သာကေတမြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးမောင်မောင်စိုးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံ တကာရဲတပ်ဖွဲ့များကဲ့သို့ အရည် အချင်း၊အရည်အသွေးနည်းပညာ များ ပြည့်ဝစေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်မည် ကဲ့သို့ပူးပေါင်းဆောင်ရွက်လျက် ရှိပါသလဲဆိုသည့် မေးမြန်းချက် နှင့်ပတ်သက်၍မြန်မာနိုင်ငံရဲတပ် ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များ နည်းတူ ခေတ်မီကိရိယာများတပ် ဆင်ရန် စီစဉ်နေသည်ဟု ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြော ကြားခဲ့သည်ဟုသိရသည်။ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့သည် ၁၉၅၄ခုနှစ်တွင် အပြည်ပြည်ဆိုင် ရာ ရဲအဖွဲ့သို့လည်းကောင်း ၁၉၉၈ခုနှစ်တွင် အာဆီယံနိုင်ငံ များရဲတပ်ဖွဲ့သို့အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်းဝင်ရောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ နိုင်ငံ တကာအမျိုးသားဗဟိုအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူပူးပေါင်း ပြီး ဆေးဝါးတုတိုက်ဖျက်နှိမ်နင်း ရေး၊ ကျားမှုခင်းများတိုက်ဖျက်ရေး၊ မုန်တိုင်းစစ်ဆင်ရေးများတွင်ပူး ပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း Signal Jammen လူဖြတ်စဉ် စစ် ဆေးစက်၊မှုခင်းတပ်ဖွဲ့သုံးခရမ်း လွန်ရောင်ခြည်မီး၊မှုခင်းတပ်ဖွဲ့သုံး True [...]
Author Archives | Admin
ပြည်မြို့က NLD ပါတီဝင်များ၏ ဆန္ဒထုတ်ဖေါ်ပွဲ အမှုဖွင့်ခံရ
March 11, 2013
ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/ကျေး NLD ပါတီ ရုံးရှေ့မှစတင်ပြီး ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၅၂)၊ ရွာဘဲရပ်ကွက်ရှိNLDပါတီရုံးရှေ့သို့NLDပါတီ မှ ဦးကျော်သန်းဦးဆောင်၍ကား(၃)စီးဖြင့် သွားရောက်ဆန္ဒ ပြခဲ့ကြောင်း သိရသည်။ အဆိုပါ ပါတီရုံးရှေ့တွင် ဦး ကျော်ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦးတိုးကြီး၊ ဒေါ်ဖြူဖြူစန်းတို့မှ ဦးဆောင်၍ ““အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား လှိုက်လှဲစွာ ထောက်ခံပါသည်။ ဗဟိုညီလာခံ ကြီးအား လှိုက်လှဲစွာထောက်ခံ အပ်ပါသည်”” ““ပြည်မြို့နယ် ညီ လာခံကိုယ်စားလှယ်(၃)ဦးအား မမှန်မကန်သည့်အတွက် (လုံးဝ) (လုံးဝ)ပြင်းထန်စွာ ကန့်ကွက်ပါ သည်””၊ ““မမှန်မကန်သော ပြည်မြို့နယ်မှ [...]
ပညာတော်သင်တစ်ဦး၏ ဒိုင်ယာရီ
February 25, 2013
ကမ္ဘာ့တိုက်ကြီး(၅)တိုက်တွင် တည်ရှိသော နိုင်ငံပေါင်း(၂၀) ကျော်မှ ကျောင်းသူ/သား (၂၅) ဦး၏ မျက်လုံးအစုံများ ကျွန်တော့် ဆီသို့ စုပြုံရောက်လာသည်။ ထို မျက်လုံးအစုံများတွင် ကွဲပြားခြား နားသော အဓိပ္ပာယ်မျိုးစုံရှိသည် ကို သတိပြုလိုက်မိသည်။ တချို့ က အထင်သေးသည့်အကြည့် များ၊ တချို့က သနားသည့် အဓိပ္ပာယ်ပါသောအကြည့်၊ တချို့က စူးစမ်းသည့်မျက်လုံး များ၊ ကျွန်တော့်မျက်နှာ ဆီးရွက် လောက်သာရှိတော့မည်ထင် သည်။ ဖြစ်နိုင်လျှင် မျက်နှာကို ဓားဖြင့်သာ လှီးပစ်လိုက်ချင် သည်။ တစ်နေရာရာတွင် ၀ှက် ထား၍ရလျှင်လည်း အကောင်း သား။ အခန်းထဲမှ ထွက်သွားချင် စိတ်ပင်ပေါက်လာသည်။ ပါဝါပွိုင့်တင်ပြသူ ကင်ညာ နိုင်ငံသားက ““ဆောရီး၊ ကီး””ဟု တောင်းပန်စကားလှမ်းပြောရှာ သည်။ [...]
