Archive | အိတ်ဖွင့်ပေးစာ RSS feed for this section

တာဝန်ရှိပုဂ္ဂိုလ်များ ကိုယ်ချင်းစာနာစိတ်ဖြင့် ထိန်းသိမ်းကြပ်မတ်ပေးစေချင်ပါတယ်

May 10, 2013

0 Comments

ပေးစာ အယ်ဒီတာခင်ဗျား ရန်ကုန်မြို့ဝန်းကျင်နေ ရုံး သူရုံးသား ဆင်းရဲသားပြည်သူများ အားလုံးအပါအ၀င် နိစ္စဒူဝနေ့စဉ် တွေ့ကြုံခံစားနေရသည့် ကြီးမား သည့်ဒုက္ခတစ်ရပ်မှာ မလွဲမရှောင် သာသွားလာနေရသည့် ဘတ်စ် ကားစီးခရီးပင်ဖြစ်ပါသည်။ ယာဉ်ပိုင်ရှင်များသည် မိမိကားငွေပိုမိုရရှိရေးကိုသာ လောဘထားဆောင်ရွက်နေကြ သည့် ဖြစ်ရပ်များအဖြစ် အထူး ကားဟု အမည်တပ်ဆင်ပြီး ခရီးသည်ပိုမိုဆန့်အောင် ထိုင်ခုံ များရှေ့နောက်ဝဲယာကျဉ်းထား ခြင်း၊ ခရီးသည်များကို သက်မဲ့ ပစ္စည်းပမာ တိရစ္ဆာန်များကို တင်သကဲ့သို့ တိုးမရလှည့်မရ သည်အထိ စီထပ်တင်ခြင်း၊ အချို့ ကားများမှာ အင်ဂျင်စက်၏ အပူ ရှိန်များ ကားပေါ်သို့ ရောက်သည် အထိ ရှိနေသည်ကို ပြုပြင်ခြင်း မရှိ၊ ရာသီဥတုပူပြင်းရသည့်အထဲ လူကလည်းကျပ် မီးပွိုင့်ကလည်း ကြာသည့်အခါ ခရီးသည်များမှာ ချွေးတပြိုက်ပြိုက်ကျရသည်အထိ ခံစားနေရသည့်အပြင် နေကာ မရှိခြင်း၊ [...]

Continue reading...

အယ်ဒီတာခင်ဗျား အမေစုသို့ အကြံပြုချက်

March 19, 2013

0 Comments

    ကျွန်တော်တို့ပြည်ထောင်စုမြန်မာ နိုင်ငံကို တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်း  ပြီး ဒီမိုကရေစီစနစ်သို့တက်လှမ်းနိုင်ဖို့ အရေးမှ အမေစုကရှေ့က ဦးဆောင်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နောက်ကလိုက်မှ အောင်မြင်မူရရှိလိမ့်မည်  ဟု အမေစုအပေါ်ပြည်သူတစ်ရပ်လုံးက အားကိုးတကြီးဖြင့် မျှော်လင့်နေကြပါသည်။  အမေစုသည်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သတ်္တိရှိပြီး ပြတ်ပြတ်သားသားပြည်သူ အတွက်လုပ်ကိုင်ရဲတဲ့ သတ်္တိအပြည့်ရှိတယ်   ဆိုတာကို ယခုလက်ပံတောင်းတောင် ကိစ်္စတွင် သမ္မတအပါအ၀င်မည်သူကမျှ  ၀င်ရောက် တာဝန်မယူရဲသော ကော်မရှင်   ဥက္ကဋ္ဌနေရာမှယူပြီး လုပ်ပြလိုက်ခြင်းသည်  ပြတ်ပြတ်သားသားသတ်္တိရှိရှိနိုင်ငံတော်  အပေါ်စွန့်စားရဲသော သတ်္တိရှိနေသည်ကို  လက်တွေပြရာရောက်၏။ ယခုအမေစု၏ကော်မရှင်လုပ်ဆောင် မှုမှာ နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေး အပါအ၀င်နိုင်ငံရေးစီးပွားရေးပြည်သူတွေ  ရေရှည်အကျိုးစီးပွားအတွက် စိတ်စေတနာ   မွန်မြတ်စွာဖြင့် လုပ်ဆောင်မူတစ်ရပ်ဖြစ် သည့်ဟု ကျွန်တော်တို့ယုံကြည့်ပါသည်။ သို့သော် မြန်မာစီးပွားရေးဦးပိုင်လီမိတက် ကုမ္ပဏီကြီးမှ တပ်မတော်တစ်ရပ်လုံး၏ စီးပွားရေးဖြစ်သည့်ဟု အမည်ခံထားသော်  လည်း အောက်ခြေရဲဘော်များအတွက် တစ်စုံတစ်ရာအကျိုးရှိစေမူမရှိခဲ့ပါ။ ၎င်း [...]

