မွန်ခွဲထွက်အဖွဲ့ ပိုင်အိမ်နှင့် ပတ်သက်၍တရားရုံး၏ မလျော်မကန်ဆုံးဖြတ်ချက် များအားနိုင်ငံတော်သမ္မတကြီး ထံတင်ပြ

August 21, 2012

Home, သတင်း

 

မွန်ပြည်သစ်ပါတီ (ခွဲထွက်)  အဖွဲ့ပိုင်ဆိုင်သော မွန်ပြည်နယ်  မော်လမြိုင်မြို့ ဈေးကြိုဖက်ခင်းရပ်  ငန်းဆေးလမ်း၊ အမှတ် (၅၀) အိမ် နှင့် မြေအား တရားရုံးမှ မလျော်  မကန်ဆုံးဖြတ်ချက်များပြုလုပ်ကာ  အပ်ဝရမ်းအကြိမ်ကြိမ်ထုတ်ဆင့် နေလျက်ရှိသည့်အတွက် အဆိုပါ ကိစ္စအား မွန်ပြည်သစ်ပါတီ (ခွဲ ထွက်)ဥက္ကဋ္ဌ မွန်တိုင်းရင်းသား ခေါင်းဆာင်တစ်ဦးဖြစ်သူဦးနိုင်စိုက်   ချမ်းက နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာတင်ပြခဲ့ကြောင်း ဦးနိုင်စိုက်ချမ်း၏ဆက်သွယ်ပြော ကြားချက်အရ သိရှိရသည်။
“ဒီအိမ်နဲ့မြေရဲ့ မူလပိုင်ရှင်က  ဒေါ်မြယဉ်ပါ။ သူက ၁၉၉၉ မှာ ကွယ်လွန်တော့သူခင်ပွန်း ဦးသိန်းအောင်တင်နဲ့ သားသမီး လေးယောက်ကအမွေဆက်ခံပိုင် ဆိုင်ခဲ့တာပါ။ ၂၀၀၀ ခုနှစ်ရောက် တော့ ဦးသိန်းအောင်တင်က အဲဒီ   အိမ်နဲ့မြေကို ရန်ကုန်မြို့ သမ၀ါယ  မဘဏ်မှာ သိန်း ၁၀၀ နဲ့ ပေါင် ထားတာကနေ (၃၁.၆.၀၆) မှာ ချေးငွေသက်တမ်းကုန်သွားတော့ ဘဏ်က ဦးသိန်းအောင်တင်ကို မွန်ပြည်နယ်တရားရုံးတရားမကြီး  မူအမှတ် (၇၁/၀၆)နဲ့ တရားစွဲ တာဝန်ခံခဲ့တဲ့အတွက် အပြီးသတ်  ဒီဂရီချမှတ်ခဲ့တယ်။ အဲဒီ ဒီဂရီအရ  ဇာရီမှုအမှတ် (၂၁/၀၇)နဲ့ လေလံ တင်ရောင်းတဲ့အခါ ဦးမောင်အေး ဆိုတဲ့ လူမျိုးခြားတစ်ယောက်က ၀င်ကန့်ကွက်တယ်။ အဲဒါကို မွန် ပြည်နယ်တရားရုံးကပယ်ကြောင်း အမိန့်ချခဲ့တယ်။ အဲဒီမှာပဲ (၉.၈.၂၀၇)မှာ ဦးသိန်းအောင်တင် ကွယ်လွန်သွားတော့ အပေါင်ပစ္စည်း  လေလံတင်ရောင်းချခြင်းကို ဆိုင်း ငံ့ပြီး ဦးသိန်းအောင်တင်ရဲ့ သား သမီးလေးဦးကို အပေါင်ရွေးခိုင်း  တာကိုကျွန်တော်ကပဲ ငွေစိုက်ပြီး ရွေးခဲ့ပါတယ်။ပြီးတော့ ကွယ်လွန် သူ ဦးသိန်းအောင်တင်က (၅.၈.၂၀၀၃) ရက်စွဲ ဘဏ်ရုံး  တင်ရန် မြေပုံနဲ့ ရန်ကုန်မြို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဘဏ်နဲ့  မြိတ်မြို့ မွေး/ရေဘဏ်မှာ ထပ်ပြီး အိမ်နဲ့ မြေကိုထပ်ပေါင်တာ (၂၀.