“နှစ်အကြာရှည်ဆုံး ဖြစ်တဲ့ ပြည်တွင်းစစ်၊နှစ်အကြာရှည်ဆုံးစစ်အာဏာရှင်စနစ်ဖြစ်တဲ့မြန်မာပြည်” ဟု KIO ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာ၏ ငြိမ်းချမ်းရေးအတွက်အမြင်သဘောထား
February 24, 2013
KIO မှ နုတ်ထွက်လာပြီးနောက် ကချင်ပြည်နယ်တွင် မြေပေါ်နိုင်ငံရေး လုပ်မည်ဟုရည်ရွယ်ချက်ဖြင့် ဥပဒေဘောင် အတွင်းနေထိုင်ခဲ့သော်လည်းအကြောင်း ကြောင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့်မရဖြစ်နေသောကြောင့် မြန်မာ့နိုင်ငံရေးကို ကိုယ်တိုင်မဆင်နွဲရ သေးသော်လည်း မကြာခင်လွှတ်တော် အတွင်းရောက်ရှိလာနိုင်သော ကချင်ပြည် နယ်မှ ဒေါက်တာတူးဂျာကို တွေ့ဆုံ မေးမြန်းခွင်ရရှိခဲ့ပါသည်။ မေး- ဒေါက်တာတူးဂျာခင်ဗျာ။ ဒေါက်တာ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မပါခဲ့ရပုံ မျက် မှောက်မှဖြစ်ပွားနေသော ကချင်ပြည်နယ် စစ်ပွဲများ နောက်ဒေါက်တာဆက်လုပ်မယ့် မြန်မာနိုင်ငံရေးပုံစံလေးပြောပြပေးပါခင် ဗျား။ ဖြေ- ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်လာ တဲ့နောက်ပိုင်းကျွန်တော်တို့ကချင်အသိုင်း အ၀ိုင်းတွင်းမှာလည်း မြို့ပေါ်မှာရှိတဲ့အမြော် အမြင်ရှိတဲ့ ၀ါရင့်ပုဂ်္ဂိုလ်တွေ ကချင် အမျိုးသားအတိုင်ပင်ခံအဖွဲ့ဆိုတာရှိတာ ကိုး။ အဲဒီအဖွဲ့က အခုလည်းရှိပါတယ်။ နိုင်ငံရေးပါတီမဟုတ်ဘူး။ အဲဒီအဖွဲ့မှာ ပါတဲ့ [...]
