Archive | စာလွင်ပြင် RSS feed for this section

လိုတရယတြာများ

June 15, 2013

0 Comments

    ဗေဒင်ပညာ၊ ဂမီ်္ဘရပညာတို့ သည် ခက်ခဲနက်နဲသောပညာရပ် များဖြစ်လေသည်။ ဗေဒင်ပညာ ကို စတင်သင်ယူနေချိန်တွင် အဘိုးဖြစ်သူ ဗေဒင်ဆရာကြီး အင်္ဂ၀ိဇ္ဇာဆရာသိန်း သေဆုံးသွား သဖြင့် ဗေဒင်ပညာအခြေခံကို သာ တတ်မြောက်သူ စာရေးသူ ကမိတ်ဆွေအပေါင်းအသင်းများ ၏ အခက်အခဲများကို သူတတ် သမျှပညာလေးဖြင့် ယတြာများ မေးပေးခဲ့သည်ကို အမှတ်တရ အဖြစ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသားခဲ့သည်။ ယခု ထိုယတြာဆောင်းပါးများကို စုပေါင်းထုတ်ဝေထားခြင်းဖြစ်သည်။ မိမိကိုယ်တိုင် ယတြာချေ၍ရ သော နည်းလမ်းများဖြစ်၍ သည် စာအုပ်ကိုဖတ်ပြီးသင်ကိုယ်တိုင် ယတြာချေကြည့်ပါလားဟုသာ ဆိုချင်သည်။ ပင်မြင့်မာလာစာ ပေမှထုတ်ဝေဖြန့်ချိ၍ ရောင်းဈေး မှာ ၃၅၀ ကျပ်ဖြစ်သည်။     ၀င်းဇော်(သုံးဆယ်)

Continue reading...

ပါရမီဖြည့်ဖက် ဇနီးမယား ဒေါက်တာစိန်စိန်သိန်း

May 20, 2013

0 Comments

    မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်  မှာ တစ်ထောင့်တစ်နေရာမှပါဝင်  ကပြခဲ့ရသည့်နရသိန်ပြန်ခင်ပွန်း သည်အတွက် လင်ဆိုးမယားမဟုတ်  သော်လည်း တဖားဖားဖြစ်ခဲ့ရသည်။  ကလောင်ရှင်၏စုတ်ချက်များသည် အပြစ်တင်ခြင်းကင်းသည်မမာန် တင်းရသည့်အကြိမ်ကြိမ်အခါခါမှာ လဲပြိုရာမှပြန်ထရသည့်အချိန်များ   သည်မြန်မာအမျိုးသမီးထုအတွက်   တော်မ၀င်ပေမယ့်စံတင်ထားလောက်  ရသည့်ဟန်ကိုတွေ့ရသည်။ ပါရမီ  ဖြည့်ဖက်သည်သုတဆရာမကြီး  တစ်ဦး၏ရသကောင်းစာအုပ်တစ် အုပ်ဖြစ်ကြောင်းပါ။ အာရှအလင်း  စာပေးမှထုတ်ဝေဖြန့်ချိပြီး ရောင်း ဈေးမှာ ၂၀၀၀ ကျပ်ဖြစ်သည်။   H.N

Continue reading...

သဗ္ဗေသတ္တာအဝေရာဟောန္တု မိုးမိုး(အင်းလျား)

April 8, 2013

0 Comments

    လူတွေသည် တိုးဝှေ့လျောက် သွားရင်းလှည်ပတ်ကြည့်သည်အခါ  ကြည့်သည်။ ရပ်ကြည့်သည့်အခါ ကြည့်သည်။ ကိုင်ကြည့်သည်အခါ   ကြည့်သည်။ မေးကြည့်သည့်အခါ မေးကြည့်ပြီးဝယ်သည့်အခါဝယ် သွားကြလေသည်။ ဘာပဲဖြစ်ဖြစ်  ဈေးရောင်းသူဆိုသည်မှာ လူစည်  ကားမှအရောင်းသွက်သည်။ ကြည့်သူများမှ ၀ယ်သူများသည်။ ရုပ်ရှင်ရုံသိမ်းချိန်အထိ သူတို့ စောင့်၍ ရောင်းကြသည်။ ဈေးသိမ်းပြီး အိမ်ပြန်တော့ဆယ် နာရီကျော်ပြီး အိမ်အ၀င်လမ်းသည် မှောင်လျက်ရှိ၏။ လူတွေအိမ် မောကျကုန်ပြီ၊ အညာသူအပျို ချောလေးတစ်ယောက်ရန်ကုန်မြို့ ပေါ်ရောက်လာစကာကလေးထိန်း အိမ်ဖော်ဘ၀ဟင်းရွက်သည်ဘ၀၊  ဗိုလ်ချုပ်ဈေးပျံကျဈေးသည်ဘ၀  လေဟာပြင်ဈေး၊ စိန်ဂျွန်းဈေး အသက် (၂၀) အတွင် ဘ၀မျိုးစုံ  ကျင်လည်ခဲ့ ရပုံများကို သဘာဝ   ကျကျထိထိမိမိရေးသားဖော်ပြထား သည်။ စာပေလောကစာအုပ်တိုက် မှထုတ်ဝေပြီးတန်ဖိုး ၁၂၀၀ ကျပ် ဖြစ်သည်။     စွန်ရဲနက် (ရွှေမှော်ဝန်း)

