အယ်ဒီတာခင်ဗျာ- သာကေတမြို့နယ်- ၁မြောက် ရပ်ကွက်၊ မင်းနန်္ဒာလမ်းမကြီးဘေး ရှိမြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းအဆောက်အအုံကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်) နှင့် မြို့တော်ဝန်ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ယခုပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ်)တို့ အုတ်မြစ်ချ၍ အခမ်းအနားဖြင့် တည်ဆောက်ခဲ့ပါသည်။ အဆိုပါတိုင်းရင်းဆေးအိမ်ရာ ဆောက်လုပ်ပြီးနောက်ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ မှ မြေငှားဂရန်ရရှိရန်အလုပ်အမှု ဆောင်အဖွဲ့မှဆောင်ရွက်ခဲ့ကြပါ သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သောမြို့နယ်အလုပ်အမှု ဆောက်ဘဏ္ဍာရေးငွေစားရင်းရှင်း တမ်း၌ နှစ် (၆၀) မြေငှားဂရန်စည် ပင်သို့ပေးသွင်းငွေ ၁၃၅၀၅၀၈ ကျပ် (တစ်ဆယ့်သုံးသိန်းငါးသောင်း ငါးရာရှစ်ကျပ်) ဟု ဖော်ပြထားပြီး ရုံးကိစ်္စအတွက်ဆောင်ရွက်စရိတ် ၅၂၉၂၅၀ ကျပ် (ငါးသိန်းနှစ်သောင်း ကိုးထောင်နှစ်ရာ့ငါးဆယ်ကျပ်)ဟု ဖော်ပြထားပါသည်။ ၎င်းင်းကိစ်္စနှစ်ပတ်သက်ပြီး မြေ ငှားဂရန်တစ်ခုရရှိရန်ငွေသိန်းနှစ် ဆယ်နီးပါးကုန်ကျသောကြောင့် [...]
Archive | အိတ်ဖွင့်ပေးစာ RSS feed for this section
ပေးစာ
February 19, 2013
အယ်ဒီတာရှင့် ကျွန်မ၏ ဖခင်သည် ၁၉၅၁ ခုတွင် ပဲခူးမြို့၊ မြို့သစ် (ဃ) ရပ်ကွက် (ကျောက် တွင်းကုန်း)၊ အမှတ် (၆၃၂) ရန်ကုန်-မန္တလေး ကား လမ်းဘေး ၌တည်ရှိသောမြေကွက် ကိုဝယ် ယူခဲ့ပြီး အိမ်တန်းလျား ဆောက် လုပ်ကာအိမ်ငှားတင် ခဲ့ပါသည်။ ၁၉၉၇ ခု နိုဝင်ဘာတွင် ခရိုင် ကော်လိတ္တော်အရာရှိက ကျွန်မ ဖခင်အမည်ပေါက်နှစ် (၃၀) ဂရန် ထုတ်ပေးခဲ့ပါသည်။ ထိုသို့ဂရန် ထုတ်ပေးခဲ့သည့်ကိစ္စနှင့် ပတ်သက် ပြီး အိမ်ငှားတစ်ဦးဖြစ်သူက သူ့တွင် လ/န ၃ (ခ) ရှိသည်ဆို ပြီး ၁၉၉၉ ခု ဇန်န၀ါရီတွင် တိုင်း ထွေ/အုပ်သို့အယူခံတက်ခဲ့ရာ ကျွန်မ၏ဖခင်ပိုင်ဆိုင်ကြောင်း စစ် ဆေးတွေ့ရှိသောကြောင့် ဂရန်ကို [...]
