ကင်းထောက်အဖွဲ့နှင့် အခြားလူငယ်ဆိုင်ရာအဖွဲ့များဖြင့် ပြဿနာပေါင်းစုံဖြေရှင်းနိုင်ပုံ

အင်တာနက်ကိုဖွင့်ကြည့်တဲ့အခါ ကင်းထောက် နေ့ကို နိုင်ငံအသီးသီးက ကျင်းပရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နေ့ချင်းမတူဘဲ မြန်မာနိုင်ငံမှာတော့ ဇန်န ၀ါရီ ၁ရက်ကို ကျင်းပတယ်လို့ဆိုရာ ကင်းထောက် အထိမ်းအမှတ်နေ့ကတော့ ကျော်လွန်လာခဲ့ပြီဖြစ်ပါ တယ်။ သို့သော် ကင်းထောက်နေ့မှာ အမေစုကိုယ် တိုင် တက်ရောက်ချီးမြှင့်ပြီးတော့မှ ကင်းထောက်ကို စိတ်ဝင်စားသူအရေအတွက်ပိုလာပြီး ကင်းထောက် ဆိုင်ရာ သတင်းအချက်အလက်တွေ သိချင်ပါတယ် လို့ဆိုလာသူအချို့ ရှိလာပါတယ်။ ကျွန်တော်က တော့ စာရေးဆရာအမြင်နဲ့ဆိုတော့ ကင်းထောက် ရယ်လို့မှမဟုတ် လူငယ်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့တွေ အားလုံးရဲ့ ဆောင်ရွက်မှုဟာ ပြဿနာတော်တော် များများကို ဖြေရှင်းနိုင်တယ်လို့ မြင်ပါတယ်။

ဥပမာ လူငယ်တစ်ယောက် မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ရင်ဆိုင်နေရတယ်ဆိုပါစို့။ အဲဒါဆိုရင် အဲဒီ လူငယ်ဟာ ကင်းထောက်လူငယ်အဖွဲ့ဝင် မဟုတ်ဖို့ များပါတယ်။

နိုင်ငံတစ်ခုမှာ ကင်းထောက်လူငယ်၊ ကြက်ခြေ နီလူငယ်၊ အရန်မီးသတ်လူငယ်၊ ပရဟိတအသင်း လူငယ်တွေများလာရင် မူးယစ်လူငယ်၊ မုဒိမ်းလူငယ်၊ လမ်းသရဲလူငယ်၊ လက်ရုံးရည်ပြ ရိုက်ပွဲလူငယ်အရေ အတွက်တွေ နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် လူငယ်ဖွံ့ဖြိုးရေးအဖွဲ့တွေရဲ့ အရေးပါပုံ ကို တစေ့တစောင်းတင်ပြလိုက်ရပါတယ်။

ကျွန်တော်ကတော့၁၉၇၂မှာဆယ်တန်းအောင် ခဲ့တယ်။ အဲဒီအချိန်လောက်မှာ မှတ်မိသလောက် ကင်းထောက်အဖွဲ့ရယ်လို့မရှိတော့ဘူး။ ကျွန်တော် တတိယတန်းကျောင်းသားဘ၀တုန်းကကင်းထောက် လူငယ်အကြောင်း မြန်မာစာဖတ်စာမှာ သင်ဖူးတာ မှတ်မိနေပါတယ်။ ကျွန်တော်သုံးတန်းလောက်က ကင်းထောက်လူငယ်လှုပ်ရှားမှုရှိခဲ့တယ်။ နောက် တော့ မရှိပြန်ဘူး။ မကြာခင်နှစ်အနည်းငယ်ကမှ ကင်းထောက် လှုပ်ရှားမှုက ပြန်ပြီးတော့ အသက်ဝင် လာပြီး ဒီနှစ်မှာတော့ အမေစုကိုယ်တိုင်ပါဝင်လာလို့ ပိုမိုအသက်ဝင်လာပါတယ်။ကင်းထောက်လှုပ်ရှားမှု က နှစ်ပေါင်းများစွာ ငြိမ်သက်နေတယ်ထင်မိတယ်။

