ဒုတိယပင်လုံညီလာခံအတွက် ပထမပင်လုံကိုအခြေခံပြီး စဉ်းစားသင့်တယ်

Author: 
မျိုးကျော်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံကို သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပတော့ မည်ဖြစ်သည်။ အဆိုပါ ဒုတိယ ပင်လုံညီလာခံနှင့် ပတ်သက်၍ုKNU တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ရင်းမှူး ဗိုလ်မှူးကြီး စောစံသိန်းကို တွေ့ဆုံ၍ ၎င်းင်း၏ သဘောထားအမြင်များ မေးမြန်း ဖော်ပြ လိုက်ပါသည်။
အစိုးရကခေါ်ထားတဲ့ နှစ်ဆယ့်တစ်ရာစု ပင် လုံကို ဆရာ့အနေနဲ့ ဘယ်လိုမြင်တယ်ဆိုတာ ပြောပေးပါ ခင်ဗျာ။
နှစ်ဆယ့်တစ်ရာစု ပင်လုံက လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို သတင်းကြားနေရတယ်။ မြင်နေရတဲ့အပေါ်မှာ ကျွန်တော်တို့က အောက်ခြေ ရဲဘော်တွေဖြစ်တယ်။ အပေါ်က လုပ်ဆောင်ထား တဲ့ နိုင်ငံရေးကိစ္စတွေက အကောင်းဆုံးဖြစ်သွားမယ် လို့ပဲထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံး သော ပြည်သူလူထု၊ အားလုံးသော နိုင်ငံရေး၊ အားလုံးသော  တော်လှန်ရေးခေါင်းဆောင်၊ အားလုံးသော အစိုးရတွေက ပြည်တွင်းငြိမ်းချမ်း ရေးကို ဦးတည်လုပ် ဆောင်နေတဲ့အတွက် အကောင်းဆုံးဖြစ်သွားမယ်လို့ပဲ ယုံကြည်တယ်။
သယံဇာတခွဲဝေရေးနဲ့ ပတ်သက်ပြီးတော့ ဆရာ့ အမြင်ကို ပြောပေးပါခင်ဗျာ။
ကျွန်တော်က ဒါတွေနဲ့ပတ်သက်ပြီးတော့ နည်း နည်းအားနည်းတယ်။ နိုင်ငံတော် သယံဇာတခွဲဝေ မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောတာပါ။ အခု ကြားတာက နိုင်ငံတော်အစိုးရက စီးပွားရေးမူဝါဒ ၁၂ ချက်နဲ့ မူချမှတ်တယ်ဆိုတာကို ကြားရတယ်။ ဒီမူ ၁၂ ချက်ကို ကျွန်တော်တို့ လေ့လာနေပါတယ်။ ဒါကြောင့် တိတိကျကျ မပြောနိုင်သေးဘူးလို့ပဲ ပြောချင်ပါတယ်။
နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံမှာ တင်ပြဆွေးနွေး နိုင်ဖို့အတွက် မိုင်ဂျာယန်မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါ တယ်။ ဆရာ့အနေနဲ့ မိုင်ဂျာယန် ဆွေးနွေးပွဲကို ဘယ်လိုမြင်ပါသလဲခင်ဗျာ။
မိုင်ဂျာယန်မှာ လုပ်သွားတာက နိုင်ငံရေးသမား တွေအားလုံးတက်တယ်။ အဖွဲ့အစည်းတော်တော်စုံ တယ်။ ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်အရ ပြောရရင် စုစည်းမှုကိုယူပြီးတော့ နိုင်ငံတော်အစိုးရ နဲ့ ဆွေးနွေးနိုင်အောင်လို့ ပထမခြေလှမ်းပဲလို့မြင် တယ်။ ယုံကြည်နေတယ်။
မိုင်ဂျာယန် ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တာက သုံး ပွင့်ဆိုင် ဆွေးနွေးမယ်လို့ ဆုံးဖြတ်ချက်ထဲမှာ ပါပါ တယ်။ အရင်အစိုးရက ခုနစ်ပွင့်ဆိုင်ဆိုပြီး ချမှတ် ထားတယ်။ ကိစ်္စရပ်တွေအပေါ်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်ပါလဲခင်ဗျာ။
