ကလေးဝတောရဆရာတော် လယ်တီဘဒ္ဒ န္တဇာဂရာဘိဝံသ၏ (၇၁) နှစ်ပြည့်မွေးနေ့အဖြစ် ဘုရား အမှူးထား၍ သံဃာတော် (၂၆၀၁) ပါး အားမွေးနေ့ဆွမ်းအလှူပွဲနှင့် ၀ါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ အား၊ ၁၁.၈.၂၀၁၂ နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပရာ၊ ရှေးဦး စွာညောင်တုန်းဆရာတော်ဘုရား ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ပြီး၊ ကလေးဝတောဆရာတော် လယ်တီဘဒ္ဒ န္တဇာဂရာဘိဝံသက၊ သာရဏီသမ္မောဒနီယဂါထာမြွတ် ကြားသည်။
ထို့နောက်တက်ရောက်လာ ကြသော အလှူရှင်များမှ မွေးနေ့ ၀ါဆိုလှူဖွယ်ပစ္စည်းအား ဆရာ တော်များထံဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်အကျိုးတော်ဆောင်ချုပ် ဆရာတော်ဘဒ္ဒန္တခေမိန္ဒသာမိထံ မှ အနုမောဒနာတရားနားကြားပြီး လှူဒါန်းမှုအစုစုအတွက်ရေစက် သွန်းချအမျှပေးဝေကြသည်။
အခမ်းအနားကို နာဂလိုဏ် ဘုရားကုန်းမြေနန္ဒမူရိပ်သာသီလရှင် ဆရာလေးများက ဆဒိသာပရဏ မေတ္တာပို့ဆုတောင်းပြီး၊ ၀န်ကြီး ချုပ်ဟောင်းဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေနှင့် အလှူရှင်မှ ဆရာတော်များအား လှူဖွယ်ပစ္စည်းများလောင်းလှူကြ သည်။
ယနေ့အလှူရှင်များအဖြစ် ဦးခင်ညွန့်နှင့် ဇနီးဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ အနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ထိုင်းနိုင်ငံသံအမတ်၊ ရွှေသံ လွင်မိသားစု၊ မုံရွာနှင့် မန္တလေးမြို့ မှ ဒကာ၊ ဒကာမများချင်းတွင်း အသင်းနာယက၊ တွံတေးကျောင်း မိသားစု ကုန်းသာရွာမှ ဒကာ၊ ဒကာမများ ပါမောက်္ခဒေါက်တာ စိုးစိုးလှိုင်နှင့် ဆရာမများမှ လှူဒါန်း ကြောင်း သိရသည်။
မင်းသက်



Vol-3,No-141
Vol-3,No-140
Download
August 12, 2012
Home, သတင်း