ဒုသမ္မတအသစ်၏ ကိုယ်ရေးအကျဉ်း

August 28, 2012

Home, သတင်း

 

 

ဖခင် ဒုတိယတောအုပ် (သစ်တော)  ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ   ဒေါ်သိန်းတင်တို့က ၁၉၅၄ ခုနှစ်၊ ဇန်န၀ါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း (သံပုရာကုန် လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရ  အထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာ   အထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပါသည်။  ၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့ပါသည်။
၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့ နေ Higher Grade Pleader (H.G.P) စာမေးပွဲကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် မှတ်ပုံတင်ရှေ့နေ Register Lawyer (R.L) စာမေးပွဲကိုလည်းကောင်း၊ဖြေ ဆိုအောင်မြင်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင်   အမေရိကန်ပြည်ထောင်စုတက္ကဆပ်ပြည် နယ် Lackland Ariforce Base & Sd Defence Language Institute တွင် English Language Course ကိုလည်းကောင်း Rhode Isiand ပြည်နယ် Newport မြို့ရှိ Naval Education and Training Center (NETC) တွင် International Officer Candidate Couse ကိုလည်းကောင်း  တက်ရောက်အောင်မြင်ခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာ ကွယ်ရေးတက်္ကသိုလ်သို့ တက်ရောက်ခဲ့ ပြီးမဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) M.A (Defence Studies) ရရှိခဲ့ပါသည်။
၁၉၇၄ ခုနှစ်တွင် တပ်မတော် (ရေ)  ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ်ခန့် အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တပ်မတော် (ရေ) စစ်ရေ ယာဉ်စုများရှိ စစ်ရေယာဉ်အမျိုးအစား  အမျိုးမျိုးတွင် ဒုတိယစစ်ရေယာဉ်မှူး စစ်ရေယာဉ်မှူးအဖြစ်လည်းကောင်း၊ ရေတပ်လေ့ကျင့်ရေးကျောင်းသင်တန်း ဌာနများတွင် သင်တန်းနည်းပြအရာရှိ  အဖြစ်လည်းကောင်း၊ ကုန်းမြေအခြေစိုက်   တပ် ရေတပ်ရှေ့တန်းစခန်းရေတပ်အခြေ စိုက်စခန်းနှင့် ရေတပ်စခန်းဌာနချုပ်များ တွင် တပ်မှူး၊ စခန်းမှူး၊ စစ်ဦးစီးအရာရှိ၊  ဒုတိယဌာနချုပ်မှူး၊ ခေတ္တဌာနချုပ်မှူး အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင် ခဲ့ပါသည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ   ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရး ဦးစီးချုပ်ရုံး (ရေ) တွင် စစ်ဦးစီးအရာရှိ ချုပ် (ရေ) တာဝန်များကိုထမ်းဆောင်ခဲ့ ပါသည်။
ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ဇနီးဖြစ်သူ ဒေါ်ခင်အေးမြင့်သည် B.A (Philosophy) ဘွဲ့ရရှိခဲ့ပြီး တပ်မတော်   ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ကာအငြိမ်း  စားယူခဲ့ပါသည်။ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့ပါသည်။ သားကြီးဖြစ်သူ ဒေါက်တာဖေသက်ဇော်  (M.B.B.S) နှင့် သမီးဖြစ်သူဒေါက်တာ   သွယ်နီဉဏ်ထွန်း (M.B.B.S) တို့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန  ဦးစီးဌာနတွင် သုတေသနအရာရှိများအဖြစ်  တာဝန်ထမ်းဆောင်လျက်ရှိပြီး သားငယ်   မောင်လင်းထက်ဉာဏ်ထွန်းသည်အမျိုးသား  စီမံခန့်ခွဲမှုပညာကောလိပ် (National Management College) မှ B.B.M ဘွဲ့ရ ရှိခဲ့ပါသည်။

 

ဆောင်းအေးချမ်း

,

No comments yet.

Leave a Reply

You must be logged in to post a comment.