၁၉၅၀ ၀န်းကျင်လောက်က မြောက်ဥက္ကလာ၊ တောင်ဥက္ကလာသာကေတ ဒေါပုံအစရှိတဲ့ မြို့သစ်တွေကို တိုးချဲ့ခဲ့ကြ တယ်။ မြို့သစ်တွေမှာ နေရာလွတ်တော် တော်များများကိုထားခဲ့ကြတယ်။ စာရေး သူလေ့လာသိရှိသလောက်မြေကွက်လွတ် တွေကတော့ မီးတားလမ်း၊ စည်ပင်လမ်း ကြား၊ ရေလျှံကွင်း၊ ကစားကွင်းသမ၀ါယ မဆိုင်များနဲ့ အစိုးရအရက်ဆိုင်နေရာများ ဖြစ်ကြပါတယ်။ ဒါအပြင်မီးသတ်ကန်များ ၀န်ကျင်တွေကလည်း နေရာလွတ်တွေရှိ နေခဲ့ပါတယ်။ အခုတော့ အဲဒီနေရာတွေ မှာ အထူးအာဏာတွေသုံးပြီးနေရာတွေ ၀င်ယူလာကြတာတွေ့နေရတယ်။ အချို့ နေရာတွေမှာကြတော့ ဈေးသည်တွေက ပျံကျရောင်းနေရင်းက ကိုယ်ပိုင်လိုပုံစံနဲ့ ဆိုင်တွေဖွင့် လူတွေနေပြီး နေရာကို ရောင်းစားနေကြတာတောင်တွေ့နေရတယ်။ ဥပမာအနေနဲ့ တောင်ဥက္ကလာက (၁၃) ရပ်ကွက်ကို လေ့လာကြည့်ကြပါ။ စည်ပင်လမ်းကြားတွေရဲ့ အပေါက်ဝမှာ ဆိုင်တွေဖွင့်ထားကြတယ်။ အဲဒီဆိုင်တွေ ကို သွားဝယ်ကြည့်ရင်ပေါက်ဈေးက (၃) သိန်းလောက်ရှိတယ်။ [...]
Archive | ဆောင်းပါး RSS feed for this section
၁၃၅၁ခုနှစ်မဟာသင်္ကြန်အကြိုနေ့၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးတင်ဦး (ယခင်) ၏ မိန့်ခွန်း
April 12, 2013
၁၃၅၁ ခုနှစ် မဟာသင်္ကြန်အကြို နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးတင်ဦး(ယခင်)၏ မိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ကြွရောက်လာကြတဲ့ ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူများခင်ဗျား။ ဗုဒ္ဓ ဘာသာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့ မှာ၊ ဗမာလူမျိုးတိုင်း၊ ဗုဒ္ဓဘာသာဝင်တိုင်း ဟာ၊ ဒီနေ့ ဒီရက်ကို နေ့ထူးနေ့မြတ်ထား ပါတယ်။ ကျွန်တော်တို့ ဗုဒ်္ဓမြန်မာနိုင်ငံ တော်ရဲ့၊ ဗမာလူမျိုးများအနေနဲ့ မိမိတို့ရဲ့ ရိုးရာအလိုက်၊ ယခုလိုနှစ်သစ်ကူးတဲ့အခါ မှာ၊ နှစ်ဟောင်းတုန်းကဖြစ်ပျက်ခဲ့ရတဲ့ စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ထဲ မှာ ဒေါသဖြစ်ခဲ့ရမှု စသည်တို့ဟာ နှစ် ဟောင်းနဲ့ အတူတကွ ပါသွားပြီးတဲ့ နောက်၊ ယခုလို နှစ်သစ်ကူးတဲ့နေ့မှာ လာမယ့်နှစ်အတွက် ကျွန်တော်တို့မြန်မာ့ ရိုးရာထုံးတမ်းစဉ်လာအရ ဒီအချိန် ဒီ အခါမှာ ရှေ့နှစ်ကောင်းမှာ မင်္ဂလာ [...]
