သမိုင်းများနဲ့ အကယ်ဒမီ

အကယ်ဒမီဆိုတာ ရုပ်ရှင်လောကသားများ အတွက် တန်ဖိုးအထားရဆုံး ဆုတစ်ဆုလို့ ဆိုကြပါ တယ်။ တစ်နှစ်တာလုံးရဲ့ အထူးချွန်ဆုံး ဆုတွေအဖြစ် ပေးအပ်ချီးမြှင့်တဲ့  ရုပ်ရှင်အကယ်ဒမီက ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ သမိုင်းမှတ် တိုင်တွေလည်း ဖြစ်လို့နေပါတယ်။ ၆၄ နှစ်တာခရီး ကို ဖြတ်သန်းလာခဲ့ပြီဖြစ်တဲ့ အကယ်ဒမီသမိုင်း စာမျက်နှာတွေကို လှန်လှောကြည့်လိုက်တော့-

မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်နဲ့ ၁၉၅၃ ခုနှစ်မှာ ရုပ်ရှင်ထူးချွန်ဆုတွေကို ပထမ အကောင်းဆုံး ဇာတ် ကားဆု (ရွှေကိန်္နရီရုပ်)၊ ဒုတိယ အကောင်းဆုံး ဇာတ်ကားဆု (ငွေဒေါင်းရုပ်)၊ တတိယ အကောင်း ဆုံး ဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်)၊ အကောင်းဆုံး အမျိုးသားပညာသည်သည်ဆု (ရွှေရင်ထိုး)၊ အကောင်းဆုံး အမျိုးသမီး ပညာသည်ဆု (ရွှေရင် ထိုး) ရယ်လို့ ချီးမြှင့်ခဲ့ပါတယ်။

၁၉၅၂ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ် ဒမီကို ပွဲဦးထွက်ရခဲ့တဲ့ ဇာတ်ကားကြီး သုံးကားက တော့ အေ၀မ်းရုပ်ရှင်မှ ““ချစ်သက်ဝေ””က ပထမဆု၊ အောင်ဇေယျရုပ်ရှင်မှ ““မယားနဲ့လူပျို”” က ဒုတိယ အကောင်းဆုံး ဇာတ်ကားဆု၊ ဗြိတိသျှဘားမားရုပ်ရှင် မှ ““ချစ်၍ခေါ်ရာ”” ဇာတ်ကားက တတိယဆုတို့ရခဲ့ပြီး အကောင်းဆုံး အမျိုးသားပညာသည်ဆုကို ““မာလာရီ”” ဇာတ်ကားနဲ့ မင်းသားကျော်ဝင်း၊ အကောင်းဆုံး အမျိုးသမီး ပညာသည်ဆုကို ““ချစ်သက်ဝေ”” ဇာတ်ကား နဲ့ မင်းသမီး ကြည်ကြည်ဌေးတို့က ဦးဦးဖျားဖျား ရုပ်ရှင်ထူးချွန်ဆုတွေကို ရယူခဲ့ကြပါတယ်။

၁၉၅၄ ကိုရောက်တော့ ဒါရိုက်တာထူးချွန်းဆု ကို ထပ်တိုးချီးမြှင့်ခဲ့ရာ ဒါရိုက်တာ ဦးသုခက ဗြိတိသျှ ဘာမားရုပ်ရှင် ကုမ်္ပဏီအတွက် ရိုက်ကူးတဲ့ ““သြော် မိန်းမ”” ဇာတ်ကားနဲ့ မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ပထမဆုံး ဒါရိုက်တာဆုကို ရယူခဲ့ပါတယ်။

