Archive | ဆောင်းပါး RSS feed for this section

”ဒေါင်းအလံဒေါင်းရိပ်အောက်မှာ ဒေါင်းမာန်ဒေါင်းစိတ်မပျောက်စေပဲ ရှေ့ခရီးဆက်ကြဖို့ မင်းကိုနိုင်ပြော”

June 17, 2013

0 Comments

    အခုလိုပရိယာယ်တွေ သိပ် များလှတဲ့အချိန်မှာ အရေးကြုံ တိုင်း ကျွန်တော် အမြဲပြောပါ တယ်၊နိုင်ငံတော် အလံတွေသာ သုံးမျိုးပြောင်းသွားတယ်၊ဒေါင်း အလံက ဘယ်တော့မှ မပြောင်း ဘူး။ဒေါင်းအလံဒေါင်းအရိပ် အောက်မှာဒေါင်းမာန်ဒေါင်းစိတ် မပျောက်ဘဲ ရှေ့ဆက်ခရီးဆက် ကြပါဟု ဇွန်လ(၁၆)ရက်နေ့က တော်ဝင်နှင်းဆီတွင် ကျင်းပပြု လုပ်သည့်၁၉၈၈ ဇွန် ၁၆ ကျောင်းသားအရေးတော်ပုံ ငွေရ တု အခမ်းအနား၌၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်မှ ပြောကြားလိုက် သည်။ အဆိုပါအခမ်းအနားကို အခမ်းအနားမှူးအဖြစ် ကဗျာ ဆရာမောင်သွေးသစ်က တာဝန် ယူပြီး ကျောင်းသားသမိုင်း အဆက်ဆက်တွင် ပါဝင်ခဲ့သူများ ၈၈ကျောင်းသားများနှင့်မိသားစု များ ABSDF ကျောင်းသားတပ် မတော်အဖွဲ့ဝင်ဟောင်းများ အဖွဲ့ အစည်း အသီးသီးမှပုဂ်္ဂိုလ်များ ၃၀၀ခန့်တက်ရောက်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန် လည်သင့်မြတ်ရေး၊ကျောင်းသား သမဂ္ဂပြန်လည်ဖွဲ့စည်းရေးစသည့် [...]

Continue reading...

မြစ်ကိုချစ်သူများလိုပါသည်

June 16, 2013

0 Comments

    စိတ်ပညာရှင် ““ဇစ်မန်ဖရိုက်””က ဆိုခဲ့ဖူးသည်။ မိန်းမတစ်ယောက်၏ စိတ် ကိုသိရန် နှစ် ၃၀ လုံးလုံး သုတေသနပြု ခဲ့သော်လည်း ယခုအချိန်ထိ အဖြေရှာ မရသေးပေ။ ဘယ်တော့မှ အဖြေရှာမရ သည့်မေးခွန်းမှာ မိန်းမတစ်ယောက်သည် ““ဘာကိုလိုချင်သလဲ””ဟူသည့် မေးခွန်းပင် ဖြစ်၏။ ကျွန်မတို့ဗမာစကားမှာလည်းရှိ သည်။ ဣတိ္တ၀င်္က၊ နဒီဝင်္ကဟူ၍ ဖြစ်သည်။ ဣတိ္တယနှင့်မြစ်တို့မှာ မာယာများသည်ဟုသာ သက်သက် သာသာဆိုကြပါစို့။ မာယာများခြင်းမများ ခြင်းက အရေးမကြီးလှပါ။ အသုံးတည့် ဖို့လိုပါသည်။ မြစ်၏သဘာဝကိုက ကွေ့ကောက်ဖို့လိုသည်။ ရေတံလျှောက် လိုသာ တစ်ဖြောင့်တည်းစီးမည်ဆိုလျှင် ရေစီးတို့ကြမ်းကုန်မည်သာ။ ကွေ့ ကောက်ညင်သာစီးဖို့ကိုလိုသည်။ ကွေ့ ကောက်သောမြစ်က မြစ်အစစ်ဖြစ်၏။ ဖြောင့်စင်းမှတော့ တူးမြောင်းဖြစ်ပြီပေါ့။ မြစ်တို့ကွေ့ကောက်စွာစီးဖို့ပင် အတော် လေး ကြိုးစားကြရပါဦးမည်ဖြစ်ပါသည်။ ကျွန်မတို့ဆီမှာက [...]

