မေး- မြေယာဥပဒေ ရေးဆွဲရာတွင် မြေ ယာမူဝါဒ ရေးရာနှင့် ပတ်သက်၍ အန်ကယ်ရဲ့ အတွေ့အကြုံနဲ့ အယူအဆ ကို သိပါရစေ။
ဖြေ- မြေယာမူဝါဒရေးဆွဲရာတွင် နိုင်ငံ တော်၏ နိုင်ငံရေးအခြေခံက စတင်ရမှာ ဖြစ်ပါတယ်။ ပြီးလျှင် နိုင်ငံတော်၏ စီးပွား ရေးမူဝါဒ အခြေခံကို ဆက်လက်စဉ်းစား ရမှာ ဖြစ်ပါတယ်။ မူဝါဒ ချမှတ်တဲ့အခါ ပြည်သူလူထုက လက်ခံနိုင်သော လိုလို လားလားလိုက်နာချင်သော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရမှာဖြစ်ပါတယ်။ မြေ ယာမူဝါဒသည် တစ်နိုင်ငံလုံးရှိ တိုင်းသူ ပြည်သားအားလုံးနောက်လာမည့်မျိုးဆက် သစ်များ လူသားအားလုံးကို အကျိုးဖြစ် ထွန်းစေမည့် ပြဋ္ဌာန်းချက်များ ဖြစ်လာ စေရန် လေးလေးနက်နက်လုပ်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ထိုက်သင့်တဲ့အချိန် ကိုပေးရန်နှင့် ထိုက်သင့်တဲ့ ငွေကြေးတို လည်း သုံးစွဲဖို့ လိုအပ်ပါတယ်။ တိုးတက် မှုကို ဖြစ်စေရန် ကြာရှည်စွာတည်တံ့ရန် နဲ့ နိုင်ငံတကာမှလည်း လက်ခံနိုင်ရန် စံမီ သော မူဝါဒများဖြစ်ဖို့ လိုအပ်ပါတယ်။
မေး- မြန်မာမြေပိုင်ဆိုင်ခွင့်ကို မြန်မာ့သမိုင်း တွင် မည်သို့ရှိခဲ့သလဲ ဆိုတာကိုလည်း အန်ကယ်အနေနဲ့ ဝေဖန်သုံးသပ်ပေးပါဦး။
ဖြေ- ယခင်အပတ်တွေမှာလည်း ကျွန်တော့် နောင်တော်ကြီးများ ပြောသွားခဲ့တာ အတော်လေးစုံနေပြီ။ ဒါပေမဲ့ နည်းနည်း ဖြည့်စွက်ပြီး ပြောလိုပါတယ်၊ မြေနှင့် မြေ ယာပိုင်ဆိုင်မှုကို ပေးထားခြင်းသည် တိုင်း သူပြည်သားများ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာမည်သို့ရှိသည်ဆိုတာကို သိသာစေပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်တွင် ထိုအချက်ကို ဆိုရှယ် လစ်မူဝါဒများဖြင့် ဖုံးလွှမ်းလိုက်သဘိကဲ့သို့ ဖြစ်ခဲ့ပါသဖြင့် သမ္မတကြီးဦးသိန်းစိန်ဦး ဆောင်နေသော အစိုးရခေတ်တွင် ဒါကို ပြန်လည်တည့်မတ်ပေးသင့်ပါတယ်လို့ ပြောပါရစေ။ ဥပမာအနေဖြင့် ဖဆပလ ခေတ်ဦးနုအစိုးရလက်ထက်က မြေယာ စနစ်ပြုပြင်ရေးနှင့် ယခုဦးသိန်းစိန်ဦးဆောင် သော ဒီမိုကရေစီခေတ်သည် အနှစ်သာ ရအားဖြင့် တူသည်များရှိသလို အခြေခံ အားဖြင့် ကွဲလွဲနေတာတွေ့ရှိရပါတယ်။ တူတာကတော့ အစိုးရနှစ်ခုလုံးသည် ပြည်သူများက ပါတီစုံစနစ်ဖြင့် ရွေးချယ် ပေးလိုက်သည့်အစိုးရက နိုင်ငံကိုတာဝန် ယူအုပ်ချုပ်ကြခြင်းဖြစ်ပြီးတော့ မတူသည် မှာတော့ ဖဆပလခေတ်တွင် ကွန်မြူနစ် ၀ါဒကို တိုက်နေရခြင်း စီးပွားရေးတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ရှာရမည့်အစား လက်ခံရမည့်အစား