ရန်ကုန်လေးမြို့နယ်ရှိ လမ်းဘေးဈေးသည်များ နိုဝင်ဘာလ၂၄ရက်တွင် ကမ်းနားလမ်းရှိ ညနေဈေးတန်းနေရာသစ်သို့ စတင်ပြောင်းရွှေ့မည်

ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များရှိ လမ်းဘေး ဈေးသည်များ နိုဝင်ဘာလ ၂၄ ရက်နေ့ ကမ်နားလမ်းရှိ ညနေဈေးတန်းနေရာသို့ စတင်ပြောင်းရွေ့ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် အမှတ်(၁) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာထံမှ သိရသည်။

““လမ်းဘေးဈေးသည်အဆိုက လွှတ်တော်ထဲမှာတင်တာ အစ်မတင်တာ ပါ။ အစ်မတို့ကတော့ ကောင်းမွန်တဲ့ အစီအမံဆိုတာ မဖြစ်မနေရွှေ့ပေးရမယ် ဆိုတဲ့ပုံစံတော့မပါဘူး။ အဓိကက မိန်း လမ်းကြီးလေးခုမှာမရောင်းဘဲနဲ့ တခြား လမ်းကြားလေးတွေထဲမှာ  အကန့် အသတ်ကလေးနဲ့ရောင်းဖို့ပါ၊၊ အဆိုကို တင်ထားတဲ့ အချိန်မှာပဲ မြို့တော် ၀န်ကြီးကလည်း လုပ်နေတယ်။ သူတို့ အစီအမံက ကမ်းနားလမ်းဘက်ကိုရွှေ့ မယ်ပေါ့။ အစ်မတို့ ကျောက်တံတားဆို ဘဏ်လမ်းဘက်တွေကို ရွှေ့မယ့်ပုံစံဖြစ် သွားတယ်။ သူတို့ကလည်း စနစ်တကျ စီမံထားတယ်။ ပိုက်ဆံတွေလည်း အများ ကြီးကုန်ထားတယ်””ဟု ကျောက်တံ တားမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က ပြောသည်။

ဈေးသည်များရွှေ့ပြောင်းရန်အတွက် လုပ်ငန်းလိုင်စင်မှအစပြုကာ ရေ၊ မီး၊ အိမ်သာကိစ်္စများအတွက်ပါ ဆောင်ရွက် နေကြောင်းလည်း သိရသည်။

အဆိုပါ လမ်းဘေးဈေးသည် များမပြောင်းရွှေ့ခင် ၁၀ ရက်အလိုတွင် ကြိုတင်ကာ လမ်းဘေးဈေးသည်များကို ပြောင်းရွှေ့ရမည့်ကိစ်္စများနှင့်ပတ်သက်၍ စည်ပင်သာယာဌာနက ပညာပေးရှင်းပြ သွားမည်ဖြစ်ကြောင်းသိရသည်။

““လမ်းဘေးဈေးသည်တွေကော၊ ကားရပ် နားနေသူများကိုကော ပြောင်း ရွှေ့ရမယ့်ကိစ်္စများနဲ့ပတ်သက်လို့ ရှင်းပြ သွားပါမယ်။ ရောင်းနေတဲ့သူတွေက တော့ ဘယ်ကြိုက်ပါ့မလဲ။ မကြိုက်ဘူး လေ၊ အစ်မတို့အနေနဲ့က ဒါက မြို့လယ် ကောင်လေ။ တခြားနိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ။စစရွှေ့ချင်းဆို သဘောမကျ ဘူး။ သူတို့တွေက ဒီနေရာသစ်မှာရောင်း ရမှာမဟုတ်ဘူးပေါ့လေ။ အဲလိုမျိုးတွေ ဖြစ်ပေမယ့်လည်း နောက်ပိုင်းကျတော့ ငြါ့အ မြေုနအ တို့၊ငြါ့အ ဖြေဖမေ ရှိတယ် လေ။ လူတွေကလည်း နောက်ပိုင်းတော့ စားစရာ အစုံရှိတဲ့နေရာမှာပဲ သွားစား ကြတာပေါ့။ လမ်းလေးတော့ နည်းနည်း လျှောက်လိုက်ရတာပေါ့””ဟု ဒေါ်ကြည် ပြာက ပြောသည်။