Continue reading...

အပြန်အလှန်မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းပါတယ်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပြော

February 27, 2013

0 Comments

  သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်သည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ယနေ့ မနက်(၁၀း၀၀)နာရီက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ YMCA အခန်းမတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။ `ဘာသာမရွေး၊ အသားအရောင်မရွေး၊ အရပ်အနိမ့်အမြင့်မရွေးဆိုပြီး ခွဲခြားမထားသင့်ပါဘူး။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းနေမှာပါ´ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်မှ အဆိုပါခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် ၂၇.၂.၂၁၁၃ မနက်ပိုင်း ၁၀နာရီတွင် ခရစ်ယာန်ဘာသာဝင်များနှင့်တွေ့ဆုံပြီး ယင်းနေ့နေလည် ၂း၀၀နာရီအချိန်တွင် အခြားသော ဟိန္ဒူနှင့် မူစလင်ဘာသာဝင်များကို သွားရောက်တွေ့ဆုံဖို့ရှိကြောင်း သိရှိရပါသည်။   ဖြိုးအောင်

Continue reading...

မောင်ခိုင်ခန့်(အမျိုးသားစာပေဆု)၏ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံမှတ်တမ်း(ငွေရတုအကြို) ထုတ်ဝေဖြန့်ချိ

February 26, 2013

0 Comments

စာရေးသူက ရန်ကုန်စက်မှုတက္ကသိုလ် မတ်လအရေးအခင်း၊ မြေနီကုန်းဇွန်လအရေးအခင်း၊ တောင်ကြီးမြို့နှင့် ပြည်မြို့ ဇူလိုင်လ ဘာသာရေးအဓိကရုဏ်း၊ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ နောက်ဆက်တွဲဟူ၍ အခန်း(၅) ခန်းခွဲ၍ ရေးသားထားပြီး မှတ် တမ်းဓာတ်ပုံပေါင်း(၃၅၀)ကျော်၊ အဖွဲ့အစည်းအသီးသီးနှင့် ဌာန ဆိုင်ရာများ၊ သံရုံးများ၏ ကြေ ညာချက်များ၊ သတင်းအချက် အလက်များနှင့်အတူ ဒေါ် အောင်ဆန်းစုကြည် ရွှေတိဂုံ ဘုရားအနောက်ဘက်မုခ် လူထု အစည်းအဝေးတွင် ပြောကြားခဲ့ သည့် မိန့်ခွန်းအပြည့်အစုံ၊ ဗိုလ် ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ တပ်မှူးဟောင်းများနှင့် ရဲဘော် ဟောင်းများ ညီလာခံတွင် ပြော ကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ၊ ၀န်ကြီးချုပ်ဟောင်းဦးနုနှင့် ဗိုလ် မှူးချုပ်ဟောင်းဦးအောင်ကြီး ၏ သတင်းစာရှင်းလင်းပွဲပြောကြား ချက်များ၊ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ရဟန်း ရှင်လူ ပြည်သူလူထုနှင့် [...]

Continue reading...