ရဲရွာ(၂) စီမံကိန်းမှာ
April 10, 2013
မြစ်တို့ ၏ အစပို င်းကို(Youthful stage)ဟုခေါ်သည်။ အလယ်ပိုင်းကို (Mature stage)ဟုဆိုပြီး အဆုံးဖျားပိုင်း ကို (Old stage)ဟုခေါ်ပါသည်။ ဒုဋ္ဌ၀ တီကို အစ၌ နန့်မတူမြစ်ဟု ခေါ်ကာ အလယ်ပိုင်းတွင် ဒုဋ္ဌ၀တီဟု ခေါ်တွင်ပြီး အင်းဝအနီး ဧရာဝတီမြစ် တွင်းသို့ ၀င်ခါနီးတွင် မြစ်ငယ်မြစ်ဟု အမည်(၃)မျိုးဖြင့် မှည့်ခေါ်ခဲ့ကြသည်။ အလျားအားဖြင့် ရေမိုင်(၁၃၀)ခန့်ရှိ၏။ သိနီ်္ဒနယ်အရှေ့ဘက်(၂၅)မိုင်အကွာ တောင်ပေါ်မှ စတင်မြစ်ဖျားခံခဲ့သည်ဖြစ် ရာ သံလွင်မြစ်နှင့် မလှမ်းမကမ်းမှာပင် ဖြစ်သည်ဟု သိရပါ၏။ သီပေါနယ်သို့ ၀င်လာစဉ်မှာ ကျင်သီဟုခေါ်သော ရေ နောက်သည့် ချောင်းကို လက္ခံခဲ့ပြီးမှ နောင်ချိုအနီးတွင် ဂုတ်တွင်းချောင်းကို လက္ခံခဲ့ပြီးကာ ကြွက်နဖားတောင်ကို ၀ိုက်ကာ စီးကာနနှောင်းကျချောင်းရေကို လက္ခံသည်။ ထိုမှအင်းဝအနီးတွင် ဧရာ [...]
ပလက်ဖောင်းလေးကိုမေးစေချင်
April 10, 2013
ပုဂံညောင်ဦးမြို့သည် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်၍ ဘုရားဖူးများ ဖြင့်စည်ကားလှပါသည်။ သို့သော် ပုဂံ ညောင်ဦးမြို့ရှိ ကားများ၊ ဆိုင်ကယ်များ သည် ယာဉ်စည်းကမ်းလိုက်နာမှုမှာ လွန် စွာ အားနည်းလှပါသည်။ မြို့၏ အ၀င် အနော်ရထာလမ်းရှိ ပလက်ဖောင်းများ မှာယာဉ်ပေါင်းစုံ၏ မကြာခဏ၀င်တိုက် မှုကြောင့် ကျိုးပဲ့ပျက်စီးနေပြီး မြို့၏ သာယာလှပမှုကို အကျဉ်းတန်စေသလို ပင်။ စည်ပင်သာယာမှ ပြုပြင်သော်လည်း နဂိုအတိုင်း မလှပတော့။ ပလက်ဖောင်း များ ပျက်စီးသောကြောင့် တစ်ခါနစ်နာ ခြင်း၊ ပြန်လည်ပြင်ဆင်ရ၍ ငွေကြေးကုန် ကျခြင်း၊ နှစ်ခါနစ်နာရပါသည်။ ခရီးသွား ကားများစွာမှာလည်း ပြိုင်ဆိုင်မောင်းနှင် မှုကြောင့် ယာဉ်တိုက်မှုများ နေ့စဉ်မြင် တွေ့ရပါသည်။ စက်ဘီးဖြင့်သွားလာနေကြသော နိုင်ငံခြားသားများ၊ ခရီးသွားဧည့်သည် များမှာ စည်းကမ်းမလိုက်နာသောယာဉ် များကြောင့် [...]
မြန်မာနိုင်ငံ၏ပထမဆုံးအကြိမ်မေဒေးနေ့အခမ်းအနား
April 10, 2013
၁၃၀၀ ပြည့်အရေးတော်ပုံသည်နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှုသမိုင်းတွင် အကြီးမားဆုံး အကျယ်ပြန့်ဆုံးနှင့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့သော လူထုလှုပ် ရှားမှုကြီးဖြစ်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ၏အစမှာ ချောက်ရေနံမြေအလုပ်သမားသပိတ်ဖြစ် ပေသည်။ ချောက်ရေနံမြေအလုပ်သမား များသည် မတရားဖိနှိပ်ချုပ်ချယ်ခံရမှု၊ အလုပ်သမားအခွင့်အရေးများနစ်နာဆုံး ရှုံးမှု၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ပြင်း ထန်လာမှုတို့ကြောင့် ဘီအိုစီကုမ္ပဏီကို ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်နေ့တွင် သပိတ်မှောက်လိုက်ကြသည်။ ထိုသပိတ် သည် နှစ်ရက်၊ သုံးရက်အတွင်း လမ်းရွာ၊ စဥ့်ငူ၊ မိုလာ၊ ရေနံချပ်၊ ရေနံချောင်းရှိ ရေနံမြေများသို့ ပျံ့နှံ့ကူးစက်သွားတော့ သည်။ ရေနံမြေလုပ်သား ၉၅ ရာခိုင်နှုန်း ခန့်သပိတ်တွင် ပါဝင်လာကြသည်။ သို့သော ဘီအိုစီကုမ္ပဏီက အလုပ် သမားတို့၏ [...]