ပြည်သူပိုင်လုပ်နေရ ခြင်းဖြစ်ပြီးတော့ ဦးသိန်းစိန်ခေတ်တွင်မူ ကွန်မြူနစ်ဝါဒကိုတိုက်ဖျက်နေရန်လည်း မရှိတော့ဘဲ အခြားအခြားသောနိုင်ငံများ သို့ပင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ် ကြိုဆိုနေသည့် စီးပွားရေးပုံသဏ္ဍာန်လည်း ရှိနေပြီးဖြစ်သည့်အတွက် လိုက်ဖက်ညီစွာ မူဝါဒများချပေးရန်သာဖြစ်ပါတယ်။
တစ်ဆက်တည်းပြောလိုတာကတော့ ၁၉၆၂ တွင် ဦးနေ၀င်းက နိုင်ငံတော် အာဏာကိုတော်လှန်ရေးကောင်စီဖွဲ့စည်း ၍ ရယူပြီးနောက် ၁၉၆၃ ခုနှစ် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်သည့် ဥပဒေနှင့် ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းကာတောင်သူလယ်သမား များ၏ အကျိုးစီးပွားကို များစွာဖော်ဆောင် ခဲ့ပါတယ်။ ခပေါင်း၊ ဒူးယားစသည့် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများ ဖြင့် ကျယ်ပြန့်စွာ တောင်သူလယ်သမား အရေးဆွေးနွေးခဲ့ကြပါတယ်။ သတိပြုရန် အချက်မှာ ထိုစဉ်က တစ်ပါတီနိုင်ငံရေး စနစ်ဖြစ်နေ၍ အာဏာရှိသူ၏အကြိုက် သာ လိုက်နေရသော သမယဖြစ်ပါတယ်။
ထိုစဉ်က ၁၉၆၃ ခုနှစ် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်သည့် ဥပဒေသည်မြန်မာနိုင်ငံတွင် မရှိသေးသော လိုအပ်နေသော အပြည်ပြည်ဆိုင်ရာစံနှင့် ကိုက်ညီသောဥပဒေဖြစ်သည်ကို တွေ့ရ ပါတယ်။ ယခုခေတ်အနေနဲ့ လိုအပ်သလို ခေတ်နှင့် ကိုက်ညီအောင်အနည်းအကျဉ်း ပြုပြင်၍ ဆက်လက်ကျင့်သုံးသင့်ပါတယ်။
၁၉၆၃ ခုနှစ်သီးစားချထားရေးဥပဒေ သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မူဝါဒ အရ ရေးဆွဲထားပါသဖြင့် ဆိုရှယ်လစ်ဆန် လွန်းပါတယ်။ သမိုင်းကြောင်းနှင့် မကိုက် ညီသကဲ့သို့အပြည်ပြည်ဆိုင်ရာကျင့်သုံး ကြသည့်စံများ မူများနှင့် လည်းမကိုက် ညီပါ။ ကွန်မြူနစ်ထက်လွန်ကဲနေသော စနစ်ဖြစ်ကြောင်းတွေ့ရပါတယ်။ ပိုင်ဆိုင် ခွင့်ကိုမသိကျိုးကျွံပြုထားပါတယ်။ စီးပွား ရေးတွက်ချေကိုက်လုပ်ကွက်ကို လုံးဝမစဉ်း စားပါ၊ နိုင်ငံရေးကိုသာ စောင်းပေးထားပါ တယ်။ ပြည်သူလူထု၏ လူမှုရေး၊ စိတ်ဓာတ် ရေးတို့ကို မျက်ကွယ်ပြုထားပြီး တောင်သူ လယ်သမားများ မိမိလယ်ယာကိုချစ်မြတ် နိုးစိတ် တိုးတက်ဖွံ့ဖြိုးအောင် ၀ါယမစိုက် ထုတ်လုပ်လိုစိတ်များ ပျက်သုဉ်းခဲ့ပါတယ်။ စီးပွားဖြစ်ဦးပိုင်များ (economic size holding) လည်း အစိတ်စိတ်အမွှာမွှာ (fragmentation of land) ကွဲကြေကုန်ခဲ့ ရပါတယ်။
