ခင်ဗျားတို့ အရေးပေါ်အစည်းအဝေးက YBS ယာဉ်တိုက်မှုကိစ်္စကြီးလားလို့

Author: 
ဇော်မြင့်

ဇူလိုင် ၁၀ ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေး ပေါ်အစည်းအဝေး ၁/၂၀၁၇ ခေါ်ယူ၍ ရန်ကုန်မြို့သစ်စီမံကိန်းအခြေအနေထုတ် ပြန်ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နယ်စပ်ဒေသကာကွယ်ရေးနှင့် လုံခြုံ ရေးဝန်ကြီးအစိုးရအဖွဲ့နယ်စပ်ဒေသကာ ကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးသစ်ဗိုလ်မှူး ကြီးအောင်စိုးမိုးအား ခန့်အပ်ခြင်းကို လွှတ်တော်ကအတည်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါနယ်/လုံဝန်ကြီးအား ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှပေးပို့သည့် အမည်စာရင်းကို တိုင်းဒေသကြီးဝန်ကြီး ချုပ်က လွှတ်တော်သို့တင်သွင်းရာတွင် ကိုယ်ရေးရာဇ၀င်၌ အချက်အလက်မပြည့် စုံသဖြင့် ဒဂုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျ ကထောက်ပြပြောဆိုခဲ့သည်။

“သူကသစ်ပင်စိုက်ပွဲတော်မှာ ဒုသမ်္မတ ဦးမြင့်ဆွေနဲ့ ဥက်္ကဋ္ဌကြီးလည်းတက်ရောက် ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ ဗိုလ်မှူးကြီးအောင်စိုးမိုး ဆိုပြီးတော့ပါပါတယ်။ ဒါဟာအရေးပေါ် အစည်းအဝေးဆိုတော့ ပြည်သူလူထုက လည်း စိတ်ပါဝင်စားပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျာ၊ စိတ်ပါဝင်စားတော့၊ နယ်လုံဝန် ကြီးခန့်အပ်ဖို့ဆိုတော့ ကျွန်တော်ပြော တဲ့အခါမှာ ဦးကျော်ဇေယျရယ်နယ်လုံဝန် ကြီးကဖြစ်တောင်နေပြီ ခင်ဗျားတို့က အတည်ပြုဦးမှာလားဆိုတော့ အဲဒါလေး တစ်ချက်တင်ပြချင်ပါတယ်။ နောက်တစ် ချက်ကတော့ ကိုယ်ရေးရာဇ၀င်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တရားသူကြီး ခန့်တုန်းကလည်း ကိုယ်ရေးရာဇ၀င်မပြည့် စုံလို့ကျွန်တော်တင်ပြဖူးပါတယ်။ နောက် ပြည့်စုံတဲ့ဟာ ကျွန်တော်တို့ရရှိပါတယ်။ အခုဒီမှာလည်းပဲ ဗိုလ်မှူးကြီးအောင်စိုးမိုး ရဲ့ ကိုယ်ရေးရာဇ၀င်မှာလေ့လာတဲ့အခါ ငါတို့ခန့်လိုက်တဲ့ ၀န်ကြီးကဘယ်လိုအရည်  အချင်းတွေရှိတယ်ဆိုတာ ပြည့်ပြည့်စုံစုံ လေးပြည်သူလူထုကို ကျွန်တော်တင်ပြ ချင်ပါတယ်။ ဒီမှာရှိတာက ချီးမြှင့်ခံရ သောဘွဲ့ထူးဂုဏ်ထူးလည်း ဘာမှဖော်ပြ မထားပါဘူး။ ကျွန်တော်တို့ဗိုလ်မှူးကြီး အောင်စိုးမိုးရဲ့ ဓာတ်ပုံကို ကြည့်တော့ ရင်ဘတ်မှာ တပ်မတော်ကချီးမြှင့်တဲ့ ဂုဏ်ထူးတွေအများကြီးရှိပါတယ်။ အဲဒါ လေးတွေပြည့်စုံအောင်တင်ပြချင်တာပါ ခင်ဗျာ”ဟု ဦးကျော်ဇေယျက အရေးပေါ် အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ဥက္ကဋ္ဌက ဦးကျော်ဇေယျ၏ပြောဆို မှုကို တားမြစ်ခြင်းမှာ ဥက်္ကဋ္ဌ၏လုပ်ပိုင်ခွင့် ဖြစ်သလိုမိမိကလည်း ပြောလိုသည်ကို ပြောရမှာဖြစ်ကြောင်း၊ နယ်လုံဝန်ကြီးသစ် ၏ကိုယ်ရေးရာဇ၀င်တွင်စစ်တက်္ကသိုလ် မည်သည့်အပတ်စဉ်ဆင်းဆိုသည်ပင်မပါ ကြောင်း အစည်းအဝေးအပြီး မီဒီယာများ နှင့် တွေ့ဆုံစဉ်ဦးကျော်ဇေယျကပြော သည်။

“ဒါခန့်ဖို့အတွက် အရေးပေါ်အစည်း အဝေးလုပ်တာဆိုတော့ မဲဆန်္ဒရှင်ကဘာ ပြောလဲဆိုတော့ ဦးကျော်ဇေယျတဲ့။ ၀န် ကြီးကခန့်တောင်ပြီးသွားပြီ။ ခင်ဗျားတို့ အရေးပေါ်အစည်းအဝေးက ၀ိုင်ဘီအက်စ် ယာဉ်တိုက်မှုကိစ်္စကြီးလားလို့။မှန်ပါတယ်။ သူတို့မျှော်လင့်ထားတာက ၀ိုင်ဘီအက်စ် ကိစ္စ၊ ပြည်သူက အဲဒါကို အရေးပေါ် အစည်းအဝေးလုပ်တယ်လို့ထင်တာ။အလွဲ လေးတွေပေါ့ဗျာ။ ကျွန်တော့်ကို ဥက္ကဋ္ဌ တားတာမှန်ပါတယ်။ ဒါဥက္ကဋ္ဌရဲ့လုပ်ပိုင် ခွင့်ပေါ့ဗျာ။ကျွန်တော်ကတော့ ပြောမှာပဲ။ သူ့ဘိုင်အိုပေးထားတယ်။ စစ်တက်္ကသိုလ် ဘယ်အပတ်စဉ်ဆင်းတောင်မပါဘူး”ဟု ဦးကျော်ဇေယျကဆိုသည်။

နယ်လုံဝန်ကြီးခန့်အပ်ခြင်းအား ဖွဲ့ စည်းပုံဥပဒေအရကန့်ကွက်ရန်ရှိမရှိမေး မြန်းရာတွင် ဦးကျော်ဇေယျ၏တင်ပြပြော ဆိုမှုတားမြစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။                 ဇော်မြင့်

Date: 
Tuesday, July 11, 2017