သီရိမင်္ဂလာဈေးသစ်အနီးရှိ ပျံကျဈေးသည်များကို နိုဝင်ဘာ ၁၆ ရက်မှ စတင်အရေးယူဆောင်ရွက်

သီရိမင်္ဂလာဈေးသစ်အနီးရှိယာဉ်ရပ်  နားကွင်းနှင့် လမ်းမကြီးပေါ်တွင် ရောင်းချ  နေသည့်ပျံကျဈေးသည်များကို ယခုလ ၁၆ ရက်နေ့မှစတင် အရေးယူဆောင်ရွက် လျက်ရှိကြောင်း မြို့တော်စည်ပင်ဈေးများ ဌာန၊ ဒုတိယဌာနမှူးဦးသောင်းနေ၏ ပြောကြားချက်အရ သိရသည်။

သီရိမင်္ဂလာဈေးယာဉ်ရပ်နားကွင်း ကျူးရောင်းသူများနေရာချထားရေးသတင်း စာရှင်းလင်းပွဲအား နိုဝင်ဘာ ၁၁ ရက်တွင် ဈေးကြီးကြပ်ရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ ပြီး အဆိုပါအခမ်းအနားတွင်၎င်းင်းကပြော ကြားခဲ့ခြင်းဖြစ်သည်။

“သီရိမင်္ဂလာဈေးသစ်အနီးမှာရှိတဲ့ ပျံကျဈေးသည်တွေကို အခုလ ၁၆ ရက် က စပြီးအရေးယူဆောင်ရွက်သွားမှာပါ။ ဒီဈေးရုံတွေထိပ်မှာ အရင်ကတည်းက၊ တည်ဆောက်ခဲ့ကတည်းက ဒီဈေးရုံတွေ ဘေးကနေ ကားတွေဖြတ်သွားပြီးတော့ ကုန်တင်ကုန်ချလုပ်လို့ရအောင်စီစဉ်ထား ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ဈေးရုံတွေ ထဲက မှတ်ပုံတင်ဆိုင်ခန်းတွေက သူတို့ရဲ့ ရှေ့ကို ၅ ပေ၊ တချို့ ၇ပေ၊ ၈ ပေလောက် ထိ ကျူးကျော်ပြီးရောင်းနေတဲ့အတွက် ကြောင့် ပေ ၂၀ လမ်းမက လက်ရှိညဘက် ကိုလာကြည့်ရင် ၄ ပေ၊ ၅ ပေအဲဒီလောက် လေးပဲသွားလို့ရတော့တယ်။ ကျွန်တော် တို့သာစည်းကမ်းကိုစနစ်တကျထိန်းလိုက် ရင်ဒီပေ ၂၀ လမ်းက ပြည့်ပြည့်၀၀အသုံး ချနိုင်မယ်ဆိုရင်ကားနှစ်စီးကရှောင်ပြီး တော့ သွားနိုင်မယ်လို့သုံးသပ်တွေ့ရှိရပါ တယ်”ဟု မြို့တော်စည်ပင်၊ဈေးများဌာန၊ ဒုတိယဌာနမှူးဦးသောင်းနေကပြောသည်။

သီရိမင်္ဂလာဈေးသစ်အနီးရှိမြေကွက် များအား လူဆိုးလူမိုက်အဖွဲ့များကတစ်ပေ တစ်သိန်းဖြင့် စတင်ရောင်းချခဲ့ကြောင်း၊ အဆိုပါရောင်းချမှုအားဈေးတာဝန်ရှိသူများ ကတားဆီးအရေးယူခြင်းမရှိကြောင်း၊ သက်ဆိုင်ရာဌာနများသို့လည်း အရေး ယူဆောင်ရွက်ဟန့်တားရန်တင်ပြခြင်းမရှိ ကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူဦးသန်း ထွေးကပြောသည်။

“ဒီဈေးနားကမြေကွက်တွေကိုတစ်ပေ တစ်သိန်းနဲ့ စရောင်းတယ်။ ဈေးတာဝန်ခံရုံး ရှေ့ကစရောင်းတယ်။ စရောင်းနေတဲ့အချိန် မှာ စည်ပင်သာယာဈေးတာဝန်ခံက၊ ဈေး များဌာနတာဝန်ရှိတဲ့ ပုဂ်္ဂိုလ်က တစ်ပေတစ် သိန်းနဲ့ ရောင်းနေတဲ့ လူဆိုးလူမိုက် အဖွဲ့ကို ဘာလို့မဟန့်တားသလဲ။ပိတောက် ချောင်းရဲစခန်းနဲ့ ကပ်ရပ်ကိုဘာလို့ရဲစခန်း ကို မတိုင်တာလဲ။သက်ဆိုင်ရာအသီးသီး ကို ဘာကြောင့် အရေးယူဆောင်ရွက်ဖို့ ဟန့်တားဖို့မတင်ပြသလဲ။ အဲဒါကို ကြည့်  ခြင်းအားဖြင့် ပူးပေါင်းစားနေတယ်လို့ ကျွန်တော်ကသတ်မှတ်တယ်”ဟု ပွဲရုံလုပ် ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်သည့်ဦးသန်းထွေး ကပြောသည်။

သီရိမင်္ဂလာဈေးသစ်အနီးရှိပျံကျဈေး သည်များအား ယခုလ ၁၆ ရက်မှစပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သော ကြောင့် ဈေးသစ်၏အနောက်ဘက်ဈေး ရုံများတွင် ပြောင်းရွှေ့ရောင်းချရမည့်ဈေး သည်များအနေဖြင့် အရောင်းအ၀ယ် အဆင်မပြေနိုင်သည့်အခြေအနေအပေါ် စိုးရိမ်မှုများရှိနေကြကြောင်း၊ အမှန်တကယ် စည်းကမ်းဖောက်ချင်သူစည်းကမ်းဖောက် မည်ဟုကြံစီမိပါမူ စည်းကမ်းဥပဒေများ အား ထိန်းသိမ်းစောင့်ရှောက်ရမည့်တာ  ၀န်ရှိသူများက စည်းကမ်းဖောက်ခွင့်မရ စေရန် ယခင်ကတည်းကထိန်းသိမ်းသင့် ကြောင်း၊ ယခုအချိန်တွင် အစုလိုက် စည်းကမ်းဖောက်ဖျက်နေခြင်းကြောင့် အချိန်လွန်နောက်ကျနေပြီဖြစ်ကြောင်း၊ ယခုမှစ၍ ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ဈေးရောင်းချသူတစ်ဦးဖြစ်သည့်ကိုချိုကြီး ကပြောသည်။               

ကျော်ကိုကို

Date: 
Tuesday, November 15, 2016