တောင်သူလယ်သမားမဟုတ်သည့် ငွေပင်ငွေရင်းစိုက်ထုတ်၍ စီးပွားဖြစ် ဥယျာဉ်ခြံမြေ၊ ရာဘာ၊ လက်ဖက်စသော များစွာသော စီးပွားဖြစ်လုပ်ငန်းကြီးများ (plantation) လည်း ဖြစ်ထွန်းပေါ်ပေါက် ခွင့်ပျောက်ကွယ်ကြရပါတယ်။ ကျေးလက် နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက် ပေးရန် အေဂျင်စီများလည်း ကင်းမဲ့သွား ခဲ့ရပါတယ်။
မေး- ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပေါ် ပြီး တပ်မတော်မှ နိုင်ငံတော်ကို တာဝန်ယူ သည့်အချိန် မြေယာမူဝါဒ အခြေအနေ အနည်းငယ်ရှင်းပြပေးစေလိုပါတယ်။
ဖြေ- တပ်မတော်အစိုးရခေတ် ၁၉၈၈ မှ ၂၀၁၁ ခုနှစ်တိုင် တပ်မတော်မှ လုံးလုံး လျားလျားအုပ်ချုပ်စဉ်ကာလတွင် ခေတ် မီစက်ကိရိယာများနှင့် ငွေပင်ငွေရင်းစိုက် ထုတ်ပြီး စိုက်ပျိုးရေးကို ဆောင်ရွက်နိုင် ကြသည့်ကုမ္ပဏီများကို တာဝန်ပေးအပ် ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ကျယ်ဝန်း သော မြေလွတ်၊ မြေလပ်၊ မြေနေရာများ နှင့် အစိုးရက ချမှတ်ပေးနိုင်သော လယ် ယာမြေများပေါ်တွင် ဆောင်ရွက်ခိုင်းခြင်း ဖြစ်တဲ့အတွက် Vast Plantation များကို နမူနာအဖြစ် စတင်ဆောင်ရွက်မှုဖြစ်သည် ဟု ထင်မြင်ယူဆမိပါတယ်။
စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများကို လည်း တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးရန် အားပေးခဲ့ ကြောင်း တွေ့ရပါတယ်။ သီးနှံအချို့ကို လည်း နိုင်ငံခြားသို့တင်ပို့ခွင့်ပြုခဲ့ရာ ပြည် တွင်းတွင် ထိုသီးနှံများ ဈေးတက်မသွား စေရန် နိုင်ငံခြားတင်ပို့သူများကို ကိုယ် တိုင်စိုက်ပျိုးစေခဲ့သည့်ကိုလည်း တွေ့ရပါ တယ်။
မေး- လက်ရှိအစိုးရလက်ထက်ပြဋ္ဌာန်း လိုက်သည့် လယ်ယာမြေဥပဒေနှင့် စပ်လျဉ်း၍ အန်ကယ်ရဲ့ အမြင်လေးကို သိရှိလိုပါတယ်။
ဖြေ- လက်ရှိပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ အကြောင်း မပြောခင် ကျွန်တော့်အနေ နဲ့ ချမှတ်ပေးသင့်တဲ့ မူဝါဒအကြောင်း ပြောကြားလိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံမူဘောင်အတွင်းမှ မြေ ယာဥပဒေကို ရေးဆွဲရပါမယ်။ နိုင်ငံတော် သည် ကမ္ဘာ့အလယ်တွင် တင့်တယ်ထည် ၀ါသည့် အဆင့်နှင့် လျော်ညီရေး ဒီမိုကရေ စီနိုင်ငံတော်တွင် တိုင်းသူပြည်သားများ ထိုက်ထိုက်တန်တန်ရသင့်သည့် အခွင့် အရေးများ ရနိုင်စေရေးတိုင်းပြည်၏ ကုန် ထုတ်လုပ်မှုစွမ်းအားတိုးတက်စေရေး ၇၀ ရာခိုင်နှုန်းသော တောင်သူလယ်သမားများ ဘ၀သာယာပျော်ရွှင်ရေးတို့ကို ရည်မျှော် ရေးဆွဲရပါမယ်။