မြန်မာပြည်မှာမာလာတွေကို မန်းနီးများများဖြင့် ဈေးကောင်းပေးပြီးဝယ်ပါသည်
April 8, 2013
မာလာတွေကို ဈေးကောင်းပေးဝယ် တယ်ဆိုတော့မာလာဖူးတွေပဲ ပြေးနုတ် ရတော့မလိုလို၊ မာလာဖူးပင်တွေပဲလက်ဦး မှုရအောင်စိုက်ရတော့မလိုလိုနဲ့ စာဖတ် သူများဇဝေဇ၀ါဖြစ်ပြီး နည်းနည်းတော့ ဦးနှောက်စားသွားပါလိမ့်မယ်။ မာလာဖူး လိုလို၊ မုန်လာဖူးလိုလို၊ မုန်လာဥလိုလိုမထင် လိုက်ပါနဲ့ဗျာ။ မောင်တင့်နည်းနည်းဆရာ လုပ်ပါရစေ။ ဆက်သွယ်ရေးစက်တွေသုံး တဲ့ အဖွဲ့အစည်းတွေမှာ “ကကြီးကို ကမာ” “ခခွေးကို ခရု”၊ “ဂငယ်ကို ဂစ်တာ” လို့ဆိုပြီး လေလှိုင်းက အသံလွှင့်/ဖမ်းကြတော့ အသံများ ပီသစေဖို့စကားလုံးပြောင်းလဲ သုံးစွဲကြတယ်လို့ဆိုပါတယ်။ အဲဒီလိုဆို တဲ့အခါ “မ” အက္ခရာကို “မာလာ” လို့ခေါ် ပါတယ်တဲ့။ ခုမောင်တင့် ပြောချင်တာက က မောင်တင့်တို့ မြန်မာပြည်ထဲက မာလာလေးတွေအကြောင်းပါ။ ရေရှည် မှာ တိုင်းပြည်ပျက်သွားနိုင်လောက်အောင် ဖြစ်သွားနိုင်တာမို့ မောင်တင့်တို့တာဝန်အရ အော်ရပေဦးမပေါ့ခင်ဗျာ။ ပထမမာလာက [...]
ရေတွေရေတွေကုန်ပါပြီ
April 8, 2013
သက်ရှိ သတ္တ ၀ါတို့အသက်ရှင်ရပ်တည် နိုဖို့အတွက် အရေအရေးကြီးဆုံးဖြစ်ပါ တယ်။ ကမ္ဘာ ကြီးမှာရေထုကရာခိုင်နှုန်း လေးပုံသုံးပုံခန့်နေရာယူထားပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း ရေဟာလေးပုံသုံး ပုံခန်နေရာယူထားတယ်။ လူသားတစ် ယောက်အသက်ရှင်နိုင်ရေးအတွက် သွေး သည်အသက်၊ အသည်သည်သွေးဟုဆို တယ်။ ထိုလူ့အသက်ဖြစ်သော ကိုယ်ခန္ဓာ ထဲကသွေး ၉၁ ရာခိုင်နှုန်းဟာရေမှရရှိ တယ်လို့ဆိုပါတယ်။ ဒီလိုဆိုတော့ရေဟာလူတွေအတွက် အရေးမကြီးပေဘူးလား။ သယံဇတဆို သော ဝေါဟာရကိုဖော်ပြရမယ်ဆိုရင် မြေပေါ်မြေအောက်၌သဘာဝအတိုင်းဖြစ် ပေါ်နေသော ပစ္စည်းများဖြစ်ကြပါတယ်။ အဲဒါတွေကတော့ ကျောက်သံပတ္တမြား၊ ရေနံ၊ ဓာတ်ငွေ့၊ ရှားပါးအဖိုးတန်သတ္ထု များကိုသာမြင်ယောင်ကြသည်။ အဲဒီအရာတွေသာမကကမ္ဘာပေါ်တွင် ပေါ်များစွာတည်ရှိနေသောရေသည်လည်း သယံဇာတတစ်မျိုးပင်ဖြစ်ပါသည်။ ရေ ဟာလူအပါအ၀င်သက်ရှိတို့ရဲ့ အသက် ရှင်ရေးအတွက်မရှိမဖြစ်သော အခြားသယံ ဇာတများထက်သာလွန်အဖိုးအဖြတ်နိုင် သော သယံဇာတဖြစ်တယ်။ ကမ္ဘာပေါ် မှာ ရေဟာပေါများလွန်းတဲ့အတွက် [...]