ရင်ထဲထိသော ဆရာကြီးဦးဘဂျမ်း၏ ကာတွန်း
February 24, 2013
မြန်မာပြည်၏။ စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်နောက်ပိုင်းတွင် လွန်စွာမှ အောင်မြင်ထင်ရှားခဲ့သော မြန်မာ့ကာတွန်း ဆရာတစ်ဦးရှိခဲ့ဖူးလေ၏။ ထိုကာတွန်းဆရာသည်ကား ဆရာ ကြီးဦးဘဂျမ်းပင်ဖြစ်လေ၏။ ထိုဆရာကြီး ကို အဖဦးဖောင်၊ အမိဒေါ်မြစ်တို့က ၁၂၆၄ ခုနှစ် တပို့တွဲလဆန်း (၁၃) ရက်နေ့တွင် ညောင်တုန်းမြို့၌ မွေးဖွားခဲ့လေ၏။ ဆရာကြီးဦးဘဂျမ်းသည် ၁၉၆၂ ခုနှစ်က ထုတ်ဝေသော တက္ကသိုလ်မဂ္ဂဇင်း တွင် ကာတွန်းများ စတင်ရေးဆွဲခဲ့လေ ၏။ ထိုနောက် မဂ္ဂဇင်းများ သတင်းစာ များ ဂျာနယ်စာစောင်တို့တွင် ကာတွန်း များ ရေးဆွဲခဲ့လေ၏။ ဆရာကြီးဦးဘဂျမ်းသည် “ကြက် တောင်ကွ” အမည်ရှိသော ကာတွန်း ရုပ်ရှင်ကိုလည်း တီထွင်ရေးဆွဲခဲ့ဖူးလေ၏။ ၁၉၅၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ သော်လည်း ဆရာကြီးသေဆုံးပြီး တစ်နှစ် အကြာတွင် [...]
သမ္မထံလိပ်မူတိုင်ကြားသော တိုင်ကြားစာများအား လက်ခံဆောင်ရွက်ပေးမည်မဟုတ်ဟုဆို
February 22, 2013
တိုင်ကြားစားများသည် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်မူရင်းပေးပို့၍ မိမိတို့ထံ မိတ္တူပို့၍တိုင်ကြားပါက ယင်းတိုင်ကြားစာများအားလက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အဦ ၌ ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော်ပြည်သူတို့၏ တိုင်ကြားစာနှင့်အသနားခံစားကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ကော်မတီဥက္ကဌ ဦးအောင်ငြိမ်းက ပြောကြားခဲ့သည်။ကော်မတီဥက္ကဌဦးအောင်ငြိမ်းကပြောကြားရာတွင် “ကျွန်တော်တို့ ပြည်သူ တို့ တိုင်ကြားစာနှင့် အသနားခံစာကော်မတီကို နိုင်ငံတော်သမ္မတထံလိပ်မူပေးပို့ခြင်း ၊ဥက္ကဌ အမျိုးသားလွှတ်တော်၊ဥက္ကဌ ပြည်သူ့လွှတ်တော် တို့ကိုပေးပို့သော တိုင်ကြားစားနဲ့ အသနားခံစာတွေကို ကျွန်တော်တို့ကော်မတီက လက်ခံဆောင်ရွက်ပေးမှာမဟုတ်ပါဘူး။ကျွန်တော်တို့ကော်မတီကို တိုက်ရိုက်လိပ်မူပေးပို့သော တိုင်ကြားစာတွေနဲ့အသနားခံစာတွေကိုသာလက်ခံဆောင်ရွက်ပေးမှာပါ အချို့တိုင်စာတွေက နိုင်ငံတော်သမ္မတကြီးတောင် ဘာမှမလုပ်ပေးနိုင်တာ ကျွန်တော်လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး”ဟုပြောကြားခဲ့သည်။အဆိုပါကော်မတီအနေဖြင့် ဆောင်ရွက်ပေးခြင်းမပြုသောတိုင်စာများမှာ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထားသောတိုင်ကြားစာများ၊၀န်ကြီးဌာနများသို့ ပေးပို့ထားသောတိုင်ကြားစာများ၊တရားရုံးတွင် အမှုမပြီးပြတ်သေးသောတိုင်ကြားစာများ ၊ကာယကံရှင်များက တရားဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်တိုင်ကြားစာများ၊ တိကျခိုင်မာသော အချက်အလက်များပြည့်စုံစွာမဖေါ်ပြသည့် တိုင်ကြားစာများ၊အမည်၊နေရပ်၊မှတ်ပုံတင်အမှတ်၊မပါသောတိုင်ကြားစာများ၊စိတ်မနှံ့သူကဲ့သို့ ထင်ရာမြင်ရာရေးထားသောတိုင်ကြားစာများ၊ပုဂ္ဂိုလ်ရေးတင်ပြစာများ [...]
