ရွှေပြည်သာမြို့နယ် နေ့စား အလုပ်သမားများအတွက် ကူညီ ဆောင်ရွက်ပေးရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ် အုတ်၊သဲ၊ ကျောက်၊၀ါး၊ဓနိ သယ်လုပ်သားများ နှင့် ရွှေပြည်သာမြို့နယ်NLDအဖွဲ့ဝင် ရဲရဲတောက် ဦးသိန်းအောင် မှ ဦးစီးဆောင်ရွက်ပြီး အလုပ်သ မားများအဖွဲ့(ရွှေပြည်သာမြို့နယ်) ကို(၂၆.၄.၂၀၁၂)ရက်နေ့တွင် စတင်ဖွဲ့စည်းပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်း ရွှေပြည်သာမြို့နယ် အုတ်၊သဲ၊ကျောက်၊၀ါး၊ဓနိ အလုပ် သမားများအဖွဲ့အခြေခံ(၁)မှ ပြန်ကြားရေးမှူး ဦးလှဌေးမြင့်မှ ပြောကြားခဲ့သည်။
““ပခုံးထမ်းစားနေတဲ့ ဘ၀က ငွေရှင်ကြေးရှင်၊လုပ်ငန်းရှင်တွေ က မတရားသဖြင့်နှိပ်စက်ညှင်း ပန်းပြီးတော့ ခိုင်း၊ငွေရေးကြေး ရေးပေးတဲ့အခါကျတော့ မတန် တာလေးတွေပေး၊လုပ်ရတော့သေ အောင်လုပ်ရ၊ပေးတော့ တစ်ပဲ ခြောက်ပြားပေး၊အဲ့ဒါကိုမကျေနပ်၊ မခံစားနိုင်လို့ ကျွန်တော်တို့ ပခုံး ထမ်းစားနေတဲ့ကောင်တွေက ဦး သိန်းအောင်ကို အကူအညီတောင်း ပြီး ရွှေပြည်သာမြို့နယ်အတွက် အလုပ်သမားအဖွဲ့ဖွဲ့ရတာပါ””ဟု အလုပ်သမားအဖွဲ့ဖွဲ့ရခြင်း၏ အ ကြောင်းအရင်းကို ရှင်းပြခဲ့သည်။
ယခုလောလောဆယ်တွင် အလုပ်သမားအဖွဲ့အခြေခံ(၁)ကို လက်အောက်ငယ်သား(၃၆)ယောက် ခေါင်းဆောင်(၇)ဦးတို့ဖြင့် ဖွဲ့စည်း ထားခဲ့ကြောင်း ဆက်လက်၍ အ ခြေခံ(၂)တစ်ဖွဲ့ကိုထပ်တင်ပေးထား ကြောင်း၊အလုပ်သမားသမဂ္ဂအဖွဲ့ (၁၅)ဖွဲ့ပေါ်ပေါက်အောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းကို ““အခု အလုပ်သမားသမဂ္ဂဖွဲ့တာ အခြေ ခံ(၁)၊ ၁ရက် ၂ရက်အတွင်း ကျွန်တော်ထပ်တင်ပေးမှာက အ ခြေခံ(၂)တပ်ဖွဲ့ပါ။အလုပ်သမား အဖွဲ့(၁၅)ဖွဲ့ပေါ်ပေါက်အောင် ဦးသိန်းအောင်နှင့်ဆက်လက်စီစဉ် ဆောင်ရွက်သွားမှာပါ။အခုလုပ်နေ ကျရတာက မနက်(၄)နာရီလဲ သွားလုပ်ရတယ်။ညနေကျတော့ လဲ (၇)နာရီ(၈)နာရီမှ သိမ်းတယ်။ ပေးတာကတော့(၆၀၀၀)ပေးချင် လဲပေးတယ်။(၅၀၀၀)ပေးချင်လဲ ပေးတယ်။အမှန်မရှိဘူးဖြစ်နေ တယ်၊ ကျွန်တော်တို့ဖြစ်စေချင်၊ တောင်းဆိုသွားမဲ့အစီအစဉ်တွေက တစ်နေ့ပေးမဲ့ ကုန်ထမ်းခ တိတိ ကျကျသတ်မှတ်တာရယ်၊အလုပ် ချိန်တိတိကျကျ သတ်မှတ်အောင် တောင်းဆိုသွားပါမယ်၊အဖွဲ့ဖွဲ့စည်း ခွင့်စာကျတာကတော့ (၂၆)ဇူ လိုင် ၂၀၁၂မှာ Labour အရာရှိ ဦးအောင်ငြိမ်းဆီကနေစာကျလာ ပါတယ်၊တောင်းဆိုရာတွင် အလုပ် ရှင်နဲ့ညှိနှိုင်းဆောင်ရွက်မယ့်ILO နဲ့ ဆက်သွယ်ဆောင်ရွက်သွားဖို့ ရှိပါတယ်၊အဖွဲ့(၁)ကနေ (၁၅)ဖွဲ့ ပေါ်ပေါက်အောင် ဦးသိန်းအောင် လုပ်နေမှာဖြစ်သလိုကြားထဲမှာ အလုပ်သမားတွေ နစ်နာတဲ့အခါ ဖြေရှင်းပေးသွားမှာပါ””ဟု ဆက် လက်ပြောကြားခဲ့သည်။
ရွှေပြည်သာမြို့နယ် ယင်း အဖွဲ့၏ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့်ဆက်ဆံရေး တွင် NLD ရဲရဲတောက် ဦးသိန်း အောင်မှတာဝန်ယူ၊တာဝန်ခံသွား မည်ဖြစ်ကြောင်း ““အာဏာပိုင် တွေနဲ့ပြောဖို့ဆိုဖို့တွေကို တာဝန် ယူ၊တာဝန်ခံသွားပါမယ်””ဟု ဖြေ ကြားခဲ့သည်။အလုပ်သမားများနှင့် အလုပ်ရှင်များကြားတွင် မကြာ ခဏဆိုသလို လုပ်ခလစာ၊လူမှု ဖူလုံခွင့်၊အလုပ်ချိန် ပိုလွန်စွာခိုင်း စေမှုများ ဖြစ်ပွားလျက်ရှိကြောင်း နှင့် ရပိုင်ခွင့်များနှင့်ပတ်သက်၍ တင်ပြပြောဆိုရာတွင် အလုပ်ရှင် မှ မကျေနပ်ပါက အလုပ်မှထုတ် ပယ်သည်အထိ လုပ်ဆောင်မှုများ ရှိနေသေးသည်ဟု သိရသည်။
နေမင်းညို



Vol-3,No-144
Vol-3,No-143
Download
August 21, 2012
Home, သတင်း