ခေါင်းဆေးမင်္ဂလာပြုရာသင်္ကြန်တော်အခါ
April 7, 2013
ဒွါဒရာလက်ဆယ့်နှစ်ကွက်တွင်၊ ဂုဏ်အနဂ္ဃချိန်နှိုင်းစက်လဲ၊ ဖက်မမျှဘူး၊ စိတ္တရခါကြယ်ထွန်းပတဲ့ လအတာမှာ အသာခေါင်ခန့်ကဲတော့တယ်။ ရာသီစက်ဝန်းဆယ့်နှစ်ကွက်မှာ တန်ခူးလရာသီရဲ့ ကြည်နူးဖွယ်ဂုဏ်တို့ ဟာတန်ဖိုးမဖြတ်နိုင်ဘဲအခြားရာသီတွေ နဲ့ နှိုင်းချိန်စက်လို့ပင်မဖြစ်နိုင်ပါဘူး။ အခြား ရာသီတွေကလည်းတန်ခူးလနဲ့ မဖက်ပြိုင် နိုင်သလိုဂုဏ်ရည်ချင်းလည်းမညီမျှကြပါ ဘူး။ တန်ခူးလမှာ စိတြနက္ခတ်နဲ့ လပြည့် ၀န်းတို့သန်းခေါင်အခါမှာ ယှဉ်ပြိုင်ထွန်း လင်းတောက်ပသလိုနှစ်ဟောင်ကနှစ်သစ် ကူးတဲ့အခါသင်္ကြန်ကိုရောက်လာပြီး သာယာကြည်နူးဖွယ်တို့ဟာ အခေါင် အဖျားထိအောင်ရောက်လာပါတော့တယ်။ ဒီတန်ခူးလမှာ တိမ်တောင်တိမ်လိပ်တွေ ဟာ မကန်းငါးရဲ့ အကြေးကွက်တွေပမာ အထပ်လိုက်ရှိသလိုပိုက်ပိုက်ကွန်ရွက်သဏ္ဌာန် လိုလည်းအကွက်ထနေတာမြင်ရတော့ကြည် နူးဖွယ်ရာပါ။ မိုးနတ်မောင်ကလည်း ရွာ မလိုဟန်ပြင်တဲ့အနေနဲ့ ပုစွန်းလက်ရိုးနဲ့ လုပ်ထားတဲ့ အာလမ္ဗရမုဒိန်းစည်တော် ကြီးကိုတည်းပြီးမိုးခြိမ်းသံပေးနေသလို အမှောင်မိုက်ကိုပယ်ရှင်းနိုင်ပြီးရောင်ခြည် တစ်ထောင်အလင်းဆောင်တဲ့ သူရိန်နေ မင်းကလည်း ဒီရာသီမှာတောင်ဘက်စွန်း အပြင်လမ်းကို စွန့်ပြီးအလယ်လမ်းကို ကူးပြောင်းကွန်မြူးနေပါပြီ။ ရာသီပန်းမြစ် တဲ့ ကံ့ကော်ပန်းတွေကလည်း [...]