အာခီးမီးဒီးနိယာမသဘော
February 22, 2013
သဲတစ်ပွင့်၊ ကျောက်တစ်ပွင့်မှ သဲပွင့် ကျောက်ပွင့်ပေါင်းများစွာ စုပေါင်း မိသောအခါ ထုထည်ပမာဏတစ်ခုကို ရရှိနိုင်၏။ ထိုထုထည်ပမာဏသည် အာခီးမီးဒီးနိယာမအရ အကျိုးသက် ရောက်မှုတစ်ခုကို ဖြစ်ပေါ်နိုင်၏ဟု အတွေးအခေါ်ပညာရှင်ကြီး “အာခီးမီးဒီး” က ဆိုထားလေသည်။ အာခီးမီးဒီးနိယာမသဘောအရ သဲပွင့်ကျောက်ပွင့်ပေါင်းများစွာ စု ဆောင်းမိသောအခါ သက်ရောက်မှု ရှိသော ထုထယ်ပမာဏတစ်ခုအဖြစ် စကြာဝဠာများ၊ ဂြိုလ်များ၊ ကမ္ဘာများ သည် သဲပွင့်ကျောက်ပွင့် ပေါင်းများစွာ ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ ဖြစ်သည်ဟုဆိုထားခြင်းဖြစ်ပေသည်။ သဲပွင့်ကျောက်ပွင့်များ စုပေါင်းမှုမရှိခဲ့လျှင် ကမ္ဘာကြီးများလည်း ဖြစ်ပေါ်၍ မလာနိုင်ပေ။ ထို့နည်းတူစွာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာတို့မှလည်း လူမျိုးစုများ စုပေါင်းဖွဲ့စည်းနေထိုင်ရာ မြို့ရွာများ၊ ပြည်နယ်များ၊ တိုင်းများ၊ မြို့ပြများဖြင့် စုပေါင်းဖွဲ့စည်းထားသော လူ့ဘောင်အဖွဲ့ အစည်းတစ်ခုပင်ဖြစ်သည်။ ထိုလူ့ဘောင် [...]
အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရမှု တောင်တွင်းကြီးမြို့၌ဖြစ်ပွား
February 21, 2013
တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်အတွင်းရှိ ရတနာပွင့်လှကန်တော်ကြီးဘောင် ပေါ်တွင် နံနက်စောစော လမ်း လျှောက်နေသော အမျိုးသမီး တစ်ဦးထံမှ အမျိုးသားတစ်ဦးက ဓားထောက်၍ ရွှေဆွဲကြိုးဖြတ် လုထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ (၂၀-၂-၂၀၁၃)ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့်က တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေ (ဘ) ဦးမြင့်လှိုင်၏သမီး မသန်းသန်းနု (၄၃)နှစ်သည် ရတနာပွင့်လှ ကန်တော်ကြီးအတိုင်း တံတားမှ ကူး၍ အတွင်းရှိဂေါက်ကွင်းဘေး လမ်းအတိုင်း အရှေ့မြောက်ဘက် သို့ လမ်းလျှောက်ရာ ၎င်းလမ်း အတိုင်း မျက်နှာချင်းဆိုင်ဘက်မှ ဂျင်းအင်္ကျီ/ဂျင်းဘောင်းဘီအပြာ ရောင်ဝတ်ထားသည့် လူငယ်တစ် ဦး လမ်းလျှောက်လာသည်ကို တွေ့ရကြောင်း၊ မသန်းသန်းနု သည် ကံဘောင်အတိုင်း ဆက် လျှောက်စဉ် ဂေါက်ကွင်းအနောက် မြောက်ဘက်ထောင့်သို့အရောက် ၎င်းလူငယ်သည် [...]