နိုင်ငံတော်သည် နိုင်ငံတော်အတွင်း တည်ရှိသော မြေအားလုံးကို နိုင်ငံတော် က ပိုင်ဆိုင်သည့်အချက်အရ နိုင်ငံတော် အချုပ်အချာအာဏာကို သုံးစွဲ၍ နိုင်ငံတော် အစိုးရက တိုင်းသူပြည်သားတောင်သူ လယ်သမားများအား ထိုက်သင့်သော ပိုင်ဆိုင်မှုအခွင်အရေးပေးရပါမယ်။ ထိုသို့ ပေးရာတွင် ဘိုးဘွားပိုင်အခွင့်အရေးပေးသင့် သောမြေကို ဘိုးဘွားပိုင် (free hold land) ဟု ပိုင်ဆိုင်ခွင့်သတ်မှတ်ပေးရန် ဓားမဦး ချခုတ်ထွင်ခဲ့သည့်မြေကို ဓားမဦးချ ပိုင်မြေ ဟု သတ်မှတ်ပေးရန် ထိုပိုင်ဆိုင်မှုအခွင့် အရေးမရနိုင်သော အခြေအနေများတွင် ငှားရမ်းခွင့်ရမြေ (lease hold land) သတ် မှတ်ပေးရန်တို့ပဲ ဖြစ်ပါတယ်။
လယ်ယာနှင့် စိုက်ပျိုးရေးစိတ်ဝင်စား သော အင်အားရှိသူများကိုလည်း နှစ်ရှည် နှစ်တိုအငှားချထားခွင့်ပြုပေးရန်တို့ဖြစ်ပါ တယ်။
နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက အထူးအခွင့်အရေး ပေးသင့်သော ပုဂ်္ဂိုလ်အဖွဲ့အစည်းများကို အပိုင်ဂရန်အဖြစ် ချထားပေးရန် အပိုင် ဂရန်ဖြစ်သည်နှင့်အညီ မိမိကြိုက်နှစ်သက် သလို ကိုယ်တိုင်လုပ်ကိုင်ခြင်း၊ အငှားချ ထားခြင်း၊ ခွဲစိပ်ခြင်း၊ ရောင်းခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်ရှိစေရမယ်။
ပိုင်ဆိုင်မှုတစ်မျိုးစီအတွက် အခွင့် အရေးများ ထင်ရှားစွာ ဖော်ပြရမှာဖြစ် ပါတယ်။ ပိုင်ဆိုင်သူ၏ မူလအခွင့်အရေး လယ်သမားများ၏အခွင့်အရေးများ အစိုးရဌာနဆိုင်ရာကဖြစ်စေ အခြားတစ် ဦးတစ်ဖွဲ့ကဖြစ်စေ မတရားပြောင်းလဲ လက်ရောက်ရယူစေခြင်းမရှိစေရပါဘူး။
လယ်ယာမြေကို ပိုင်ဆိုင်မှုအမျိုးမျိုး တွင် တစ်နည်းတဖုံဖြင့် ခိုင်မာနေစေရပါ မယ်။ သို့မှသာ မသိနားမလည်ခြင်း ဗဟု သုတနည်းပါးခြင်းတို့အပေါ်မတရား အမြတ်ထုတ်ခြင်းမှ သက်သာရာ ရစေ မည်ဖြစ်ပါတယ်။ လယ်သမားအချင်းချင်း မြေယာကို လဲလှယ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ခေတ္တငှားရမ်းခြင်း၊ ပေါင်နှံခြင်းတို့ကို တားမြစ်ခြင်း မပြုရပါဘူး။
တောင်သူလယ်သမား၊ စိုက်ပျိုးထုတ် လုပ်သူများ၏ ရပ်တည်ခွင့်ကို စည်းမဲ့ကမ်း မဲ့အာဏာသုံး၍ ငွေကြေးအင်အားသုံး၍ ထိပါးခြင်းပြုလုပ်ခွင့်မရှိစေရပါဘူး။
ရာသီအလိုက် ငှားရမ်းလုပ်ပိုင်ခွင့် ပြုရမှာဖြစ်ပါတယ်။
မြေရှင်ကြီးများစနစ် မြန်မာ့မြေပေါ် တွင် ပေါ်ပေါက်လာစေမည့် အလားအလာ ကိုလည်း တားဆီးပေးရမှာဖြစ်ပါတယ်။
အစစအရာရာ ဗဟိုချုပ်ကိုင်မှုများ လွန်းလျှင် ကာလ၊ ဒေသ၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် လက်တွေ့ကျင့်သုံးရာတွင် အခက်အခဲများ များစွာ ပေါ်ပေါက်နိုင် ပါတယ်။