Continue reading...

အမေ…

March 18, 2013

0 Comments

      အမေ့ရင်ခွင်ကိုခိုလှုံပြီး အမေ့  ရဲ့ဆုံမသြ၀ါဒတွေကိုအမြဲနာခံနေ  တဲ့  သားတစ်ယောက်ပါအမေ  အဖြူဟာအမည်းအခါးဟာ သကြားလို့ အမေပြောရင် ယုံကြည်   နေတဲ့သားပါ။အမေ့ကြောင့် သား  တို့တစ်တွေ လွတ်လပ်မှုအထိုက် အလျောက်ရခဲ့တဲ့ တနှစ်ကျော်  ကျော်လေးပဲရှိပါသေးတယ်အမေ …   အနှစ်၂၀ကျော်ကျော်ဆုံးရှုံးခဲ့ရ တဲ့ သားတို့ရဲ့လွတ်လပ်မှုတွေကို    အမေ ဧပြီ ၁ရက်နေ့မှာ ပြန်ယူ  ပေးခဲ့တာလေ အမေ့ရဲ့ကျေးဇူး  တွေဟာ မြင့်မိုရ်တောင်ထက်မက  ပါဘူး။ အမေ့ကျေးဇူးတွေပြန်ဆပ်   မယ်ဆိုရင်တောင်ကုန်နိုင်မယ်မထင်  ပါဘူးအမေ ဒါပေမယ့် အမေရယ်    မြင့်မိုရ်တောင်လောက်မဆပ်နိုင်   ရင်တောင် လက်ပံတောင်းတောင်  ကုန်အောင်တော့ဆပ်လိုက်ပါပြီ အမေ သားတို့မြတ်နိုးရတဲ့အမေ…သားတို့ကို အလင်းရောင်ပေးခဲ့တဲ့  အမေ သားတို့ချစ်လို့မ၀သေးခင်    မတ်လ ၁၃ရက် ၂၀၁၃ ဗုဒ္ဓဟူးနေ့    မှာ ဘာလို့တရားအားထုတ်(တရုတ်   အားထား) သွားရတာလဲအမေ [...]

Continue reading...

နိုင်ငံတော်သမ္မတကြီး နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦးရဲ့ရင်ဖွင့်စာ