Continue reading...

နိုင်ငံသားများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေရှိပါတယ်၊

June 16, 2013

0 Comments

  ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၁၅)ရက်မြောက် နေ့မှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်း ညွန့်က ပြည်သူလူထုကို အကာအကွယ် ပေးမည့် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်း ပေးရန် တိုက်တွန်းကြောင်း အဆိုတစ်ရပ် ကို တင်သွင်းခဲ့ရာ လွှတ်တော်က မှတ် တမ်းတင်ထားရှိမည်ဖြစ်ပြီး စောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံး ဖြတ်ခဲ့ပါတယ်။ တကယ်ဆိုရင် မြန်မာ နိုင်ငံသားတိုင်းဟာဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ရှိရင်းစွဲဥပဒေတွေမှာပါတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ရရှိဖို့၊ အဲဒီအခွင့်အရေးတစ်ရပ်ရပ် ထိခိုက် ဆုံးရှုံးမှုမရှိစေဖို့နဲ့ တရားဝင်ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေရရှိစေဖို့အတွက် နိုင်ငံတော်က ကာကွယ်စောင့်ရှောက် ပေးရမယ့်တာဝန်ရှိပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အရေးတွေ မရရှိကြဘဲ နစ်နာနေ တဲ့သူတွေများစွာရှိတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။ နိုင်ငံသားတွေဟာ မိမိ တို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေ ဆုံးရှုံးနေ ရတာကြောင့် သက်ဆိုင်ရာအာဏာပိုင် တွေထံ [...]

Continue reading...

ဝင်း – ၀င်း သီအိုရီ

June 16, 2013

0 Comments

ဤနှစ်များအတွင်း ရေပန်းစားနေ သော စကား “win – win theory” ဆို သည်မှာ ပဋိပက္ခဖြေရှင်းရေး ပြဿနာ များ၌ သုံးသောစကားဖြစ်သည်။ နှစ်ဖက် လုံး မနစ်နာစေဘဲ နှစ်ဖက်လုံး အကျိုးရှိ စေသော နည်းလမ်းဖြစ်သည်။ ဤသီအိုရီ ကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး တွင်မက၊ ပညာရေး၌ပါ အသုံးပြုနိုင် ပါသည်။ ““ဆရာမရေ ကျွန်တော်တို့ကျောင်း က အောင်ချက်ရာနှုန်း တက်လာတဲ့ အကြောင်း ပီတိမျှဝေချင်လို့ပါ။ ဒီလို ဖြစ်လာရတာက ဒီနှစ်ကျွန်တော်တို့ ကျောင်းမှာ ပြင်ပစာကျက်ဝိုင်းတွေက လာထားတဲ့ ကျောင်းသားမရှိတော့လို့ပါ။ ကိုယ့်ကျောင်းသားချည်း သီးသန့်ကြိုးစား ခဲ့ကြတာပါ”” မန်္တလေး၊ အေးချမ်းသာစံ မြို့နယ်၊ အ.ထ.က (၁၅) မှ ကျောင်း အုပ်ဆရာကြီးက [...]

Continue reading...