ုဆိုကရေးတီး၊ခေတ်သစ်မာဃနှင့်ကင်းထောက်လူငယ်
April 7, 2013
“အသစ်တွေဘယ်လိုကောင်းပေမဲ့ အဟောင်းမှာပဲတလည်လည်” မြန်မာ့ဆိုရိုးစကားခေါင်းထဲဝင်လာပါ တယ်။ နိုင်ငံတော်အစိုးရပညာရေးဝန်ကြီး ဌာနက ယခင်အစိုးရများဇာတ်မြှုပ်ထားတဲ့ ကင်းထောက်လူငယ်လုပ်ငန်းကို ပြန်လည် အသက်သွင်း၊ ဖွဲ့စည်း၊ သင်တန်းပေး၊ လှုပ်ရှားလူးလွန့်စပြုပါပြီ။ လူမှုဇာတ်ခုံပေါ် ပြည့်ဖုံးကားရှေ့ကင်းထောက်တွေထွက်လာ တာကိုပြန်မြင်ရပါပြီ။ ကင်းထောက်တွေပြန်ပေါ်လာတော့ ကျွန်တော်တို့ဆဋ္ဌမတန်းတုန်းက သင်ခဲ့ရ တဲ့ “ခေတ်သစ်မာဃ” စာအုပ်ထဲပါတဲ့ ဘွိုင်းစကောက် (ကင်းထောက်လူငယ်) တွေနဲ့ အဋ္ဌမတန်းအင်္ဂလိပ်ဖတ်စာ (New Method Reader Four) မှာပါတဲ့h BOY SCOUT ကို သတိရပါတယ်။ တော်လှန် ရေးကောင်စီတက်လာကတည်းက ပြည် ဖုံးကားချလိုက်တဲ့ ကင်းထောက်လူငယ် တွေအနှစ် ၅၀ နီးပါးကြာမှ ပြန်လည် ဖော်ထုတ်ကြတဲ့အတွက် ဖော်ပြပါဆိုရိုး စကားကိုသတိရမိခြင်းဖြစ်ပါတယ်။ အဓိကပြောချင်တာကခေတ်သစ် မာဃစာအုပ်ပါ။ အက်မ၊ အယ်လ်၊ ဘရိမ်း၊ အဲမ်စီး ICS နဲ့ [...]
နားလည်ပေးပါ
April 6, 2013
ကျွန်တော်သည် အသက်(၇၅)နှစ် ကျော် ပင်စင်စားတစ်ယောက်ဖြစ်ပါသည်။ ယခုတလော တုံရွာသပိတ်စခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လူထုတွေ့ဆုံ ပွဲသည် တစ်ပြည်လုံးသို့ သတင်းလှိုင်ခတ် သွားရာ အခြေအနေအကြောင်းတရား ပေါင်းစုံမသိကြသော အများစုစိတ်အ နှောက်အယှက်ဖြစ်ကြပြီး လာရောက်စုံ စမ်းမေးမြန်းကြ၏။အထူးသဖြင့် ရပ်ဝေး မှ ရှင်းပြမပေးနိုင်ခဲ့ပါ။ ယခုအချိန်မှာ တော့ သွေးအေးလာပြီမို့ ကျွန်တော်သိသ လောက်အခြေအနေကိုတင်ပြပါသည်။ ကျွန်တော့်မိဘများသည် တုံရွာမှ တောင်သူကြီးတစ်ဦးဖြစ်ပြီး လက်ပန်း တောင်းတောင် ရှေ့ယာမြေဧက(၂၀)မျှ လုပ်ကိုင်စားသောက်ခဲ့ကြပါသည်။မြန်မာ နိုင်ငံတွင်လွတ်လပ်ရေးရပြီး ၁၉၅၀ခုနှစ် က ကျွန်တော့်ဖခင်ကြီးသည် ကျွန်တော် တို့ညီအစ်ကို နှစ်ယောက်ကို ပညာသင် ရန် မုံရွာမြို့သို့ပို့ပေးခဲ့၏လယ်ယာမှရသမျှ ငွေကြေးဖြင့်ကျွန်တော်တို့ပညာတတ်များ ဖြစ်လာပါသည်။ဆင့်ကဲဆင့်ကဲ ညီငယ် နှစ်ယောက်ကိုလည်း ကျောင်းထားပေးနိုင် သဖြင့် ညီအစ်ကိုလေးယောက်စလုံး အစိုး ရအမှုထမ်းများ ဖြစ်လာကြ၏။ ဖခင်ကြီး [...]



Vol-3,No-141
Vol-3,No-140
Download
April 22, 2013
0 Comments