၂၁ ရာစုပင်လုံညီလာခံဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကိုအဓိကဦးတည်ပြီးတော့ လုပ်တယ်လို့မြင်ပါတယ်ဆိုတဲ့ ၀ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖော်ဆောင်နေသည့် ၂၁ ရာစု ပင်လုံညီလာခံအပေါ် “၀” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်၏ အမြင်၊ ယူဆချက်များနဲ့ သုံးသပ်ချက်များကို တွေ့ဆုံမေးမြန်းဖော်ပြပေးလိုက်ပါတယ်။

မေး။  ။ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပဖို့ဆောင်ရွက်နေတဲ့အပေါ် ဘယ်လို အမြင်ရှိပါသလဲ။

ဖြေ။  ။ ၂၁ ရာစုပင်လုံညီလာခံ ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြား စေ့ရေးကို အဓိက ကျွန်တော်တို့က ဦးတည်ပြီးတော့ လုပ် တယ်လို့ မြင်ပါတယ်။ ဒီကနေ့ မြန်မာ နိုင်ငံကတိုင်းရင်းသားတွေရဲ့ အခြေအနေ အရ ဒီညီလာခံက တကယ်ကျင်းပနိုင်ခဲ့ မယ်ဆိုရင် အများကြီးအကျိုး ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ က လွန်ခဲ့တဲ့နှစ်ပေါင်း (၄)၊ (၅)၊ (၆၀) လောက်ရှိပြီ။ ဒီလိုပဲ ပြည်တွင်းပဋိပက်္ခ တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေကလည်းအမျိုးမျိုးပေါ့။ သူ့ရဲ့ ခံယူချက်၊ သူ့ရဲ့ ယုံကြည်ချက်နဲ့သူက လက်နက်ကိုင်ပြီးတော့ ပြည်ထောင်စု တည်ငြိမ်အေးချမ်းဖို့အတွက်၊ အများရဲ့ ဆန္ဒသဘောထားတွေနဲ့ တစ်စုတစ်စည်း တည်းဖြစ်နိုင်ဖို့အတွက် သူတို့တတ်နိုင်တဲ့ ဘက်က သူတို့ရဲ့ဦးတည်ချက်၊ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်ပြီးတော့ တော်လှန်နေတာလို့နားလည် သဘော ပေါက်ထားပါတယ်။

မေး။  ။ ၂၁ ရာစု ပင်လုံညီလာခံ အပေါ်မှာရော ဘာတွေမျှော်လင့်ထား ပါလဲ။

ဖြေ။   ။ အခု နိုင်ငံတော်အတိုင် ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ၂၁ ရာစုပင်လုံ ညီလာခံက အတတ်နိုင်ဆုံးတိုင်းရင်းသားတွေ အကုန် လုံး စုစုစည်းစည်းနဲ့ မြန်မာနိုင်ငံရှေ့ဆက် ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားပေါင်းစုံ ညီညီညွတ်ညွတ်နဲ့ အတူတကွပူးပေါင်း ဆောင်ရွက်ဖို့၊ နေထိုင်ကြဖို့ အဲဒါကိုတော့ ဖြစ်လာမယ်လို့ မျှော်လင့်တယ်။ ယုံကြည် တယ်။

မေး။     ။ ဒီအပေါ်မှာ ဘယ်လို များ သုံးသပ်ချက်ပေးချင်တာမျိုးရှိပါလဲ။

ဖြေ။   ။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ အမြင်ကျတော့ ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ဖို့ဆိုတာအစိုးရ၊ အထူးသဖြင့် တပ်မတော်ပိုင်းတွေ နှစ်ဦး နှစ်ဖက်ပေါ့လေ။ အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်ဖို့လိုမယ်လို့ ယူဆပါတယ်။ အခု ဖြစ် ပျက်နေတဲ့၊ ဖြစ်ပျက်ခဲ့တာတွေ အခြေအနေတွေကို လေ့လာကြည့်တဲ့ အခါမှာ ဒီဘက်တစ်ဖက်ကတော့ ငြိမ်း ချမ်းရေးညီလာခံလုပ်ချင်တယ်။ ဟိုဘက် တစ်ဖက်က ကျတော့လည်း သူဖြစ်နေ တာက သူတိုက်ချင်နေတဲ့ သဘောက အဲလိုဖြစ်နေတယ်။ ဒါကိုအစိုးရနဲ့ တပ်မ တော်က အထူးသဖြင့် ကျေကျေလည် လည်ညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့ လို အပ်မယ်လို့ သုံး သပ်မိပါတယ်။

မေး။   ။တခြားဘာများ ဖြည့်စွက် ပြောချင်ပါလဲ။   

ဖြေ။    ။၂၁ ရာစုပင်လုံညီလာခံ ကို မျှော်မှန်းထားတဲ့အတိုင်းပဲ ဖြစ်ထွန်း နိုင်ဖို့ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ ဘက်ကနေ ၀ိုင်းဝန်းပြီးတော့၊ ပါဝင်ပြီး တော့ တွန်းအားပေးသွားမှာပါ။

အခုလို ဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။

 

နောင်(မြစ်မခ)

Date: 
Tuesday, August 23, 2016