စင်ကာပူ၏ ဖွံ့ဖြိုးရေးကို အနှစ် ၂၀အတွင်း ကျော်တက်နိုင်သော မူလတန်းကလေးအခြေပြုဗျူဟာ

တစ်နေ့မှာ စာဖတ်ပရိသတ်ဆိုသူ ကိုမောင် မောင်၊ ၃၀နှစ် (နာမည်လွှဲ)က ဆက်သွယ်လာပါ တယ်။ ကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ပါဆိုပြီး ဆိုလာ ရာ သူရဲ့ဆွေးနွေးပုံကတော့ ဒီလိုပါ။

ကိုမောင်မောင် - ““ဆရာခင်ဗျာ။ အမေစုပြောတာက နောင်အနှစ် ၂၀ကြာရင် ကျွန်တော်တို့နိုင်ငံက စင် ကာပူရဲ့ဖွံ့ဖြိုးရေးအဆင့်ကို ကျော်တက်မယ်လို့ ပြော တယ်ဆိုတာ  ကြားရပါတယ်ခင်ဗျာ။  အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဲဒီလိုဖြစ်လာလိမ့်မယ်လို့ တချို့က မယုံကြဘူးဆရာ။ ဘာဖြစ်လို့မယုံကြတာပါလဲ””

ကျွန်တော် - ““ယုံခြင်း၊ မယုံခြင်းဆိုတာ လူတစ်ဦးချင်း စီရဲ့အမြင် (ဏနမခနစအငသည) နဲ့ဆိုင်ပါတယ်။ လူတွေ အများကြီးရှိရာမှာ တစ်ဦးနဲ့တစ်ဦးအမြင်တွေ ထပ် တူကျဖို့ မလွယ်ပါဘူး။ ဒါကြောင့် ယုံသူနဲ့ မယုံသူ ကြားမှာ တစ်ဦးကိုတစ်ဦး မှားတယ်လို့ ပြောနိုင်ဖို့ တော့ ခက်ပါတယ်။ မယုံကြည်တဲ့သူတွေရဲ့အမြင်ကို သူတို့နေရာကနေကြည့်တော့ အခုအခါ ကျွန်တော် တို့နိုင်ငံက ပြဿနာကများလွန်းလှတယ်။ ဖွံ့ဖြိုးရေး ကလည်း တော်တော်ဝေးဝေးကြီးမှာ ပြတ်ကျန်ခဲ့ တော့ မယုံဘူးလို့ ပြောတာလည်း သဘာဝကျပါ တယ်””

ကိုမောင်မောင် - ““တချို့လူတွေရဲ့ပြောသံကိုကြားရ တာကတော့ နောင်အနှစ် ၂၀ဆိုရင် ဒီနေ့လူကြီး တော်တော်များများ လူကြီးရောဂါနဲ့ အနိစ်္စရောက် လောက်ပြီ။ ကျွန်တော်တို့တစ်တွေလည်း ရှိချင်မှရှိ တော့မယ်။ အဲဒီအခါမှာ ကျွန်တော်တို့ စင်ကာပူကို ကျော်တက်လား၊ မတက်လား ဘယ်လိုသိနိုင်တော့ မှာလဲလို့ ဆိုပါတယ်””

ကျွန်တော် - ““အမေစုပြောတာက စင်ကာပူကို အနှစ် ၂၀အတွင်း ကျော်တက်မယ်လို့ပြောတာပါ။ အနှစ် ၆၀အတွင်း ကျော်တက်မယ်လို့ပြောတာ မဟုတ်ပါ ဘူး။ အနှစ် ၆၀ကြာရင် ကျွန်တော်တို့တစ်တွေ ဘ၀ တစ်ပါးကို ရောက်ကုန်ကြမှာ သေချာသလောက်ဖြစ် ပေမဲ့ နောင်အနှစ် ၂၀မှာတော့ အသက်ရှိကောင်း ရှိနေမှာပါ။ အမေစုဟာ အဲဒီအချိန်အထိ နေခွင့်ရ ရင် အသက် ၉၀ကျော်၊  ဘဘဦးတင်ဦးအရွယ်နဲ့ မတိမ်းမယိမ်းပဲရှိနေမှာပါ။ တကယ်လို့ အဲဒီအခါမှာ ပြောတဲ့အတိုင်းလည်းဖြစ်မလာဘူး။ အမေစုလည်း ရှိနေဦးမယ်ဆိုရင်တော့ အမေစုက ဖြေရှင်းချက်တစ် ခုခုတော့ပေးမှာပါလို့ ထင်ပါတယ်””

ကိုမောင်မောင် - ““ဆရာဦးထွန်းဝင်းက ဘယ်လိုထင် ပါလဲခင်ဗျာ။ နောင်နှစ်ပေါင်း ၂၀ကြာရင် ကျွန်တော် တို့က စင်ကာပူကို တကယ်ပဲ ကျော်တက်နိုင်မယ်လို့ ထင်ပါလား””