စာပေများ

May 13, 2012

0 Comments

    စီအီးအို ဂျက်ဝဲလ်ခ်ျ၏ ခေါင်းဆောင်မှု မဟာဗျူဟာနှင့် ဒဿနများ ၀င်းသိန်းဦး ဆယ်စုနှစ် နှစ်ခုကြာကာလ အတွင်းမှာ ဂျက်ဝဲလ်ခ်ျဟာဘယ် စီအီးအိုတွေနဲ့မှ မတူတစ်မူထူးး ခြားစွာပဲခေါင်ဆောင်မှု ပညာရပ် နယ်ပယ်ထဲဆီ ထည့်ဝင်ပေးဆပ်မှု များစွာ ပြုလုပ်ခဲ့ပါတယ်။ သူဟာ စီးပွားရေးခေါင်းဆောင်မှုအတွက် အတွေးအခေါ်တွေ အမြောက် အများထည့်သွင်းပေးခဲ့ရုံသာမ ဥပဒေများ၊ မဟာဗျူဟာများနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ယုံကြည် မှုများကိုပါတီထွင် ကြံဆပေးခဲ့ပါ တယ်။ ယှဉ်ပြိုင်မှု စွမ်းရည်ထက် မြက်တဲ့ ကော်ပိုရေးရှင်းတစ်ခုကို ဖော်ဆောင်ရာမှာ ၀ဲလ်ခ်ျဟာ သူကိုယ်ပိုင် အဘိဓာန်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီအဘိဓာန် ဟာ ဂျီအီးအိုကို “ရာစုနှစ်ချီတည် ရှိခဲ့တဲ့ ဗျူရိုကရက်တစ် အဖွဲ့အ စည်း”မှသည် “ဂလိုဘယ် ယန္တရား ကြီးတစ်ခု” အဖြစ်အသွင်ပြောင်း လဲပေးခဲ့တဲ့ နည်းလမ်းနဲ့ [...]

Continue reading...

ကျေးဇူးရှင် ဒေါက်တာအရှင်သောပါက

May 4, 2012

0 Comments

    ဘ၀ရဲ့သရုပ်မှန်ကို ဓမ္မနှင့် ကြည့်မှ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဤကဲ့သို့ သိမြင်နိုင်ရန်လည်း အရင်ဆုံး ဓမ္မအသိ ကိုယ့်မှာရှိနေ ဦးမှ ဖြစ်မှာပါ။ “အသိမခက် အ အကျင့်ချက်”ဆိုသကဲ့သို့ သိမှုအ ပိုင်းမှာ မခက်ခဲသော်လည်း ကျင့် ကြံအားထုတ်မှု အပိုင်းတွင်မူ ခက် ခဲနေတတ်တာ သဘာဝပါ။ကိုယ့် ရဲ့အကျိုးစီးပွားတွေကို တစ်နည်း နည်း တစ်ဖုံဖုံဖြင့် ကောင်းကျိုး ဆောင်ရွက်ပေးတာကို ကျေးဇူး လို့ဆိုတာပါ။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထိုကဲ့သို့ လုပ် ဆောင်ပေးဖူးသူ မှန်သမျှဟာ “ကျေးဇူးရှင်”ပါပဲ။ ကျေးဇူးသိတာ မင်္ဂလာဟု ဆိုသော်လည်း ကျေးဇူးတရား တွေကိုသိပြီး“ကျေးဇူးတင်ပါတယ်” လို့ ဆိုရုံနေနဲ့တော့ ကျေးဇူးဆပ် ခြင်းမဟုတ်ပေ။ အသိတခြား အ ကျင့်တခြား ဖြစ်နေသရွေ့တော့ ဘ၀ရဲ့အထွဋ်အထိပ်သို့ [...]

Continue reading...