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သို့ ပန်ကြားချက်
February 15, 2013
ကျွန်တော်ဟာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးရွာလေး တစ်ရွာမှ ရှမ်းနီ(တိုင်းလိုင်)လူမျိုး ကျောင်းဆရာ တစ်ယောက်ပါခင်ဗျာ။ ကချင်လူမျိုးမဟုတ်တဲ့ ကချင်ပြည်နယ် မြို့နယ်အသီးသီးရဲ့ ကျေးရွာအသီးသီးမှာ KIA ရဲ့ အတင်းအဓ္ဓစစ်သား စုဆောင်းရေး ဆွဲခြင်းခံထားရတဲ့ KIA ဖမ်းဆီးသွားတဲ့ ရွာသားတွေကိုလည်း စစ်တမ်းယူပေးစေလိုပါတယ်။ KIA ဖမ်းဆီးသွားတဲ့သူတွေကို ပြန်လွှတ်ပေးဘို့ တောင်းဆိုပေးစေလိုပါတယ်။ ဦးအိုက်ကော်(မိုးကောင်းမြို့နယ်သား)
လျှပ်စစ်မီး တစ်နေ့ ၈ နာရီ အသုံးပြုခွင့်ပေးပါ
February 12, 2013
ကချင်ပြည်နယ် မိုးညှင်းမြို့ သည် နိုင်ငံတော်စီမံကိန်းအရ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် လျှပ်စစ် မီးရရှိမည်ဟုဆိုသော်လည်း ယနေ့ချိန်ထိ မရရှိသေးပါ။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး တောင်းဆိုနေသော်လည်း ကျွန် တော်တို့ ကချင်ပြည်နယ် မိုးညှင်း မြို့မှာ တစ်ရက်လျှင် ၈ နာရီမျှ မီးရရှိရေးသာ တောင်းဆိုလိုပါ သည်။ ထိုသို့ တောင်းဆိုခြင်းမှာ လည်း ၂၀၁၂-၂၀၁၃ ပညာသင် နှစ်ကျောင်းစာမေးပွဲများ နီးကပ် လာခြင်းကြောင့် ကျောင်းသား လူငယ်များ သင်ခန်းစာလေ့လာ ကျက်မှတ်နိုင်ရေးအတွက်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တစ်နေ့ ၈ နာရီမျှ လျှပ်စစ်မီးရရှိရေးအတွက် သမ်္မတ ကြီးက ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါ သည်။ ဦးဇင်ညွန့်
အစ်ကိုတို့သိစေဖို့ရာ အိတ်ဖွင့်ပေးစာ
February 10, 2013
ကိုဇာဂနာနဲ့ ကိုမင်းကိုနိုင်ဆိုတာ ကျွန်မတို့ချစ်ရတဲ့ပုဂ္ဂိလ်နှစ်ဦးပါ။ပုဂ္ဂိုလ် ရေးခင်မင်မှုမရှိပေမဲ့ ၁၉၈၈ ရဲ့ ရန်ကုန် တက္ကသိုလ်ဟောပြောပွဲတွေမှာ ထမင်း ထုပ်တွေဝေရင်း၊ တတ်နိုင်သလောက် လုပ်အားပေးရင်းလက်ခုတ်တီးခဲ့တဲ့ ကျောင်းသူပါ။ ကိုဇာဂနာရဲ့ ၁၉၉၀ လောက်ကပွဲတွေဆိုရင်လည်းလိုက်ပြီး အားပေးခဲ့တာ။ ပဲခူးပွဲဟာဘယ်လောက် အောင်မြင်လိုက်သလဲဆို မြို့လုံးကျွတ် နီးပါးလာပြီးအားပေးလို့ပွဲမိန့်တောင် ပိတ်ခံလိုက်ရတာမှတ်မိနေပါတယ်။ အမှတ်တရဓာတ်ပုံလေးတွေလည်း သိမ်းထားပါတယ်။ အခုချိန်မှာတော့ တရားဝင်ဟောပြောခွင့်တွေရလာလို့ စာပေပရိတ်သတ်အနေနဲ့ အတူတက် လိုက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အစ်ကိုတို့မသိနိုင်လောက်ဘူးထင် တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သတ်ပြီး ပြဿနာလေးတစ်ရပ်ကို အစ်ကို တို့သိအောင်ပြောပြချင်နေမိတာ ထိန်းမ နိုင်သိမ်းမရမို့လို့ Hot News မှတစ်ဆင့် ရေးလိုက်မိတာပါ။ (ဂျာနယ်ဖတ်မှ သူတွေသိရင်လည်း အကျိုးရှိမယ့် ကိစ္စမို့လို့ပါ) ပြဿနာရဲ့အကြောင်း ရဲ့ခေါင်းစဉ်ကတော့စာပေဟောပြော ပွဲကိုအကြောင်းပြုပြီး ရပ်ကွက်ထဲ မြို့နယ်ထဲမှာ ထောင်းလမောင်းထအောင် [...]



Vol-3,No-145
Vol-3,No-144
Download
March 4, 2013
0 Comments