မြန်မာနိုင်ငံတွင် ထုတ်ဝေသော စာပေများအား ခေတ်အဆက်ဆက် အစိုးရများမှ မူဝါဒများချမှတ်၍ စာပေစိစစ်ရေးလုပ်ငန်းများအား ၁၉၆၂ သြဂုတ်လ (၆) ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့ သြဂုတ်လ (၂၀) ရက်နေ့တွင် စာပေစိစစ်ခြင်းလုပ်ငန်းအားရပ် ဆိုင်း၍ ထုတ်/တင်စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းသာလုပ်ကိုင် သွားရမည်ဖြစ်သည်။ စာပေစိစစ် ရေးလုပ်ငန်းကြာမြင့်ချိန်ကာလမှာ (၄၈)နှစ်နှင့် (၁၄)ရက်ဖြစ်ကြောင်း သိရသည်။
ယနေ့ စာပေစိစစ်ရေးတွင် ပြုလုပ်သော အစည်းအဝေးတွင် ညွှန်ကြားချက် (၅၁)ဖြင့် အုပ်စု (၂) တွင် ကျန်ရှိနေသော သတင်း ဂျာနယ်နှင့် ဘာသာရေး (၈၆) စောင်၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေးမဂ်္ဂဇင်း များ (၅၅) စောင်အား အုပ်စု (၁) ထုတ်တင်စနစ်သို့ကူးပြောင်းပေး ခဲ့ခြင်းဖြစ်သည်။
ထုတ်တင်စနစ်သို့ကူပြောင်း သည့်အတွက် စာပေစိစစ်သို့တင် ပြရန်မလိုဘဲ ဖြန့်ချီသည့်နေ့၌သာ မှတ်ပုံတင်ရန်အတွက် သွားရောက် ပေးအပ်ရမည်ဖြစ်သည်။ အုပ်စု (၂)မှ အုပ်စု (၁)သို့ပြောင်းလဲခြင်း အဆင့်(၅)ဆင့်ဖြင့် ကူးပြောင်းခဲ့ ရာတွင် ပထမအဆင့်ပြုပြင်ပြောင်း လဲခြင်း (၁၀.၆.၂၀၁၁)၊ ဒုတိယ အဆင့် (၉.၁၂.၂၀၁၁)၊ တတိယ အဆင့် (၁.၃.၂၀၁၂)၊ စတုတ္ထ အဆင့် (၁၅.၅.၂၀၁၂) ဖြစ်ပြီး ယခု ပဉ္စမအဆင့် (၂၀.၈. ၂၀၁၂) တို့ဖြစ်ကြသည်။ လက်ရှိ စာပေထုတ်ဝေရေးနှင့် ပတ်သက် ပြီး ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ အားလည်းကောင်း၊ ညွှန်ကြားချက် (၁၃) ခုနှင့် အမှာစာ (၆)ခု တို့အား ပုံနှိပ်မီဒီယာဥပဒေသစ် မပြီးမချင်းလိုက်နာဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း သိရသည်။
HN



Vol-3,No-144
Vol-3,No-143
Download
August 20, 2012
Home, သတင်း