အတော်လေးမောလောက်အောင်ပင်ပြောရပါဦးမည်
February 21, 2013
အစိမ်းရောင်ရွာများတည်ထောင် နိုင်ခွင့်ရရှိစေဖို့ဆိုပါလျှင် ကျွန်မတို့တစ် တွေမှာ အတော်လေးမောလောက်အောင် ပင်ပြောရပါဦးမည်ထင်ပါသည်၊ကျွန်မတို့ နိုင်ငံမှာ ဆင်းရဲမွဲတေမှုလျော့ချရေးကို ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို လည်း ၂၀၁၂ မတ်လ ၃၀ရက်ကပင်ရေး ဆွဲပြီးဖြစ်ပါသည်။ သဘာဝသယံဇာတကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအစားနည်းပညာကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်လည်း ကြိုးစားနေကြပြီ ဖြစ်သည်။ ကျေးလက်ဒေသများတွင် ထင်းကိုကားကြီးကားငယ်အသွယ်သွယ်မှာထော် လာဂျီပင်မကျန်။သယ်ယူပို့ဆောင် ရောင်း ၀ယ်ဖောက်ကားနေကြတုံးဖြစ်၍တောင်တို့ မှာလည်း ကတုံးမကချင်တော့ပါ။ ရှမ်း ပြည်ရှမ်းရွာမှာက စားစရာမရှိ၍ ထင်း ခုတ်သူ၊ချမ်းသာလို၍ထင်းရောင်းသူ၊ရောင်းသူ၊၀ယ်သူ၊အသံတူနေကြပါသေးသည်။ ဆင်းရဲခြင်းကိုလျော့နည်းစေရန်အတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းချမှန်အကောင်အထည်ဖော်ရာမှာ ရာသီဥတုကိုထိန်း သိမ်းကာကွယ်ခြင်းကိုတော့ ထည့်သွင်းစဉ်းစားခြင်းမရှိသေး။ ဥတုရာသီတောကိုမှီမမှီကိုလည်း သတိမမူလိုကြသေး။ရာသီဥတုပြောင်းလဲမှုကြောင့် သစ်တောသစ် ပင်ရှင်သန်ခွင့်နည်းပါးလာရသည့်အထဲ ရှင်နဲရာ အဂ္ဂကလူထွက်”ဆိုသလို ရှိသမျှ လက်ကျန်ကိုခုတ်ပစ်ကြဦးမည်ဆိုပါလျှင် မြင်တွေ့မိ၍အပြစ်ရှိသလိုခံစားခဲ့ရသူ ကျွန်မမှာ ရင်တွေပူလှပါပြီ။ ထင်းရောင်း [...]
ပြည်တွင်းစစ်ပွဲမှ ဒုက္ခသည် (၂)မျိုးကိုကူညီရန်ကြိုးပမ်း
February 19, 2013
ဒေသတွင်း နှစ်(၆၀)ကျော် အတွင်းဖြစ်ပွားခဲ့သည့် အပစ် အခတ်မရပ်စဲခင်က အခြေအနေ တွင်ဖြစ်ပေါ်ခဲ့သော ဒုက္ခသည် (၂)မျိုးအား Nippon ဖောင် ဒေးရှင်းကလှူဒါန်းရန် ကြိုးပမ်း နေကြောင်းသိရသည်။ ““အခုလက်ရှိတော့ ကချင် ပြည်နယ်ရှိ ဒုက္ခသည်များကို လှူဒါန်းရန်သက်ဆိုင်ရာသို့ ခွင့်ပြု ချက်တောင်းခံထားပါတယ်။ ခွင့် ပြုချက်ရရှိပါက အမြန်ဆုံး ထောက်ပံ့မှုများပေးသွားမှာဖြစ်ပါ တယ်။ ပထမဆုံးအစားအ သောက်များကို ဦးစားပေး ထောက်ပံ့ပေးသွားမှာပါ””ဟု Nippon ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ မှ Hot News ဂျာနယ်သို့ပြော သည်။ အဆိုပါဒေသအတွင်း နှစ် (၆၀)ကျော် ဖြစ်ပွားခဲ့သည့် အပစ် အခတ်မရပ်စဲခင်က အခြေအနေ တွင် ဒုက္ခသည် (၂)မျိုးရှိနေကာ ပထမတစ်မျိုးမှာ နယ်စပ်ကို ရောက်သွားသော ဒုက္ခသည်တွေ [...]



Vol-3,No-141
Vol-3,No-140
Download
March 11, 2013
0 Comments