မေး- မြေယာယဥပေဒတစ်ရပ် ပြဋ္ဌာန်း လိုက်ပြီးနောက် ယင်းဥပဒေလက်တွေ့ ကျကျထိရောက်ဖို့အတွက် တောင်သူလယ် သမားများနားလည်သဘောပေါက်အောင် မည်သို့ဆောင်ရွက်သင့်ပါသလဲ။
ဖြေ- ပြဋ္ဌာန်းလိုက်သည့် မြေယာဥပဒေ ကို အကောင်အထည်ဖော်ရန် ၀န်ထမ်း အဖွဲ့အစည်းလိုအပ်ပါတယ်။ ပြင်ဆင်ဖွဲ့ စည်းခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်းများ ဆောင် ရွက်ပေးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဥပဒေကို ၀န်ထမ်းများတိကျစွာ လိုက်နာ မှုရှိစေရန်နှင့် ပြည်သူများကလည်း လိုက် နာစေရန်၊ ပညာပေးခြင်းများ စစ်ဆေး ပေးခြင်းများ အရေးယူရန်များအတွက် ခိုင်မာသောစနစ်တစ်ခု လုပ်ဆောင် အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်ကော်မတီများဖွဲ့၍ အခြေခံဝန်ထမ်းများအား တာဝန်ပေးလွန်း
သဖြင့်ဝန်ထမ်းများ၏ မူလတာဝန်များ လစ်ဟင်းပြီး နိုင်ငံတော်တွင် လိုအပ်၍ ချမှတ်ထားသည့်စနစ်များ ပျက်ယွင်းကုန် ကြသည်ကို တွေ့မြင်ခဲ့ရသောကြောင့် ယခုမူဝါဒတွင် တင်ပြရခြင်းဖြစ်ပါတယ်။ မြေသိမ်းဥပဒေသည် အများပြည်သူပိုင်ဆိုင် ခွင့်ရှိသော မြေကို နိုင်ငံတော်က အလိုရှိ သဖြင့် သိမ်းယူနိုင်ရန်ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ရပါမယ်။ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စည်းအတွက် မဖြစ်စေရပါဘူး။
လက်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ပေးသည့် အာဏာပိုင်သည် အကျယ်အ၀န်းအလိုက် နိုင်ငံတော်အစိုးရ ဒေသဆိုင်ရာအစိုးရကသာ ခွင်ပြုပေးနိုင် ရမှာဖြစ်ပါတယ်။ လယ်ယာမြေကို စီမံခန့် ခွဲပိုင်ခွင့်ရှိသော အာဏာကိုမူဥပဒေက သတ်မှတ်ထားသော အကျယ်အ၀န်းအတိုင်း ခွင့်ပြုနိုင်စေရပါမယ်။ မြေသိမ်းရန်မလိုပါ။ ခွင့်ပြုချက်တွင်ပါဝင်သော စည်းမျဉ်းများ အတိုင်း မလိုက်နာ၍ဖြစ်စေ ကာလကုန် လွန်၍ဖြစ်စေခွင့်ပြုချက်ကုန်ဆုံးသောအခါ ထိုမြေကို မူလပိုင်ဆိုင်သူအား သို့မဟုတ် ဆက်ခံသူအားပြန်လည်ပေးအပ်ရမည်။ ထူးခြားသော အခြေအနေတစ်ရပ်ရပ် ကြောင့် နိုင်ငံတော်က သိမ်းယူရန်ဖြစ်ပါ က မြေသိမ်းဥပဒေနှင့်အညီ သိမ်းရမှာ ဖြစ်ပါတယ်။
မေး- လုပ်ကိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့် ဘယ်လို ကွာခြားသလဲဆိုတာကို နည်းနည်းရှင်းပြ ပေးစေလိုပါတယ်။