ကျွန်တော်တို့က အောက်ခြေတပ်မှူးတွေ ဖြစ် တယ်။ နိုင်ငံရေးဆွေးနွေးမှု အပိုင်းမှာတော့ သုံးပွင့် ဆိုင်၊ ခုနစ်ပွင့်ဆိုင်ဆိုတာတော့ တစ်ဦးတစ်ယောက် ချင်း၊ တစ်ဖွဲ့ချင်းနဲ့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ဒီ အကြောင်းရာနဲ့ ပတ်သက်ပြီးတော့ မသုံးသပ်နိုင် သေးဘူးလို့ပဲ ပြောချင်တယ်။
ဒေသဖွံ့ဖြိုးရေးအတွက် ဆရာတို့ ဘာတွေ ဆောင် ရွက်နေတယ်ဆိုတာကို ပြောကြားပေးပါခင်ဗျာ။
ကျွန်တော်က ၂၀၁၂ အပစ်အခတ်ရပ်စဲရေး အတွက်စပြီးတော့ အစိုးရနဲ့ ကျွန်တော်တို့ ဆောင် ရွက်တဲ့အခါမှာ ၂၀၁၄ မှာ လမ်းတွေဖောက်တယ်။ ကိုယ့်အားကိုယ်ကိုးတဲ့ အပိုင်းပါတယ်။ နိုင်ငံတော် ထောက်ပံ့ပိုးပေးတဲ့ အပိုင်းတွေနည်းပါတယ်။ ဒေသ တွင်းမှာ သွားရေးလာရေး လွယ်ကူဖို့အတွက် ဆောင်ရွက်နေတယ်။ နိုင်ငံတော် လမ်းဖြစ်မြောက် ရေးအတွက် နတလ ကနေ ကျေးရွာချင်းဆက်လမ်း ကို ထောက်ခံပေးပြီးတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ လုပ်ခဲ့တယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ ကျွန်တော် တို့က ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ ဒေသခံတွေ သွားရေးလာရေး လွယ်ကူအောင် ဆောင်ရွက်နေပါတယ်။
ကရင်ပြည်နယ်မှာ အဖွဲ့အစည်း တစ်ဖွဲ့ပဲရှိရမယ် ဆိုပြီးတောြု့ ကနေ အခြားသော အဖွဲ့အစည်း တွေကို ခေါ်ယူညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။ ဒီလို ဆွေးနွေးတာက ဘယ်လောက်အောင် မြင်မှု ရှိနေပါပြီလဲခင်ဗျာ။
ဟုတ်ကဲ့။ ဒီဖြစ်စဉ်က ၁၉၉၄ ကနေစပြီးဖြစ်ခဲ့ တယ်။ ပထမဆုံး ခွဲထွက်တာက DKBA၊ ဒုတိယ ကBGF ဖြစ်သွားတယ်။ DKBA ကျန်နေခဲ့တယ်။ နောက်ုKNU/KNLA (PC)
 ဖြစ်သွားတယ်။ ဒီ အပေါ်မှာ အချိန်ယူပြီးတော့ ဆွေးနွေးမှုလုပ်မှသာ လျှင် ရနိုင်မယ်လို့ပဲမြင်ပါတယ်။ အားလုံး ဘုံသဘော တူနိုင်တဲ့အချက်တွေကို ဆွေးနွေးသင့်တယ်။ အားလုံး ဘုံသဘောတူညီချက်ဆိုတာက စောဘဦးကြီးရဲ့ မူကို လက်ခံကြတယ်။ ဒီမူအတိုင်း ဆွေးနွေးရင် အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။
အခုလို အဖွဲ့အစည်းတွေ ကွဲခဲ့တာက ဘယ်အချက်  တွေအပေါ်မှာ အခြေခံပြီး ကွဲခဲ့တာလဲခင်ဗျာ။
ကျွန်တော်ထင်တာကတော့ နိုင်ငံရေးအတွေး အခေါ် ပုဂ်္ဂိုလ်ရေး အတွေးအခေါ်တွေမှာ အခြေခံ တယ်လို့မြင်တယ်။ တိတိကျကျပြောရရင်တော့ မိမိ ၀မ်းနာတာက မိမိပဲသိတဲ့အတွက်ကြောင့် ကျွန်တော် လည်း ပြည့်ပြည့်စုံစုံ နားမလည်နိုင်ဘူး။ ကျွန်တော် ယေဘုယျ နားလည်တာတော့ နိုင်ငံရေး အတွေး အခေါ်ရ ကွဲတယ်လို့ပဲမြင်တယ်။
ကာလရှည်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းဖို့အတွက် ဆရာ့အမြင်သဘောထားကို ပြောကြားပေးပါခင်ဗျာ။
ဦးနေ၀င်း တော်လှန်ရေးကောင်စီတက်ပြီးတဲ့ နောက်ပိုင်ုးKNU
တော်လှန်ရေးက ၁၉၄၉ မှာ စခဲ့တယ်။ ကျွန်တော် နားလည်တာကတော့ တိကျ သော အဖြေကိုတော့ မပြောနိုင်ဘူး။ သို့သော် အဖွဲ့ အစည်းအနေနဲ့ ပြောရမယ်ဆို တန်းတူအခွင့်အရေး နဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် မရှိလို့ ဖြစ်လာတာဖြစ်တဲ့ အတွက် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရင် ဖြစ်ကြမှာ မဟုတ်တော့ဘူး။