ကျွန်တော် - ““ထင်ပါတယ်””

ကိုမောင်မောင် - ““ဘာကြောင့်ပါလဲဆရာ။ ကျွန် တော်တို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဆုံးမစကားကို နားမထောင်ချင်သူတွေလည်း အများ ကြီးရှိပါတယ်””

ကျွန်တော် - ““အနတ်္တတရားဆိုတာကို လက်ခံပါ တယ်။ ကိုယ်ဖြစ်စေချင်သလို ဖြစ်လာတာမျိုးမဟုတ် ဘဲ သူဖြစ်ချင်သလို ဖြစ်နေမှာပဲ။ ဥပမာ အကျင့်ပျက် ခြစားတာမျိုးမလုပ်ကြပါနဲ့ပြောရင်လည်း လုပ်ချင် လုပ်မှာပဲလေ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့စကားကို မြေ၀ယ်မကျနားထောင်မယ့် လူအုပ်စုတစ်စုရှိတယ်။ အဲဒါကတော့ စင်ကာပူကို အနှစ်နှစ်ဆယ်အတွင်း ကျော်တက်နိုင်မယ့် ဗျူဟာရဲ့လျှို့ဝှက်ချက်ပဲ””

ကိုမောင်မောင် - ““စိတ်ဝင်စားစရာကောင်းလှချည် လားဆရာ။ လျှို့ဝှက်ချက်ဆိုတော့ ၀ှက်ဖဲလား””

ကျွန်တော် - ““ဖုံးကွယ်ထားတဲ့ ၀ှက်ဖဲတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတချို့သတိမပြုမိတဲ့ကိစ်္စ တစ်ခုပေါ့။ ပညာရှိသတိဖြစ်ခဲဆိုသလိုပေါ့။ သတိပြု မိသူလည်း ပြုမိမှာပါ။ အဲဒါက ဘာလဲဆိုတော့ လူ ကြီးသူမဆုံးမတာကို မြေ၀ယ်မကျ နားထောင်မယ့် အုပ်စုဆိုတာမူလတန်းကလေးတွေပဲ။ ငါးနှစ်အောက် ကလေးတွေက ပိုပြီးစကားနားထောင်တယ်။ လူကြီး ကို အကျင့်ပျက်ခြစားတာမလုပ်ပါနဲ့ဆိုရင် လူကြီးက နားထောင်ချင်မှ နားထောင်မှာကိုး။ ကလေးကို မူလ တန်းမှာကတည်းက အကျင့်ပျက်ခြမစားဖို့ သင်ပေး လိုက်ရင် အဲဒီကလေးကြီးလာရင် ခြမစားတော့ဘူး။ အမေစုပြောတဲ့ အနှစ် ၂၀ဆိုတာ ကလေးအုပ်စုတစ် စုဟာ လူလားမြောက်ဖို့ လုံလောက်တဲ့အချိန်ပါ။ ဒီ တော့ ၂၀၁၆-၂၀၁၇ ၀န်းကျင်မှာ မူလတန်းကလေး အားလုံးကို အကျင့်ပျက်ခြမစားဖို့၊ အခွင့်ထူးမခံဖို့၊ ရိုးသားဖို့၊ ကြိုးစားဖို့၊ ငါးပါးသီလ၊ ၃၈ဖြာမင်္ဂလာ၊ သဘာဝပတ်ဝန်းကျင်ကိုမဖျက်ဆီးဖို့စတဲ့ လူ့လောက က တန်ဖိုးဒဿနတွေကို သင်ပေးရင် နောင်အနှစ် ၂၀အကြာ ၂၀၃၇-၂၀၃၈ လောက်မှာ မြန်မာနိုင်ငံ သားတွေက ဒေါင်ဒေါင်မြည်နိုင်ငံသားတွေ ဖြစ်နေ ပြီလေ။ ဒီတော့ အနှစ် ၂၀ဆိုတာ ဖွံ့ဖြိုးတဲ့နိုင်ငံသား တွေ၊မျိုးဆက်သစ်တွေလူလားမြောက်ရန်လုံလောက် တဲ့အချိန်ပါ။ အဲဒီအချိန်မှာ စင်ကာပူနဲ့ ရင်ပေါင်တန်း နေပြီပေါ့။ မူလတန်းကလေးတွေကို အကြီးအကျယ် ပြုစုပျိုးထောင်ရမယ်ဆိုတာ အနှစ် ၂၀ အတွင်း ဖွံ့ဖြိုး နိုင်ခြင်းရဲ့လျှို့ဝှက်ချက်တစ်ခုပဲလို့တင်စားချင်ပါတယ်””

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

ဒေါက်တာထွန်းဝင်း