အာဏာရှင်နှစ် ၅၀ ခေတ်ဟောင်းကအကျင့်ဟောင်း၊ အကျင့်ဆိုးတွေကိုပြင်ဖို့လိုပြီ

ခင်ဗျားတို့ဟာ၊ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှု ကိုထိန်းသိမ်းကြ ပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက်ရှေ့ကို လွတ်လပ်ရေးအရသာခံစား၊ စံစားချင် တယ်ဆိုရင်အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့ အခု ကတည်းကခင်ဗျားတို့ကိုယ်ကိုအကျင့်ဆိုးတွေ၊ အကျင့် ဟောင်းတွေ၊ (---)ကျင့်တွေကိုပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော့်ကနေ့ပြောခဲ့ချင်တယ်။

(ဗိုလ်ချုပ်အောင်ဆန်း)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်က ရန်ကုန် မြို့၊ မြို့တော်ခန်းမကြီး၌ ပြည်သူလူထုအားဗိုလ်ချုပ် အောင်ဆန်းသက်ရှိထင်ရှားရှိစဉ်နောက်ဆုံးပြောကြား ခဲ့သည့်မိန့်ခွန်းဖြစ်သည်။

ပြတ်သားတိကျ၍ပွင့်ပွင့်လင်းလင်းပြောဆိုသွား ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏နောက်ဆုံးမိန့်ခွန်း စကားသည် ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံ၏ဒီမို ကရေစီ  နေအရုဏ်တက်ချိန်တွင် ကသောင်းကနင်း ဖြစ်ရပ်များ၊ ပရမ်းပတာပြဿနာများ၊ ကိုယ်ကျိုးရှာ ၍အများအကျိုးကိုလျစ်လျူရှုသူများ၊ ဘေးထိုင်၊ ဘိုင် ကျ၊ ဘုပြောနေကြသည့် သူတို့အားဗိုလ်ချုပ်အောင် ဆန်းကလက်ညှိုးငေါက်ငေါက်ထိုး၍ပြောကြားသွား သလားဟုပင်ထင်ရသည်။

လွန်ခဲ့သောနှစ်ပေါင်း ၇၀ နီးပါးက ဗိုလ်ချုပ် အောင်ဆန်း မိန့်ကြားခဲ့သည့် မိန့်ခွန်းစကားကို ဖတ်ရှုရသောအခါ ဤစာရေးသူ တက္ကသိုလ်စိန်တင် သည် အာဇာနည်ဗိမာန်သို့အပြေး သွားပြီး ““ဗိုလ်ချုပ် ခင်ဗျား၊ ဒီကနေ့ကျွန်တော်တို့ ပြည်ထောင်စုမြန် မာနိုင်ငံမှာလည်းဗိုလ်ချုပ်ပြောခဲ့ဖူး တဲ့မိန့်ခွန်းဟာ အရေးပါ၊ အရာရောက်ဆဲဖြစ်နေပါ တယ်ခင်ဗျား။ ဘာကြောင့်လဲဆိုရင် နှစ် ၅၀ အာ ဏာရှင်ခေတ်လွန် မြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာ အမျိုးသားတွေ လိမ်မာရေးခြား မရှိကြသေးပါခင်ဗျား”” ဟုတိုင်တည် ပြောဆိုချင်တော့သည်။

ပြောချင်သေး၏။ ဟိုတလောကနိုင်ငံရေးပါတီ ၁၃ ဖွဲ့ခေါင်းဆောင်၍ကြေညာချက်တစ်စောင်ထုတ် ပြန်သည်ကိုဖတ်လိုက်ရသည်။ အားနာစွာနှင့်ပဲပြော ပါရစေ။ ထိုနိုင်ငံရေး ၁၃ ပါတီဆိုသည်မှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင်အထင်ကြီး တစ်ခွဲသားနှင့်ဝင်ရောက်အရွေးခံပြီးအလဲလဲ၊ အကွဲ ကွဲ၊ ဖရိုဖရဲရှုံးပွဲကြီးကြုံတွေ့ခဲ့သည့် နိုင်ငံရေးပါတီ ၁၃ ဖွဲ့ဖြစ်သည်။  ပြည်သူလူထုအများကခင်ဗျားတို့ကို ကျုပ်တို့မလိုချင်တော့ဘူးဗျ။ ကျုပ်တို့ကိုအာဏာ ရှင်ဖနောင့်အောက်ကလွတ်မြောက်အောင်ကြံဆောင် ပေးနိုင်မယ့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကြီးကိုပဲ မဲဆန်္ဒပုံအောပြီးပေးလိုက်တော့မည် ဟု မပြောသော်လည်းပြောဘိသို့၊ မဆိုသော်လည်းဆို ဘိသို့လုပ်ပြခဲ့သည်ကိုပင် ““အမှတ်”” မရှိနိုင်ကြသေး။ သူတို့နိုင်ငံရေး ၁၃ ပါတီကထုတ်ပြန်သောကြေညာ ချက်မှာ လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီ အစိုးရအပေါ်ထော်လော်ကန့်လန့်၊ ငါ့စကားနွားရ ဝေဖန်ထိုးနှက်လိုက်သောအကြောင်းအရာများဖြစ် နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့၏။ လွတ်လပ်  ရေးကိုလိုချင်လျှင် လွတ်လပ်ရေးရနိုင်လောက်သည့် ညီညွတ်မှုကို ထိန်းသိမ်းကြပါတဲ့။ ယခုလည်းပြောချင် ပါသည်။ ဒီမိုကရေစီကိုလိုချင်လျှင် ဒီမိုကရေစီရနိုင် လောက်သည့် ညီညွတ်မှုကိုထိန်းသိမ်းကြပါ။ ခင်ဗျား တို့အကျင့်ဆိုး များ၊ အကျင့်ဟောင်းများ၊ (---) ကျင့် များပြင်ရန်လိုပြီဟု ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့ သလိုမဲရှုံးသည့် နိုင်ငံရေးပါတီ ၁၃ ဖွဲ့သတိထားကြ ရန်လိုပြီဟု ပြောလို၏။