March 18, 2013

0 Comments

      (၈-၁၂-၂၀၁၂)ရက် စစ်တက္ကသိုလ် အမှတ်စဉ်(၅၅)သင်တန်းဆင်းပွဲမှာ ““ခေါင်းဆောင်တို့သည် မိမိဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့်၊ မလုပ်သင့် ဝေဖန်ပိုင်း ခြားရန်လိုကြောင်း၊ လုပ်ကိုင်ဆောင်ရွက် ရာတွင်လည်း အခြေအနေ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစားချင့်ချိန် ပြီးမှ အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း၊ လက်အောက်ခံစစ်သည် များ၏ အခြေအနေကို သေချာသိရှိရန် လိုကြောင်း၊ အသိတရား၊ သတိတရား ရှိရှိဖြင့် နေထိုင်လုပ်ကိုင်တတ်ရန် လို ကြောင်း မိမိရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကို စိစစ်သုံးသပ်ကာ လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ၊ အနာဂတ်တွင် ဖြစ်လာနိုင်မည့် အခြေအနေများ ကို ကြိုတင်မြော်တွေးပြီး သတိတရားရှိ ရှိ ဆောင်ရွက်ရန်လိုကြောင်း””ဒုတိယ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မိန့်ခွန်းပြောခဲ့ တာကြောင့် ကျွန်တော့်သားကြီးအဖြစ် ဟာလည်း မိန့်ခွန်းထဲမှာပါတဲ့အကြောင်း [...]

Continue reading...

အယ်ဒီတာထံပေးစာ

March 10, 2013

0 Comments

  ၅.၃.၂၀၁၃ နေ့ နံနက် ၇ နာရီခွဲအချိန်မှာ မှော်ဘီမြို့လျှပ်စစ် ရုံးမှတ်တိုင်က မြောက်ပိုင်းခရိုင် ၁၅၂ ဥက္ကံ၊ဆူးလေ MYO Express ၇ခ/၇၈၉၆ ကားကို စီးပြီး အလုပ်ကိုလာခဲ့ပါတယ်။ ကားက  ဘီးရွေ့ရုံသာ မောင်းနေတာမို့ခရီး သည်တွေက အလုပ်ချိန်နောက်ကျ မှာစိုးလို့ တောင်းပန်ပြောဆိုတာ ကို မထီမဲ့မြင်ပြုနေပါတယ်။ ပြီးတော့ မှတ်တိုင်တိုင်းမှာ လူစောင့်တင်ပါတယ်။ ကျွန်တော့်  တစ်သက်နဲ့ တစ်ကိုယ်ဒီလောက်  နှေးတဲ့ ကားကိုမစီးဘူးသေးပါဘူး။  ကိုယ့်စီးပွားရေးတစ်ခုတည်းကိုပဲ ကြည့်ပြီး ခရီးသည်တွေအလုပ်နောက် ကျမှာကို မသိကျိုးကျွံပြုတဲ့ ကား ဒရိုင်ဘာကို ခရီးသည်တွေက ၀ိုင်း ပြောတော့အမြန်ရောက်ချင်ရင် ကိုယ်ပိုင်ကားဝယ်စီးပါလားလို့  စပယ်ယာကမိုက်မိုက်ရိုင်းရိုင်းပြော ဆိုပါတယ်။ မြေနီကုန်းမှတ်တိုင်ကို  နံနက် ၁၀ နာရီထိုးမှရောက်ပါ တယ်။ မှော်ဘီနဲ့ မြေနီကုန်းကို ကားမောင်းချိန် [...]

Continue reading...

