တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ရန် လာဘ်စားမှုများ ပပျောက်ဖို့လိုသည်ဟု လွှတ်တော်အတွင်းမှာရော၊ လွှတ်တော် ပြင်ပတွင်ပါပြောဆိုဆွေးနွေးလာကြသည်။ ယခင်အစိုးရများလက်ထက်တွင်တော့ လာဘ်များများရသောနေရာတွင် ထိုင်ရ သည့်ရာထူးရှိသည့်ပုဂ်္ဂိုလ်များမှသာဂုဏ် ရှိသည်။ အထက်နှင့် ပြေလည်သည်။ ရင်းနှီးမှုရှိသည်ဟုတစ်လွဲဆံပင်ကောင်းခဲ့ သည့်အတွေးအခေါ်များလည်းရှိခဲ့ဖူးသည်။ ထိုမကောင်းသော တလွဲအတွေးအခေါ် များကလည်းယခုခေတ်အထိဆက်လက် ပါလာခဲ့သည်။ လာဘ်စားမှုများနှင့် ပတ်သက်၍မီဒီယာများကလည်း ၀တ္ထု၊ ဆောင်းပါးကာတွန်းများဖြင့် ၀ိုင်းဝန်း၍ ထောက်ပြရေးသားကြပါသည်။ ယခုအစိုးရ ကလည်း လာဘ်ပေးရပါကတိုင်ကြားနိုင် သည်ဟုဖုန်းနံပါတ်တွေပေးထားသည်။ ကော်မရှင်၊ ကော်မတီတွေလည်းဖွဲ့စည်း ပေးထားသည်။ တိုင်လည်းတိုင်ကြပါ သည်။ ထိုကော်မရှင်များက အချိန်မီဖြေ ရှင်းပေးကြပါရဲ့လား။ “အချိန်သည်အမှန် ကန်ဆုံးနှင့် အကောင်းဆုံးတရားသူကြီး ဖြစ်သည်”ဟူသော အဆိုနှင့် ညီအောင် တမင်အချိန်များဆွဲထားလေရော့သလား ဟုတွေးရတော့၏။ ၀န်ထမ်းလောကအတွင်း လာဘ်စား မှုသည်အသည်းထဲဆွဲနေ၏။ ရိုးတွင်းခြင် ဆီထဲစိမ့်ဝင်နေ၏။ ကြာလာတော့အမှား ကို အမှန်ဟုထင်လာ၏။ [...]
Archive | ဆောင်းပါး RSS feed for this section
တချိန်က ရန်ကုန်က ရှေ့မှာ ယခုတော့ ဘန်ကောက်ကရှေ့မှာ (ဘန်ကောက် နှင့် ရန်ကုန် နှိုင်းယှဉ်ချက်ဖြင့်လေ့လာ)
June 13, 2013
ဒုတိယအကြိမ်နှင့် ဒုတိယအခေါက် ရန်ကုန်မှ ပြန်လည်ထွက်ခွာလာပြီးနောက် ထိုင်းနိုင်ငံ(ဘန်ကောက်)မြို့သို့ ရောက်ရှိ နေပါပြီ။ ကျွန်တော်သည် ဘန်ကောက်တွင် ရှိနေစဉ် အသွားဒုက္ခကို မခံလိုသော ကြောင့် “အိုင်ဘစ်စ်”(Ibis) ဟိုတယ်ကြီး၏ မြက်ခင်းပြင်လှလှပေါ်တွင် စာထိုင်ရေးမိ နေပါသည်။ ကျွန်တော်၏လက်ဝဲဘက် ခပ်လှမ်းလှမ်းတွင်ကား “မာဘိုခရောင်း” (MBK) ခေါ် ကုန်တိုက်ကြီးနှင့် ကျွန် တော်၏ ရှေ့တည့်တည့်တွင်ကား “ဘတ် မင်တန်” (Badminton) အားကစားကွင်း ကြီးက ရှိနေလေသည်။ ကျွန်တော်၏ ဦးခေါင်းတစ်ဝက်နီးပါးလောက်တွင်မူ မိုးပျံရထားဘူတာရုံက အုပ်မိုးထားသော ကြောင့် မပူလွန်း၊ မအေးလွန်း ရှိနေ သဖြင့် ဘန်ကောက်တွင်နေ၍ကောင်း သော အချိန်ပင် ဖြစ်လေသည်။ ယခု ကျွန်တော်ရှိနေသော “ဘန် ကောက်စီယမ်” (Banskok Siam) ဒေသ သည် လူသူစည်ကားသော ဒေသတစ်ခု [...]
