မိုးသည်းထန်ခြင်းကြောင့် မြောက်ဥက္ကလာပရပ်ကွက် တချို့ ရေနစ်မြှုပ်

August 20, 2012

Home, သတင်း

 

ယခုနှစ်သည် ယမန်နှစ်များ ထက်မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် မြို့နယ်တချို့တွင် မြစ်ရေများတက်ကာ လယ်မြေ များနှင့် နေအိမ်များရေမြုပ်ခဲ့ရပြီး လွန်ခဲ့သော တစ်ရက်နှစ်ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ကြောင့် မြောက်ဥက္ကလာပအတွင်း ရှိ နေအိမ်များ ရေမြုပ်နေကြောင်း သိရှိရသည်။
မြောက်ဥက္ကလာပ နွယ်နီ လမ်းနေ ပြည်သူတစ်ဦးက ပြော ကြားရာတွင် ““ခါတိုင်းနှစ်တွေ ဖြစ်ဖူးတယ်။ ဒီလောက် တော့ မများဘူး။ ဒီနှစ်တော်တော် လေးကို ဆိုးတယ်။ ဘာကြောင့် လည်းလို့ မပြောတတ်ဘူး။ဘာလို့ လည်းဆိုတော့မြောက်ဥက္ကလာပ လမ်းက တံတားကြီးဆောက်နေ တယ်လေ။ အဲဒါကြောင့်လား မသိဘူး။ ခါတိုင်းက ရေတက်ရင် တောင် အလွန်ဆုံးနှစ်ရက် သုံး ရက်ပဲ။ ပြီးတော့ ရေတက်ပြီးရင် လည်း ချက်ခြင်းပဲ ပြန်ကျသွား တယ်။ အခုနှစ်ရက်ကျော်တောင် ရေက ပြန်မကျသေးဘူး””ဟု မြောက်ဥက္ကလာပ နွယ်နီလမ်းနေ ပြည်သူတစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါကဲ့သို့ ရေတက်ခြင်း နှင့်ပတ်သက်၍မြောက်ဥက္ကလာပ မှ သူနာပြုဆရာမတစ်ဦးမှ ပြော ကြားရာတွင်လည်း ““အဆောင်နဲ့ ဆေးရုံသွားနေရတာ အရမ်းကို အန္တရာယ်များပါတယ်။ ဘာလို့ လည်းဆိုတော့ ရေတွေ တက် တော့ မြွေအန္တရာယ်ပါကြောက် နေရပါတယ်။ ရေအနေနဲ့ကတော့ အခုလိုရေကြီးနေတော့ ရေက သုံးလို့မရတော့ဘူး။ ရေသန့်ဘူးပဲ ၀ယ်သုံးနေရတယ်။ အဆိုးဆုံး တစ်ခုက ကျွန်မတို့ဆေးရုံကြီး တောင် ရေမြုပ်နေတာ တော် တော်လေးကို ဆိုးပါတယ်””ဟု ၎င်းင်းက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေ ကြီးနေသော်လည်း အချို့သော နေရာများတွင် ကျန်းမာရေးစောင့် ရှောက်မှုနှင့်လာရောက်ကူညီမည့် လူများမရှိကြောင်း သိရှိရသည်။

 

ဖြိုးအောင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.