ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီ အချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူလယ် ယာလုပ်ကွက်ပြန်ပေးရန်ရှိနေ ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ထား သည့် လယ်မြေဧက ၄၀၀၀၀ကျော် အား ဒေသခံတောင်သူများသို့ ခွဲ ဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏ မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော် သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ ကြောင်း သတင်းရရှိပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌဖြစ်သူဦးတေဇမှ လက်မှတ် ရေးထိုးကာ တင်ပြခဲခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ခွဲဝေလုပ်ကိုင်ခွင့် ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုး တူပူးပေါင်းကာ လယ်ယာမြေဖော် ထုတ်လုပ်ကိုင်ခဲ့သည့် ဒေသခံ တောင်သူများအား လယ်ယာသမ၀ါ ယမအသင်းများဖွဲ့စည်းကာခွဲဝေ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥယျာဉ်မှူး



Vol-3,No-141
Vol-3,No-140
Download
August 12, 2012 at 11:12 AM
သာဓုပါတော်..သာဓုပါ.
August 12, 2012 at 11:47 AM
နမူနာယူ ဘို ဇေကမ္ဘာ ဦးခင်ရွှေ ဆိ အကြောင်းကြားပေးကျပါ
August 12, 2012 at 12:58 PM
ကောင်းပါသည်၊ကောင်းပါသည်။ သာဓုပါဗျာ သာဓုပါဗျို့ ၊ နိုင်ငံတော် တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက် လာသည့် ခရိုနီ ဆိုလျှင် မှားမည်မထင်ချေ၊ မည်သိုပင်ဆိုစေကာမူ ခရိုနီများ၏ ပူးပေါင်းဆောင်ရွက်ခြင်းဟု မှတ်တမ်းတင်ရပေမည်။
August 13, 2012 at 2:00 AM
ဦးတေဇ လယ်မြေများ ပြန်အပ်သည့် အတွက်
အလွန်ဝမ်းသာပါသည်။
ဂုဏ်ယူပါတယ်
ဦးတေဇ ကျန်းမာပါစေ
ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံပါစေ
August 13, 2012 at 2:02 AM
မျက်၇ည်များ ပင်ကျမိပါတယ်
August 13, 2012 at 9:59 AM
ထောင်မြင်ရာစွန့် သူဌေးကြီး
August 15, 2012 at 12:34 PM
နတ်လူအပေါင်းသာဓု သာဓု သာဓု ခေါ်တော်မူကြပါ