မီဒီယာသိက္ခာ
June 13, 2013
(၃-၉)မေ ၂၀၁၃ (Hot News ) ထဲ မှာ စည်သူမြသန်းရေးတဲ့ ““ကွန်မြူနစ် နေ့စဉ်သတင်းစာတို့၏ အစောဆုံးသော သတင်းမီဒီယာတိုက်ပွဲ””ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဆောင်းပါးရဲ့ အာဘော်မှာဆောင်း ပါးရှင်ရဲ့အသိ၊ ဆောင်းပါးရှင်ရဲ့သဘော ထားကို ထုတ်ဖော်တာဖြစ်လို့ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ဆောင်းပါး ပါအချက်အလက်များနဲ့ပတ်သက်ပြီး၊ မတူညီတဲ့အသိ၊ မတူညီတဲ့သဘောထား ကို စာဖတ်ပရိတ်များလေ့လာနိုင်ဖို့ ယှဉ် တွဲဖော်ပြသင့်ပါတယ်။ ဒါမှလည်း သမ္မာ သမတ်ကျမယ်လို့ယူဆတဲ့အတွက် ဒီ ဆောင်းပါးကို ပေးပို့လိုက်ပါတယ်။ ၁။ မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီရှိခဲ့ပါတယ်။ နှစ်ပါတီ ခေါင်းဆောင်တွေရဲ့ စိတ်နေစိတ်ထား လည်း မတူညီပါဘူး။ သူတို့ယုံကြည်တဲ့ ၀ါဒသကောတရားချင်းလည်း မတူညီပါ ဘူး။ ပြီးတော့သူတို့နှစ်ပါတီဟာ နိုင်ငံရေး ပြိုင်ဘက်တွေဖြစ်ကြတယ်။ ဟိုတုန်းက [...]
တိုင်းပြည်အတွက် လူမိုက်လုပ်၍ အမုန်းခံသွားသော ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း
June 13, 2013
၁၉၆၂ ခုနှစ် မတ်လ(၂)ရက်တွင် မြန်မာနိုင်ငံ၏ ယိုယွင်းလာနေသည့် အခြေအနေဆိုးများကို ထိန်းသိမ်းစေခြင်း ငှာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်၍ တပ် မတော်မှအာဏာရယူကာ တော်လှန်ရေး ကောင်စီအစိုးရဖွဲ့စည်းခဲ့ပြီး မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ဖြင့် ဆောင်ရွက်လုပ် ကိုင်စေခဲ့သည်။ ၁၉၆၃ ခုနှစ် ဇန်န၀ါရီလ (၁)ရက် တော်လှန်ရေးကောင်စီသက်တမ်း(၁)နှစ် မပြည့်မီစစ်ကိုင်းခရိုင်၊ အုန်းတောကျေးရွာ ၌ တောင်သူလယ်သမားနှီးနှောဖလှယ် ပွဲကြီးကျင်းပပြုလုပ်ခဲ့ရာ တော်လှန်ရေး ကောင်စီဥက်္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းမှ ကျွန်တော်တို့တော်လှန်ရေးကောင်စီနဲ့ တော်လှန်ရေးအစိုးရရဲ့စေတနာ၊ စေတ နာနောက်ပိုင်းမှာဘာတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်အရေးကြီးတဲ့အချက် (၁) ချက်(၂)ချက်ကိုပဲ ပြောပါ့မယ်။ ပထမ အချက်က ကျွန်တော်တို့စေတနာ ဘာ ဖြစ်လို့ပေါက်ဖွားလာရတယ်ဆိုတာ စဉ်း စားကြည့်တော့ ကျွန်တော်တို့ဗမာလူမျိုး တွေဟာ လွတ်လပ်ရေးရပြီးတဲ့နောက် ပိုင်းမှာ လူရေးမလှသလိုဖြစ်နေတယ်။ ကျွန်တော်တို့လူမျိုးဟာမညံ့ဘူး။ မညံ့ပေ မဲ့ [...]
ရဲအော်သံ
June 13, 2013
“ရဲအော်သံ”ခေါင်းစဉ်ဖြင့် ရေးသင့် မရေးသင့်စဉ်စားခဲ့သည်မှာ အတော်ကြာ ချေပြီ။ (ဟင်—သို့သော်လည်း)ပြဿနာ တစ်စုံတစ်ရာဖြစ်ခဲ့သော် ကြည့်ကျက် ရှင်းမည်ဟုအားတင်းလျက် ရေးချမိချေ ပြီ။ ခေတ္တပြည်ထဲရေးပြည်ထောင်စုဝန် ကြီးဦးဆန်းဆင့်သည် နိုင်ငံတော်သမ္မတ ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်(၁/၂၀၁၃)အရေးပေါ်ကာလအခြေ အနေကြေညာခြင်းကို ပြည်ထောင်စု လွှတ်တော်အတည်ပြုချက်ရယူရန် မေလ ၂၁ ရက်က တက်ရောက်ခဲ့ရာ သတင်းမီဒီယာများက မိတီ်္ထလာပဋိပက္ခ တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိရောက် စွာ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိမေးမြန်း ခဲ့ပါသတဲ့။ ““ကျွန်တော်တို့က ထိထိရောက် ရောက်မဖြစ်ဘူးဆိုတာ အင်အားပေါ့။ တပ်ဖွဲ့အင်အားနဲ့ဆောင်ရွက်တဲ့အခါ COMET ဆောင်ရွက်မှုနောက်ကျတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က (၁၄၄) ဆောင်ရွက်ရာမှာ ထိရောက်မှုမရှိဘူးဆို တာ သဘောတူပါတယ်””တဲ့။ လေဗျောက်အိုးခေါင်းထဲ ဒိုင်းကနဲ ၀င်လာသည်က အင်အားဆိုတာကြီးပါ ပဲ။ ဖက်ဆစ်တော်လှန်ရေးကာလ၌ တပ် [...]



Vol-3,No-144
Vol-3,No-143
Download
June 13, 2013
0 Comments