၁၂.၂၀၁၀)ရက်စွဲနဲ့ ကျွန်တော်ကပဲ ရွေးထုတ်ပေးခဲ့တာ  ပါ။ အဲသလိုရွေးပြီး ဦးသိန်းအောင်  တင်ရဲ့ သား/သမီး ၄ ဦးက  (၂၇.၂.၂၀၀၈) ရက်စွဲပါစာချုပ်  အရအပြီးရောင်းခဲ့ဟာကို ကျွန်တော်ဝယ်ပြီးတက်ရောက်နေ ထိုင်တာခုထိပဲဖြစ်ပါတယ်။ ဒါပေမဲ့ အပ်ဝရမ်းကတော့ လက်ရှိပိုင်ဆိုင် ထားတဲ့ ကျွန်တော့်နာမည်နဲ့ မဟုတ်ဘဲ ဦးသိန်းအောင်တင်ရဲ့ သားဇော်မိုးအောင်နာမည်နဲ့လာ တယ်။ ဇော်မိုးအောင်က ဒီမှာမရှိ ဘဲ ရန်ကုန်မှာပဲနေနေတာ။ အဲဒီ  ၀ရမ်းက ကျွန်တော်လက်ရှိပိုင်ဆိုင်  ထားတဲ့ အိမ်လိုပဲ လာနေပေမယ့်  ကျွန်တော်က တရားရှုံးမဟုတ်တဲ့ အတွက်လုံးဝမအောင်မြင်ပါဘူး”ဟု မွန်ခွဲထွက်ခေါင်းဆောင်ဦးနိုင်စိုက် ချမ်းက ပြောကြားသွားခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့် ၌  ဦးနိုင်စိုက်ချမ်းက လူမျိုးခြား ဦးမောင်အေး(ခ)အပ္ပရောင်းအပေါ်  အပေါင်မကင်းဘဲ လိမ်လည်ဝယ် ယူထားသော စာချုပ်အမှတ် (၇၆/၀၆)အား ပယ်ဖျက်ပေးရန်  ခရိုင်တရားရုံး၊ တရားမကြီး (၁၆၅/ ၁၁)တွင် စွဲဆိုထားသည်ကို မြို့  နယ်တရားရုံးမှလည်းကောင်း၊ မွန် ပြည်နယ်တရားသူကြီးချုပ်ကသော် လည်းကောင်း သိရှိပါသော်လည်း  ဦးမောင်အေးအနိုင်ရထားသော ဇာရီမှုအမှတ် (၁၈/၁၁)ဖြင့် အပ်ဝရမ်းအကြိမ်ကြိမ်ထုတ်သင့် လျက်ရှိပြီး မလိုလားအပ်သော ရဲအင်အား ၅၀ ကျော်၊ လူမိုက် (၅၀)ကျော်ဖြင့် အကြောင်းကြား ခြင်းမရှိဘဲဦးနိုင်စိုက်ချမ်းနေအိမ်ခြံ  တံခါးအား ဖျက်ကာဝင်ရောက် သဖြင့် ဦးနိုင်စိုက်ချမ်းအနေဖြင့် နိုင်ငံတော်သမ္မတကြီးဦးဆောင်၍  ပြည်တွင်းငြိမ်းချမ်းရေးအား ဖော် ဆောင်နေစဉ်အတွင်းလူမျိုးခြား  တစ်ဦး၏ မတရားသဖြင့်ရထားသော  အနိုင်ရထားသော ဇာရီမှုအမှတ် (၁၈/၀၁) အား ပိတ်သိမ်းပေးရန် နှင့် မွန်ခွဲထွက်အဖွဲ့အနေဖြင့် ငြိမ်းချမ်းမှုရနေသောကာလအတွင်း   လူမျိုးခြားတစ်ဦး၏ မတရားအနိုင်  ကျင့်မှုကြောင့် ပဋိက္ခများမကြီး  ထွားလာစေရန် သမ္မတကြီးထံတင်   ပြခဲ့ကြောင်း သိရှိရသည်။

 

ခန့်ခန့်(ဒဿနိက)

,

No comments yet.

Leave a Reply

You must be logged in to post a comment.