အဆိုပါ မြို့တွင်းလေးမြို့နယ်ရှိ လမ်း ဘေးဈေးသည်များစာရင်းကို ဇူလိုင်လ အတွင်းမှစတင်ကောက်ခံခဲ့ပြီး မှတ်ပုံတင် ထားသူ စုစုပေါင်း ၆၀၄၁ ဦးရှိနေကာ နေရာသစ်ဖြစ်သောကမ်းနားလမ်းညဈေး တန်းသို့ ၁၆၀၀ ကျော်ခန့် ပြောင်းရွှေ့ နေရာချထားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့တွင်း လေးမြို့နယ်ကို ရှေ့ပြေးစီမံကိန်းအနေဖြင့် စတင်ဆောင် ရွက်ခြင်းဖြစ်ပြီး အစားသောက်ဆိုင်များ၊ သစ်သီးဆိုင်တန်းများကို ဦးစားပေး ပြောင်းရွှေ့သွားမည်ဖြစ်ကာ နေရာသစ်ရှိ ဆိုင်ခန်းနေရာများကို မဲနှိုက်ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ဦးခင်မောင်ဇော်၏ပြောပြချက်အရ သိရ သည်။

““အခုမြိုတွင်းလေးမြို့နယ်ကို ရှေ့ ပြေးဆောင်ရွက်တာပါ။ နောက်ပိုင်းကျန် မြို့နယ်တွေကိုလည်းဆက်လက်အကောင် အထည်ဖော်မှာပါ။ စားသောက်ဆိုင် တန်းတွေနဲ့ သစ်သီးတန်းတွေကို အရင်ဦး စားပေးဆောင်ရွက်မှာပါ။ ဆိုင်ခန်းနေရာ အတွက်ကိုတော့ မဲနှိုက်ရွေးချယ်ပေးသွား မှာပါ”ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဌာနမှူးဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါ ကမ်းနားလမ်း ညဈေးတန်း သို့ ပြောင်းရွှေ့ရမည့်အတွက် အခက် အခဲရှိလာမည်ကို စိတ်ပူမိကြောင်းလည်း လသာမြို့နယ်ရှိ လမ်းဘေးဈေးသည် တစ်ဦးဖြစ်သောဒေါ်မြ၀င်းကပြောသည်။

““ကျွန်မတို့အနေနဲ့ နေရာသစ်ကို ပြောင်းဖို့အခက်အခဲရှိပါတယ်။ အခုနေ ရာမှာ ရောင်းနေတာ ၁၅ နှစ် လောက် ရှိပြီး နေရာသစ်ဆိုရင် လူကလာစားမှာ မဟုတ်ဘူး။ ကျွန်မတို့က ဆိုင်ခန်းပိုင် မရှိလို့ လမ်းဘေးရောင်းနေရတာပါ။ မိသားစု စားဝတ်နေရေးတော့ ခက်ပြီ ပေါ့။ လွှတ်တော်အမတ်တွေကိုလည်း အဆင် ပြေအောင်လုပ်ပေးပါဦးလို့ပြော ချင်ပါတယ်””ဟု လသာမြို့နယ်ရှိလမ်း ဘေးဈေးသည်တစ်ဦးဖြစ်သော ဒေါ်မြ ၀င်းက ပြောသည်။

လမ်းဘေးဈေးသည်များအတွက် နေရာသစ်ဖြစ်သော ကမ်းနားလမ်းည ဈေးတန်းကို ကမ်းနားလမ်းတစ်လျှောက် အောင်ရတနာလမ်းမှ ပန်းဆိုးတန်းလမ်း အထိ ကျောက်တံတားမြို့နယ် မဟာ ဗန္ဓုလပန်းခြံလမ်းနှင့်ကမ်းနားလမ်းကြားကို ကမ်းနားလမ်းညဈေးတန်းဧရိယာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ဆိုင်ခန်းများကိုလည်း ၈ ပေ ပတ် လည်၊ ၆ ပေပတ်လည်၊ (၄x၈) ပေ ပတ် လည်သတ်မှတ်ထားကြောင်းလည်း သိရ သည်။      ဇော်မင်း(မြစ်မခ)      

Date: 
Tuesday, November 15, 2016