၁၉၅၅ ခုနှစ်မှာတော့ အကောင်းဆုံး ဇာတ်ကား ဆုကို သုံးကားအစား တစ်ကားတည်းသာ ရွေးချယ် ချီးမြှင့်ခဲ့ရာမှာ ရွှေဝယ်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ““ဖိုးပြုံးချို”” ဇာတ်ကားကြီးက အကောင်းဆုံး ဇာတ် ကားဆုအပြင် ဟာသ သရုပ်ဆောင် ဖိုးပါကြီးက အကောင်းဆုံး အမျိုးသား ပညာသည်ဆုနဲ့ ကလေး သရုပ်ဆောင် ၀င်းမာက အထူးဆုတို့ကို ရခဲ့ကြပါ တယ်။

၁၉၅၆ ခုနှစ်ကျတော့ ရုပ်ရှင်ဓာတ်ပုံဆုကို တိုး ချဲ့ ချီးမြှင့်ခဲ့ရာ ““ယမ်းငွေ့တလူလူ”” ဇာတ်ကားနဲ့ ဓာတ်ပုံ ဦးချစ်ဖွယ်က အကောင်းဆုံးဓာတ်ပုံ အကယ် ဒမီဆုရှင် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၇ မှာတော့ ရုပ် ရှင်ထူးချွန်ဆု ချီးမြှင့်တဲ့ အရုပ်ကို ရွှေရင်ထိုးတံဆိပ် မှ ရွှေကိန်္နရီရုပ်သို့ စတင်ပြောင်းလဲ ချီးမြှင့်ခဲ့ပါတယ်။

၁၉၆၂ခုနှစ်မှာပညာသည်ဆုတွေကို အကောင်း ဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ အကောင်း ဆုံး အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင် ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုဆိုပြီး ခွဲခြားချီးမြှင့်ခဲ့ရာ ၁၉၆၂ ခုအတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် ဆုကို မချီးမြှင့်နိုင်ခဲ့ဘဲ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ““အတွေ့”” ဇာတ်ကားနဲ့သီသီ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ““အတွေ့”” ဇာတ်ကားနဲ့ပဲ ဦးကျောက်လုံးက ရရှိခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်ကစလို့ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်အသံ ထူးချွန်ဆုဆိုပြီး တိုးမြှင့်ချီးမြှင့်ရာ ၁၉၉၁ ခုနှစ်မှာ ဂီတလုလင် မောင်ကိုကိုက ““မယ်သီတာလို မိန်းမလေး”” ဇာတ် ကားနဲ့ ပထမဆုံးသော အကယ်ဒမီဆုရှင် ဂီတမှူး ဖြစ်လာပြီး၊ ၁၉၉၄ မှာတော့ ““သရဖူ”” ဇာတ်ကားနဲ့ ဦးခင်ဦးက ပထမဆုံး အသံထူးချွန်ဆု၊ ၁၉၉၅ မှာ ““တိုက်ပွဲခေါ်သံ”” ဇာတ်ကားနဲ့ အောင်ကျည်ထွဏ်း က ပထမဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုရှင် ဖြစ်လာခဲ့ကြ ပါတယ်။

၁၉၉၃ ခုနှစ်မှာတော့ ရွှေကိန္နရီရုပ်တုရဲ့လက်မှာ ကိုင်ထားတဲ့ ငွေကြယ်အစား ရွှေသားအစစ်နဲ့ ပြုလုပ် ထားတဲ့ ရွှေကြယ်ကို ချီးမြှင့်ခဲ့တာ ဒီကနေ့အထိပဲ ဖြစ်ပါတယ်။ ၁၉၉၄ မှာ ရုပ်ရှင်တည်းဖြတ်ဆုကို တိုးမြှင့်ပြီး ချီးမြှင့်ရာ ““သူ့ကျွန်မခံပြီ”” ဇာတ်ကားနဲ့ ဦးမြင့်ခိုင် (မော်ကွန်းရုပ်ရှင်) က ၁၉၉၇ ခုအတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ရခဲ့ပါတယ်။ အဲဒီနှစ်က အစပြုလို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၁ မျိုးခွဲခြားပြီး ချီးမြှင့်လာခဲ့ပါတယ်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

ညီညီကျော်