မြန်မာနိုင်ငံပြည်တွင်းသုံး မိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများတွင် သုံးနိုင်ပြီ

August 17, 2012

Home, သတင်း

 

 

ပြည်တွင်းမိုဘိုင်းဖုန်းများကို အာဆီယံနိုင်ငံများတွင် အသုံးပြု နိုင်ရန် ဆောင်ရွက်မှုများသည် အဆင်သင့် အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက စုံစမ်း သိရှိရသည်။
မြန်မာနိုင်ငံသို့ အာဆီယံ နိုင်ငံများမှ မိုဘိုင်းဖုန်းများကို သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ် နေပြီး ယခုအသုံးပြုနိုင်ပြီဖြစ် ကြောင်းလည်း သိရသည်။
““ပြည်ပက ဖုန်းတွေကို ပြည် တွင်းမှာ သုံးလို့ရနေပြီ၊ ပြည်တွင်း က ဖုန်းတွေ ပြည်ပကို သယ် ဆောင်အသုံးပြုဖို့က အသုံးပြုတဲ့ အခကြေးငွေကိစ္စရပ်မျိုးတွေကို ညှိနေသေးတယ်။ နည်းပညာအရ ချိတ်ဆက်မှုကလည်း အသင့် အနေအထားမှာ ရှိနေပါတယ်။ အမြန်ဆုံး သယ်ဆောင်အသုံးပြု နိုင်အောင် လုပ်ဆောင်သွားမှာ ပါ””ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ် ဦးက ပြောဆိုကြောင်းသိရသည်။
ယခုအချိန်တွင် အာဆီယံ နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင်အသုံး ပြုနိုင်နေပြီဖြစ်ပြီး မကြာခင် အခြားနိုင်ငံသစ်များကို ထပ်မံ တိုးချဲ့အသုံးပြုခွင့်ပေးသွားမည်ဟု ၎င်းက ထပ်မံပြောကြားကြောင်း လည်း သိရသည်။
ပြည်တွင်းမှ မိုဘိုင်းဖုန်းများ ကို အာဆီယံနိုင်ငံများ အပါအ၀င်  ပြည်ပနိုင်ငံအသီးသီးသို့ သယ် ဆောင်အသုံးပြုနိုင်ရန် ဆက် သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆွေးနွေးဆောင်ရွက်နေပြီဖြစ် ကြောင်း သိရှိရသည်။
ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးသိန်းထွန်းသည် ယခုလ ၃ ရက်နေ့ နေပြည်တော်၌ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံ တို့မှ သံအမတ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါသည်။
ဆွေးနွေးမှုများအတွက် မိုဘိုင်း (Roming) ကွန်ရက်ကိစ်္စ ရပ်အပြင် ဆက်သွယ်ရေးလုပ်ငန်း အတွက် နိုင်ငံတကာအကြံပေး တင်ဒါလုပ်ငန်း ကိစ္စရပ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ Roming ကွန်ရက်စတင်ဖွင့်လှစ်ခဲ့ ချိန်၌ ဂျပန်အပါအ၀င် အာဆီယံ နိုင်ငံအချို့မှ မိုဘိုင်းဖုန်းများ ပြည် တွင်းသို့ သယ်ဆောင်အသုံးပြုခဲ့ ကြသည်။
အဆိုပါ မိုဘိုင်း Roming ကွန်ရက်ကို ၂၀၁၁ ခုနှစ် ဒီဇင် ဘာလတွင် နေပြည်တော်တွင် လက်ခံကျင်းပခဲ့သည့် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးအဆင့် အစည်းအဝေးမှ စတင်၍ အသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု အင်တာနက် သတင်းများအရ သိရပါသည်။

 

ဥယျာဉ်မှူး

,

No comments yet.

Leave a Reply

You must be logged in to post a comment.