အာဏာရှင်စစ်ဗိုလ်ကြီးကို စားပွဲ လက်သီးနဲ့ထုပြီး ပြန်ဟောက်ခဲတဲ့ သတင်းစာဆရာ

စာပေသုတေသီ - ““သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း အမေရိကန်ပြည်ထောင်စုမှာ ကွန်လွန် အနိစ်္စရောက်ခဲ့တဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အမေရိကန်ပြည်ထောင်စုရောက်မြန်မာစာရေးဆရာ တွေ ကျင်းပခဲ့တဲ့သတင်းတစ်ပုဒ် ဂျာနယ်တွေမှာဖတ် ရှုရတယ်””

တက္ကသိုလ်စိန်တင် - ““ဟုတ်ပါတယ်ဗျာ။ မြန်မာနိုင်ငံ ကိုချစ်တဲ့ မြန်မာသတင်းစာဆရာ အကျော်အမော် ကြေးမုံဦးသောင်း နိုင်ငံရပ်ခြားမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့တာ ၁၀နှစ်တင်းတင်းပြည့်ခဲ့ပါပြီ””

စာပေသုတေသီ - ““ကြေးမုံဦးသောင်းနဲ့ တက်္ကသိုလ် စိန်တင်တို့နောက်ဆုံးတွေ့ကြတာဘယ်တုန်းကလဲဗျာ””

တက္ကသိုလ်စိန်တင် - ““ဆရာကြေးမုံဦးသောင်းဒုတိယ အိမ်ထောင် တက်္ကသိုလ်ဆရာမကြီး ဒေါ်တင်တင် ၀င်းနဲ့အတူ အမေရိကန်ပြည်ထောင်စုကို မထွက်ခွာ မီ ၁၉၇၈ ခုနှစ်က နောက်ဆုံးတွေ့ခဲ့၊ ကန်တော့ခဲ့ပါ တယ်။ တက္ကသိုလ်စိန်တင်ရဲ့ သတင်းစာလောက လက်ဦးဆရာကြေးမုံဦးသောင်းကို တပည့်တက်္ကသိုလ် စိန်တင် ဒူးထောက်ထိုင်ပြီး ဦးချကန်တော့တဲ့အခါ ဆရာ ဘယ်တော့မြန်မာပြည်ကို ပြန်လာမှာလဲလို့ မေးကြည့်တော့ ““မင်းတို့မြန်မာနိုင်ငံကြီး ပြန်လည် တိုးတက်လာတဲ့အချိန်ကျရင် ဆရာပြန်လာမှာပါ ကိုစိန်တင်။ မြန်မာနိုင်ငံကို တစ်သက်လုံးခွဲခွာပြီး မနေနိုင်ပါဘူး တပည့်ရာ”” လို့ ဆရာဦးသောင်းက ပြောခဲ့ပါတယ်””

စာပေသုတေသီ - ““ဒါနဲ့မေးရဦးမယ်။ ၁၉၅၈ ခုနှစ် မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက ၀န်ကြီးချုပ်တာဝန်နဲ့ အိမ် စောင့်အစိုးရအဖွဲ့ တက်လာစဉ်က ဗိုလ်မှူးကြီးမောင် မောင်နဲ့ ကြေးမုံသတင်းစာအယ်ဒီတာချုပ်ဦးသောင်း တို့ ဧည့်ခံပွဲတစ်ခုမှာ စားပွဲကိုလက်သီးနဲ့ထုပြီး ငြင်း ကြ၊ ခုန်ကြ၊ ဟိန်းကြ၊ ဟောက်ကြ ဖြစ်ခဲ့တယ်ဆို””

တက်္ကသိုလ်စိန်တင် - ““ဟုတ်ပါတယ်ဗျာ။ အဲဒီအချိန် ကာလက အိမ်စောင့်အစိုးရခေါ်ပြီး စစ်ဗိုလ်တွေအုပ် ချုပ်စဉ်က စစ်ဗိုလ်ဆိုရင် ဖိမ့်ဖိမ့်တုန်အောင်ကြောက် နေရတဲ့အချိန်ပါ။ ဒီအချိန်မှာ စစ်တပ်အကြီးအကဲ ဗိုလ်မှူးကြီးမောင်မောင်ကို ကြေးမုံဦးသောင်းက စားပွဲ လက်သီးနဲ့ထုပြီး ပြန်ဟောက်ခဲ့ဖူးတယ်””

