မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် သြဂုတ်လဆန်းပိုင်းမှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ပေါ် (၁၀) ရပ်ကွက်၊ ကန်ကြီးဒေါင့်မြို့နယ်၊ ဒါးကမြို့၊ သာပေါင်းမြို့နယ်၊ ကျောင်းကုန်း မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ဟင်္သာတမြို့နယ်ပန်းတနော်မြို့နယ် များတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ ရပါသည်။
ထိုအပြင်လဲဒါးကတာ၊ ကော့သလိုင်တာ၊ နှဲကောတာ စသောရေကာတာများကျိုးပေါက် ခဲ့ရသည်။ နာဂစ်ဒဏ်ကို အလူး အလဲခံခဲ့ရ၍ ချည့်နဲ့နေသော မြစ်ဝကျွန်းပေါ်မှာ အနာရွတ်ပေါ် ဒဏ်ရာထပ်ရသော အခြေအနေ ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၏ အထူးအစည်းအဝေးပထမနေ့ တွင် ရေဘေးအရေးပေါ်အဆို တစ်ရပ်ကိုကျုံပျော်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ် (၁) လွှတ်တော်ကိုယ် စားလှယ်ဦးသန်းထွန်းက တင်သွင်း ခဲ့သည်။
ဦးသန်းထွန်းမှ ရေဘေးဒုက္ခ အပေါ်အစိုးရ၏ အထူးအစီ အမံတစ်ရပ်ဖြင့် ကူညီဖြေရှင်းပေး ရန်၊ ရေဘေးဒုက္ခကျော်လွှားနိုင် ရေးအတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက်ပေးရန်၊ မြစ်ကမ်းဘေး နေဒေသခံပြည်သူများသောကမရှိ အောင် တာတမံထိန်းသိမ်းစောင့် ရှောက်မှုလုပ်ငန်းကို စိတ်ချရသည် အထိ တည်ဆောက်ပြုပြင်ပေးရန် တိုက်တွန်းခဲ့သည်။
ရေကြည်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ်ဦးမန်းသက်တင်မှလတ်တ လောအခြေအနေအတွက် လွှတ်တော်၏အရေးပေါ်ဆုံးဖြတ် ရန် တိုက်တွန်းခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးလူမှုရေးဝန်ကြီးဦးဆန်း မောင်က ကူညီဖြေရှင်းသင့်ကြောင်း ထောက်ခံခဲ့သည်။
ထိုနောက်တွင် ၎င်းအဆို သည် အရေးကြီးသော အဆိုဖြစ် ၍ လွှတ်တော်မှ လက်ခံအတည် ပြုကြောင်း ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌသရေစည်သူ ဦးဆန်းဆင့်က ကြေညာခဲ့သည်။ မြစ်ဝကျွန်းပေါ်အတွက် မင်္ဂလာ သတင်းဖြစ်ကြောင်းအများက သုံးသပ်ကြသည်။
ငြိမ်းချမ်းကို



Vol-3,No-144
Vol-3,No-143
Download
August 20, 2012
Home, သတင်း