ပြောချင်သေး၏။ ဒီဇင်ဘာလ ၅ ရက်ထုတ် ကြေးမုံသတင်းစာတွေအောက်ပါခေါင်းစဉ်ဖြင့်သတင်း တစ်ပုဒ်ပါရှိခဲ့၏။ သတင်းခေါင်းစဉ်မှာဤသို့ဖြစ်၏။

““ရန်ကုန်မြို့ပတ်လမ်းပိုင်းနှင့် ဆင်ခြေဖုံးရထား လမ်းပိုင်းများတွင် ယခုနှစ်ဇန်န၀ါရီလမှ နိုဝင်ဘာလ အထိရထားခဲပေါက်မှုလေးကြိမ်ဖြစ်ပွား””

သတင်းအကျဉ်းချုပ်မှာဤသို့ဖြစ်သည်။ ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း၊ ဆင်ခြေဖုံးအပါအ၀င်နေ့စဉ်ျွနြ ရထား ၁၁ စင်း၊ လော်ကယ်ရထား ၁၂ စင်း၊ စုစုပေါင်း ၂၃ စင်းဖြင့်ခေါက်တို၊ ခေါက်ရှည်ပြေးဆွဲ နေရာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန် အထိ မြို့ပတ်ရထားလမ်းပိုင်းတွင်ရထားအားခဲဖြင့် ပေါက်မှုလေးကြိမ်ဖြစ်ပွားခဲ့ပြီး ခရီးသည်နှစ်ဦးဒဏ် ရာရရှိကာပြစ်မှုကျူးလွန်သူများကိုသက်ဆိုင်ရာရဲစခန်း များတွင်အမှုဖွင့်အရေးယူထားသည်ဟုသိရ၏။

ပြောချင်သေးသည်။ မှတ်မိသမျှနယ်ချဲ့ဗြိတိသျှ ခေတ်ကပြေးဆွဲခဲ့သောမီးရထားများတွင်လည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ မြန်မာ့လွတ်လပ်ရေးရရှိပြီးသည့်ခေတ် ပြေးဆွဲခဲ့သည့်မီးရထားများတွင်လည်းကောင်း မီးရ ထားခုတ်မောင်းသွားစဉ်လမ်းဘေးမှခဲဖြင့်ပေါက်သည့် အမှုမျိုးတစ်ကြိမ်တစ်ခါမှမကြားဖူးခဲ့ပါ။ မကြုံဖူးခဲ့ပါ။ သို့သော် ၂၆ နှစ်ကာလတော်လှန်ရေးကောင်စီခေတ်၊ တစ်ပါတီအာဏာရှင်ခေတ်အဆက်ဆက်တွင်ကား ဤစာရေးသူတက်္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာရေး) တို့မီးရထားဖြင့်ခရီးသွားစဉ် မီးမပါသောရထားတွဲကို လမ်းဘေးမှညဥ့်အချိန်မှောင်မှောင်၌ခဲဖြင့်ပစ်မှုများ မကြာခဏကြုံကြရသည်။ ရထားသွားနေသည်ကို လမ်းဘေးမှခဲဖြင့်ပစ်ပေါက်သဖြင့် ဘာအကျိုးထူး မည်နည်း။ ခဲဖြင့်ပေါက်သူမည်သို့အရသာခံစားရမည် နည်း။ စာရေးဆရာကြီးစလေဦးပုည၏စာသားကို ငှားယူသုံးစွဲရလျှင် ““လကွယ်နေ့ညသန်းခေါင်းယံတွင် တောအုပ်ကြီးအလယ် ကျင်းခုနှစ်တောင်တူး၍မိုက် သည့်လူမိုက်လုပ်ငန်း”” မျိုးသာဖြစ်တော့သည်ဟုဆို ချင်၏။ အာဏာရှင်ခေတ်အဆက်ဆက်တွင်ကြုံခဲ့ရ သောရထားခဲပေါက်မှုသည် အဘယ့်ကြောင့် မြန်မာ နိုင်ငံ၏ဒီမိုကရေစီအရုဏ်တက်ချိန်ထိပါလာခဲပါသ နည်း။ လူမှုရေးအသင်းဖွဲ့များ၊ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များ၊ ဘာသာရေးအသင်းအဖွဲ့များအားလုံး ၀ိုင်းဝန်းထိန်းသိမ်းကြပ်မတ်ဖို့လိုပေသည်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

 

တက္ကသိုလ်စိန်တင်