အပစ်အခတ် ရပ်စဲရေးကို ရေရှည်တည်တံ့ အောင် နှစ်ဖက်အဖွဲ့က ဘယ်လိုလိုက်နာသင့်ပါသလဲ ခင်ဗျာ။
အဲဒါကတော့ အစိုးရဘက်ကရော၊ တော်လှန် ရေးအင်အားစုဘက်ကရော ကိုယ်လိုချင်တဲ့အရာကို ပေးနိုင်တဲ့သူက ဘယ်လောက်ပေးနိုင်မလဲ။ တောင်း တဲ့သူက ဒီထက်ပိုပြီးတောင်းတာ နည်းမလား။ ဒီအပေါ်မှာ မူတည်နေတယ်။ ကျွန်တော်တစ်ဦး တည်းအမြင်ကို ပြောတာနော်။ ဒီအပေါ်မှာ အားလုံးက စေတနာသန့်သန့်နဲ့ ပွင့်လင်းမြင်သာမှု နိုင်ငံရေးကို ဆောင်ရွက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး ကို တကယ်လိုလားတယ်ဆိုရင်တော့ ကိုယ်မျှော်မှန်း သလိုဖြစ်သွားမှာပဲ။ အဲဒီလို ပွင့်လင်းမြင်သာမှုနဲ့ မလုပ်ဆောင်ကြဘူးဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်း ရေးကို ရနိုင်မှာ မဟုတ်ဘူးလို့ပဲ မြင်ပါတယ်။
ကျွန်တော်မေးခဲ့တဲ့ အပေါ်မှာ ဆရာ့အနေနဲ့ တစ်စုံ တစ်ရာ ဖြည့်စွက်ပြောစရာရှိရင် ပြောကြားပေးပါ ခင်ဗျာ။
ပြည်တွင်းနိုင်ငံရေး ပြေလည်နိုင်ဖို့အတွက် စစ်ရေးပဋိပက်္ခတွေက နိုင်ငံရေးပဋိပက်္ခဖြစ်လာတဲ့ အတွက် နိုင်ငံရေး ပဋိပက်္ခကို အကောင်းဆုံးဖြစ် အောင်၊ အားလုံးသော နိုင်ငံရေးပါတီတွေ၊ အစိုးရနဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေ စုစုစည်းစည်းနဲ့၊ နားလည်မှုရှိရှိနဲ့၊ နားလည်ခွင့်လွှတ်မှု အပြည့်နဲ့ ငြိမ်းချမ်းရေးကောင်စီက ဖွင့်လှစ်ထားတဲ့ျြွဏဃ ဆိုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံး ၀မ်းသာကြည်နူးရမယ်။ ဒီနိုင်ငံသားတစ်ယောက် အနေနဲ့မြင်ချင်တယ်။ ပြည်တွင်းနိုင်ငံရေးကို မလိုချင် တဲ့သူ တစ်ယောက်မှမရှိဘူးလို့ပဲ ပြောချင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲကို အားလုံးတက်ရောက်စေချင် တယ်။ တက်တာ မတက်တာတော့ သူတို့အပိုင်း ဖြစ်တယ်။ ပင်လုံညီလာခံဆိုတာက ပထမဆုံး ဦးအောင်ဆန်းလုပ်သွားတဲ့ ညီလာခံ ဒုတိယပင်လုံ ဆိုတာကလည်း ကျွန်တော်တို့ တစ်ခါမှ မကြားခဲ့ဘူး။ အခုမှ ကြားရတယ်။ ဒုတိယပင်လုံ ညီလာခံဆို တာက ပထမပင်လုံညီလာခံကို အခြေခံ ပြီးတော့ စဉ်းစားသင့်တယ်။ ပြည်တွင်းနိုင်ငံရေးမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြစ်အောင် ဆောင်ရွက်သင့် တယ်။ ဒါ ဒီပင်လုံဆိုတဲ့ ကိစ်္စက နည်းနည်းတော့ အဆင့်မြင့်တယ်။ ကျွန်တော်တို့က အောက်ခြေအဖွဲ့ ဖြစ်တဲ့အတွက်ကြောင့်မလို့ နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှုသွားတဲ့အခါမှာ ဗဟိုကနေ ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်။ ကျွန်တော် အခု ပြောခဲ့တာတွေကလည်း ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်လို့ပဲ ပြောချင်ပါ တယ်။
ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
မျိုးကျော်
 

Date: 
Sunday, August 14, 2016