ဒီမိုကရက်တစ်ပါတီ မြန်မာ သတင်းစာရှင်းလင်းပွဲကျင်းပ

August 12, 2012

Home, သတင်း

 

ဒီမိုကရက်တစ်ပါတီ မြန်မာ ပါတီ၏ သတင်းစာရှင်းလင်းပွဲကို  (၁၁.၈.၂၀၁၂)ရက်နေ့ သိမ်ဖြူ  လမ်းရှိ ပါတီရုံးချုပ်၌ ကျင်းပပြု  လုပ်ခဲ့ပါသည်။
အဆိုပါရှင်းလင်းပွဲသို့ ဒီမို ကရက်တစ်မြန်မာအတွင်းရေးမှူး  ဒေါ်သန်းသန်းနု ဗဟိုကော်မတီ ၀င် ဒေါ်ချိုချိုကျော်ငြိမ်းနှင့်ပါတီ  ၀င်များ ဖိတ်ကြားထားသည့် ဧည့် သည်များတက်ရောက်ခဲ့ကြပါသည်။  ယင်းရှင်းလင်းပွဲနဲ့ပတ်သက်ပြီး ဒီ မိုကရက်တစ်ပါတီမြန်မာဥက္ကဋ္ဌ  ဦးသုဝေက အခုကျွန်တော်ပြော ချင်တာက ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီးပြောပြချင်ပါတယ်။  ရွေးကောက်ပွဲမှာ (FPTP) နိုင်သူ အကုန်ယူပေါ့ဗျာ။ (PR) စနစ်ဆို တာ အချိုးချ ကိုယ်စားလှယ် ရွေးကောက်ပွဲစနစ်ဆိုပြီး (၂)မျိုး ရှိပါတယ်။အချိုးကျကိုယ်စားလှယ်   ရွေးကောက်ပွဲစနစ် (PR) ကို ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့  နိုင်ငံအနေနဲ့အကောင်းဆုံးဘဲလို့  ယူဆလို့ပါ။ရှေးအခါတုန်းက အားကစားပြိုင်ပွဲတွေမှာအပြေး ပြိုင်တယ်ဆိုတာဆိုပါတော့ ဘာ အသိအမှတ်မှမပြုဘူး။ပန်းဝင်သူ  က ပျော်မယ်။ကျန်သူတွေက ဘယ်ပျော်နိုင်ပါမလဲ။နောက်ပိုင်း  ပြိုင်ပွဲအတွေ့အကြုံတွေများလာ တော့ ပန်းဝင်သူတစ်ယောက်တည်း   မဟုတ်တော့ဘဲ ပထမ၊ဒုတိယ၊ တတိယ၊အဲဒါအပြင် ဇွဲဆုဆိုပြီး  တောင် သတ်မှတ်ပေးလာတယ်။  အဲဒီလိုလုပ်တဲ့အခါ အားကစား  သမားတွေလည်း စိတ်အားတွေ တက်ကြွပြီး။ပိုကြိုးစားလာတယ်။  အားကစားလောကဟာလဲ ပိုပြီး  ကြီးထွားလာတယ်။ရွေးကောက် ပွဲဆိုတာ အားကစားနဲ့မတူဘူး လေ။မဲဆန္ဒရှင်လူထုက သူတို့ရဲ့  ကိုယ်စားလှယ်အဖြစ်မဲပေးရွေး ကောက်ကြတာ။အခုတော့ မဲအ များဆုံးရသူတစ်ဦးကိုယ်စားလှယ် ဖြစ်ပြီးအခြားမဲရသူတွေကတော့   ကိုယ်စားလှယ်ဖြစ်မလာကြဘူး။ ဒါကြောင့် ရွေးကောက်ပွဲစနစ် အပေါ်စဉ်းစားလာကြတယ်။ကဲ အဲဒီတော့ (FPTP) စနစ်ကိုကြည့်  ကြရအောင် မဲဆန္ဒနယ်မြေတစ်ခု စီမှာ မဲအသာနဲ့ A ပါတီတစ်ခု တည်းက ကိုယ်စားလှယ်မရဘဲ ဖြစ်နိုင်တယ်။မြန်မာနိုင်ငံ ဖွဲ့စည်း ပုံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်  ဥပဒေမှာ ရွေးကောက်ပေးတဲ့  ကိုယ်စားလှယ်တို့အခြားပြည်နယ်/  တိုင်းရောက် (၁)ရာခိုင်နှုန်းကျော် ရှိတဲ့ ဆိုင်ရာလူမျိုးစုများက ရွေး  ကောက်ပေးတဲ့ ကိုယ်စားလှယ်တို့ ကတော့ တစ်ဦးစီကို ရွေးကောက်   ရတာဘဲဖြစ်တဲ့အတွက် မဲအများ ဆုံးရတဲ့သူ အနိုင်ရတဲ့နည်းဘဲသုံး ရမှာဖြစ်ပါတယ်။ဂျာမဏီမှာကျ တော့ နှစ်မျိုးစလုံးကို ရောသုံးထား  တယ်။လွှတ်တော်မှာ ကိုယ်စား  လှယ်(၄၉၆)ဦးရှိတယ်။တစ်ဝက်  (၂၄၈)ဦးကို (FPTP) မဲများသူ အနိုင်ရတဲ့နည်းနဲ့ရွေးတယ်။ကျန် ထက်ဝက်(၂၄၈)ဦးကို(PR) အချိုးကျစနစ် ပါတီစာရင်းနဲ့ရွေး တယ်။ဒါ့အပြင် မဟာမိတ်များရဲ့  အထူးအခွင့်အရေးအနေနဲ့အ နောက်ဘာလင်မှာ ကိုယ်စားလှယ်   (၂၂)ဦးကို ဂျာမဏီလွှတ်တော်မှာ  ကိုယ်စားလှယ်ပေါင်း(၅၁၈)ဦးဖြစ် သွားတယ်။တချို့က ပြောတယ် (PR) စနစ်မှာပါတီငယ်လေးတွေ များမှာဖြစ်လို့ လွှတ်တော်ထဲမှာ   အစိုးရအနေနဲ့ပဲ ညွှန့်ပေါင်းဖွဲ့ရင်    လုပ်ကိုင်ရတာခက်ခဲမယ်။ကြန့်   ကြာမယ်။ပါတီငယ်လေးရှိဖောင်း ပွခြင်းမရှိအောင် ကန့်သတ်ချက်များ  ရှိရမယ်။(PR)စနစ်ဆိုရင် မဲဆန္ဒ  ရှင်အားလုံးရဲ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့အတွက်အတိုက်အခံဆို တာ ရှိနေနိုင်တယ်။မဲဆန္ဒရှင်များ ရဲ့ဆန္ဒကိုလဲ ဖော်ထုတ်ရာရောက်  မယ်။မဲတန်ဖိုးကိုလည်းနားလည် မယ်။မဲပေးသူဦးရေလည်းများလာ မယ်။ဒီစနစ်နဲ့ပတ်သက်ပြီးအားလုံး   ကိုညှိနှိုင်းတယ် ညှိနှိုင်းပြီးရင် ပြည် ထောင်စုလွှတ်တော်သို့တင်ပြပြီး  အဆုံးအဖြတ်ယူမှာပါ။နောက်ဆုံး  အနေနဲ့ (PR) စနစ်ဟာ တစ်နိုင်ငံ  လုံး ကိစ္စဖြစ်တဲ့အတွက် ပြည်သူ တွေကိုရှင်းပြရမယ်။လွှတ်တော် မှာ ဆုံးဖြတ်ရပါမယ်””ဟုဆိုကာ  တက်ရောက်လာကြသည့် မီဒီယာ   များမှ(PR)စနစ်နဲ့(FPTP) စနစ်  တို့ရဲ့ လိုအပ်ချက်များအားမေး မြန်းကာ ဒီမိုကရက်တစ်ပါတီ  မြန်မာဥက္ကဋ္ဌ ဦးသုဝေမှဖြေကြား  ကာ ရှင်းလင်းပွဲပြီဆုံးသွားပါသည်။

