နေပြည်တော်ကောင်စီနယ်မြေ၊လယ်ဝေးမြို့ နယ်၊ခရမ်းကိုင်းကျေးရွာအုပ်စု၊သရက်ခုန်ကျေးရွာသည် ခရမ်းကိုင်းအုပ်စု၊ညောင်ကုန်းကျေးရွာအနီးအပြည်ပြည်ဆိုင်ရာလေယာဉ် ကွင်းသွားလမ်းမကြီး၏အနောက်ဖက်ကိုက်(၁၀၀၀)ခန့် အကွာအဝေးတွင်တည်ရှိကြောင်းသိရှိရသည်။ အဆိုပါသရက်ခုန်ကျေးရွာ၏ လမ်းပိုင်းဆက်သွယ်မှုအခြေအနေမှာ မိုးလရာသီကာလတွင်ယခုပုံများမြင်တွေ့ ရသည့်အတိုင်းသွားလာမှုများခက်ခဲကြန့် ကြာမှုများရှိကြောင်း တွေ့ မြင်သိရှိရပါသည်။”ကျွန်တော်တို့ ရွာကလေးဟာမိုးတွင်းဆိုရင် သွားလာရတာတော်တော်ဒုက္ခရောက်ပါတယ်။အဲ့ဒီလိုခက်ခဲမှုတွေကြောင့်ကိုယ်ဝန်ဆောင်မိခင်များအချိန်မီဆေးရုံ၊ ဆေးခန်းမရောက်နိုင်ခဲ့လို့ အသက်မဆုံးရှုံးသင့်ဘဲဆုံးရှုံးခံရခြင်း၊ အခြေခံပညာအထက်တန်းကျောင်း(သဲကောကြီးကျေးရွာ)သို့ စာသင်ကြားလျက်ရှိသောကျောင်းသား/သူ ဦးရေ(၁၆၀)ခန့် ပညာေ၇းနှောင့်နှေးခြင်း၊ကျေးရွာရဲ့ စိုက်ပျိုးရေးထွက် ကုန်များဖြစ်သောစပါး၊နှမ်း၊မြေပဲ၊ပြောင်း၊ ခရမ်းချဉ်စသောသီးနှံများကူးသန်းရောင်းဝယ်ရာတွင်လည်းနှောင့်နှေးကြန့် ကြာမှုများကြောင့် ထိုက်သင့်သောဈေးနှုန်းများမရရှိခဲ့ပါဘူး” ဟုဒေသခံပြည်သူတစ်ဦးမှပြောသည်။
အဆိုပါလမ်းမကြီးအား၂၀၁၀ခုနှစ်အတွင်းက လယ်ဝေးမြို့ နယ်ပြည်ခိုင်ဖြိုးမှအလှူငွေကျပ် (၃,၀၀,၀၀၀ိ/-)ကျပ်၊ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၈,၀၀,၀၀၀ိ/-)နှင့်၎င်းလမ်း ကိုကျောက်ချခြင်း၊သဲဖို့ ခြင်းများဖြင့်မွမ်းမံပြုပြင်ခဲ့ဖူးသော်လည်း ၂၈-၉-၂၀၁၁ရက်နေ့ တွင်ရုံးပင်ချောင်းရေလျှံမှုကြောင့်ပျက်စီးသွားခဲ့ရပြီး လမ်းမှာယခုအခါသွားလာရမှုအလွန် ခက်ခဲနေပါကြောင်းလမ်းဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးမှလည်းပြောပြခဲ့သည်။ အဆိုပါသရက်ခုန်ကျေးရွာမှာ အိမ်ခြေ(၃၀၀)ရှိပြီးအိမ်ထောင်စု(၃၁၅)စု၊ လူဦးရေ(၁၅၇၅)ဦးရှိ ပြီးဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း(၁)ကျောင်း(အမှတ်-၉၇ အ.မ.က)နှင့်အထက်တန်းပညာသင်ကြားနေသူကျောင်းသား/သူ (၁၆၀)ယောက်ရှိကြောင်း၊ လယ်မြေ(၄၀၀)ဧက၊ယာမြေ(၁၀၀)ဧကခန့် ရှိပြီးကျေးလက်ကျန်းမာရေးဆေးခန်း မရှိသေးဟုသိရှိရပါသည်။ယခုအခါ ခရမ်းကိုင်းအုပ်စု၊သရက်ခုန်ကျေးရွာနေ ပြည်သူအများစုမှကျေးရွာ မှအားထားအသုံးပြုနေရသော လမ်းမကြီးအားသက်ဆိုင်ရာများသို့ ကူညီပံ့ပိုးပေးနိုင်ရန်အသနားခံစာများ ဆက်လက်ပေးပို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရှိရသည်။
မြင့်အောင်(နေပြည်တော်)



Vol-3,No-141
Vol-3,No-140
Download
August 20, 2012
Home, သတင်း