လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် အစိုးရက သြဇာမသက်ရောက်နိုင်သေးဟုဆို

ဇော်မြင့်
Tuesday, July 4, 2017 - 12:00

ညှဉ်းပန်းနှိပ်စက်မှုတွေကို လက်နက် ကိုင်အဖွဲ့အစည်းများကသာကျူးလွန်နေ ခြင်းဖြစ်ပြီး ယင်းလက်နက်ကိုင်အဖွဲ့အစည်း များအပေါ်လက်ရှိအစိုးရကသြဇာမသက် ရောက်နိုင်သေးကြောင်း နိုင်ငံရေးအကျဉ်း  သားများကာကွယ်စောင့်ရှောက်ရေးအသင်း   (AAPP)  မှ ပြည်တွင်းတာဝန်ခံကိုအောင် မျိုးကျော်ကပြောသည်။

ဇွန် ၂၉ ရက်တွင် ဆန်းမစ်ပတ် ဗျူးဟိုတယ်၌ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများဖိုရမ် (HRDF)  က ကျင်းပပြုလုပ်သည့်အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးအသိပညာ  မျှဝေပွဲတွင်ပြောကြားလိုက်ခြင်းဖြစ်သည်။  

“ညှဉ်းပန်းနှိပ်စက်မှုလုပ်တာက အစိုးရ ဘက်ကတစ်ခုတည်းမဟုတ်ဘူး။ တိုင်းရင်း သားလက်နက်ကိုင်တွေဘက်ကလည်း လုပ်တာပဲဆိုတာတောက်လျှောက်တွေ့နေ ရတယ်။ UNCAT ကိုအစိုးရအနေနဲ့လက် မှတ်ထိုးဖို့ ကျွန်တော်တို့အဆက်မပြတ် တိုက်တွန်းနေပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းတုန်းက အခုမကွေးတိုင်းဝန်ကြီး ချုပ်ဖြစ်နေတဲ့ ဒေါက်တာအောင်မိုးညိုက UNCAT ကို အစိုးရကလက်မှတ်ထိုးဖို့ အဆိုတင်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရက လက်မှတ်ထိုးပါ့မယ်လို့ကတိပေးခဲ့ပေမဲ့သူ တို့ဆင်းခါနီးမှာအဆင်သင့်မဖြစ်သေးလို့ မထိုးခဲ့နိုင်ဘူးလို့အကြောင်းပြပါတယ်။ အဲဒီတော့ ဒီအဆိုကိုအစိုးရအနေနဲ့ ဆက် လက်အကောင်အထည်ဖော်ပေးဖို့ရှိမရှိ မေးခွန်းမျိုးတွေအခုလွှတ်တော်ကိုယ်စား လှယ်တွေက မေးပေးဖို့ကျွန်တော်တို့တောင်း ဆိုနေတာရှိပါတယ်။ ကျွန်တော်တို့ လွှတ် တော်ကိုယ်စားလှယ်များကလည်း သူတို့ စကားလုံးနဲ့ ပြောရရင်မူအားဖြင့် သဘော တူတယ်ပေါ့။ လက်တွေ့တော့မပါသေး ဘူး။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံဟာညှဉ်းပန်းနှိပ်စက်မှုတွေလုံးဝမရှိ တော့တဲ့ နိုင်ငံအဖြစ်ကမ်္ဘာ့အလယ်တင့် တယ်လာမယ်လို့ယုံကြပါတယ်”ဟု ကို အောင်မျိုးကျော်ကဆိုသည်။

ဆက်လက်ပြီး ညှဉ်းပန်းနှိပ်စက်မှု ကြောင့် စစ်ကြောရေးစခန်းနှင့် အကျဉ်း ထောင်များအတွင်းသေဆုံးသူ ၂၀၀ ခန့် ရှိကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်း များအပေါ်အစိုးရကသြဇာမသက်ရောက် သေးကြောင်း ပြောသည်။

“ပြီးခဲ့တဲ့လပိုင်းက ကသာထောင်မှာ ဖြစ်တဲ့ကိစ်္စဆိုရင် သူငယ်ချင်းမိန်းမခိုးတာ အဖော်လိုက်သွားတဲ့သူအဖမ်းခံရတယ်။ ထောင်ထဲရောက်တယ်။တန်းစီးကရိုက်တော့  သေသွားရော။အဲဒါကိုထောင်က သူ့မှာ နဂိုတည်းက ရောဂါပါလာတာတဲ့။ အဲဒီ ရောဂါနဲ့သေတာ။ရိုက်လို့သေသွားတာ မဟုတ်ဘူးတဲ့။ဒါကိုကြည့်ရင် ကျွန်တော်တို့ ဥပဒေတွေက အများကြီးပြင်ဆင်ဖို့လိုနေ တယ်ဆိုတာ ထင်ရှားတယ်။ ညှဉ်းပန်း နှိပ်စက်မှုတွေကို လက်နက်ကိုင်အဖွဲ့ အစည်းတွေကသာကျူးလွန်နေတာဖြစ် တယ်။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်း တွေကို ကျွန်တော်တို့အစိုးရကသြဇာ မသက်ရောက်နိုင်သေးဘူး။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ်မှာ လက်မှတ်မထိုး နိုင်သေးတာဖြစ်တယ်”ဟု ၎င်းင်းကဆိုသည်။

ယင်းဆွေးနွေးပွဲတွင် မန်္တလေးမှ လူ့ အခွင့်အရေးလှုပ်ရှားသူဒေါ်အမာနီ၊ CAN  အဖွဲ့မှ စောဇင်မောင်စိုးတို့ကလည်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။   ဇော်မြင့်