အမြန်လမ်းအန္တရာယ်အကာအကွယ်တန်းမှ ကုသိုလ်

June 16, 2013

0 Comments

    အန္တရာယ် အကာအကွယ်တန်းဆို တော့ ဘာလဲလို့ စာဖတ်သူ တွေးနေမိ မှာပါပဲ။အင်္ဂလိပ်လိုGuard Rail လို့ဆိုရင် ပိုပြီးရှင်းလေမလားပဲ။မောင်တင့်အမြန် လမ်းမှာGuard Rail လုပ်ငန်းလုပ်ဖို့ ကုမ္ပဏီရဲ့ တာဝန်ပေးခြင်းခံရပါတယ်။ အဲဒီမမြန့်တမြန်လမ်းလို့ ကျွန်တော် အမည်ပေးထားတဲ့ အမြန်လမ်းမှာ အရှိန် ပြင်းပြင်းနဲ့မောင်းလာတဲ့ သူဌေးကားတွေ၊ ကိုယ်ပိုင်ကားတွေ၊ခရီးသည်တင် အမြန် ကားတွေချောက်ထဲမကျဖို့၊အိပ်ငိုက်ပြီး မောင်းလာတဲ့ ကားတွေ လူတွေ မသေဖို့ သောက်စားထားပြီး မောင်းလာတဲ့ ခရီးသည်တင်အမြန်ကားများအန္တရာယ် ကင်းဝေးစေဖို့ဆောက်လုပ်ရေးအဖွဲ့တွေ ကGuard Rail လို့ အလွယ်တကူ ခေါ်ဝေါ်နေတဲ့““အန္တရာယ်အကာအကွယ် တန်း””တွေလုပ်ထားပေးရပါတယ်။ လုပ်ပေးရတဲ့နေရာတွေက ကား လမ်းဘယ်ဘက်ကိုကွေ့ရတဲ့ ကွေ့တွေကို ကာရတာပါ။ကွန်ကရစ်လမ်းညာဘက် အနားစပ်ကနေ ၁၂ပေအကွာ၊ဒါမှမဟုတ် ၄ပေကျယ် ကွန်ကရစ်ပလက်ဖောင်းက နေ ၈ပေအကွာမှာကွေ့တိုင်း ဘယ်ဘက် ကို ကွေ့ကွေ့ပြီး [...]

Continue reading...

ငွေရတုငရဲခန်းမှသည် လွတ်လပ်ငြိမ်းချမ်းသော အနာဂတ်မြန်မာပြည်သို့ 

June 15, 2013

0 Comments

    ကွန်ပျူတာဖန်သားပြင်ပေါ်၊ ပေါ်လာသည့် Facebook  စာသားများကို ကြည့်ရင်းကျွန်တော်တဒင်္ဂမှင်သက်သွား မိသည်။ ရှေ့ဆက်ဖတ်ရမည့်စာသားများ  ကို ဆက်လက်ဖတ်ရှုရန်လည်း မေ့လျော့ နေမိသည်။ သြော် ငွေရတုတဲ့လား။ နှစ်ပေါင်း ၂၅ နှစ်တောင်ကြာခဲ့ပြီ ကိုး။ ကျွန်တော်ကွန်ပျူတာကို ဆက်လက် ကြည့်ရှုရန် ခံစားနိုင်စွမ်းအားမရှိတော့ သဖြင့်၊ ထိုရှေ့မှ ထကာခြံအတွင်း ဆင်းသက်လမ်းလျှောက်ဖြစ်ခဲ့သည်။ ထိုအချိန်မိုးဖွဲလေးများက ကျွန်တော့် ဦးခေါင်းပေါ်သို့စတင်ဆင်းသက်လာကြ သည်။ မိုးဖွဲများခန္ဓာကိုယ်ပေါ်ကျဆင်းမှု ကို ခံစားရင်း၊ ကျွန်တော့်အတွေးများသည်။  လွန်ခဲ့သည့်နှစ်ဆယ့်ငါးနှစ်ကာလဆီသို့ စီးမျောသွားခဲ့ကြသည်။ ဘာလိုလိုနှင့် ကျွန်တော့်အသက် တောင်လေးဆယ်ကျော်သွားပြီး လွန်ခဲ့ သည့်နှစ်ဆယ့်ငါးနှစ်တာအချိန်ကာလက  ယုံကြည်ချက်ခိုင်မာပြီး တိုင်းပြည်အတွက် ဒီမိုကရေစီအရေးကို ဦးစားပေးတိုက်ပွဲဝင် ခဲ့သူနှမလေးအေးမွန်ကို ကျွန်တော်လွမ်း မိသည်။ သူ့အသက်ဝိဉဉ်ကျဆုံးခဲ့စဉ်က ယခုကဲ့သို့ကောင်းကင်တစ်ခုလုံးညှိုမှိုင်း ကာမိုးဖွဲလေးများ ရွာနေခဲ့သည်။ ထိုမိုးဖွဲ များ [...]

Continue reading...