ဦးတင်ယု ၏ ဦးတင်ယု အနုပညာစွမ်းဆောင်မှု မှတ်တမ်းစု

May 4, 2012

0 Comments

    ကျွန်တော်၏ မှတ်စုများ သည် သတင်းထက်ပိုပါသည်။ ၁၉၂၀ ပြည့်နှစ်က စခဲ့သော ကျွန်တော်၏ရုပ်ရှင်ဘ၀မှတ်တမ်း များသည် သမိုင်းဖြစ်နေပါသည်။ ကျွန်တော်ကြိုးပမ်းရေးဖွဲ့ပါသည်။ အချို့နေရာများတွင် မှတ်စုဆန် နေမည်ဖြစ်သော်လည်း ဤသည် ကသုတေသီများအတွက် အကျိုး ရှိမည်ဟု မျှော်လင့်ပါသည်။ ဤစာအုပ်ကို ဖတ်ရှုရ၍ တစ်စုံတစ်ခု အကျိုးပြုသည်ဆို လျှင် ကျွန်တော်ကြိုးပမ်းရကြိုး နပ်ပါပြီ။ မျှဝေခံစားပေးကြသည့် အတွက်လည်း ပီတိဖြစ်မိပါသည်။ ကျွန်တော့်အနုပညာနှင့် ဘ၀ကို တစ်ခုတ်တရ ရေးဖွဲ့ခဲ့ကြသော ဦးသုခ၊ တက္ကသိုလ်ချစ်ဆွေ၊ ချစ် သန်းမြင့်၊ မင်းသားကြီးသတင်း ထောက်ဝင်းမြင့်၊ သန်လျင်မောင် ၀င့်ဝါ၊ ချစ်ဦးညို၊ တေးသံရှင် မောင်သိန်းဝင်း၊ ဒါရိုက်တာကြည် စိုးထွန်း၊ မောင်အေးကြူလေးတို့ ကိုလည်း ကျေးဇူးတင်ပါသည်။   စာမူခွင့်ပြုချက်အမှတ်- ၄၀၁၂၃၃၀၉၁၁ တန်ဖိုး- [...]

Continue reading...

သတင်းလောကကို ဖြတ်သန်းခြင်း (ဖိုးဥာဏ်)

May 4, 2012

0 Comments

    ယခုစာအုပ်ဟာ သတင်းစာ ပညာကို ခြေခြေမြစ်မြစ်လေ့လာ လိုသူများအတွက် သိမှတ်စရာ များစွာကို ပေးနိုင်တဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးသဖွယ် ဖြစ်ပါ တယ်လို့ကျွန်တော်ရေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာအုပ် ထဲမှာ သတင်းထောက်ပညာ၊ အယ်ဒီတာပညာဆိုင်ရာ အပြင် စာနယ်ဇင်းသမားများအထူးသတိ ထားရမယ့် အသေရေဖျက်မှု၊ တရားရုံးကို မထီမဲ့မြင်ပြုမှုဆိုင်ရာ သိကောင်းစရာများပါ ပါဝင်နေ ခြင်းကြောင့် ဖြစ်ပါတယ်။ အင်မ တန်ထင်ရှားတဲ့ သတင်းစာဆရာ ကြီးဆရာ ဇ၀နတောင် ယာဉ် တိုက်မှုကိစ်္စကိုအမှတ်တမဲ့ဆောင်း ပါးရေးမိလို့ တရားရုံးကို မထီမဲ့ မြင်ပြုမှုနဲ့ ဒဏ်ငွေ(သို့မဟုတ်) ထောင်ဒဏ်ဖြစ်အောင်စီရင်ခံခဲ့ရ ပုံဖော်ပြထားတာမျိုးဟာ စာနယ် ဇင်းလောကသားများသင်ခန်းစာ ယူစရာဖြစ်ပါတယ်။ စာမူခွင့်ပြုချက်အမှတ်- ၄၀၀၁၁၇၀၂၁၂ တန်ဘိုး- ၃၀၀၀ ကျပ် စွန်ရဲနက် (ရွှေမှော်ဝန်း)

Continue reading...

ကြွေရင် အတူတူ ကြွေမယ်

April 30, 2012

0 Comments

    ကဗျာဆရာ၊ သီချင်းရေး ဆရာ တစ်ယောက်၏ ဘ၀ကို စာရေးသူဆရာမမိုးမိုး(အင်းလျား) ကထဲထဲဝင်ဝင်လေ့လာကာကိုယ် ချင်းစာ စိတ်ဖြင့်ရေးသားထား သော ဘ၀သရုပ်ဖော် ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်။ ဆရာမမိုးမိုး (အင်းလျား)၏ (၁၉၈၂)ခုနှစ်က ရေးသားထားသော လက်ရာ ကောင်းတစ်ပုဒ်လည်း ဖြစ်နေ သည်။ ကဗျာဆရာ၊ သီချင်းရေး ဆရာတစ်ယောက်၏ စိတ်ကူး ယဉ်တတ်မှု၊ နေရေးထိုင်ရေး ဒုက်္ခများ အစုလိုက်အပြုံလိုက် ပြု ရတတ်ပုံကိုလည်း ထင်သာမြင် သာတွေ့မြင်ရပေသည်။   စာမူခွင့်ပြုချက်အမှတ်- ၅၀၁၅၀၄၁၂၁၁ တန်ဖိုး- ၁၀၀၀ ကျပ် စွန်ရဲနက်(ရွှေမှော်ဝန်း)

Continue reading...