သိန်း(၂၀)ခန့်ကုန်ကျတဲ့ မြေဌားဂရန်

March 4, 2013

0 Comments

  အယ်ဒီတာခင်ဗျာ- သာကေတမြို့နယ်- ၁မြောက် ရပ်ကွက်၊ မင်းနန်္ဒာလမ်းမကြီးဘေး  ရှိမြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ  အသင်းအဆောက်အအုံကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်) နှင့် မြို့တော်ဝန်ဗိုလ်မှူးချုပ် အောင်သိန်းလင်း (ယခုပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ်)တို့ အုတ်မြစ်ချ၍ အခမ်းအနားဖြင့် တည်ဆောက်ခဲ့ပါသည်။ အဆိုပါတိုင်းရင်းဆေးအိမ်ရာ ဆောက်လုပ်ပြီးနောက်ရန်ကုန်မြို့  တော်စည်ပင်သာယာရေးကော်မတီ  မှ မြေငှားဂရန်ရရှိရန်အလုပ်အမှု  ဆောင်အဖွဲ့မှဆောင်ရွက်ခဲ့ကြပါ သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင်  ထုတ်ပြန်ခဲ့သောမြို့နယ်အလုပ်အမှု   ဆောက်ဘဏ္ဍာရေးငွေစားရင်းရှင်း တမ်း၌ နှစ် (၆၀) မြေငှားဂရန်စည် ပင်သို့ပေးသွင်းငွေ ၁၃၅၀၅၀၈ ကျပ် (တစ်ဆယ့်သုံးသိန်းငါးသောင်း  ငါးရာရှစ်ကျပ်) ဟု ဖော်ပြထားပြီး   ရုံးကိစ်္စအတွက်ဆောင်ရွက်စရိတ်  ၅၂၉၂၅၀ ကျပ် (ငါးသိန်းနှစ်သောင်း  ကိုးထောင်နှစ်ရာ့ငါးဆယ်ကျပ်)ဟု  ဖော်ပြထားပါသည်။ ၎င်းင်းကိစ်္စနှစ်ပတ်သက်ပြီး မြေ ငှားဂရန်တစ်ခုရရှိရန်ငွေသိန်းနှစ် ဆယ်နီးပါးကုန်ကျသောကြောင့် [...]

Continue reading...

ပေးစာ

February 19, 2013

0 Comments

    အယ်ဒီတာရှင့် ကျွန်မ၏ ဖခင်သည် ၁၉၅၁ ခုတွင် ပဲခူးမြို့၊ မြို့သစ် (ဃ) ရပ်ကွက် (ကျောက် တွင်းကုန်း)၊ အမှတ် (၆၃၂) ရန်ကုန်-မန္တလေး ကား လမ်းဘေး ၌တည်ရှိသောမြေကွက် ကိုဝယ် ယူခဲ့ပြီး အိမ်တန်းလျား ဆောက် လုပ်ကာအိမ်ငှားတင် ခဲ့ပါသည်။ ၁၉၉၇ ခု နိုဝင်ဘာတွင် ခရိုင်  ကော်လိတ္တော်အရာရှိက ကျွန်မ ဖခင်အမည်ပေါက်နှစ် (၃၀) ဂရန် ထုတ်ပေးခဲ့ပါသည်။ ထိုသို့ဂရန် ထုတ်ပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်  ပြီး အိမ်ငှားတစ်ဦးဖြစ်သူက သူ့တွင် လ/န ၃ (ခ) ရှိသည်ဆို ပြီး ၁၉၉၉ ခု ဇန်န၀ါရီတွင် တိုင်း  ထွေ/အုပ်သို့အယူခံတက်ခဲ့ရာ ကျွန်မ၏ဖခင်ပိုင်ဆိုင်ကြောင်း စစ်  ဆေးတွေ့ရှိသောကြောင့် ဂရန်ကို [...]

Continue reading...

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သို့ ပန်ကြားချက်

February 15, 2013

0 Comments

  ကျွန်တော်ဟာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးရွာလေး တစ်ရွာမှ ရှမ်းနီ(တိုင်းလိုင်)လူမျိုး ကျောင်းဆရာ တစ်ယောက်ပါခင်ဗျာ။ ကချင်လူမျိုးမဟုတ်တဲ့ ကချင်ပြည်နယ် မြို့နယ်အသီးသီးရဲ့ ကျေးရွာအသီးသီးမှာ KIA ရဲ့ အတင်းအဓ္ဓစစ်သား စုဆောင်းရေး ဆွဲခြင်းခံထားရတဲ့ KIA ဖမ်းဆီးသွားတဲ့ ရွာသားတွေကိုလည်း စစ်တမ်းယူပေးစေလိုပါတယ်။ KIA ဖမ်းဆီးသွားတဲ့သူတွေကို ပြန်လွှတ်ပေးဘို့ တောင်းဆိုပေးစေလိုပါတယ်။   ဦးအိုက်ကော်(မိုးကောင်းမြို့နယ်သား)

Continue reading...