ဖြေ- လုပ်ပိုင်ခွင့်ဆိုသည်မှာ သည်ခေတ် သည်စနစ်ဖြင့် မကိုက်ညီတော့ပါ။ လုပ်ပိုင် ခွင့်ဟုဆိုသည်မှာ တော်လှန်ရေးအစိုးရ လက်ထက်မှ စတင်သုံးစွဲသော ဆိုရှယ်လစ် ဆန်လွန်းသည့် အသုံးအနှုန်းဖြစ်ပါတယ်။ အမှန်အားဖြင့် လယ်ယာမြေအားလုံးကို ပြည်သူပိုင်သိမ်းလိုက်သည့် သဘောသက် ရောက်စေပါတယ်။ မြေအားလုံး၏ မူရင်း ပိုင်ရှင်မှာ နိုင်ငံတော်ကပိုင်သည်မှာ အား လုံးလက်ခံကြရပါမယ်။ ထိုပြဋ္ဌာန်းချက်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် မှုကို ပြဋ္ဌာန်းပေးသော အချက်ပင်ဖြစ်ပါ တယ်။
နိုင်ငံအများအပြားကလည်း ထိုသို့ ပင်လက်ခံကျင်သုံးကြပါတယ်။ မြေ၀ယ်နှင့် မြေယာပိုင်ဆိုင်မှု ရောထွေးမစဉ်းစားသင့် ပါ။
ပြည်သူတို့၏ ရပိုင်ခွင့်၊ နိုင်ငံသား များ၏ အခွင့်အရေး၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ပေးရန် အချုပ်အခြာအာဏာကို ကိုင်စွဲထားသော နိုင်ငံတော်အစိုးရကပြန်လည်တည့်မတ် ပေးရန် လိုပါတယ်။ လယ်ယာမြေသာမ က မြေအမျိုးမျိုးကို အစိုးရပိုင်မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ သာသနာမြေ၊ ဌာနအဖွဲ့အစည်း ပိုင်မြေစသည်ဖြင့် ခွဲခြား၍ ဥပဒေဖြင့် သတ်မှတ်ပေးထားသင့်ပါတယ်။
လယ်သမားများကို စိုက်ပျိုးရေးနှင့် တွဲဘက်၍ ၀င်ငွေကောင်းစေသော လုပ်ငန်းများရှာဖွေဖော်ထုတ်လုပ်ကိုင်ခြင်း ကို အားပေးရပါမယ်။
လယ်သမားများသာလျှင် မြေယာကို အသုံးချထွန်ယက်စိုက်ပျိုးရမည်ဆိုသည့် ကန့်သတ်ချက်ကို မထားသင့်ပါ။ နိုင်ငံ တော်၏ ကုန်ထုတ်လုပ်မှုကို တိုးတက်စေ ရန်နှင့် စိုက်ပျိုးရေးနည်းပညာတိုးတက်စေ ရန်လမ်းကိုလည်းဖွင့်ထားပေးသင့်ပါတယ်။ စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုကို လက်ခံ ပေးသည့် အနေအထားများရှိစေသင့်ပါ တယ်။ လယ်သမားမဟုတ်သော်လည်း လယ်ယာစိုက်ပျိုးမှုဖြင့် အသက်မွေးသူများ မဟုတ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်း ကိုစိတ်ဝင်စားခြင်း ရင်းနှီးမြှုပ်နှံနိုင်သော အင်အားရှိခြင်း၊ အတတ်ပညာအသိပညာ ရှင်များဖြစ်ခြင်းတို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းကို ၎င်းတို့၏ မူလစီးပွားရေးနှင့် ယှဉ်တွဲလုပ်ခွင့်ကိုလည်း ခွင့်ပြုသင့်ပါ တယ်။
စိုက်ပျိုးမှုဖြင့် အသက်မွေးသူကိုသာ စိုက်ပျိုးလုပ်ကိုင်ခွင့်ထုတ်လုပ်ခွင့်ရှိသည် ဆိုသည့် တစ်ဘက်သက်လယ်သမားအခွင့် အရေးကာကွယ်သည့်ဆိုသည့် လူပြိန်း ကြိုက်ပြဋ္ဌာန်းချက်မျိုးလည်းမဖြစ်စေရပါ ဘူး။
သို့ရာတွင် မြေရှင်ကြေးရှင်စနစ် ပေါ်ပေါက်မလာအောင်တော့ တင်ကြို ကာကွယ်ထားရမှာဖြစ်ပါတယ်။