စာပေသုတေသီ - ““ဒီအကြောင်း မှတ်တမ်းမှတ်ရာ ခိုင်ခိုင်မာမာရှိခဲ့သလား””

တက္ကသိုလ်စိန်တင် - ““ဒီအကြောင်းကို ၁၉၇၁ ခုနှစ် က ကြေးမုံဦးသောင်းရေးသားပြုစုတဲ့စာအုပ် “ဗမာ့ ခေတ်မှ ကြေးမုံသို့” မှာ အကျယ်တ၀င့်ရေးသားခဲ့ဖူး တယ်။ အဲဒီတုန်းက နိုင်ငံရေးစာပေကိုသာ စာပေ စိစစ်ရေးက စစ်ဆေးပြီး တခြားစာအုပ်တွေကို စာပေ စိစစ်ရေးသို့ကြိုတင်ပြီး မတင်ပြရလို့ ဒီစာအုပ်ထုတ် ဝေနိုင်ခဲ့တယ်။ ကြေးမုံဦးသောင်းရဲ့စာအုပ်ထုတ်ဝေ စဉ်မှာ  တပ်မတော်က  ဗိုလ်မှူးကြီးမောင်မောင် (နောင် ဗိုလ်မှူးချုပ်မောင်မောင်) စစ်တပ်ကအငြိမ်း စားယူပြီး သက်ရှိထင်ရှားရှိနေဆဲဖြစ်တာကြောင့် ကြေးမုံဦးသောင်းရေးသားတာကို အပိုအလိုမရှိအမှန် အကန်ရေးတာလို့ အတည်ပြုရမှာဖြစ်ပါတယ်””

စာပေသုတေသီ - ““နောင် အနာဂတ်မြန်မာနိုင်ငံ သတင်းစာသမိုင်းကို ပြုစုရေးသားကြတဲ့အခါ မြန်မာ သတင်းစာလောကမှာ နယ်ချဲ့ခေတ်၊ လွတ်လပ်ရေး ခေတ်၊ စစ်အာဏာရှင်ခေတ်အဆက်ဆက် ထင်ပေါ် ကျော်ကြားခဲ့တဲ့ သူရိယ ဘကြီးဘဘေ၊ သံတော်ဆင့် ဥိးသိမ်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗမာ့ ခေတ် ဦးအုန်းခင်၊ ရန်ကုန်ဦးယုမောင်၊ ထွန်းနေ့စဉ် ဦးထွန်းဖေ၊ ဟံသာဝတီဦးညွန့်၊ အိုးဝေ ဦးညိုမြ၊ နေး ရှင်း ဦးလောရုံတို့နှင့်အတူ ကြေးမုံဦးသောင်းလည်း သတင်းစာသူရဲကောင်းများစာရင်းမှာ ထင်လင်းစွာ ပါဝင်တော့မှာဖြစ်ပါတယ်။  ကြုံတုန်းကြုံခိုက်မှာ ၁၉၅၈ ခုနှစ်၊ အိမ်စောင့်စစ်အစိုးရခေတ်က အာဏာ ရှင်ဗိုလ်မှူးကြီးမောင်မောင်နဲ့ တွေ့ဆုံအန်တုခဲ့ဖူးတဲ့ ကြေးမုံဦးသောင်းရဲ့ဖြစ်ရပ်ကို ပြောပြပါဦး””

တက္ကသိုလ်စိန်တင် - ““ဗိုလ်မှူးကြီးမောင်မောင်က အိမ်စောင့်အစိုးရအဖွဲ့က အလွန်အဆိပ်ပြင်းတဲ့ ကြောက်စရာကောင်းလှသူ စစ်ဗိုလ်တစ်ဦးပါ။ ကြား ချင်ရင် နားဆင်ပါ””

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

 

တက္ကသိုလ်စိန်တင်