လျှပ်စစ်မီး တစ်နေ့ ၈ နာရီ အသုံးပြုခွင့်ပေးပါ

February 12, 2013

0 Comments

    ကချင်ပြည်နယ် မိုးညှင်းမြို့ သည် နိုင်ငံတော်စီမံကိန်းအရ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် လျှပ်စစ် မီးရရှိမည်ဟုဆိုသော်လည်း ယနေ့ချိန်ထိ မရရှိသေးပါ။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး တောင်းဆိုနေသော်လည်း ကျွန် တော်တို့ ကချင်ပြည်နယ် မိုးညှင်း မြို့မှာ တစ်ရက်လျှင် ၈ နာရီမျှ မီးရရှိရေးသာ တောင်းဆိုလိုပါ သည်။ ထိုသို့ တောင်းဆိုခြင်းမှာ လည်း ၂၀၁၂-၂၀၁၃ ပညာသင် နှစ်ကျောင်းစာမေးပွဲများ နီးကပ် လာခြင်းကြောင့် ကျောင်းသား လူငယ်များ သင်ခန်းစာလေ့လာ ကျက်မှတ်နိုင်ရေးအတွက်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တစ်နေ့ ၈ နာရီမျှ လျှပ်စစ်မီးရရှိရေးအတွက် သမ်္မတ ကြီးက ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါ သည်။   ဦးဇင်ညွန့်

Continue reading...

အစ်ကိုတို့သိစေဖို့ရာ အိတ်ဖွင့်ပေးစာ

February 10, 2013

0 Comments

    ကိုဇာဂနာနဲ့ ကိုမင်းကိုနိုင်ဆိုတာ ကျွန်မတို့ချစ်ရတဲ့ပုဂ္ဂိလ်နှစ်ဦးပါ။ပုဂ္ဂိုလ် ရေးခင်မင်မှုမရှိပေမဲ့ ၁၉၈၈ ရဲ့ ရန်ကုန် တက္ကသိုလ်ဟောပြောပွဲတွေမှာ ထမင်း ထုပ်တွေဝေရင်း၊ တတ်နိုင်သလောက် လုပ်အားပေးရင်းလက်ခုတ်တီးခဲ့တဲ့ ကျောင်းသူပါ။ ကိုဇာဂနာရဲ့ ၁၉၉၀ လောက်ကပွဲတွေဆိုရင်လည်းလိုက်ပြီး အားပေးခဲ့တာ။ ပဲခူးပွဲဟာဘယ်လောက် အောင်မြင်လိုက်သလဲဆို မြို့လုံးကျွတ် နီးပါးလာပြီးအားပေးလို့ပွဲမိန့်တောင် ပိတ်ခံလိုက်ရတာမှတ်မိနေပါတယ်။ အမှတ်တရဓာတ်ပုံလေးတွေလည်း သိမ်းထားပါတယ်။ အခုချိန်မှာတော့ တရားဝင်ဟောပြောခွင့်တွေရလာလို့ စာပေပရိတ်သတ်အနေနဲ့ အတူတက် လိုက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အစ်ကိုတို့မသိနိုင်လောက်ဘူးထင် တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သတ်ပြီး  ပြဿနာလေးတစ်ရပ်ကို အစ်ကို တို့သိအောင်ပြောပြချင်နေမိတာ ထိန်းမ နိုင်သိမ်းမရမို့လို့  Hot News မှတစ်ဆင့် ရေးလိုက်မိတာပါ။ (ဂျာနယ်ဖတ်မှ သူတွေသိရင်လည်း အကျိုးရှိမယ့် ကိစ္စမို့လို့ပါ) ပြဿနာရဲ့အကြောင်း ရဲ့ခေါင်းစဉ်ကတော့စာပေဟောပြော ပွဲကိုအကြောင်းပြုပြီး ရပ်ကွက်ထဲ မြို့နယ်ထဲမှာ ထောင်းလမောင်းထအောင် [...]

Continue reading...