ကျွန်တော်တို့ ဆယ်ကျော်သက်ဘ၀က ခေတ် စားတဲ့လူငယ်တွေကတော့ လူရည်ချွန်တို့၊ ကျောင်း မှာဆိုရင် ကျောင်းကောင်စီတို့ပေါ့။ ၁၉၇၁ ခုနှစ်ရဲ့ ဒီဇင်ဘာလလောက်က ထင်ပါတယ်။ ရန်ကုန်မြို့ အထက(၂) ဗဟန်းကျောင်းမှာ ပထမအခန်း၊ဒုတိယ အခန်းမှာ အတန်းခွဲအားလုံး ပထမရတဲ့ကျွန်တော် ပေါ့ဗျာ။ ၁၆နှစ်သားကျွန်တော်ဟာ ရန်ကုန်မြို့၊ ဒဂုံ မြို့နယ်က အောင်ဆန်းအားကစားပြိုင်ကွင်းထဲမှာ ရောက်ရှိနေပါတယ်။ ကိစ္စကတော့ လူရည်ချွန်ရွေးပွဲ အတွက် အားကစားစွမ်းရည်စစ်ဖို့ မီတာ ၈၀၀ အပြေးပွဲအတွက် ရောက်နေတာပါ။ စပို့ရှပ်နဲ့၊ဘောင်း ဘီဖြူနဲ့ဝတ်ပြီး အောင်ဆန်းကွင်းရဲ့ အပြေးပွဲ တာ ထွက်နေရာမှာနေပြီး ၀ီစီမှုတ်သံကို စောင့်နေတယ်။

““ရွှီ”” ဆိုတဲ့ ၀ီစီသံကြားတော့ လူရည်ချွန်လောင်း များပြေးကြပါတယ်။ ဟုတ်ပြီ...ဟုတ်ပြီ... ဟုတ်ပြီ...ပြေး...ပြေး...ရွှီး...ဖြောင်း ဖြောင်းစသဖြင့် အားပေးသံတွေ ကြားရပြီးနောက် မှာ ကျွန်တော်ဟာ ဖြည်းဖြည်းပြေးရင်းနဲ့ ပြိုင်ပွဲမှာ ရှုံးခဲ့တယ်။တိုရင်းလိုရှင်းပြောရရင် လူရည်ချွန်မရဘူး။ ပြုတ်တယ်။ဆေးတက်္ကသိုလ်ဝင်တာကဆေးတက်္ကသိုလ် များက ဦးရေ ၅၅၀ လက်ခံတယ်။ လူရည်ချွန်က ၁၀တန်းမှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး ၄ဦးပဲ ရတာပါ။လူရည်ချွန်ဖြစ်ဖို့ အခွင့်အလမ်းပိုနည်းတယ်။

အဲဒီအဖြစ်အပျက်တွေ ကြာလာပြီးတော့ အခု တော့ လူရည်ချွန်ဟောင်းကြီးတွေက ပါမောက်္ခတို့၊ အရာရှိကြီးတို့ဖြစ်ပြီး အကျိုးပြုလုပ်ငန်းတွေ လုပ်နေ တော့ ၀မ်းသာမုဒိတာပွားရပါတယ်။ လူရည်ချွန်စီမံ ကိန်းက ရလဒ်ပြနိုင်ခဲ့ပါတယ်။

အခု ကင်းထောက်လူငယ်တွေကလည်းနောက် ထပ် နှစ် ၄၀လောက်ကြာရင် တိုင်းပြုပြည်ပြုပုဂ်္ဂိုလ် ကြီးတွေဖြစ်နေကြလိမ့်မယ်ထင်ပါတယ်။ ဒီတော့စိတ် ၀င်စားသူ လူငယ်တွေ လေ့လာနိုင်ဖို့ ကင်းထောက် ဆိုင်ရာ သတင်းအချက်အလက်အချို့ကို လက်လှမ်း မီသလောက် တင်ပြရရင်တော့ ဒီလိုပါ။

ကင်းထောက်လှုပ်ရှားမှုကို  UK နိုင်ငံမှာ ၁၉၀၇ က ရောဘတ်ဗာဒင်းပါးဝဲ (Robert Beden-Powell) က စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံ အသီးသီးသို့ ပျံ့နှံ့သွားခဲ့ပါတယ်။ ရည်ရွယ်ချက်က တော့ ဘာလဲဆိုရင်...

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

 

ဒေါက်တာထွန်းဝင်း