စိုးဝင်းနိုင်

,

One Response to “ဒီမိုကရက်တစ်ပါတီ မြန်မာ သတင်းစာရှင်းလင်းပွဲကျင်းပ”

  1. Mg Mg Says:

    ဒီမိုကရေစီမှာလူနည်းစုကလူများစုသဘောကိုလိုက်နာရပါသည်။လူနဲစုကလူများစုသဘောကိုအလေးဂရုပြုရပါသည်။ရွေးကောက်ပွဲတွင်အများစုအနိုင်ရ၍အာဏာရပြီးလုပ်ချင်ရာလုပ်။အတိုက်အခံကိုနှိပ်ကွပ်။အာဏာမရသူကလည်းအစိုးရလုပ်တိုင်းကန့်ကွက်နေလျှင်ဒီမိုကရေစီပြည့်ဝသည်မမည်ပါ။လွတ်လပ်ရေးရပြီးစပါလီမန်ဒီမ်ုကရေစီခေတ်ကိုပြန်ကြည့်ပါ။အခုခေတ်အချို့နိုင်ငံများကျင့်သုံးမှုကိုကြည့်ပါ။ပြည်သူ့ဆန္ဒမဲဖြင့်မဟုတ်ဘဲအချိုးကျအမတ်ထည့်ခြင်းသည်ဒီမိုကရေစီမဟုတ်ပါလူထုမထောက်ခံသောပါတီတွေအမတ်ဖြစ်လျှင်ငွေကြေးတတ်နိုင်သူတွေပါတီဖွဲ့ပြီးလူမိုက်ဂိုဏ်းဆန်ဆန်ဖြစ်နေပါမည်။နောက်ဆုံးအရေးကြီးသောရွေးကောက်ပွဲစနစ်ကိုလွှတ်တော်တွင်ညှိပြီးအတည်မယူသင့်ပါပြည်သူအာူလုံးပါဝင်ဆုံးဖြတ်သင့်ပါသည်။

Leave a Reply

You must be logged in to post a comment.