လူတိုင်းလူတိုင်း နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သူဖြစ်စေ နိုင်ငံတော် အတွင်း စိုက်ပျိုးမြေများတွင် စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးမှု ၀ါသနာ အလျှောက် စိုက်ပျိုးမှုများတွင် လက်ရှိ တောင်သူလယ်သမားများ လူမှုရေးနှင့် စီးပွားရေးမထိခိုက်လျှင် ခွင့်ပြုနိုင်ပေးရန် အစီအစဉ်များ ချမှတ်ပေးထားရန် လိုအပ် ပါတယ်။
အစိုးရမှ မြေလွတ်မြေလပ်တွင် စိုက်ပျိုးခွင့်ချထားပေးခြင်းများ တရားဝင် တရားသဖြင့် သိမ်းဆည်းထားသောမြေ များတွင် စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပါ က မြေငှားသာလျှင် ဖြစ်သင့်ပါတယ်။ ပြောင်းလဲခွင့် ရောင်းချခွင့်ပေါင်နှံခွင့်မ ပေးသင့်ပါ။
မေး- အန်ကယ်အနေနဲ့ အခြားအကြံပြု စရာများ ရှိပါသလား သိရှိပါရစေ။
ဖြေ- နောက်ဆုံးအနေနဲ့ အကြံပေးလို တာကတော့ မြေနှင့် အခွန်ဆိုင်ရာလုပ် ငန်းများကို မူလအားဖြင့် ဘဏ္ဍာတော် မင်းကြီးက အုပ်ချုပ်ပါတယ်။ ယင်းအုပ် ချုပ်ရေးကို အထွေထွေအုပ်ချုပ်ရေးက တာဝန်ယူရပါတယ်။ ကြေးတိုင်နှင့် မြေ စရင်းဦးစီးဌာနက လက်တွေ့ဆောင်ရွက် ပေးရပါတယ်။ မြေကိုစိုက်ပျိုးရေးမှအပ အခြားနည်းများဖြင့် အသုံးချမှုများတွင် လည်း ထိုနည်းအတူပင်ဖြစ်တယ်။ ယခု အခါ ဘဏ္ဍာတော်မင်းကြီးရာထူးလဲမရှိ တော့ဘဲ ထိုနေရာတွင် နိုင်ငံတော်အစိုးရ ကိုယ်တိုင် ကော်မတီများဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်စေလျက်ရှိတာကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကစ၍ တွေ့ရပါတယ်။ တာဝန်ယူရသည့်အဖွဲ့ အစည်းမှာ ကြေးတိုင်နှင့် မြေစာရင်း တစ်ခုသာရှိပါတယ်။ လိုအပ်ချက်အရ ဌာနကိုပြင်ဆင်၍လည်းကောင်း ဌာနတိုး ချဲ့၍လည်းကောင်း ဆောင်ရွက်စေသင့် ပါတယ်။ ဌာနတစ်ခုတည်းကို ကော်မတီ အသီးသီးက တာဝန်အထပ်ထပ်ပေးလာ ပါက အောက်ခြေ၀န်ထမ်းများ မိမိမူရင်း လုပ်ငန်း တာဝန်များလစ်ဟင်းကြပြီး မလို လားအပ်တာတွေ ဖြစ်ပေါ်လာတာကို တွေ့ရှိခဲ့ရပါတယ်။
ဥပဒေပြဋ္ဌာန်းသလို ဥပဒေကို အကောင်အထည်ဖော်ဆောင်ပေးရမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများလိုအပ်ပါ သည်။ ကော်မတီများအခါတိုင်းဖွဲ့ပြီး တာဝန်ထပ်ခါတလဲလဲပေးနေပါက ဌာန ဆိုင်ရာများသည် အလုပ်ဝန်ပိလားပြီး ထိရောက်သောအကောင်အထည်ဖော်မှု များ ဖြစ်ပေါ်မလာနိုင်သည်ကို နိုင်ငံတော် အစိုးရက သိရှိသဖြင့် စီမံညွှန်ကြားသင့် ပါတယ်။ ဖိလစ်ပိုင်တွင် Department of Agrarian Reform ဂျပန်နိုင်ငံတွင် Bureau of Land Management (BLM) ရှိပါ တယ်။
စိုးဝင်းနိုင်



Vol-3,No-141
Vol-3,No-140
Download
August 17, 2012
Home, အင်တာဗျူး