သေချာပါတယ်။ အဲလိုဖြစ် နိုင်ဖို့လည်း ကျွန်တော်တို့ ကျင်းပရေး ကော်မတီကနေပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်””ဟု ကဗျာ ဆရာမောင်သွေးသစ်က ဆက်လက်ပြော ကြားခဲ့သည်။

၂၀၁၇ စာပေညီလာခံကို လွတ်လပ် သည့် စာပေအဖွဲ့အစည်း ၁၀ ခုက ပူး ပေါင်းကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ ဖြစ်မြောက်ရေးကော်မတီအား စာရေး ဆရာအောင်စိုးဦး၊ မောင်သွေးသစ်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဟိဏ်းလတ်၊ ညီပုလေးတို့ အပါအ၀င် စာရေးဆရာ ၂၅ ဦးနှင့် ဖွဲ့စည်းထားကြောင်း၊ ညီလာခံ အား ၂၀၁၇ ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကိုကို

Date: 
Tuesday, July 11, 2017