မကွေးတိုင်းဒေသကြီး၊ မြို့နယ်နှစ်ခုတွင် လင်းယုန်စီမံချက် တစ်ပတ်ကာလအတွင်း ပြစ်မှုကျူးလွန်သူ လူတစ်ရာကျော်ဖမ်းဆီးအရေးယူခဲ့၊ လေးခွကိုင်သူမဖမ်းတော့ပါ

မကွေးတိုင်းဒေသကြီး၊ မြို့နယ်နှစ်ခု တွင် ခိုး၊ ဆိုး၊ လု၊ နှိုက်များ ကျဆင်းစေ ရန်အတွက် မကွေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး၏ လမ်းညွှန်မှုအရ လင်းယုန်စီမံချက် ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ဆောင် ရွက်လျက်ရှိရာ တစ်ပတ်တာကာလ အတွင်း မကွေးမြို့နယ်နှင့် တောင်တွင်း ကြီးမြို့နယ်တို့မှ ပြစ်မှုကျူးလွန်သူလူတစ် ရာကျော်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး စာရင်းမှတ်တမ်း များအရ သိရသည်။
အဆိုပါ ဖမ်းဆီးအရေးယူခဲ့မှုများ တွင် မကွေးခရိုင်ရှိ မကွေးမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့မှ လင်းယုန် စီမံချက် စက်တင်ဘာ ၃ ရက်မှ စက်တင် ဘာ ၉ ရက်အထိ တစ်ပတ်တာကာလ အတွင်း လက်နက်ပုန်းရှစ်ခု၊ လောင်းက စားတစ်မှု၊ မူးယစ်ဆေးဝါးတစ်မှု၊ ရဲအက် (၃၉)မှု၊ ကျင့်/၅၄တစ်မှု၊ မော်တော်ယာဉ် ဥပဒေ(၄၀)မှုတို့ ပါဝင်ခဲ့ပြီး အဆိုပါအမှု များမှ ပြစ်မှုကျူးလွန်သူစုစုပေါင်း အမျိုး သား ၁၁၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ ခြင်း ဖြစ်သည်။
ထို့အပြင် လင်းယုန်စီမံချက်တစ်ပတ် တာကာလတွင် ပြေးလေးပြေးနှင့်ပတ် သက်၍ တရားခံပြေးသုံးမှု၊ စစ်ပြေးတစ်မှု၊ ရဲပြေးတစ်မှု၊ စုစုပေါင်းငါးမှု ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
လင်းယုန်စီမံချက်ကာလအတွင်း တောင်တွင်းကြီးမြို့နယ်၌ အမျိုးသား တစ်ဦးကို လောက်လေးခွကိုင်ဆောင် မှုဖြင့် ဖမ်းဆီးအရေးယူမှုရှိခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ရာ နောက်ပိုင်း တွင် လောက်လေးခွကိုင်ဆောင်သူများ ကို ဖမ်းဆီးအရေးယူမှုမပြုတော့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
““ယခုလို လုပ်ဆောင်ပေးတာ ကောင်းတယ်။ မကွေးမြို့ပေါ်မှာ မကြာခဏဆိုသလို ဆွဲကြိုးဖြတ်ပြေးမှု တွေ ဖြစ်ပေါ်နေတာ ကြားနေရတယ်။ သမီးဖြစ်သူ အိမ်မရောက်မချင်း စိတ်မ အေးရဘူး။ ညအပြင်ထွက်ရင် လက်ဝတ် လက်စားတွေ မ၀တ်သွားဖို့ အတန်တန် မှာနေရတယ်။ ခုအချိန် စီမံချက်ကာလ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတော့ စိတ်ပေါ့””ဟု ဈေးလယ်စိုးရပ်ကွက်နေ ဒေါ်သန်းသန်းဌေးက ပြောသည်။
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဦးစီး အရာရှိ ပထမတန်းဒုတိယရဲမှူးကြီးတင် မိုးက ““တိုင်းဒေကြီးအတွင်း မြို့နယ် ၂၅ မြို့နယ်ရှိသည့်အနက် ရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက်မှုများလာ တဲ့ မကွေးမြို့နယ်နှင့် တောင်တွင်းကြီးမြို့ နယ်နှစ်ခုကို ပထမဦးဆုံးအနေဖြင့် ဦးစား ပေးပြီး စမ်းသပ်လုပ်ကြည့်တာပါ။ ပြည် သူလူထုပူးပေါင်းပါဝင်လာရေးနှင့် အသိ ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် အိမ် တိုင်ရာရောက်လုပ်ငန်းများနှင့် မှုခင်းပညာ ပေးလုပ်ငန်းများကို ရက် ၃၀ စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်တယ်။ ရက် ၃၀ အကောင်အထည် ဖော်ပြီးတဲ့နောက်မှာ အမှုဖြစ်ပွားမှုများတဲ့ နေ့ရာတွေကို ဒီလိုစီမံချက်ဖြင့် ဆက်လက် အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်”” ဟု စက်တင်ဘာ ၁၀ ရက်တွင် ပြောသည်။
မကွေးမြို့နယ်နှင့် တောင်တွင်းကြီး မြို့နယ်တို့တွင် ခိုး၊ ဆိုး၊ လု၊ နှိုက်များကျင် ဆင်းစေရေးအတွက် လင်းယုန်စီမံချက် ကာလမှာ စက်တင်ဘာ ၃ ရက်မှ အောက် တိုဘာ ၂ ရက်အထိဖြစ်ကြောင်း သိရ သည်။
သီဟဘုန်းမိုရ်
Date: 
Tuesday, September 11, 2018