ကားဒီးယားရွှေ နှင့် ကြေးနီသတ္ထုတွင်းသို့တစ်ခေါက်

June 15, 2013

0 Comments

    ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း (၇၀၀၀)ကျော်ရှိသည့်အနက် သန်းပေါင်း (၃၅၀၀)သောလူသားများသည် ရေနံ၊ ဓာတ်ငွေ့နှင့် တွင်းထွက်သယံဇာတ ကြွယ်ဝသည့်နိုင်ငံများတွင် နေထိုင်လျက် ရှိကြသည်။ ယင်းရေနံ၊ ဓာတ်ငွေ့နှင့် တွင်းထွက်သယံဇာတကြွယ်ဝသည့်နိုင်ငံ များတွင်နေထိုင်လျက်ရှိသော လူဦးရေ သန်းပေါင်း(၃၅၀၀)ကျော်ထဲတွင် အမေ ရိကန်(၂)ဒေါ်လာအောက်နေ့ စဉ်ဝင်ငွေသာရရှိသောလူပေါင်း သန်း ပေါင်း (၆၄၀)ကျော်ရှိပြီး၊ သန်းပေါင်း (၁၀၀၀)ကျော်မှာ အမေရိကန်ဒေါ်လာ (၅)ဒေါ်လာအောက်သာနေ့စဉ်ဝင်ငွေ ရှိကြပါသည်။ ကောင်းမွန်သောအုပ်ချုပ် မှုဖြင့် အဆိုပါသဘာဝသယံဇာတအရင်း အမြစ်များကို အကျိုးရှိရှိထုတ်ဖော်သုံးစွဲ နိုင်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ပေးနိုင်ရုံမျှမက၊ ဆင်းရဲ နွမ်းပါးခြင်းကို လျှော့ချပေးနိုင်သော ၀င်ငွေများအပြားရရှိလာစေနိုင်ပါသည်။ သို့ရာတွင် တိုင်းပြည်အားအုပ်ချုပ်သော အစိုးရမှ အုပ်ချုပ်မှုအားနည်း (Mismanagement) ပါက အဆိုပါ သဘာဝသယံ ဇာတအရင်းအမြစ်မှရရှိသော ၀င်ငွေ သည် ဆင်းရဲနွမ်းပါးမှု (Porvety) ၊ [...]

Continue reading...

စာမေးပွဲစစ်သောသဏ္ဍာန်ကို မပြင်နိုင်သေးဘဲ စာသင်သော ပုံသဏ္ဍာန်ကိုပြင်ရန် ခက်ခဲပုံ

June 15, 2013

0 Comments

    ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပညာ ရေးစနစ်က ကမ္ဘာနဲ့ယှဉ်ရင်ခေတ်နောက် ကျနေပါတယ်။ ယခုအခါ ပညာရေးကို တိုးတက်အောင် ပြုပြင်ဖို့စိတ်အားထက် သန်လျက် ရှိကြပါတယ်။ ခေတ်နောက် ကျခဲ့တဲ့ ပညာရေးအကြောင်းကို ဥပမာ တစ်ခုတင်ပြရမယ်ဆိုရင် ကျွန်တော်တို့ ဟာ ဆရာက သင်ပေးသောစနစ် (LECTURE TYPE) နဲ့ပဲ သင်ခဲ့ရပါတယ်။ ယခုအခါ အန်ကယ်ကြီး၊ ဘဘလေး၊ ဘဘကြီး အရွယ်တွေ ရောက်နေပြီ ဖြစ်တဲ့ ကျွန်တော်တို့ဟာ အခြေခံ ပညာရေး အထက်တန်းကျောင်းသား ဆယ်ကျော်သက်ဘ၀တုန်းက လက်ချာ စနစ်နဲ့ပဲ ယဉ်ပါးခဲ့ရပါတယ်။ ဒါကို ဒီလိုမှတ်၊ ဒီလို မေးရင် ဒီလိုဖြေလို့ သင်ကြားခံယူခဲ့ရပြီး စာမေးပွဲစစ် တဲ့အခါကျတော့လည်း စာမေးပွဲ ပုံသဏ္ဌာန်ကလက်ချာစနစ် ကျောင်းသား  တွေနဲ့ ကိုက်ညီလှပါတယ်။ ကျွန်တော်တို့  [...]

Continue reading...

ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွဲသုံးမှုများ

June 15, 2013

0 Comments

    မြန်မာ့လွတ်လပ်ရေးကြေညာနိုင်ရန် အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ၁၉၄၇ ခုနှစ်၊ ဇွန်လ  တွင်ကျင်းပသည့်တိုင်းပြည်ပြုလွှတ်တော် အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းက အခြေခံဥပဒေရေးဆွဲရာတွင် နှစ်မျိုးရှိ ကြောင်း ဥပဒေမှာစာလုံးတွေကိုလိုက်ပြီး  ကတ်သီးကတ်သတ်ဝိနည်းလွတ်ရုံလောက်  အဓိပ္ပာယ်ကောက်သည့်နည်းကတစ်မျိုး (the letters of the Coustitution)  ၊ စေတနာစိတ်ထားအတိုင်းလုပ်သည့်ဥပဒေ  ကို ဖတ်လိုက်တဲ့အခါလူမျိုးအချင်းချင်း ခိုင်ခိုင်လုံလုံညီညီညွတ်ညွတ်နှင့် ပေါင်းသင်း  သွားပြီးတော့ကာ အလုပ်လုပ်ဖို့ဥပဒေလို့ စိတ်ထားသဘောထားမျိုးပေးလာအောင်  ရေးဆွဲတဲ့ဥပဒေမျိုး (the spirit of the Coustitution) ဟူ၍ ခွဲခြမ်းစိတ်ဖြာတင်ပြ ခဲ့ပါသည်။ ထိုကြောင့်ဥပဒေကို အကောင် အထည်ဖော်ကျင့်သုံးသည့်အခါထိုဥပဒေ ကို မပြဋ္ဌာန်းမီက မည်သည့်ရည်ရွယ်ချက်  များကို ရှေ့ရှု၍ ရေးဆွဲထားခဲ့သည်ဟူ သော အခြေခံစိတ်ဓာတ်စေတနာရင်းကို ထောက်ထားပြီး ကျင့်သုံးအပ်ပေသည်။ ဥပဒေပါစကားရပ်စာလုံးများကို [...]

Continue reading...

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ

June 13, 2013

0 Comments

    “တစ်ကောင်တည်းဒါပေမဲ့ခြင်္သေ့”ဆို သော စာအုပ်အမည်လေးကို သတိရမိ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းခြံဝင်း ကြီးထဲတွင် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ အထိ နှစ်ပေါင်းများစွာတစ်ကိုယ်တည်းအကြိမ် ကြိမ်နေထိုင်ခဲ့ရသူဖြစ်သည်။ လွှတ်လိုက်၊ ပြန်ဖမ်းလိုက်သံသရာထဲတွင်တစ်ကိုယ်တည်း နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသူသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အကျဉ်းသား  ဘ၀ဖြင့် နေထိုင်နေရစဉ်ခင်ပွန်းဖြစ်သူ  ဒေါက်တာမိုက်ကယ်အဲရစ်ကွယ်လွန်သွား ခဲ့သည်။ ခင်ပွန်းသည်၏ဈာပနကို မြန်မာ  ပြည်ဒီမိုကရေစီအရေးနှင့် နှိုင်းယှဉ်ရွေးချယ်ခဲ့ ရလေရာ မြန်မာပြည်အတွက်သာ သူမ ရွေးချယ်ခဲ့သည်။ သည့်အတွက် ခင်ပွန်း သည်၏နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင် ခွင့်မရခဲ့။ ခင်ပွန်းသည်၏အလောင်းကို မမြင်တွေ့နိုင်ခဲ့ပါချေ။ အရွယ်မရောက် သေးသောသားနှစ်ယောက်၏ ဘ၀ရှေ့ရေး၊ ပညာရေး၊ လူမှုရေးအစစအရာရာကို လျစ်လျူရှုကျောခိုင်းခဲ့ရသည်။ တွမ်နှင့် အလက်ဇန်းဒါးသားနှစ်ယောက်၏ဘ၀မှာ  ဖခင်မဲ့သွားရသောဘ၀တွင် မိခင်ကလည်း မြန်မာပြည်ထဲတွင် အကျဉ်းကျနေရသည်။ မြန်မာစစ်အစိုးရ၏ အရေးအကြီးဆုံး၊ အတင်းကြပ်ဆုံးအကျဉ်းသားမှာ [...]

Continue reading...