၈၈ မျိုးဆက်ရဲ့ မျိုးဆက်တွေဟာ အရင့်အရင်မျိုးဆက်တွေထက် သာနေမှ အာဏာရှင်ကို အမြစ်ဖြတ်နိုင်မယ်

ဇော်မြင့်
Tuesday, July 11, 2017 - 16:15

၈၈ မျိုးဆက်များ၏ မျိုးဆက်များမှာ အရင့်အရင်မျိုးဆက်များထက်သာနေမှ၊ ထူးချွန်နေမှသာအာဏာရှင်ကိုအမြစ်ဖြတ် နိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက် တော်ဝင်နှင်းဆီ၌ ပြုလုပ်ခဲ့သည့် ၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုပေးအပ်ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းဇေယျ ကပြောသည်။

ယင်းဂုဏ်ပြုပွဲကိုနိုင်ငံရေးအကျဉ်း သားဟောင်းများစုပေါင်းဖွဲ့စည်းထားသည့် ၀ါးရုံပင်ဖောင်ဒေးရှင်းကပြုလုပ်ခြင်းဖြစ် ပြီး ၆ ဘာသာဂုဏ်ထူးရှင်အပါအ၀င်ဂုဏ် ထူးဖြင့်အောင်မြင်ကြသည့်နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သမီး ၇ ဦး အား ငွေသားဆုနှင့် ဂုဏ်ပြုလွှာများပေး အပ်ခဲ့သည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ  အား ဂုဏ်ပြုအမှတ်တရစကားပြောကြ ရာ “သမီးတို့လို ၈၈ မျိုးဆက်ရဲ့ မျိုးဆက် တွေဟာ အရင့်အရင်မျိုးဆက်တွေထက် သာနေမှ၊ ထူးချွန်နေမှ အာဏာရှင်ကို အမြစ်ဖြတ်နိုင်မှာပါ။ ဒီပွဲဟာ မြန်မာနိုင်ငံ ရဲ့ အနာဂတ်ကို မြေတောင်မြှောက်တဲ့ ပွဲဖြစ်ပါတယ်”ဟု ဦးမင်းဇေယျကပြော သည်။

ဝါးရုံပင်ဖောင်ဒေးရှင်းကိုယ်စားကျေး ဇူးတင်စကားပြောကြားသည့်နိုင်ငံရေး အကျဉ်းသားဟောင်းဦးတင်သန်းဦးက လည်း နိုင်ငံရေးအကျဉ်းသားဆိုတာရှက် စရာလုပ်ခဲ့သည့် လူတွေမဟုတ်သဖြင့် ကိုယ့်မိဘနိုင်ငံရေးအကျဉ်းသားဖြစ်ခြင်း ကို ဂုဏ်ယူရမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများခေတ်အဆက်ဆက်လှုပ် ရှားခဲ့ကြသည့်ရလဒ်များအပေါ်တွင် အစိုးရအဆက်ဆက်အကျိုးခံစားသွားကြ  တာဖြစ်ကြောင်း ပြောသည်။

“ကိုယ့်အမျိုးက ဘာလဲ။ ရှက်စရာ အမျိုးလား။ မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှက်စရာလုပ်ခဲ့တဲ့ လူတွေမှ မဟုတ်တာ၊ အဲဒီနိုင်ငံရေး အကျဉ်းသားတွေခေတ်  အဆက်ဆက် လှုပ်ရှားခဲ့တဲ့ အကျိုးရလဒ်တွေပေါ်မှာ အစိုးရအဆက်ဆက်အကျိုးခံစားသွား ကြတာပါ”ဟု ဦးတင်သန်းဦးက ဆိုသည်။

ဝါးရုံပင်ဖောင်ဒေးရှင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ သဘာဝဘေးသင့်ပြည်သူများ၊ ပညာသင် ကြားရန် ချို့တဲ့သည့်သူများကို ထောက်ပံ့ ကူညီလျက်ရှိပြီး မကြာခင်လှည်းကူးမြို့ နယ်ရှိအနာကြီးရောဂါသည်များအား သွားရောက်ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။  

 

              ဇော်မြင့်