မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းကြောင့် ထိုင်း-မြန်မာ ကုန်သည်အချို့ ကုန်သွယ်မှုရပ်နား

မြ၀တီတွင်  ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် တစ်ပိုင်တစ်နိုင်ကုန်သွယ်ရေးလုပ်ငန်းရှင် အများစု ကုန်သွယ်မှုရပ်နားထားကြောင်း ဒီဇင်ဘာ ၂၅ရက်တွင် စုံစမ်းသိရှိရသည်။

ထိုင်း-မြန်မာငွေလဲလှယ်မှုနှုန်းတွင် ယခင်က  မြန်မာကျပ်ငွေ တစ်သိန်းကျပ် လျှင် ထိုင်းဘတ်ငွေ ၂၉၀၀နှင့် ၃၀၀၀ ကျော်ရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း မြန်မာ ကျပ်ငွေ တစ်သိန်းကျပ်လျှင် ထိုင်းဘတ် ငွေ ၂၅၀၀အထိသာ ပေါက်ဈေးရှိတော့ ကြောင်း သိရသည်။

““အရင်က ပစ္စည်းတစ်ခုရောင်းပြီဆို ရင် မမြတ်ဘူးဆိုရင် ၂သိန်းခွဲပဲ။အခုဘတ် ဈေးတွေကတက်တော့ အမြတ်က သိပ် မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ထိုင်းက ရောင်းဝယ်ရေးက ဈေးမတက်ဘူး။ ဘတ်  ဈေးကတက်တော့ အစ်မတို့ဆိုရင်အလုပ် မလုပ်နိုင်ဘူး။ အခုဆိုပစ္စည်းတစ်မျိုးကို တစ်သိန်းလောက်ကျန်အောင်မနည်းကျန် အောင်လုပ်နေရတယ်”” ဟု အသေးစား တစ်ပိုင်တစ်နိုင်ကုန်သည်တစ်ဦးဖြစ်သူ မခင်ဌေးက ပြောသည်။

တစ်ပိုင်တစ်နိုင်ဈေးသည်များ ကုန် သွယ်မှုရပ်နားထားခြင်းကြောင့်ထိုင်းနိုင်ငံ၊  မဲဆောက်ဈေးရှိ လက်လီဖြန့်ဖြူးရောင်းချ သူများ  အရောင်းအ၀ယ်အေးလျက်ရှိ ကြောင်း သိရသည်။

““အရင်  ဒီဇင်ဘာလတွေတုန်းက တော့ အရောင်းအ၀ယ်တော်တော်ဖြစ် တယ်။ ဒီနှစ်တော့ အရောင်းအ၀ယ်က တော်တော်အေးတယ်။ ကုန်သည်တွေ လည်း သိပ်လာမ၀ယ်ကြတော့ဘူး”” ဟု မဲဆောက်ဈေးတွင်   အလှကုန်ပစ်္စည်း လက်လီလက်ကားရောင်းချသောဒေါ်စိတ် တိုဆိုင်ပိုင်ရှင်က ပြောသည်။

လက်ရှိတွင်ဒေါ်လာဈေးမတည်ငြိမ် မှုဖြစ်စဉ်နှင့်မြန်မာကျပ်ငွေတန်ဖိုးကျဆင်း ခြင်းကြောင့်  တစ်ပိုင်တစ်နိုင်ကုန်သည် များ  ၀ယ်ယူမှုအားနည်းသွားကြောင်း လက်လီရောင်းချသူများက ပြောဆိုကြ သည်။

““အရင်ကလိုတော့  အရောင်းက မသွက်တော့ဘူး။   ဘာလို့လဲဆိုတော့ ဘတ်ဈေးကတက်နေတာကိုး။ကျွန်တော် တို့ဆိုင်ကယ်ရောင်းဝယ်ဆိုတာကလည်း ဘတ်ဈေးနဲ့တွက်ပြီးဝယ်ရတာ၊ ရောင်းရ တာလေ။ ဘတ်ဈေးငြိမ်တော့မှ ရောင်း အားကောင်းတာ။ အခုဈေးကမငြိမ်တော့ ဆိုင်ကယ်တွေက    ရောင်းမထွက်ဘူး။ တချို့ကျွန်တော့်အသိတွေဆိုရင် လုပ်ငန်း တောင်နားထားကြတာ”” ဟု ဆိုင်ကယ် လိုင်စင်မဲ့မှောင်ခိုရောင်းချသူ ကိုစောထူး (အမည်လွှဲ)က ပြောသည်။

လက်ရှိအခြေအနေတွင်အသေးစား တစ်ပိုင်တစ်နိုင် ကုန်ပစ်္စည်း ကုန်သွယ်မှု ပြုသူများ  ကုန်သွယ်မှုရပ်နားထားသည့် အတွက် ထိုင်းထုတ်ကုန်များကို မြန်မာ နိုင်ငံ ကိုယ်စားလှယ်အဖြစ် တင်သွင်း ရောင်းချသော ကုန်ပစ္စည်းများမှအပ ကျန်ကုန် ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်ကာ ဈေးနှုန်းမြင့်နေကြောင်း သိရသည်။

ဖြိုးအောင်

Date: 
Tuesday, December 27, 2016